ဖင်လန်နေတဲ့ ဝတ္ထု

alinsettJanuary 25, 20163min018

 

DJI_SeptDoodlers_ABC_c

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

============================

A

သူသည် A ဆိုသော အမည်ဖြင့် Bank ကြီးတစ်ခု၏ မန်နေဂျာချုပ်တာဝန် ထမ်းဆောင်နေသည်။
အလုပ် အင်မတန်များသော သူ့ကို သည်နေ့မနက် တွေ့ခွင့်မှ မရလျှင် ဘဏ်ကို မီးရှို့ပြာချပစ်တော့မလို
အသည်းအသန်ဖြစ်နေသော အမျိုးသမီးတစ်ယောက် ဘဏ်ထဲရောက်နေကြောင်း သတင်းလာပို့သောအခါ…
သူ…အလွန်တရာ စိတ်ရှုပ်သွားပါသည်။

သို့သော် ထိုအမျိုးသမီးသည် အရေးကြီးသော အကြောင်းကိစ္စတစ်ခုခု ရှိ၍သာ ဤမျှတောင်းဆိုသမှု ပြုခြင်းဖြစ်မည်ဟု တွေးမိပြီး…
သူ…ထိုအမျိုးသမီးနှင့် တွေ့ဆုံဖို့ လက်ခံလိုက်သည်။

—————————

B

အမျိုးသမီးသည် အသက်ခပ်ကြီးကြီးဖြစ်ပြီး B ဟူသည့်အမည်ရှိ… အတန်ငယ်အူတိအူကြောင်နိုင်သူသာ ဖြစ်သည်။
B ဆိုသည့် အမျိုးသမီးကြီးသည် A ၏ ရုံးခန်းထဲ ဝင်လျှင်ဝင်ချင်းမှာပင်.. Aကို စိမ်းစိမ်းကြီး ကြည့်ပြီး…
”ရှင် …မနက်ဖြန်ရောက်ရင်… ရှင့်တင်ပါးမှာ ဆေးမှင်ကြောင် ထိုးမှာ မဟုတ်လား” ဟု ပြောလေသည်။

A သည် ရုတ်တရက်တော့ ကြောင်တိကြောင်တာ ဖြစ်သွားပြီး နောက်… ခွက်ထိုးခွက်လန် ရယ်ချလိုက်မိသည်။
ဘယ်နှယ်…ဒီမိန်းမကြီးက…တစ်ထစ်ချ လာပြောနေတာ… ပေါက်တီးပေါက်ကရတွေ… ဟု တွေးပြီး..
”ကျုပ်က ဘာလို့ တင်ပါးမှာ တက်တူးထိုးရမှာတုန်းဗျ ။ ဘယ်တော့မှ မထိုးဘူး ။ ” ဟု အသေအချာ ပြန် ငြင်းဆိုလိုက်သည်။
B ကလည်း မလျှော့ရေးချ မလျှော့ချေ။

B = ”ရှင့်တင်ပါးမှာ တက်တူး ထိုးကို ထိုးမှာပါ.. ။ မနက်ဖြန်မှာ ရှင် ထိုးကို ထိုးလိမ့်မယ်..။”

A = ”လုံးဝ မထိုးဘူး။ ကျုပ်ကိုယ်တိုင်က မထိုးဘူးဆိုရင်… ခင်ဗျားက ပိုသေချာအုန်းမှာလား..”

B =” သေချာပါတယ်…ရှင် မနက်ဖြန် တက်တူး ထိုးကို ထိုးမှာ… ။ ဘာပုံ ထိုးမလဲ ဆိုတာတောင် ပြောပြနိုင်သေးတယ်။”

A =” အောင်မာ… ကဲ…ပြောပါအုန်း…ဘာပုံ ထိုးမယ်လို့ အတတ်ပြောနိုင်တာတုန်း…”

B = ”နဂါးပုံ ထိုးမှာလေ… ဒါပေမယ့် တက်တူးဆရာခပ်ညံ့ညံ့နဲ့ တွေ့ပြီး..နဂါးပုံမပေါက်ပဲ… အာပြဲခြောက်ပုံစံပဲ ထွက်လာမှာ…”

A =” ဖြစ်မှ ဖြစ်ရလေ… လုံးဝ လုံးဝ အဓိပ္ပါယ် မရှိတဲ့ နိမိတ်ဖက်စကားပဲ… ။ ကိုင်း… ခင်ဗျားဘက်ကလည်း… ကျုပ်တက်တူးထိုးလိမ့်မယ်ဆိုတာ
သေချာပေါက် လာပြောနေတယ်… ကျုပ်ဘက်ကလည်း မထိုးဘူးဆိုတာ သေချာနေတယ်။ ဒီတော့… အလောင်းအစားလုပ်မလား..”

B = ”စိန်လိုက်လေ…လောင်းမယ်။ ရှင် မနက်ဖြန် ရှင့်တင်ပါးမှာ တက်တူး ထိုးကို ထိုးမှာ ။”

A = ”တကယ်လို့ ကျုပ်မထိုးရင်… ကျုပ်ကို သိန်းတစ်ရာ ပေးရမယ်…”

B =” ပေးမယ်.. ။ တကယ်လို့ မနက်ဖြန် ရှင့်တင်ပါးမှာ ရှင်…တက်တူးထိုးမိတယ်ဆိုရင် ကျွန်မကို သိန်းတစ်ရာ ပေးရမယ်။”

A = ”အိုကေ… ။ သန်ဘက်ခါ မနက်ကျရင်..ခင်ဗျား ငွေသိန်းတစ်ရာ ယူပြီး ဒီကို လာခဲ့.. ။”

B =” ကောင်းပြီ။ ကျွန်မ လာရင် ရှင် သိန်းတစ်ရာ ပေးဖို့ အသင့်ပြင်ထား။”

=============================================

C

 

 

B နှင့် အလောင်းအစားလုပ်ထားမိသည့်နောက်… A သည် သူ၏တင်ပါးတွင် တက်တူးမထိုးမိအောင် နေရသည်။
သိပ်တော့ အပန်းမကြီးပါ။ ဘယ်တုန်းကမှ တင်ပါးမှာ တက်တူးထိုးဖို့ ဆန္ဒလည်း မရှိ။
အလောင်းအစားလုပ်လိုက်သည်မှာလည်း A ဘက်က 100% သေချာနေ၍သာ ဖြစ်သည်။

သည်နေ့မနက်… ဟိုအမျိုးသမီးကြီး လာလိမ့်မည်။ သူမထံမှ ငွေ သိန်းတစ်ရာ ရမည်။ သေချာပါသည်။

.ဟော…ပြောရင်းဆိုရင်း…B ဆိုသည့် အမျိုးသမီးကြီး လာလေပြီ။

သို့သော် B နှင့်အတူ… နောက်ထပ် အမျိုးသားကြီးတစ်ယောက် ပါလာသည်။

A က… ဆီးကြို၍ ပြောလိုက်သည်။

A = ”ကိုင်း…ခင်ဗျား ရှုံးပြီ။”

B =” သေချာလို့လား.. ။ ကျွန်မ ရှုံး မရှုံး သေချာဖို့.. ရှင့် တင်ပါးကို ပြဖို့ လိုတယ်..”

အင်း..သိန်းတစ်ရာ ရမှာပဲ… တင်ပါးကို ပြရတာ တန်ပါတယ်.. ။ ချွတ်ပြလိုက်ရုံပ…
A = ”ရတယ်လေ… ။ ဒီမှာကြည့် …”

 

maxresdefault

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

minions-large

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

A က … သိန်းတစ်ရာ မြန်မြန်ရရင် ပြီးရော ဆိုပြီး… တင်ပါးကို ချွတ်ပြလိုက်ရာ…
B ရော… B နှင့် အတူပါလာသော C ဆိုသည့် အမျိုးသားကပါ… သေချာ ကြည့်ကြသည်… ။

A က…တင်ပါးချွတ်ပြပြီးသည်နှင့်… ပေး…. သိန်းတစ်ရာ ဟု…တောင်းဆိုလိုက်သည်။

B က .. A ကိုတော့…”အေး ပေးရမှာပေါ့.. ”ဆိုကာ ..
C ဘက်ကို လှည့်ပြီး.. ”တွေ့တယ်မဟုတ်လား.. သူ တင်ပါးလှန်ပြတယ်”ဟု ပြောလိုက်သည်။

C က… သူ့နဖူးသူ လက်ဝါးနှင့်ဖြောင်းခနဲရိုက်လိုက်ပြီး…”.သေရော… ကျုပ်ရှုံးပါပြီ…”ဟု အော်ကာ…
အဆင်သင့်ပါလာသည့် အိတ်အတွင်းမှ… ငွေ သိန်း ၂ရာကို B အား … ထုတ်ပေးလေတော့သည်။

db6d464fcee21800440b5c90ea0fc446

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

B က.. C ပေးသော ငွေ သိန်း၂ရာထဲမှ တစ်ဝက်ခွဲပြီး သိန်းတစ်ရာကို ဘက်ခနဲပစ်ကာ Aအား မဆိုင်းမတွ ပေးလေသည်။

< C ကတော့… သိန်းနှစ်ရာ ပေးပြီးသည်နှင့်… စိတ်ပျက်လက်ပျက်ဖြစ်ကာ..ခေါင်းတခါခါလုပ်ပြီး..အပြင်ပြေးထွက်သွားတော့သည်။ >

သို့သော်… B နှင့် C ကို သိပ် မသင်္ကာသဖြင့် A က အကျိုးအကြောင်း မေးမိသည်။

A = ”ဒါနဲ့  ခင်ဗျားတို့က ဟိုငွေ သိန်းနှစ်ရာနဲ့ ဘာတွေ အပေးအယူလုပ်ကြတာဒုန်း”
B  = ”ဒီလိုရှင့် C နဲ့ ကျွန်မ.. အလောင်းအစားတစ်ခု လုပ်ထားတယ်။ ဘဏ်မန်နေဂျာချုပ်ကြီးက တင်ပါးလှန်ပြလိမ့်မယ်လို့ ကျွန်မ ပြောတာကို
C က မယုံဘူးလေ.. ရှင့်လိုလူက ဘာအကြောင်းနဲ့မှ… ကျွန်မတို့ကို တင်ပါးလှန်ပြမှာမဟုတ်ဘူးဆိုပြီး ပြန်ငြင်းနေလို့ သိန်းနှစ်ရာကြေး လောင်းလိုက်တာ…။
အခုတော့ C  ရှုံးသွားပြီ..။”

 

တိန် တိန် (နှစ်ခါတိန်)

7f756bcb3481db56650768cc5fc0cf50

 

 

 

 

 

 

 

 

 

 

 

 

:k:     :k:   :k:    :k:   :k:

============================================

(ဟာသတစ်ပုဒ်ကို ကိုယ့်ပုံစံနဲ့ကိုယ် ပြန်ရေးထားခြင်းဖြစ်သည်။)

 

 

18 comments

  • ခင်ဇော်

    January 25, 2016 at 1:15 pm

    အဟိဟိဟိ။
    ဖင်လှန်ပုံပြင်ပေါ့။
    ခုတလော ပုံပြင်တွေ အရမ်းပြောနေတယ်နော်။
    :kwi:

    Reply

    • သင့်အရိပ်

      January 25, 2016 at 1:25 pm

      :k:

      :k:

      ———————

      ဒါနဲ့… မမဂျီး ကွန်မန့်ပေးပြီးတာနဲ့… အနီ ပေးမယ့်သူက အဆင်သင့်နော့…
      နာ ကွန်မန့်ပေးပြီးတာနဲ့…နီက…အနီပေး…ဆိုပြီး… တပါတည်း..ခေါ်လာတာလား..

      :k:

      Reply

      • ခင်ဇော်

        January 25, 2016 at 1:26 pm

        မမဂျီးကို အရမ်းရမ်းချစ်ပြီး မက်စိဒေါက်ထောက်ကြည့်နေသူတွေပေါ့ကွယ်။
        မစိမ်းကားနိုင်ပါဘူးတဲ့။
        နှလုံးသွေးနီရဲရဲနဲ့ ချစ်မြတ်နိုးနေဂျဒါဘာ။
        :k:

        Reply

        • သင့်အရိပ်

          January 25, 2016 at 1:30 pm

          အချိန်ပေးပြီး.. ထိုင် နီ ပေးတဲ့သူတွေမို့…
          ရဲရဲကြီးသား ယုံလိုက်စမ်းပါ…မမဂျီးရာ…

          :k:

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    January 25, 2016 at 6:14 pm

    ဖတ်ဖူးတယ်
    ဖင်လှန်ပုံပြင်
    အင်မတန်ဂုဏ်မင်
    ကြင်အန်စုံလင်
    ဖင်ကန်ဖုန်စင်

    Reply

    • သင့်အရိပ်

      January 25, 2016 at 6:30 pm

      ဖင်ကန်တာ ဘာလို့ ဖုန်စင်တာဒုန်းဗျ…

      :mrgreenn:

      Reply

      • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

        January 25, 2016 at 6:33 pm

        ဖိနပ်မစီးလို့ပေါ့ဟဲ့

        Reply

  • Kaung Kin Pyar

    January 25, 2016 at 7:23 pm

    နေအူးး
    ပြန်လာခဲ့ဦးမယ်
    နာ အလုပ်မှာ လကုန်ခါနီး တိုင်ပတ်နေလိုု့… :k:

    Reply

    • သင့်အရိပ်

      January 25, 2016 at 7:27 pm

      .နီနဲ့နာလည်း အလောင်းအစားလေးတစ်ခု လုပ်ရအောင်…
      နီဟာဆိုရင်ဖြင့်…. လှလှတွေ ပြင်ဆင်ခြယ်သလိုက်ရင်… တက္ကသိုလ်ဂွမ်းပုံနဲ့ တူသွားပြီး…
      နာဟာဆိုရင်ဖြင့်… ပလိန်းလေးနေတာကိုက အောင်ရဲလင်းထက်တောင် အောင်ရဲလင်းနဲ့တူတယ်ဆိုတာ…
      မှန် မမှန်… စစ်တမ်းကောက်ပြီး လောင်းမား..

      :mrgreen:

      Reply

      • Kaung Kin Pyar

        January 25, 2016 at 9:31 pm

        နေဦး
        နီနဲ့ ရန်မဖြစ်အားသေးဘူး
        လီယိုနာဒိုလေး စောင့်နေလို့

        Reply

        • သင့်အရိပ်

          January 26, 2016 at 12:45 pm

          .ဖြစ်ရလေ… ဂွမ်းပုံရယ်…အဲလေ.. ဖြစ်ရလေ..ဝိုင်းစိန်ရယ်…
          :mrgreen:

  • လုံမလေးမွန်မွန်

    January 26, 2016 at 10:55 am

    အေးဆို . . ပိုင်ချက် . . .
    အိုင်ဒီယာလေးကောင်းတော့ တစ်ခါတည်း သိန်းတစ်ရာ ရသွားရော . .

    Reply

  • uncle gyi

    January 26, 2016 at 2:42 pm

    ဒါမ ျုိုးတော့လာမလောင်းနဲ့သိပြီးသား

    Reply

Leave a Reply

Your email address will not be published.