ယုံကြည်မှုနဲ့ အမေအို

zaw winAugust 31, 20161min01

မတည့်ကြတဲ့ ညီအကိုမောင်နှမတွေ
ရတက်မအေးနိုင်တဲ့ အမေအို
တနေ့နေ့တော့ ချစ်ခင်စည်းလုံးမယ်လို့
ယုံကြည်နေတဲ့ အမေအို၊
ဇရာလည်း ထောက်လာပြီ
အသံလည်း ပျော့လာပြီ
တခါတခါ စကားမှား
အရင်လို မသွက်လက်တော့၊
သားတို့ရယ် အမေ့ကိုချစ်ရင်
အမေရဲ့ဆန္ဒ အမေရဲ့ယုံကြည်မှုတွေ
လေမှာပျောက်သလို မပျောက်စေချင်
သားတို့ရဲ့သားစဉ်မြေးဆက်
အနာဂတ်လူငယ်တွေကောင်းစားဖို့အတွက်
ကြိုးစားကြစေချင်။
(၂၁ရာစု ပင်လုံညီလာခံကို ကြိုဆိုပါ၏။)

မင်းသုတ
17:30 P.M
31.8.2016

One comment

  • ဇီဇီခင်ဇော်

    September 16, 2016 at 12:28 pm

    အမေအို သနားပါတယ်။
    အမေအို လက်ထက်မှာ ငြိမ်းချမ်းရေးယူဖို့ အောင်မြင်နိုင်ပါစေ။

    :hint:

    Reply

Leave a Reply

Your email address will not be published.