ဂစ်တာလူလေး…။

black chawAugust 18, 20161min07

မြန်မာပြည် သိန်းတန်ကြီးနဲ့

တီဗီ ချယ်နယ်တစ်ခု အင်တာဗျူးတာကို
ဒီနေ့ ထိုင်ကြည့်နေမိတယ်…။
သူက Elvis Presley ရဲ့ ရုပ်ရှင်ကားတစ်ကားကို
ကြည့်ပြီး (ကြည့်တာကလည်း တာမွေ…မရိုးဆန်းရုံတဲ့ ခင်ဗျ)
ဂစ်တာတီးခြင်းအလုပ်ကို ရူးသွပ်ခဲ့တာတဲ့ ခင်ဗျ…။
အဲဒီတုန်းက သူ့အသက်က ၁၃ နှစ် တဲ့…။
သူ့ အဖေက သူ့ဂစ်တာသံကို နားထောင်ပြီး
“ဟေ့ကောင်…မင်းဂစ်တာတီးတာက နွားမသေးပန်းသလို
တဗြန်းဗြန်းနဲ့ နားညီးတယ်ကွာ…။
မင်းဂစ်တာတီးမယ်ဆို ငါ့အိမ်က ဆင်းသွား”
လို့ စိန်ခေါ်ပါသတဲ့…။
အဲဒီမှာပဲ ကိုကို က ဂစ်တာကို ပုခုံးထက်ထမ်းပြီး
အိမ်က ဆင်းခဲ့ပါသတဲ့…။
ကိုသိန်းတန်ကြီးက လူငယ်တွေ အတုခိုးမှားမှာစိုးလို့
သတိပေးပါတယ်…။
မိဘစကား နားမထောင်ပဲ အိမ်ကဆင်းလာတာ မဖြစ်သင့်ဘူး
လို့ ဆိုပါတယ်…။
စသည် စသည်ပေါ့ဗျာ…။
အဲဒီ ဒိုင်ယာလော့ခ် တွေ နားထောင်ရင်းနဲ့ ကိုယ်က
သီချင်းလေး တစ်ပုဒ်သွားသတိရမိပါတယ်။
စောဘွဲ့မှူး ကြီးရေးတဲ့ ဂစ်တာလူလေး…။
ကိုင်ဇာ ရဲ့ သီချင်းရှင်ကို ကြင်နာပါ စီးရီးစ် ထဲပါခဲ့တဲ့
ဂစ်တာလူလေး သီချင်း…။
အဲဒီ သီချင်းဟာ ကိုသိန်းတန်အတွက် ရေးထားတာကို
ကိုင်ဇာ က ယူဆိုလိုက်တာလို့
ပါးစပ်ပုံပြင်တွေက ဆိုကြပါတယ်…။
မသေချာ မရေရာပါဘူး ခင်ဗျာ…။
အခု…ကိုသိန်းတန် အဖေ ပြောတဲ့
“ဂစ်တာတီးရင် ငါ့အိမ်ပေါ်ကဆင်း”
လို့ ပြောလိုက်တယ်ဆိုတဲ့ ဒိုင်ယာလော့ခ် ကိုကြားလိုက်တော့
ဂစ်တာလူလေး နဲ့ မြန်မာပြည်သိန်းတန်ကြီး ရဲ့ ဆက်စပ်ပတ်သက်မှုကို
ကိုယ် အရမ်းစိတ်ဝင်စားသွားပါတယ်…။
အဲဒီ မေးခွန်းကိုလည်း အရမ်းမေးချင်သွားပါတယ်…။
အဲဒါနဲ့ ကိုသိန်းတန် တို့ လင်မယား စတူဒီယိုထဲက အထွက်မှာ
“အစ်ကို့ကို ကျွန်တော် မေးစရာလေးရှိလို့ပါ”
လို့ အင်ထရိုဝင်လိုက်ပါတယ်။
အဲဒီအချိန်မှာပဲ ချာတိတ် လေးငါးယောက်က ကိုသိန်းတန်ကြီးနဲ့
ဓါတ်ပုံတွဲရိုက်ပါရစေဆိုပြီး ဓါတ်ပုံရိုက်နေပါရော…။
ကိုသိန်းတန်ကြီးက
“ခဏလေးနော်” ဆိုပြီး အားတုံ့အားနာ ဆိုပါတယ်…။
တကယ် သဘောကောင်းတဲ့ ပုဂ္ဂိုလ် ခင်ဗျ…။
ပြီးတော့မှ ကိုယ့်ကို “ဘာမေးမလို့လဲ ညီလေး” လို့ ပြောပါတယ်။
ကိုယ်က
“စောဘွဲ့မှူး ရေးပြီး ကိုင်ဇာ ဆိုခဲ့တဲ့ ဂစ်တာလူလေး သီချင်းဟာ
အစ်ကို့ အတွက် ရေးတဲ့ သီချင်းလို့ ပြောသံကြားဖူးပါတယ်။
ဟုတ်ပါသလား”
ဆိုတော့
“ရက်စ်…။ အဲဒါ ကိုယ့် Story ကို ရေးထားတဲ့ သီချင်းပါ…။”
တဲ့…။
“အစ်ကို့ အတွက် ရည်ရွယ်ရေးထားတဲ့ သီချင်းကို အစ်ကို ဘာလို့
မဆိုဖြစ်ရတာလဲ ခင်ဗျ”
လို့ မေးတော့…
“အဲဒါ…ဘာလို့ မဆိုဖြစ်လဲတော့ မသိတော့ဘူးဗျ…။
ကျွန်တော့် လက်ထဲ ရောက်မလာဘူး…
အဲဒီအချိန်တုန်းက…အဲဒီသီချင်းက…။
အဲဒီတုန်းက ဘွဲ့မှူးကြီးက ကျွန်တော့်ခြံထဲကို မကြာမကြာလာတယ်…။
ကြည့်မြင်တိုင် အေဘီအမ်မ် ကျောင်းဝန်းခြံထဲကိုလေ။
သူရေးတဲ့ အခြားသီချင်းလေးတွေ တော့ ဆိုဖြစ်ပါတယ်…။
အဲဒီသီချင်းလေးကိုလည်း ကျွန်တော့် Story ကို မေးပြီးတော့
သူရေးလိုက်တာဗျ”
လို့ ဆိုပါတယ်…။
အရေးတော့ သိတ်ကြီးလှမယ် မဟုတ်ပေမယ့်
စောဘွဲ့မှူး ရေးပြီး ကိုင်ဇာ ဆိုခဲ့တဲ့
ဂစ်တာလူလေး သီချင်းဟာ
မြန်မာပြည်သိန်းတန်ကြီးရဲ့ Story ကို ပြန်ရေးထားတာ ဖြစ်ကြောင်း
ဒီနေ့ ကိုယ် မေးမြန်းစပ်စုပြီး သိခဲ့ရပါတယ် ဆိုတာလေး
ပြန်ပြောပြချင်ပါတယ်ဗျာ…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။

7 comments

  • black chaw

    August 18, 2016 at 11:15 am

    ဘယ်လို ပြသနာ ရှိလဲ မသိပါ။
    ဘလက်ချော နာမည်နဲ ့ရေးတင်လိုက်တဲ့
    ပို ့စ်က ကိုရဲကြီးနာမည်နဲ ့
    တက်လာတယ်ဗျာ။
    ကျနော့်အမှား မဟုတ်တာတော့
    သေချာပါတယ်။

    Reply

    • Thint Aye Yeik

      August 18, 2016 at 11:29 am

      ကိုရဲကြီး နာမည်နဲ့တက်လာတဲ့ပိုစ့်ကို ဝင်ကြည့်တာ…
      တင်ထားတဲ့သူကိုယ်တိုင်ကလည်း… ကိုရဲကြီးပဲ…တဲ့။
      Lest edit ကိုရဲကြီး 18.08.2016 10:34 တဲ့။
      😆

      Reply

  • black chaw

    August 18, 2016 at 11:35 am

    ကိုရဲကြီး ဆိုတဲ့ အကောင့်က
    ကျနော့် အကောင့်ဟောင်းပါ။
    Password လည်းမရှိတော့ပါဘူး။
    ဘလက်ချောနာမည်နဲ ့တင်တဲ့ပို ့စ်က
    ကိုရဲကြီး နာမည်နဲ ့ တက်သွားတာတော့
    ကျနော် နားမလည်ပါဘူး။
    အိုခေပါ။
    ပြသနာ မရှိပါဘူး။

    Reply

    • Thint Aye Yeik

      August 18, 2016 at 1:33 pm

      က်ိုရဲကြီးနဲ့တက်သွားတဲ့ပိုစ့်မှာ ကိုရဲကြီး နာမည်ကို ဖျောက်ပြီး လေးဘလက် နာမည် ပြန်တပ်လို့ ရပါတယ်။ လွယ်ပါတယ်။ ဒါမယ့် ပိုစ့်ကတော့ နှစ်ခု ဖြစ်တာက ဖြစ်တာပဲ။ ပိုစ့်တစ်ခု ပြန် ဖျောက်လို့တော့လည်း ရတာပါပဲ။

      ဒါမယ့် သူကြီးရွာ တစ်ခုခု ဖြစ်နေပြီထင်သမို့ သူ လာမှ ဒါက ဘယ်လိုဖြစ်တာတုန်း လို့ မေးရမယ်
      :k:

      Reply

      • black chaw

        August 18, 2016 at 3:41 pm

        @ Thint Aye Yeik ;
        ကိုယ်တစ်ခုခု မှားနှိတ်လို ့တဲ့ ညီလေးရေ။
        တစ်ခါမှတော့ မဖြစ်ဖူးပါဘူးကွာ။
        ဆောဒီး။
        ချစ်ခင်လေးစားတဲ့
        ဘလက်ချော…။

        Reply

  • kai

    August 18, 2016 at 2:02 pm

    ရွာက… ဘယ်လိုမှမဖြစ်(သေး)
    ပို့စ်တင်တုံးမှာ.. ဘယ်နာမယ်နဲ့တင်ချင်လဲဆိုတာမေးတဲ့.. နေရာရှိတယ်..။
    အဲဒီမှာ.. တခုခုမှားနှိပ်လိုက်လို့ပဲ…။
    ကြိုက်တာချိန်လို့ရပါတယ်…။

    ဆိုတော့…
    ကိုသိန်းတန်နဲ့တွေ့နေတာကိုး…။
    ကောင်းပါ့..။ :k:

    Reply

  • black chaw

    August 18, 2016 at 3:37 pm

    @ kai ;
    တစ်ခါမှ မဖြစ်ဖူး ဘူးဗျာ။
    ဆောဒီးပါ သူကြီးရေ။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

    Reply

Leave a Reply

Your email address will not be published.