A mar nyoSeptember 8, 20161min010
တနေ့က မတွေ့တာကြာပြီ ဖြစ်တဲ့ငယ်သူငယ်ချင်းနဲ့ စကားပြောမိတယ် မတွေ့တာလည်း ကြာသလို အရေးအကြောင်းမရှိရင်လည်း စကားပြောလေ့ မရှိသော သူ့အကြောင်းသိနေသော ကျွန်မအဖို့ သူကစကားစလာတော့ ထူးဆန်းမိသည်။ ဘာအကြောင်းများရှိပါလိမ့်လို့လည်း တစ်ဆက်တည်းတွေးမိသည်။ ကျွန်မတွေးမိတဲ့ အတိုင်းသူပြောလာသည်က သူလုပ်ချင်တာတစ်ခုရှိနေပေမဲ့ လုပ်သင့် မလုပ်သင့် စဉ်းစားနေပါတယ်တဲ့။ လုပ်ငန်းခွင်ဝင်ပြီး လုပ်ချင်တာနဲ့ လုပ်သင့်တာယှဉ်လာရင် စဉ်းစားရကျပ်တာ ဓမ္မတာပင်ဖြစ်သည်။ လုပ်ချင်တာလုပ်လိုက်လို့ လုပ်သင့်တာကို လွတ်သွားရင် သူများတွေထက်နောက်ကျကျန်နေတတ်သည်။ ဘာလုပ်ချင်တာလဲမေးတော့ အလုပ်ထွက်ချင်သည်ဟု ဆိုလာသည် အလုပ်ခွင်ဝင်ပြီး အများဆုံးတွေ့ကြုံရသည့် အကြောင်းအရာပင်ဖြစ်သော်လည်း တစ်ချို့က သည်းခံရင်းဆက်လုပ်ကြသည်။ ကို်ယ်ပိုင်အလုပ်တောင်မှ စိတ်ဖိစီးမှူ့ရှိသေးသည်ပင်။ သူများအလုပ် လုပ်ရင်တော့စိတ်ဖိစီးတာပိုများတာ ဓမ္မာတာပင်။ အလုပ်လုပ်ရတာလည်း အဆင်မပြေဘူးလားဆိုတော့မဟုတ်၊ အထက်လူကြီးစရိုက်ကို သိပ်မကြိုက်ပေမဲ့ အခုထိတော့ အဆင်ပြေနေသည် ဆိုတော့စဉ်းစားစရာ။ အထက်လူကြီးကတော့ အလုပ်နဲ့ပတ်သက်ရင်သင်ပေးသည်ဟု ဆိုသော်လည်း သူ့လက်အောက်ဆွဲသွင်းတတ်ပြီး သူလက်အောက်မဝင်ပါက […]


alinsettSeptember 8, 20161min04
                  ”ကျောက်ခေတ်ဆီက ပေးပို့လိုက်တဲ့စာ” —————————————— အခုတလော လက်ညှိုးတွေ ခေတ်စားနေတယ် ကြားလို့. . .တဲ့။ ဇာတ်တော်သမိုင်းထဲက ဟိုလူကြီးတောင်မှ ဓါးသွေးနေပြီ။ လက်ညှိုးတွေကလည်း ဖြတ်မယ့်ဓါးကိုတောင် ထိုးကာထိုးကာနဲ့ ဟားတိုက်ရယ်မလို့တဲ့. . . လှောင်ပြောင်ရယ်သွမ်းနည်း တစ်သန်းမကကိုလည်း ပြုစုနေကြလေရဲ့။ မှန်တွေကပဲ ပြနိုင်စွမ်းလျော့နည်းနေတာလား? ခြေထောက်တွေကပဲ မှန်ရှေ့ဆီမှာ ရပ်ဖို့ရာ မသွားရဲတာလား? အဲ့ဒီလိုနဲ့. . . ရေရာစွာ မခွဲခြားတတ်နိုင်ခင်မှာပဲ ဒီပုစ္ဆာရဲ့အဖြေဟာ . . . မှင်နီအတားခံလိုက်ရလေရဲ့။ လေပြေတွေ ရှဲခနဲ ပြေးထွက် ပျောက်ကွယ်… မုန်တိုင်းတွေသာ ရှူးရှူးရှဲရှဲ ဝင်လာတယ်။ ”ကိုယ်ဟာ မုန်တိုင်းဆန်စွာ […]


     တစ်ခုသော ညနေတွင် ကျွန်ုပ်တို့ သူငယ်ချင်းနှစ်ယောက်သည် ညနေစာထမင်းကို အိမ်တွင်မစားမူဘဲ ထမင်းကြော်သုပ် သွား၍စားကြပြီးနောက် လက်ဘက်ရည်ဆိုင်ဘက်သို့ စက်ဘီးကလေးတစ်စီးဖြင့် ကမ်းနား လမ်းအတိုင်း နင်းလာကြလေသည်။   မကြာမီတွင် မည်းနက်သော ကောင်းကင်ပြင်၌ လျှပ်စီးများ ပြိုးပျက်လျက် ချက်ခြင်းလိုလိုပင် အေးစိမ့် လာပြီး မိုးပေါက်များ ကျဆင်းလာလေသည်။ ဗြုန်းစားကြီး ရွာချလိုက်သော မိုးကြောင့် ထီးအကာ မ ပါသော ကျွန်ုပ်တို့နှစ်ဦးသည် မိုးလွတ်ရာကို အသည်းအသန်ရှာကြရာ အိုမင်းဟောင်းနွမ်းနေသော အဆောက်အဦးကြီး ဘေးတွင် အဖီချထားသော ဈေးဆိုင်လော၊ လူနေအိမ်လော မပီပြင်သည့်နေရာ မှ မှေးမှိန်သော ဘက်ထရီ မီး ချောင်းအလင်းရောင်ကို သတိပြုမိကြလေ၏။ ပထမတွင် ကျွန်ုပ်တို့နှစ် ဦးသည် တံစက်မြိတ်အောက်တွင် ခိုကပ် နေရာမှ အဖီအတွင်းသို့ကဲကြည့်ရာ […]


KyaemonSeptember 5, 201632min03
      ကော်မရှင် အဖွဲ့ကြီးကိုကြိုဆိုပါတယ်နော် ရေအားမှလျှပ်စစ်စွမ်းအားရယူနိုင်ရန် တရုပ်က အာဖရိက နိုင်ငံ တွေကို ဘယ်လိုကူညိ နေလဲ ဆိုတာကို တင်ပြ ပါ့မယ်၊ တချိန်က ဥရောပ ကိုလိုနီနယ်ချဲ့တို့ နဲ့ဂျပန်ဖက်ဆစ်တို့လို နယ်ချဲ့သတ်ဖြတ်ဖိနှိပ်နေတာ မျိုး မဟုတ်ပါ၊ အခြေခံက ကုန်သယ် လုပ် ပြီး နိုင်ငံချင်း ကုန် ဖလှယ်လိုတာပါ၊ နှစ်ဦးနှစ်ဘက် အကျိုးအတွက်ပါ၊ ဒီအကြားမှာ လမ်းပန်းဆက်သွယ် ရေး၊လူနေအိမ် အထပ်တိုက်တွေ၊ဆေးရုံတွေ၊ ဆိပ်ကမ်းမြို့တွေ၊အမြန်ရထားတွေ၊ရေကာတာတွေ စသဖြင့် ဝိုင်းဝန်း တည်ဆောက် ပေးတယ်၊ ၎င်းတို့အတွက် ငွေချေးစိုက်ထုတ် ရင်းနှီးပေးတယ်၊ခေတ်မှီ စိုက်ပျိုးရေး ပညာ အပါအဝင် ဆက်လက်ပြီး ကိုယ်ပိုင်ထိန်းသိမ်း နိုင်ရန် သင်ကြားလေ့ကျင့်ပေးတယ်၊ —————————– China Wins Africa Friends […]


kotun winlattSeptember 5, 20161min04
မိုက်ခဲကြီးများ @@@@@ လမ်းမကြီးတစ်ခု …..။ ဒီဒေသကြီးတစ်ခုလုံးရဲ့ အားကိုးအားထားပြုရာ လမ်းမကြီး …။ ဒီဒေသကြီး တစ်ခုလုံး၏ လမ်းပန်းဆက်သွယ်ရေးအတွက် အသက်သွေးကြောဟု ဆိုလျှင်လည်း မှားအံ့မထင် …။ ဒီလမ်းမကြီးသည် ကျေးရွာလေးများမှ မြို့ ငယ်လေးဆီသို့ ကူးသန်းသွားလာရသည့် တစ်ခုတည်းသော အဆက်အသွယ်။ ရှေးယခင်က ဒီလမ်းမကြီး၏ ဘေးဝဲယာတွင် ကျွန်း၊ အင်ကြင်း၊ ကညင်၊ သစ်အယ်အစရှိသည့် သဘာဝပေါက်ပင်များက အစီအရီ ရှိနေခဲ့ကြသည်။ လမ်းမကြီး၏ အလျားမှာ ငါးမိုင်ကျော် … အကျယ်ကား နွားလှည်းနှစ်စီး ကောင်းကောင်းရှောင်သာသည့် အကွာအဝေး ….။ လမ်းကတော့ မြေသားလမ်း ….။ မြေသားလမ်းမှသည် ဒေသခံတို့၏ လုပ်အားကြောင့် ကျောက်ခင်းလမ်းလေး ဖြစ်လာခဲ့ရပေသည်။ ထိုလမ်းမကြီး ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် ရွာကလေးတစ်ရွာသာ တည်ရှိနေ၏။ ယင်းလမ်းမကြီးစတင်ရာနေရာ […]


uncle gyiSeptember 4, 20161min07
  ကျွန်တော်တို့ပတ်ဝန်းကျင်မှာမကြာခဏဖြစ်တတ်တဲ့ ပင့်ကူရှပ်ခြင်း ကင်းကိုက်ခံရခြင်း စသဖြင့်အဆိပ်ရှိအကောင်များကိုက်ပါကအနေရလွန်စွာခက်ပြီး တရက်နှစ်ရက်မပျောက်တတ်ရှိတတ်ပါတယ် မြွေမှအ ပ အဆိပ်ရှိအကောင်အတော်များများကိုက်တာကိုဆေးမြီးတိုများဖြင့်ကုသပျောက်ကင်း နိုင်ကြပါတယ်နေရာဒေသကွဲပြားသွားသလိုကိုယ့်နယ်အလိုက်ကုသပုံလဲအမျိုးမျိုးကွဲပြား ကြပါတယ် အဆိပ်ရှိအကောင်ကိုက်ပါကသက်သာပျောက်ကင်းစေတဲ့အပင်တွေလဲအမျိုးမျိုးရှိကြပါတယ် စာရေးသူတိုို့လက်တွေ့သက်သာပျောက်ကင်းတဲ့အပင်တပင်အကြောင်းပြောပြချင်ပါတယ် သိကြားမကိုဠ်ပင်လို့ခေါ်ပါတယ် အချို့နေရာတွေမှာစေတီပင်လို့လဲခေါ်ပါတယ် အချို့နေရာတွေမှာတော့ဒီအရွက်ကိုသိကြားမကိုဠ်လို့အသိအမှတ်မပြုပဲ အရွက်အနည်းငယ်ကြီးအရွက်ပတ်လယ်ခွေးသွားစိတ်များကဲ့သို့ဖြစ်နေတဲ့အပင်က်ိုခေါ်ပါသတဲ့ ဘာပြောပြောအခေါ်ကအရေးမကြီးပါဖူး အပင်ရဲ့အသုံးဝင်မှုကအရေးကြီးပါတယ် အပင်ဆိုပေမဲ့အပင်ကြီးမျုိုးမဟုတ်ပါ ချုံပင်မျိုးဖြစ်ပါတယ်အရွက်ကအနည်းငယ်ရှည်ပြီးနဲနဲကြီးပါတယ် ထူးခြားတာကအရွက်ပေါ်မှာသိကြားမင်းမကိုဠ်လိုပုံကလေးက သစ်ရွက်စိမ်းပေါ်မှာအမဲရောင်နဲ့ပေါ်နေတာပါ စိုက်ပျိုးရလဲမခက်ပါဖူးအပင်ကအကြမ်းခံပါတယ်ရေရှိရင်အပါွးမြန်ပါတယ် အဆိပ်ရှိအကောင်ကိုက်ရင်သိကြားမကိုဠ်အရွက်ကိုခူးပြီးကြိတ် အကိုက်ခံရတဲ့အနာပေါ်အုံပေးအဝတ်နဲ့စည်းထားပါ တညအိပ်ပြီးနောက်နေ့ဆိုအကောင်းပါပဲ နောက်တခုသုူ့အရွက်ထူးခြားချက်ကအနာမန်းတွေလဲနိုင်ပါတယ် မွှေးကျွှတ်နာလိုကုရခက်တဲ့အနာမ ျီုး ဝက်ခြံလိုမ ျိုးဖြစ်ရင် အရွက်ကိုမီးအပူပေးပြီးပျော့သွားတဲ့အခါအနာပေါ်ကပ်ထားလိုက်ပါ အနာကအရည်တွေထွက်ပြီးသက်သာသွားပါတယ် ကိုယ့်ပတ်ဝန်းကျင်မှာမြေလွတ်ရှိတယ်ဆိုစိုက်ထားသင့်တဲ့အပင်တပင်ဖြစ်ပါတယ် လူသားအားလုံးက ျမ်းမာကြပါစေ  


moonpoemSeptember 3, 20161min05
မေမေနဲ့ ဖုန်းပြောရင် ကြာတတ်လွန်းလို့ လိုရင်းကို ပြောဖို့ပဲ မှာမိတယ်။သူနေမကောင်းဘူးဆိုရင်တောင် ဆေးခန်းသွားဖို့ ကျန်းမာရေး ဂရုစိုက်ဖို့ပဲ ပြောတာခပ်များများ။အိမ်ကို တစ်နှစ်တစ်ခေါက်ပြန်ရင် နွေးနွေးထွေးထွေး ရှိကြပေမယ့် ရန်ကုန်ပြန်ရောက်ရင်တော့ သိပ်အချိန်မပေးမိ။ ဖုန်းပြောရင် မေမေပြောသမျှ အင်းလိုက်ပြီး နားထောင်ရုံကလွဲလို့ ဘာမှလည်း ပြန်မပြောဖြစ်တော့ သူစိ်မ်းဆန်တယ်လို့ ရံဖန်ရံခါ အဲလိုအတွေးတွေ ဝင်မိပေမယ့် မိဘနဲ့ သားသမီး ဒီလိုပါပဲလေလို့ ဖြေတွေးနဲ့ပဲ ရှိနေတတ်ခဲ့တယ်။တခါတလေ အလုပ်ရှုပ်ရင် မေမေ့ကို ပြန်အော်မိတာတွေလည်း ရှိခဲ့တယ်။ နောက်တော့ အားနေရင်တောင် ကျင့်သားရနေတော့ မေမေနဲ့ ဖုန်းပြောရင် ပြီးပြီးရောတွေ များလာတယ် 🙁 အရင်လကတော့ မန်းလေးမှာ ရာသီဥတု ဖောက်ပြန်တာတွေကြောင့်ရော မေမေက မိုးမိပြီးဖျားနေတာနလန်မထူသေးဘူးဆိုတာကြောင့်ရော ဖုန်းခဏခဏဆက်နေမိတယ်။ ဒီနေ့လည်း မေမေနဲ့ ဖုန်းပြောတယ်။မေမေ နေပြန်ကောင်းပြီလား မကောင်းသေးရင် ရုံးမတက်နဲ့ဦးနော် […]


kaiSeptember 2, 20161min012
ZIKA ဗိုင်းရပ်စ်ရောဂါ ဆောင်းရာသီသို့ရောက်လာသောအခါ လူအတော်များများသည် Flu ခေါ် Influenza ခေါ် တုပ်ကွေး ရောဂါကိုခံစားရလေ့ရှိပါသည်။ ဆောင်းရာသီအစ အောက်တိုဘာလတွင် တုပ်ကွေးကာကွယ်ဆေးကို ကြိုတင် ထိုးထားပါက ဖြစ်သော်လည်း သိပ်ပြင်းပြင်းထန်ထန် မခံစားရပါ။ ယခုနှစ်ဆောင်းရာသီတွင် တုပ်ကွေးရောဂါနှင့် တပြိုင်တည်းနာမည်ကြီးလာသော ရောဂါမှာ ZIKA virus ရောဂါဖြစ်ပါသည်။ ကျွန်ုပ်တို့ ခန္ဓာကိုယ်တွင်းသို့ ရောဂါကူးစက်ပုံ (၆) မျိုးရှိပါသည်။ ၁. တိုက်ရိုက်ထိတွေ့မှု (Direct) ရောဂါရှိသူနှင့် ကူးစက်မည့်သူအကြား တိုက်ရိုက်ထိတွေ့မှုကြောင့်ကူးစက်ခြင်း ဥပမာ – တုပ်ကွေးဖျား (Influenza) ၂. တဆင့်ခံ (Indirect) ရောဂါပိုးများက တနေရာ ဥပမာ – ပစ္စည်းတခုပေါ်တွင်တင်ရှိပြီး အခြားသူများသို့ ကူးစက်ခြင်း ဥပမာ – တုပ်ကွေးဖျား (Influenza) ၃. […]


Foolish GirlSeptember 1, 20161min09
ပုဇွန်ဦးနှောက်လေးနဲ့ ရှုထောင့်ပေါင်းစုံကနေစဉ်းစားပြီး အားလုံးအတွက် အကောင်းဆုံးလမ်းဆိုတာကို ရွေးချယ်ခဲ့/ ပြုလုပ်ခဲ့တာပဲ အကောင်းဆုံးမဖြစ်ခဲ့ရင်တောင် အညံ့ထဲမှာ မပါဘူးလို့ထင်ခဲ့တာပဲ လုပ်သမျှကအရာမထင်တော့လည်း အားတွေယုတ်လာတယ် / အသားတွေတုန်လာတယ် မချီးမွမ်းရင်နေကြပါ / မရှုံ့ချပါနဲ့ ကြိုးစားပြီးလုပ်ဆောင်နေတာကို တော့ အသိအမှတ်ပြုပေးပါ / မြင်ကြည့်ပေးပါ လုပ်ဆောင်ခဲ့တဲ့အရာတွေအားလုံးကလည်း ငါ့တဘို့တည်း အတွက် တော့ ငါဘယ်အရာမှမလုပ်ဆောင်ခဲ့တာတော့အမှန်ပဲ ခုလိုပြောလို့နင့်အတွက်ချည်းပါပဲလို့ပြောကြလိမ့်မယ် အေး လူဆိုတာအတ္တအသမား ဒီတော့ ငါ လုပ်ဆောင်တဲ့အရာတွေမှာ ငါ့အတွက်ဆိုတာမပါဘူးလို့တော့မဆိုလိုခဲ့ပါဘူး ငါ…. အိပ်မနေဘူး ၊ ထိုင်မနေဘူး ၊ ရပ်မနေဘူး ၊ သွားနေတယ် ရွေ့နေတယ်လို့တော့ထင်တာပဲ ဒါကိုအိပ်နေတဲ့သူက “နင်ကရှေ့ကိုမရောက်တော့ဘူး အိပ်နေတဲ့ငါနဲ့ အဆင့်တူတူပဲ”လို့ပြောလာတော့လည်း နှုတ်ခမ်းတစ်ခြမ်းမဲ့ပြီး ပြုံးရုံလေးသာတတ်နိုင်ပါတယ် ငါအဲဒီလောက်ညံ့ဖျင်းနေသလားပေါ့ ဒါပေမယ့် အရှေ့မရောက်လို့ အဆင့်တူတူပဲဆိုရင်တောင် ငါ…………… အိပ်ပျော်မနေတာတော့သေချာတယ်


zaw winAugust 31, 20161min01
မတည့်ကြတဲ့ ညီအကိုမောင်နှမတွေ ရတက်မအေးနိုင်တဲ့ အမေအို တနေ့နေ့တော့ ချစ်ခင်စည်းလုံးမယ်လို့ ယုံကြည်နေတဲ့ အမေအို၊ ဇရာလည်း ထောက်လာပြီ အသံလည်း ပျော့လာပြီ တခါတခါ စကားမှား အရင်လို မသွက်လက်တော့၊ သားတို့ရယ် အမေ့ကိုချစ်ရင် အမေရဲ့ဆန္ဒ အမေရဲ့ယုံကြည်မှုတွေ လေမှာပျောက်သလို မပျောက်စေချင် သားတို့ရဲ့သားစဉ်မြေးဆက် အနာဂတ်လူငယ်တွေကောင်းစားဖို့အတွက် ကြိုးစားကြစေချင်။ (၂၁ရာစု ပင်လုံညီလာခံကို ကြိုဆိုပါ၏။) မင်းသုတ 17:30 P.M 31.8.2016


Foolish GirlAugust 31, 20161min03
I am not handsome. But I can give my “Hand” to “Some” one who need help. Beauty is on heart, not on face. Swami Vivekananda   ဖယောင်းတိုင်လေးတစ်ချောင်းရဲ့အလင်းရောင်က သာမာန်လူတစ်ယောက်အနေနဲ့မပြောပလောက်ပေမယ့် ကမ်းပျောက်သူအတွက်တော့ မျှော်လင့်ချက်တစ်ခုပါ………………… Foolish Girl   Whatever begins in anger ends in shame. Benjamin Franklin   “စေတနာသည် လူတိုင်းနဲ. မတန်” သည် မဟုတ် · · လူတိုင်ထားနိုင်ဖို.သာ လိုအပ်ပါတယ်။ လူတိုင်းနဲ. တန်တဲ. စေတနာမျိုးဖြစ်ဖို့တော့ […]