။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ကျွန်တော့်လိုမျိုး ကျွန်တော်တစ်ယောက်တည်း ကြုံဖူးတာတော့ မဟုတ်လောက်ဘူး ထင်တာပါပဲ။ ပြန်တွေးမိမှပဲ ကျောထဲ တစိမ့်စိမ့်နဲ့ ကြက်သီးထလာတယ်။ ဘာလို့ ပြောပြချင်နေရတာလဲဆိုတာ ဒီစာကို ပြီးအောင် ဖတ်ကြည့်ရင် သိလာမှာပါ။ ××× အဲဒီ အဖြစ်အပျက်က ဒီလို။ ကျောချမ်းရမယ့်ကိစ္စကို သတ္တိမရဲတရဲလောက်နဲ့ လွန်ခဲ့သော 1998 က ကြုံခဲ့ရတာပါ။ အဲတုန်းက ရမည်းသင်းခရိုင် အသက် ၁၆ နှစ်အောက် လက်ရွေးစင် ဘောလုံးသမားအဖြစ် မိတ္ထိလာခရိုင်နဲ့ ဗိုလ်လုပွဲ ကစားအပြီး အိမ်ပြန်လာတဲ့နေ့။ ရွာမှာက အရေးကြီးတဲ့ အလုပ်ကိစ္စရှိနေလို့ မပြန်မဖြစ် ပြန်ရမှာ။ ပြန်ရမှာက ပျဉ်းမနားမြို့နယ်၊ တောင်ညိုရွာကို။ ပျဉ်းမနားကနေ တောင်ညိုကို ဆက်ရမယ့်ခရီးကလည်း မသေး။ မိုင် 23 မိုင်ကျော်ကျော်။ မိတ္ထီလာကနေ ရွာအရောက်ဆို ခရီးက […]
