”   လုပ်ငန်းသိမ်းချိန်” တစ်နေ့တာ လုပ်းငန်းသိမ်း နွားထိန်းပြီးလို့ပြန်ခဲ့ပြီ။ နွားများကား အစာဝ လူကတော့ ဝမ်းဟောင်းလောင်း ညောင်းခဲ့သမျှ အတိုးချ အိမ်ရောက်တော့မှ နားတော့မည်။     ကိုပေါက်လက်ဆောင်အတွေးစဉ် ၂၁၆၁၆    


KyaemonAugust 20, 201639min03
  ဒီဆောင်းပါးက ၁။ ဧရာဝတီခမ်းမယ် ဆိုတဲ့ FaceBook ဖေ့ဘုက်က ကွန်မန့်ရေသားချက်တွေကို၎င်း၊ ၂။ မြစ်ဆုံမှအကျိုးအမြတ်ခွဲဝေပုံကို၎င်း၊ဆွေးနွေးတင်ပြပါ့မယ်၊ —– ပဌမ ပိုင်း   ဧရာဝတီခမ်းမယ်၊ လူတွေရေငတ်မယ်၊ ကန္တရဖြစ်မယ် ငတ်ပြတ်လိမ့်မယ်၊ဒုက္ခရောက်မယ်၊ မြစ်ကြီးစီးဆင်းပါစေ စသဖြင့်ကွန်မန့်ရေးတုန်းပါဘဲ (အောက်တွင်ဖော်ပြထားတယ်) အဖြူလား အမဲလား၊ ဘယ်ကွေ့မှာလား ညာကွေ့ မှာလား တည့်တည့်သွားမှာလားဆိုလောက်အောင် အင်မတန်အရေးကြီးတဲ့အထင်အမြင်လွဲမှားချက်ပါဘဲ၊ ဒါကြောင့်မို့ထပ်လောင်းပြီးရှင်းလင်းရမှာပါ၊ —————–  မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – – Myitsone Myths and Truths VI manadalaygazette.com/224008 မှာ၎င်း၊ မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – – Myitsone Myths and Truths X manadalaygazette.com/224996 မှာ ၎င်း၊ ဒီကိစ္စ ကိုတော်တော်ဆွေးနွေးခဲ့ […]


etoneAugust 20, 20162min08
မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ဆုမျိုးတောင်းခဲ့ ကြဖူးလားဟင် ။ ကျွန်မတော့အဲ့လို ဆုမျိုး မတောင်းခဲ့ဖူးပေမယ့် မွေးရာပါ မျက်နှာကြောတင်းတဲ့ရုပ်ကြောင့် ငယ်ငယ်ကဆို့ အဲ့ဒီဆုပေးစကားသံ ခဏခဏ ကြားခဲ့ရဖူးတယ် ။ စိတ်ထဲတော့ သိပ်မကြည်လှဘူး အထူးသဖြင့်သီတင်းကျွတ်ကန်တော့လို့ ဆုပေးလျှင် အဲ့ဆုပေးစကားကြီးပါပါလာတာ ခံအပြင်းဆုံးပါ ။ ငယ်ငယ်ကတည်းက စိတ်ထဲ မှတ်ယူခဲ့တာ ၊ မျက်နှာမြင်လို့ မချစ်ချင်တော့ရော ၊ ဘယ်သူ့ကို ဒုက္ခပေးနေသတုန်း ၊ ကိုယ့်ထမင်းကိုယ်စား ကိုယ့်သမိုင်းကိုယ်ရေး အပိုတွေမလိုဘူးတွေးပြီး အဲ့ဒီဆုပေးသံကို အတော်မုန်းခဲ့ဖူးတာရယ် ။ လူမှု ပတ်ဝန်းကျင်မှာ ကျင်လည်နေရတော့မှပဲ မျက်နှာတစ်ခုရဲ့ အရေးပါမှုကို သိလာရတော့တယ် ငယ်ငယ်က တွေးထားလက်ခံထားသမျှ ဒီအချိန်မှာ ရာနှုန်းပြည့်မမှန်ကန်တော့ဘူး ။ လူတစ်ဦးနှင့်တစ်ဦးစတင် မိတ်ဆက်စဉ်ကတည်းက မျက်နှာကြည့်ပြီး ပြောဆိုဆက်ဆံရတယ်  ပထမဆုံး မျက်နှာချိုချို လှလှလေးမြင်လိုက်ရလျှင်ပဲ […]


sorrowAugust 20, 20161min07
ဒီနေ့အကင်ဆိုင်က စားပွဲထိုးလေးက…ပွက်ပွက်ဆူနေတဲ့ ဟင်းရည်ကို လက်ပေါ်မှောက်ချပေးတယ် .တောင်းပန်တဲ့အသံကတုန်ပြီး အလွန်ကြောက်နေရှာတဲ့ သူ့ကိုကြည့်ပြီး ..ပူလောင်နာကျင်နေတာကိုမေ့ထားပြီး….. ရပါတယ် အစ်ကိုသက်သာသွားမှာပါလို့ပြုံးပြီးပြောခဲ့တယ်.. ..ညလုံးပေါက်အလုပ်လုပ်စရာရှိတဲ့လက်က ခုထိနာတာမပျောက်ဘူး .. လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်တုန်းက အလားတူမတော်တဆမှုကိုကျူးလွန်ဖူးတဲ့ ကော်ဖီဆိုင်က စားပွဲထိုးလေးတစ်ယောက်… ဖြတ်ရိုက်ခံရဖူးတဲ့ ဘယ်ဘက်ပါးကို ပြန်စမ်းမိတယ်… အမှတ်ရလိုက်တိုင်းနာနေပေမယ့် …ဒီနေ့မနာတော့ဘူး…


SawAungAugust 18, 20163min05
ကြာခဲ့ပါပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာတုန်းက ပုဂံမှာ ပထမဆုံး ရိုးရာမြင်းပြိုင်ပွဲ လုပ်ခဲ့တယ်။ ရိုက်ကူးရေးသွားရမယ်ဆိုတော့ မြင်းပြိုင်ပွဲကို တစ်ခါမှ မမြင်ဖူးဘူးလေ။ ပြိုင်မယ့်ကွင်းကြီးက အကျယ်ကြိး မဏ္ဍပ်ကြီးထုပ် စတိတ်စင်တွေလည်းပါတယ်။ အညာပွဲဈေးသည်တွေနဲ့ လာတဲ့သူတွေတိုင်းကိုလည်း တစ်နေ့လုံးထမင်း ကျွေးတယ်။ အညာပွဲဈေးလေးတွေနဲ့လည်း ရင်းနှီးခွင့်ရခဲ့တယ်။ ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးတွေကို အခုမှ ပြန်ဝေမျှခွင့်ရခဲ့ပါတယ်။   နောက်တစ်ပွဲရှိသေးတယ် ဒုန်းပြိုင်ပွဲဆိုတာ အမြန်ဆုံးပြေးတဲ့ ပြိုင်ပွဲပေါ့ မြင်တွေကိုလည်း ဆေးကျွေးထားရတယ်ပြောတယ ပြေးလိုက်ကြတာ ကြောက်စရာတောင်ကောင်းတယ်။ မြန်လိုက်တာလည်း ပြောမနေနဲ့။   ဆက်ပါဦးမည်။ အောင်မိုးသူ


”  မြင်နိုင်ခွင့် ရှိသမျှ”                         ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ   ၁၆၈၁၆


black chawAugust 18, 20161min07
မြန်မာပြည် သိန်းတန်ကြီးနဲ့ တီဗီ ချယ်နယ်တစ်ခု အင်တာဗျူးတာကို ဒီနေ့ ထိုင်ကြည့်နေမိတယ်…။ သူက Elvis Presley ရဲ့ ရုပ်ရှင်ကားတစ်ကားကို ကြည့်ပြီး (ကြည့်တာကလည်း တာမွေ…မရိုးဆန်းရုံတဲ့ ခင်ဗျ) ဂစ်တာတီးခြင်းအလုပ်ကို ရူးသွပ်ခဲ့တာတဲ့ ခင်ဗျ…။ အဲဒီတုန်းက သူ့အသက်က ၁၃ နှစ် တဲ့…။ သူ့ အဖေက သူ့ဂစ်တာသံကို နားထောင်ပြီး “ဟေ့ကောင်…မင်းဂစ်တာတီးတာက နွားမသေးပန်းသလို တဗြန်းဗြန်းနဲ့ နားညီးတယ်ကွာ…။ မင်းဂစ်တာတီးမယ်ဆို ငါ့အိမ်က ဆင်းသွား” လို့ စိန်ခေါ်ပါသတဲ့…။ အဲဒီမှာပဲ ကိုကို က ဂစ်တာကို ပုခုံးထက်ထမ်းပြီး အိမ်က ဆင်းခဲ့ပါသတဲ့…။ ကိုသိန်းတန်ကြီးက လူငယ်တွေ အတုခိုးမှားမှာစိုးလို့ သတိပေးပါတယ်…။ မိဘစကား နားမထောင်ပဲ အိမ်ကဆင်းလာတာ မဖြစ်သင့်ဘူး လို့ ဆိုပါတယ်…။ စသည် […]


black chawAugust 18, 20161min05
မြန်မာပြည် သိန်းတန်ကြီးနဲ့ တီဗီချယ်နယ်တစ်ခုရဲ  ့အင်တာဗျူးလုပ်နေတာကို ဒီနေ့ ထိုင်ကြည့်နေမိတယ်…။ သူက Elvis Presley ရဲ့ ရုပ်ရှင်ကားတစ်ကားကို ကြည့်ပြီး (ကြည့်တာကလည်း တာမွေ…မရိုးဆန်းရုံတဲ့ ခင်ဗျ) ဂစ်တာတီးခြင်းအလုပ်ကို ရူးသွပ်ခဲ့တာတဲ့ ခင်ဗျ…။ အဲဒီတုန်းက သူ့အသက်က ၁၃ နှစ် တဲ့…။ သူ့ အဖေက သူ့ဂစ်တာသံကို နားထောင်ပြီး “ဟေ့ကောင်… မင်းဂစ်တာတီးတာက နွားမသေးပန်းသလို တဗြန်းဗြန်းနဲ့ နားညီးတယ်ကွာ…။ မင်းဂစ်တာတီးမယ်ဆို ငါ့အိမ်က ဆင်းသွား” လို့ စိန်ခေါ်ပါသတဲ့…။ အဲဒီမှာပဲ ကိုကို က ဂစ်တာကို ပုခုံးထက်ထမ်းပြီး အိမ်က ဆင်းခဲ့ပါသတဲ့…။ ကိုသိန်းတန်ကြီးက လူငယ်တွေ အတုခိုးမှားမှာစိုးလို့ သတိပေးပါတယ်…။ မိဘစကား နားမထောင်ပဲ အိမ်ကဆင်းလာတာ မဖြစ်သင့်ဘူး လို့ ဆိုပါတယ်…။ စသည် […]


ခင္ခAugust 17, 20161min014
တောမှာနေတော့ အလုပ်ရယ်မရှိ ငွေရှာချင်လို့ မြို့တက်လာ၏ ရတဲ့အလုပ် ဝင်ငွေနည်းတော့ အစဦးမို့ ရုန်းလိုက်အုံးပေါ့ ပြသနာအစ နေစရာက ဌားကာနေလည်း စားစရိတ်လျော့နည်း ကိုယ်လိုသူလို သူတွေကတော့ ကွက်လပ်မြေဘေး ကျူးတဲထိုးစမ်း မတတ်သာဘူး ဒီလမ်းဘဲလိုက် ဝမ်းဝစားဖို့ အနိုင်နိုင်ဘဝမို့ ကျမပြုမိ အပြစ်ရှိသည် ဖျက်ရင်လည်း ခံ သတ်ရင်လည်း သေ သေမထူး နေမထူးပါအေ နိုင်ငံစီးပွား အလွန်းတိုးလို့ လုပ်ခများလည်း ပိုစွာရရင် ဒီလိုလမ်းဘေး ဘယ်နေလိမ့်မလဲ တိုက်ခန်းဝယ်ဌား နေမှာပေါ့အေ ခုတော့လုပ်ခ နည်းလွန်းလှတော့ နှစ်နပ်စားလို့ တစ်နပ်နားတယ် ပိန်ဆေးသောက်ဖို့ လိုပါဘူးဟယ်။   ခင်ခ။

10546997_710947988942008_1917144969521817436_o-600x751.jpg

warsojulyAugust 17, 20162min015
အမြဲတမ်းအကောင်ဗလောင်တွေပဲတင်နေကျဆိုပေမယ့်ဒီတစ်ခါကျနော်ရိုက်တဲ့မီးပန်း(Fireworks)ပုံလေးတွေ တင်ပြပါရစေခင်ဗျာ… ၂၀၁၃ကပေါ့ ဒီမီးပန်းရိုက်ဖြစ်တဲ့ဇာတ်လမ်းအစကတော့..ဒီရွာထဲက အင်ဇာဂီနဲ့ပတ်သတ်နေတယ်ခင်ဗျ အင်ဇာဂီ.နာဂိုယာမှာနေသွားတုန်းကPhotographyကိုဆေးအထိုးကောင်းလို့မကြာပါဘူး ကျနော်.ကင်မရာတစ်လုံး…လက်ဝယ်ရလာတယ်ခင်ဗျ… မျောက်အုန်းသီးရသလိုဘာလုပ်ရမှန်းမသိတုန်း…(ကင်မရာရပြီးတစ်ပတ်ပဲရှိသေးတဲ့အချိန်မှာ) မီးပန်းရိုက်ဖို့ကိစ္စကဖြစ်လာတယ်… အဲဒါနဲ့ရိုက်မည့်နေရာကိုနေ့လည်လောက်ကတည်းကနေရာသွားယူ… ၂ယောက်ပေါင်းမှTripodတစ်ချောင်း..RemoteShutterReleaseတစ်ခုနဲ့တလှည့်စီရိုက်ကြတာပေ့ါ (တကယ်က…သူကSettingချိန်ပေးFocusဖြတ်ဘာညာလုပ်ပေး..ကျနော်ကခလုတ်နှိပ်ရုံပါ..ဘာမှမသိနားမလည်ပါ) နှုတ်ကလည်း..ဘယ်လိုအခြေအနေမျိုးဆိုဘယ်လိုလုပ်ဘာညာပေ့ါ..(အမှန်အတိုင်းပြောရရင်အဲဒီတုန်းကကျနော်လုံးဝနားမလည်ပါဘူး) ရိုက်တာကညနေ၆ခွဲလောက်ကနေ၉နာရီထိဆိုတော့..ပုံ၃၀၀-၄၀ဝလောက်တော့ရှိမှာပေ့ါ.. အဲဒီပုံထဲကမှအဆင်ပြေဆုံးဖြစ်မယ်ထင်တဲ့တစ်ပုံကိုရွေးလိုက်ပါတယ်.. Canon EOS Kiss x7i EF-S 18-55mm Kit Lens f/16 ISO 100 15 sec Spot Metering Edited in Adobe Lightroom Gifu-Pref , Gifu City   နောက်တစ်နှစ်ကြာသွားတယ်… ကြားထဲမှာအင်ဇာဂီလည်းရန်ကုန်ပြန်သွားတယ်.. နောက်နှစ်(၂၀၁၄)နွေရာသီဘက်မီးပန်းပွဲရာသီထပ်ရောက်လာတယ်.. ဒီနှစ်တော့ရိုက်ဖော်ရိုက်ဖက်လည်းမရှိ..မေးစရာလူလည်းမရှိတော့ဘူး.. နေရာကလည်းမနှစ်ကနေရာကအပြန်သိပ်အဆင်မပြေတော့ ဘူတာကနေသိပ်ဝေးဝေးမသွားရတဲ့တခြားမီးပန်းပွဲကိုရွေးလိုက်တယ်.. မရိုက်ခင်တစ်ပတ်လောက်စာရှာဖတ်(Digital Photography Schoolထဲဝင်မွှေ) http://digital-photography-school.com/ နေ့လည်လောက်သွားနေရာဦးရင်း…မနှစ်ကအင်ဇာဂီပြောသွားတဲ့အချက်တွေကိုပြန်တွေးကြည့်.. အချိန်စတော့ ဖတ်ထားတာတွေနဲ့…သင်ပေးသွားတာတွေကိုပြန်စဉ်းစားရင်းရိုက်… ပထမတော့မဟန်ဘူး..တဖြည်းဖြည်းနဲ့တစ်နာရီလောက်ကြာတော့နဲနဲလမိုင်းကပ်လာတယ်… အဲဒီနေ့ရိုက်ပြီးသွားတဲ့အခါမှာ..မီးပန်းရိုက်ရတာကိုစပြီးအရသာတွေ့တယ်ပြောရမလားဘဲခင်ဗျာ… ဒီပုံက၂၀၁၄ခုနှစ်ရိုက်တုန်းကကိုယ့်ဟာကိုယ်အကြိုက်ဆုံးပုံပါ […]


etoneAugust 16, 20161min023
အဲဗရီးဘာဒီ မင်ဂါဘာ   ရွာထဲ မရောက်တာ တော်တော့်ကို ကြာပါပြီ ။ သတိရပေမယ့် ဝင်မရေးဖြစ်ဘူး ၊ ကိုယ်ပိုင်အချိန်တွေ နည်း သွားတာကြောင့်ရော အလုပ်က စိတ်ဖိစီးမှု များတာကြောင့်ပါ ရွာထဲ မရောက်နိုင်ခဲ့ဘူး ။ တခါတလေ လော့အင်မလုပ်ပဲ ဝင်ဖတ်မိတာကလွဲပြီး comment တောင် ဝင်မပေးဖြစ်ဘူး ။ ဖွဘုတ်မှာတော့ တောအော် တောင်အော် ထထလုပ်ဖြစ်တယ် ။စိတ်ခံစားမှု တစုံတရာရှိတိုင်း ချရေးလိုက်တာပဲ စာဖတ်သူလည်း အားမနာ ။ ရွာထဲမှာ စာရေးတာကျတော့ တောအော် တောင်အော် မလုပ်ရက်ဖူးပဲ ၊ အမှန်ကန်စာရေးနေကြတဲ့ လူတွေ ရှိတဲ့ အပြင် ၊ သတ်သတ်မှတ်မှတ် စာဝင်ဖတ်နေတဲ့ လူတွေလည်းရှိတာကြောင့် ကိုယ်ပေါက်ကရ ရေးတာတွေကြောင့် အချိန်မကုန်စေချင်တာ အားနာတဲ့စိတ်ကြောင့် […]


ခင္ခAugust 16, 20161min08
ဂယက်ကယ်ထ လှိုင်းရယ်ကြွလို့ တံငါလှေငယ် မြစ်ပြင်ကျယ်မယ် နိမ့်ချီတစ်ခါ မြင့်ချီတလှည့် အသက်ဘေးထက် ဝမ်းရေးခက်လို့ ရှေ့ဆက်ကာသွား ငါးများများရဖို့ နေ့စဉ်ရက်ဆက် လုပ်ခဲ့ကြသည် မပြောင်းလဲသော ပန်းချီကားတစ်ချပ်တည်း။   ခင်ခ။