( စစ်တွေမှာ မွေးဖွားခဲ့တဲ့ ဆာကီ အမည်ခံ အင်္ဂလိပ် စာရေးဆရာ Hector Hugh Munro ဟာ ထိတ်လန့် ချောက်ခြားဖွယ် ဝတ္ထုတိုတွေ ရေးခဲ့သူပါ။ သူ့ဝတ္ထုတိုတွေထဲက အတိုဆုံးနဲ့ အသိမ် မွေ့ဆုံး ဖြစ်လောက်မဲ့ Sredni Vashtar ဆိုတဲ့ လွန်ခဲ့သော နှစ်တရာကျော်က ဝတ္ထုကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်။ Hector Hugh Munro ဟာ ပထမကမ႓ာစစ်အတွင်း ဂျာမန် စနိုက်ပါသမား တစ်ယောက်လက်ချက်နဲ့ အသက် ၄၅နှစ်မှာ ကွယ်လွန်သွားပါတယ်။) ကောင်ကလေး ကွန်ရာဒင် က ဆယ်နှစ်သား။ ဆရာဝန်က သူ့အသက်မွေးမှုအမြင်အရ ပြောတာဖြင့်ကောင်ကလေးဟာ နောက်ငါးနှစ်ထက်တော့ ပိုပြီး အသက်မရှည်နိုင်ရှာတော့ ဘူးတဲ့။ ဆရာဝန်က ပျော့ပျော့နွဲ့နွဲ့ နဲ့ကိုးစားစရာ သိပ်မရှိလှ။ အဲ..ဒါပေမဲ့ မစ္စစ် […]
