ပြဿနာက ဘယ်ကစလဲဆိုရင် လှည်းတန်းစိန်ဂေဟာမှာ 4G U-sim ပြောင်းတဲ့ကိစ္စက စရပါလိမ့်မယ်။ တကယ်တော့ ဆင်းမ်ကတ်ပြောင်းဖို့ သွားတာမဟုတ်ဘူး။ (၆) လပိုင်းလောက်က ပျောက်သွားတဲ့ဖုန်းလေး ပြန်လျှောက်ဖို့သွားတာ။ တန်းစီနေတဲ့သူတွေ အများကြီးဆိုတော့ ကိုယ်လည်း ဝင်တန်းစီလိုက်တယ်။ ကောင်တာမှာက တစ်ယောက်တည်း ရှိတာကိုး။ ရှေ့ကလူတွေအကုန်လုံးက ဆင်းမ်ကတ် လဲနေကြတာ။ ကိုယ့်အလှည့်လည်းရောက်ရော ဖုန်းကတ်ပြန်လျှောက်ချင်တယ်ဆိုတော့ ဒီနေ့က တစ်ယောက်တည်းရှိလို့ မနက်ဖြန်မှ လာခဲ့ပေးပါတဲ့။ ဒီတော့ ကိုယ်လည်း မထူးပါဘူးဆိုပြီး ဆင်းမ်ကတ်လဲမယ်ပေါ့။ ဖုန်းကတ်ပြန်လျှောက်ဖို့ လိုတာတွေမေးပြီး စကားတပြောပြောနဲ့ လဲပေးလိုက်တာ ခဏလေးရယ်။ ဗိုက်ကဆာနေတာနဲ့ ကတ်ကို ဖုန်းထဲတောင် ပြန်မထည့်တော့ဘဲ ဒီအတိုင်းယူလာလိုက်တယ်။ မုန့်စားရင်း ဆိုင်မှာ ပြန်ထည့်ကြည့်တော့ လိုင်းက လုံးဝတက်မလာဘူး။ ဒါနဲ့ ကမန်းကတန်းနဲ့ ပြန်သွား၊ ကိုယ့်ဖုန်းအကြောင်း ပြောပြတော့မှ အဖြေက […]


အစက မတင်ဘဲနေမလို့ရယ် . . ဒါမယ့် ရွာစုံတွဲဆိုတော့ကာ မှတ်တမ်းလေးတင်ပါဦးမယ် ဆိုပြီး လာတင်တာ . . . ရွာသူရွာသားများ ကောင်းမှုနဲ့ ဖူးစာဆုံခဲ့တဲ့ သများတို့အတွဲ ဒီနေ့ နှစ်နှစ်နဲ့ ခြောက်လတိတိ ပြည့်သွားပြီ ဖြစ်ပါကြောင်း . . . . (သဂျီးတစ်သိန်း သူမပြည့်ရင်နေ . . . သများပြည့်အောင်ယူမယ် . .  😛  )   Photo Credit to Ko Aung Moe Thu


kaiJanuary 22, 20161min011
ယခုလိုနှစ်ဆန်းပိုင်း မင်္ဂလာရှိသည့်အချိန်ကာလတွင် မြန်မာလူမျိုးများအတွက်အင်္ဂလိပ်ဝေါဟာရလေးများနှင့် ပတ်သက်၍ ဆောင်ရန်နှင့်ရှောင်ရန်လေးများကိုဖော်ပြလိုပါသည်။ မိမိအတွက်ပင်ဖြစ်စေ၊ မိမိ၏သားသမီးလေးများအတွက်ပင်ဖြစ်စေ အင်္ဂလိပ်နာမည်လှလှလေးတွေလိုချင်သူများ၊ မှည့်လိုသူများသတိပြုဖို့လိုအပ်သည်လေးများရှိပါသည်။ အချို့အင်္ဂလိပ်နာမည်လေးများ၌ မကောင်းသည့်အဓိပ္ပါယ်လေးတွေရှိနေတက်လို့ ရှောင်နိုင်ရင်အကောင်းဆုံးဖြစ်ပါသည်။ ဥပမာ လူသိများသည် John ဆိုသည့်နာမည်လေးမှာ ယခုခေတ်တွင် မကောင်းသည့်အဓိပ္ပါယ်လေးတွေ ဒွန်တွဲပါလာခဲ့ပါပြီ။ တစုံတယောက်က “Where’s the John?” ဟုမေးလာခဲ့သော် John ဆိုသည့် အမျိုးသားကိုလက်ညှိုးမထိုးမိပါစေနှင့်။ ဤနေရာ၌ John မှာ Toilet သို့မဟုတ် rest room တနည်းအားဖြင့် အိမ်သာဘယ်မှာလည်း ဟုမေးခြင်းဖြစ်ပါသည်။”John” ဆိုသည့်အမည်လေး၌ အခြားမကောင်းသည့်အဓိပ္ပါယ်ရှိပါသေးသည်။ “The police arrested five prostitutes and five Johns visiting them. ” ဆိုသည့်ဝါကျ၌ “John ၏အဓိပ္ပါယ်မှာ “မကောင်းသည့်အမျိုးသမီးများနှင့်ဆက်ဆံသူ” ဟူ၍ […]


အေတြးေလးJanuary 22, 20161min010
တွေးချင်ရာတွေး ငေးချင်ရာ ငေး သစ်ပင်တွေဟာ အေးချမ်းလွန်းတယ်။ သူတို့မှာ . . . . အမုန်းတွေမရှိဘူး . .အငြိုးတေးလည်းမရှိ် အတ္တကင်းတယ် . . .အပူပင်မဲ့တယ် အပြုံး အငိုသူတို့မသိ . .နတ္ထိဆိုမှနတ္ထိရယ်ပါ။ ကြည့်ပါအုံး . . . . ငှက်ကလေးတွေလည်းဝဲပျံလို့ လေနှင်ရာလွင့်တယ်။ သစ်တစ်ပင်ကောင်းငှက်တစ်သောင်းဆိုသလိုပဲ . . နားတဲ့အခါနား . . ပျံသွားတဲ့အခါပျံသွားလေရဲ့။ သစ်ပင်တွေဟာ . .သူတို့ရဲ့နားခိုရာလေးပါ။ ထာဝရအတွက်မဟုတ်ပေမယ့် တခဏတာနားခိုကြလေရဲ့။ အစာဝလို့ ဌာနကိုပြန်ထွက်သွားတော့ ့နားခိုခဲ့တဲ့ ကိုင်းဖျားလေးကိုခြေနဲ့ခတ်ခဲ့လေရဲ့ ကိုင်းဖျားလေးတွေမှာတော့တဆတ်ဆတ်နာလို့။ နားကြည်းမိသလိုမဲ့ပြုံးတစ်ချက်ပြုံးတယ် ဒီလိုပါပဲ အဖြည့်ခံဘဝဆိုတာ။ သစ်ရွက်စိမ်းလေးတွေမှာနှင်းစက်တွေတွဲလဲခိုနေပြီလေ ဪ . . .ဆောင်းတောင်ယွန်းပါပေါ့လား။် တောင်ခိုးတဝေဝေနဲ့တောင်စဉ်တန်းတွေလည်းအေးချမ်းလှရဲ့။ မြူမှုံတွေသိုင်းရစ် […]


Tawwin PanJanuary 22, 20162min014
ဒီနေ့တော့ အသဲကွဲချင်သလိုလို ရောဂါထနေတာနဲ့ Google မှာ Broken Couple ဆိုပြီး ရိုက်ရှာလိုက်တာ အခုတင်ထားတဲ့ ပုံလေးတွေတွေ့တော့တာပါပဲ။ သဘောကျလွန်းလို့ မန်းဂဇက်မှာ တင်ပေးလိုက်ပါတယ်နော်။ ပုံလေးတွေတွေ့တော့ အသဲကွဲချင်သလိုလိုဖြစ်နေတဲ့ရောဂါတောင် ဘယ်ရောက်မှန်းမသိဖြစ်သွားတယ်။ Amazon.com မှာတွေ့တာ တစ်ခုကို $၅ဝလောက်ရှိတော့ ကိုယ်တိုင်လည်း မဝယ်နိုင်။ V Day ကလည်း ရောက်တော့မယ်ဆိုတော့ကော ရွာထဲက ခင်သူမင်သူတွေဆီကပေါ့လေ…..Precious Moments Couple အရုပ်လေးများ ယောင်ယမ်းပြီး လက်ဆောင်လေးများရမလားလို့ ရည်ရွယ်ရင်း…..(အမှန်တော့ သူများတွေလို စာရေးတတ်ချင်တာရယ်…မရေးတတ်တော့လည်း ပုံလေးတွေတင်လိုက်တာပါ) .  


ဘာမှမဟုတ်ဘူး . . . ရွာထဲမှာ ပို့စ်လည်းတင်ချင် . . . ဘာရေးရမှန်းလည်း မသိတာနဲ့ . . . ဖဘ က စတေးတပ်စ်လေးတွေ လာကူးတင်တာ . . .   ကျွန်မ၏ မြန်မာစာသင် အတွေ့အကြုံ (၁) Nice to meet you   ဒီတစ်ခါ စာသွားသင်ရတဲ့ တစ်ယောက်က ဩဇီကတဲ့ . . . မြန်မာဝန်ထမ်းတွေကြား မြန်မာစကားကို နားလည်ချင်လို့ မြန်မာစာ သင်ချင်ပါတဲ့ . . . ဒီတော့ ကိုယ်လည်း တတ်သလောက်မှတ်သလောက်လေး မှတ်စုလေးထုတ်ပြီး သွားသင်ရော . . .   […]


Kyi LwinJanuary 22, 20161min011
မင်္ဂလာပါ သူကြီးရေ ကိုယ်ပဲ အမှတ်မှားတာလားမသိ။ မလာတာကြာတဲ့အချိန်မှာ အမည်ပြောင်းတာလားမသိ။ ကိုယ့်မတော့ တချိန်လုံး မန်းဂေဇက်ချည်းရေးနေရင်းက ခုမှပြန်ကြည့်မိတော့ မြန်မာဖြစ်နေတာတွေ့မိ။ မှားမိတာ ဝန္တာမိ ပါ ။ မည်သို့ပင်ဆိုစေကာမူ သူကြီးတို့ရွာ မန်း ဖြစ်ဖြစ် မြန်မာဖြစ်ဖြစ် ချစ်ပြီးသားပါပဲ။ ဒီရွာရှိလို့သာ ဒီစာတွေ ရေးနိုင်တာ၊ ရေးချင်တာတွေ ရေးနိုင်တာမို့ ရေးကျေးဇူးကြီးလှပါတယ်။ ကနေ့က စ လို့ နောင် မြန်ဂေဇက်လို့ ပြောင်းရေးပါတောမည်ဖြစ်ကြောင်း။ မြန်ဂေဇက်ရွာ သူကြီးနဲ့တကွ ရွာသူ ရွာသားအပေါင်း သောင်းပြောင်းထွေလာ ချမ်းမြေ့ကြစေရာ။ မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့ ကြည်လွင် ရန်ကုန်မြို့။


ဇီဇီJanuary 22, 20161min054
လူမှုဆက်ဆံရေးမယ် အချင်းချင်း ချီးကျူးပြီး … ဘုတ် ကျီးရိုသေ ကျီး ဘုတ် ရိုသေ က ကောင်းတယ် ဆိုပေမဲ့လည်း အပေါ်ယံ ဆန် တဲ့ ဆက်ဆံမှုလို့ပဲ ကျနော် မြင်တယ်။ တခါတလေတော့လည်း ဆေးခါး ဆိုတာ တိုက်ရတယ်။ ကိုယ်တိုင်လည်း သောက်ပေးရတယ်။ ဒီ ရွာသက်ပဲ ၄ နှစ်ရှိတော့မယ်။ ရွာထဲ  ကျနော့ ပြောမှား ဆိုမှား အပြုအမူအမှားတွေ ရှိမှာပဲ။ ဒါလည်း သေချာနေတယ်။ တဂျီးကို ထိ တက်တိုင်ထားခံရလောက်အောင်လည်း ဆိုးမိသလားတော့မသိ။ အာ့ဆိုလည်း ရှင်းရှင်းလင်းလင်းပြောကြအူးး သို့လော သို့လော နဲ့ ဟိုလူထင် ဒီလူထင် မဖြစ်ရအောင် ခင်ဇော် မှားတယ် ဆိုလည်း မှားတယ်ပေါ့။ ကိုယ်ကတော့ တမင်လုပ်ထားတာ မကောင်းစိတ်နဲ့လုပ်ထားတာ […]


SawAungJanuary 22, 20161min014
ဟောလိဝှဒ်က ဝတ္တုကတဆင့် ပြန်ရိုုက်တဲ့ မှော်ဆန်ဆန်ကားတွေကာ တော်တော်လေး ပေါက်ရောက်ခဲ့ပါတယ်။ အထင်ရှားဆုံးပြပါဆိုရင် ဟယ်ရီပေါ်တာပါ။ ဟယ်ရီပေါ်တာလို နောက်ထပ်ထွက်လာတဲ့ ဇာတ်ကောင်က ပါဆီဂျက်ဆင်ပါ။ ပါဆီဂျက်ဆင်ကတော့ ဟယ်ရီပေါ်တာလောက်မအောင်မြင်ခဲ့ပါဘူး။   ပါဆီဂျက်ဆင်ဟာ နတ်ဘုရားတွေရဲ့ ဇာတ်လမ်းနဲ့ ဆက်စပ်နေလို့ သိပ်မနှစ်သက်မိသလို။ ဟယ်ရီပေါ်တာ နောက်ပိုင်းမှာ ဝတ္တုကနေ့ အသက်သွင်းခဲ့တဲ့ ဇာတ်ကားတကားဟာတော့ ကျတော့်အတွက် ခုထက်ထိ မရိုးနိုင်တဲ့ ရသတစ်ခုပေးလို့နေပါသေးတယ်။ ဒီဇာတ်ကားလေး အကြော်ငးရေးမယ်ရေးမယ်နဲ့ အခုမှ ရေးဖြစ် ပါတော့တယ်။   ၂၀၀၈ ခုနှစ်က ထွက်ခဲ့တာမို့ ကြာခဲ့ပြီဆိုပေမယ့် မှတ်မှတ်ရရ အဲ့သည်ဇာတ်ကားထွက်ထွက်ချင်း Box Office မှာ Top 1 ကိုချိတ်ခဲ့တာလည်း မှတ်မိပါသေးတယ်။ ဒီဇာတ်ကားဟာ မှောပညာနဲ့ သိပ်မဆိုင်သလို ၊ နတ်ဘုရားတွေ နဲ့လည်း မဆိုင်ပါဘူး။ […]


Tawwin PanJanuary 21, 20161min042
သူမ                         သူမစိတ်တွေလွတ်လပ်ပေ့ါပါးနေသည့်နေ့တစ်နေ့။ သူမအတွက် ကမ္ဘာလောက ကြီးနှင့် ပြန်လည်ဆုံဆည်းရသည့်နေ့တစ်နေ့။ သူမ ကာလအတန်ကြာ အကျဉ်းကျခဲ့သမျှ ဒီနေ့မှာတော့ အတိုးချလျှောက်လည်ရင်း ချစ်ခြင်းကိုကိုယ်စားပြုမှည့်ဆိုထားသော ရွာလေးတစ်ရွာသို့ အလည်သဘောမျိုးရောက်ရှိခဲ့။ သူမအတွက် အဆက်ပြတ်နေတဲ့ကမ္ဘာကြီးရဲ့ သတင်းတွေနဲ့အတူ ချစ်စရာကောင်းတဲ့ ရွာသူလေးတွေရဲ့ ဟန်ပန်ကလည်း သူမအတွက် ဆွဲဆောင်မှု့တစ်ခုဖြစ်ခဲ့။ ဒီလိုနဲ့ သူမ ရွာသူတစ်ယောက်ဖြစ်လာရော။ ရွာတွေအများကြီး ရှိသည့်အနက်မှ သူမသဘောကျလွန်းလို့ ရွေးချယ်ခဲ့သော ရွာလေးမှာတော့ သူမ အပျော်ဆုံးဖြစ်မယ်ထင်ပါရဲ့။ သူမဆိုသည်က ခပ်ကြောင်ကြောင်လို့ပြောလို့လည်းရမည်ထင်တဲ့သူတစ်ယောက်၊ သူမ ကြိုက်တတ်သည့်အရာက ခပ်ရှားရှား၊ သူမဆီမှာ သူကိုယ်တိုင်ဝယ်တဲ့ပစ္စည်းရယ်ဆိုလို့ မရှိစလောက်၊ အကြောင်းသိတွေက လက်ဆောင်ပေးရင်တောင် သူမအတွက်နော် ဆိုပြီး သေချာမှာပြီး ပေးရတဲ့အထိ ဇီဇာကြောင်တဲ့သူ။                         ဇီဇာကြောင်တဲ့သူမတစ်ယောက် ရွေးချယ်လိုက်တဲ့ ဒီရွာလေးမှာတော့ အားလုံးက သူတို့အိမ်လေးတွေကို အမျိုးမျိုး […]


SawAungJanuary 21, 20161min013
    ခုတလော ရုပ်ရှင်အကြောင်းလေးတွေ တွေးနေတုန်း သူငယ်ချင်းတစ်ယောက်က Maleficent ဇာတ်ကားအကြောင်းပြောလာတော့ ကျတော်က စင်ဒရဲလားလေးကို သတိရမိပြန်တယ်။   မလီဖီးဆန့်ရုပ်ရှင်တင်တုန်းကတော့ ကာတွန်းကားနဲ့ ကျောရိုးသာတူပြီး တော်တော်ကွဲပြားသွား တာကြောင့် ကြည့်ရှုရသူတွေ ကြိုက်နှစ်သက်ခဲ့ကြပြန်ပါတယ်။ ဂျိုလီရဲ့ သရုပ်ဆောင်မှုလည်း ပါတာပေါ့။ စင်ဒရဲလားကားမှာတော့ တော်တော်များများမျှော်လင့်ခဲ့ကြပါတယ်။ ရုံတင်ပြီးနောက်ပိုင်းမှာတော့ တော်တော်များများက ကာတွန်းကားနဲ့လည်း တူတူပဲ ကာတွန်းကား လောက်တောင် အရသာမရှိဘူး နဲ့ ကြိတ်မနိုင်ခံမရ အသံများထွက်လာပါတော့တယ်။   ကျတော်ကတော့ ဆန့်ကျင်ဘက်ပါ။ ကျတော်ကြည့်မိသလောက်ပေါ့နော် စင်ဒရဲလား လူကားထဲမှာ မတူတဲ့အချက်တွေက ကင်းလိပ်ချော နှစ်ကောင်ရယ် ဖန်ဖိနပ်လေးကို ရိုက်ခွဲလိုက်တာရယ်။ နောက်ဆုံး မင်းသမီးလေး သီချင်းဆိုတဲ့ အခန်းရယ်လောက်ပဲ ရှိလိမ့်မယ်။ လူနဲ့တဖန်ပြန်ရိုက်ထားတဲ့ တဖန်ကြည့်ရတဲ့အတွက် ငယ်ဘဝပြန်ရောက်သွားသလိုပါပဲ။ စင်ဒရဲလား လူဗားရှင်းကတော့ ကျတော်ကို […]


Kyi LwinJanuary 21, 20161min017
မြန်မာသက္ကရာဇ် ၁၃၇ရ ခုနှစ်၊ ပြာသို လဆန်း ၁၂ ရက် ၊ ကြာသာပတေးနေ့။   မင်္ဂလာပါ မန်းဂေဇက်ရွာသူကြီးနဲ့တကွ မိဘပြည်သူများခင်ဗျာ..အဲလေ .. ရွာသူရွာသားအပေါင်းတို့ ကျန်းမာတော်မူကြရဲ့နော်။ မန်းဂေဇက်ရွာထဲ လှည့်ပတ် ဖတ်မိတော့ အတော့ကို ဗဟုသုတစုံပေတာပါပဲလား။ ရွာသူကြီးကလည်း အကွပ်အညှပ်ကောင်းထင်ရဲ့။ ရွာသူရွာသားများကလည်း ထထ ကြွကြွ ညီညီညွတ်ညွတ် ရှိကြပါပေရဲ့၊ ကောင်းလေစွ ကောင်းလေစွ။ တနေ့က အလည်တခေါက်လက်ဦးလှည့်မိတဲ့ တို့တစ်ယောက်တော့ တဝဲလည်လည်နဲ့ ပြန်မထွက်ဖြစ်တော့ပြန်ဘူး။ အများတကာရေးတာတွေဖတ်ပြီး သဘောကျရပါသကော..။ အဲ.. သဘောကျတယ်ဆိုမှ ဒီမနက်လည်း ဘတ်စ်ကားပေါ် တွေ့ခဲ့တာတစ်ခု သဘောကျပြီး ပြုံးစိစိ နဲ့  အဟိ..။ ဘာတဲ့..ဘတ်စ်ကားမှာ ကပ်ထားတဲ့စာက… “ကားပေါ်တွင် အမှိုက် မပစ်ရ ” ဒါဆို လမ်းပေါ်တော့ ပစ်လို့ရသပေါ့နော်။ […]


sorrowJanuary 20, 20161min013
ရူတင်လေးလဲခနနားတုန်း… ပျင်းပျင်းနဲ့ မင်းသားဆောရိုး… ယူကျုစ့်ကြည့်လိုက်မိတယ်..တကယ်တော့ နိုင်ငံကျော်ရုပ်ရှင်မင်းသားတစ်ယောက်ရဲ့ဘဝက အများပြည်သူပရိသတ်ပိုင်တာကလား ….နားရတယ်မရှိပါဘူး … အငိငိငိ …ခုလဲကြည့်လေ … ရုပ်ရှင်ကားကြီးတွေချည်းပဲ သုံးဆယ့်ရှစ်ကားဆိုင်ထားတဲ့အပြင် ..နိုင်ငံခြားရှိုးပွဲကတွေကလဲ သေအောင်ခေါ်တဲ့အပြင်…ပိုင်ထားတဲ့ခရီးသွားကုန်ပဏီဆယ့်ရှစ်လုံးထဲက ခရီးစဉ်တွေချရေးပြရအောင်ကလဲ …သူကြီးပိုက်ဆံတောင်းမှာကြောက်ရနဲ့ … လိုရင်းကိုပြန်ကောက်ရရင် …မန်းဂေဇက်ထဲက အနှစ်နှစ်အလလ အားပေးလာတဲ့ ရုပ်ရှင်ကြည့်ပရိသတ်ကို ကျွန်တော်မင်းသားဆောရိုး…ကြည့်မိတဲ့ Documentary လေးတခုကြည့်စေချင်တဲ့စေတနာပါ  ။ ******************************************** ဇွန်လ ၁၉၈၁ .. ရုတ်တရက်ကြီးဆိုသလို ..ဘက္ကဒက်မြို့ ကောင်းကင်ယံမှာ ဂျက်တိုက်လေယဉ်ရှစ်စီး ပေါ်ထွက်လာပါတယ် ။ အချိန်ကတော့ အီရက်အာဏာရှင် ဆဒမ်ဟူစိန်ရဲ့ ဘုန်းမီးနေလ တဟုန်းဟုန်းတောက်နေချိန်….. ဒီအဖြစ်အပျက်က ကမ္ဘာမှာဖြစ်ဖူးခဲ့သမျှ လုပ်ကြံသတ်ဖြတ်မှု..စီးနင်းတိုက်ခိုက်မှုတွေ စစ်ဖက်ဆိုင်ရာရုတ်တရက်တိုက်ခိုက်မှုတွေထဲက လုပ်ရဲကိုင်ရဲအရှိဆုံးတစ်ခုပါ ။ တိုက်လေယဉ်တွေက ရုတ်တရက် အီရတ်ကောင်းကင်ယံကနေ သူတို့ရဲ့ပစ်မှတ်တွေဆီ ထိုးဆင်းလာခဲ့ပါပြီ ။ အတောင်ပံတွေရဲ့တဖက်တချက်မှာ […]