Mon LayJanuary 9, 20171min05
ဟိုးအရင်တုန်းက စူပါမော်ဒယ်တွေဟာ ဗိုက် သားပြားချပ်စေတဲ့ လက်ဖက်ရည်တွေ သောက်ကြတယ်ဆိုပြီး အသံတွေ ကြားခဲ့ရပေမယ့် ခုတစ်ခါ ပြောပြမယ့် အရာကတော့ ဗိုက်သားကို ပြားချပ်စေပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့အရာပါ။ အမျိုးသမီးအများစုဟာ ဖေ့စ်ဘွတ်ခ်နဲ့ instagram လို လူမှုကွန်ယက်တွေမှာ အခြားအမျိုးသမီးတွေရဲ့ ပြားချပ်နေတဲ့ ဗိုက်သားတွေကို လှစ်ပြီးရိုက်ထားတဲ့ ဓာတ်ပုံတွေ မြင်ရရင် ငါလည်းအဲ့လိုဗိုက်မျိုးလေး ရချင်တယ်ဆိုပြီး အခါခါ တောင့်တမိကြပါတယ်။   ဗိုက်သားပြားချပ်နေစေဖို့အတွက် သင့်အနေနဲ့ မနက်တိုင်း fatty အက်ဆစ်နှစ်ဆပါဝင်တဲ့ အစားအစာမျိုးတွေ စားပေးရမှာဖြစ်ပါတယ်။ သုတေသီတွေရဲ့ အဆိုအရ သင့်ဗိုက်ပြားချပ်စေဖို့အတွက်တင်မကပဲ ကျန်းမာရေးရှုထောင့်ကကြည့်ရင်လည်း သင့်အတွက်ကောင်းမွန်လှတဲ့ အစားအစာတွေရှိပါတယ်။ သူက နှလုံးအတွက်ပါ အထူးကောင်းမွန်တာမို့ မနက်တိုင်း မဖြစ်မနေ စားပေးသင့်ပါတယ်တဲ့။ အဲ့ဒါဘာတွေလဲဆိုတော့ ထောပတ်သီး၊ အခွံမာသီး၊ သံလွင်ဆီ နဲ့ […]


Mon LayJanuary 9, 20175min02
???? ချောင်းသာ (၂ညအိပ် ၃ရက်) ခရီးစဉ်လေးပါ..လူဦးရေ(၂)ယောက်အနည်းဆုံးရှိရပါမယ်။ ခရီးသွားကာလ – Jan’17 ~ Feb’17 ဈေးနှုန်း – 108000 ကျပ် ✔️ (၁ယောက်ဈေးပါ) အခန်း – 5*hotel (Deluxe Garden view)✔️ မနက်စာ – စပါယ်ရှယ် ✔️ ညစာ – စပါယ်ရှယ် ✔️ ဟိုတယ် – Akariz hotel (5*) ဈေးနှုန်း – 179000 ကျပ် ✔️ (၁ယောက်ဈေးပါ) အခန်း – 5*hotel (Executive Suite Sea view)✔️ မနက်စာ – စပါယ်ရှယ် ✔️ ညစာ – စပါယ်ရှယ် […]


aye.kkJanuary 7, 20171min08
ခါချှုဉ်တွေအုံဖွဲ ့ နေတဲ့တောင်စလဲပင် တောင်စလဲသီးများက အဝါသန်းပြီးပင်လုံးကျွတ်မှည့်တဲ့ချိန် ငယ်ရွယ်သူမို ့နားမလည် စားချင်တာပဲသိခဲ့တယ်။ အစ်ကိုကို ခူးပေးဖို ့ပူဆာတော့ အစ်ကိုက ခါချဉ်တွေ မကိုက်ရအောင် ရေနံဆီတွေလိမ်းကျံပြီး အပင်ပေါ်တက်ပြီးခူးချပေးတဲ့အစ်ကို။ တစ်ရက်မှာ အဖေက အစ်ကို့ကိုဆူတယ်။ နှံပြည်စုတ် လက်တစ်ဆုတ်စာ ငရဲကတစ်ပိဿာ     တဲ့။ အဖေဆူလည်း အစ်ကိုက လေသေနတ် တစ်လက်နဲ ့ငှက်တွေ့ရင် ပစ်ချပီး ငှက်သားကြိုက်တဲ့ ညီမလေးကို အမွွှေးနှုတ် မီးခဲရဲရဲနဲ ့ကင်ပီးကျွေးတဲ့အစ်ကို။ ဆယ်ကျော်သက်အရွယ် အပျိုဖားဖား ဖြစ်လာတော့ ယင်ဖိုတောင် မသန်းရဲအောင် စောင့်ရှောက်ပေးခဲ့တဲ့အစ်ကို။ ကြာခဲ့ပြီးနောက်။ အစ်ကို က မိသားစုတွေကို သူ ့မှာ ချစ်သူတွေ့ထားပြီမို ့ မိသားစုတွေဆီကို  အမှတ်တရ ဓါတ်ပုံ ပို ့လာပေးတယ်။ အစ်ကိုက ရည်းစားသက်တမ်း အတော်ကြာကြာထားခဲ့တယ် ။ သူ့မိသားစုတွေကို သူအရမ်းချစ်လို ့ပါ ။ […]


Mon LayJanuary 7, 20178min00
ဒီတစ်ခေါက်ခရီးစဉ်လေးကတော့ ရန်ကုန်မြို ့နဲ ့လည်းမနီးမဝေးမှာရှိပြီးနေ ့ချင်းပြန်သွားလို့လည်းရ၊ဘုရားလည်းဖူး၊လိပ်ဥလည်းတူးနိုင်တဲ့အခွင့်အရေးမျို းရရှိမယ့်ကျိုက်ထီးရိုးနေ ့ချင်းပြန်ခရီးစဉ်လေးပါ။??? ☘28ရက်နေ ့ဇန်နဝါရီ ည (၁၁)နာရီရန်ကုန်ကနေစထွက်ပါမယ်။☘ ☘29ရက်နေ့ညဘက်ပြန်ရောက်ပါမယ် တစ်ယောက်ကို မြန်မာငွေကျပ် (၃၀၀၀၀) ထဲရယ်။??? ဘယ်တွေရောက်မလဲဆိုရင်……… ?ကျိုက်ထီးရိုးဘုရား ?စိ်မ်းလဲ့တင်သဘာဝအပန်းဖြေစခန်း ?မနက်ပိုင်းမှာအေးအေးချမ်းချမ်းနဲ့ဘုရားဖူးမယ် ????????ညနေပိုင်းမှာပျော်ပျော်ရွှင်ရွှင်နဲ့ချစ်ဖို့ကောင်းတဲ့တိရစာ္ဆန်လေးတွေကိုသွားကြည့်ကြမယ်ပြီးရင်ကျယ်ဝန်းတဲ့ပန်းခြံထဲမှာအရုပ်ကြီးတွေနဲ့Selfieအမုန်းဆွဲမယ်? လိုက်မယ်သူတွေခုကနေစာရင်းသွင်းလို့ရပါပြီနော်… ပါဝင်သောဝန်ဆောင်မှုများ။ ————————— ✌15Seater AirCon Car (မှတ်ချက်။ ။လူဦးရေနည်းနည်းနဲ ့အေးအေးချမ်းချမ်းသွားစေခြင်းကြောင့်သာ) ✌တောင်တက်/တောင်ဆင်းကားခ ✌ နံနက်စာ၊ နေ့လည်စာ နှင့် ညစာများ အားလုံးပါဝင်ပါသည်။ ✌ဝင်ကြေးများ ✌ ရေသန့်၊ Snow Tower များနှင့် ဧည့်သည်တော်များအတွက် First Aid Kit များအားလုံးပါဝင်ပါသည်။ #travelwithmonlay PS: အဲ့လိုခရီးတွေကိုလိုက်ပါခံစားချင်ရင်တော့ …Just Follow me!! ….မွန်လေးနဲ […]


Mon LayJanuary 7, 20172min03
နာဂလူမျိုးလို့ဆိုလိုက်ရင် အားလုံးဟာ  ရိုးရာခေါင်းဆောင်းလေးတွေမှာ ငှက်မွှေးတောင်ရှည်ရှည် တပ်ဆင်လေ့ရှိတဲ့ ထူးခြားတဲ့သွင်ပြင်နဲ့ လူတွေကို မြင်ယောင်မိတတ်ကြပါတယ်။ ရုပ်မြင်သံကြား ဖန်သားပြင်တွေပေါ်မှာသာ မြင်တွေ့ရတတ်ပြီး မြန်မာနိုင်ငံရဲ့ အလှမ်းဝေးတဲ့ဒေသတွေမှာနေထိုင်လေ့ရှိတဲ့ နာဂလူမျိုးတွေဟာ သူတို့ရဲ့ရိုးရာယဉ်ကျေးမှုဓလေ့တွေကို ယနေ့ထိထိန်းသိမ်းထားနိုင်ကြတာက ချီးကျူးဖွယ်ဖြစ်ပါတယ်။ ခြားနားတဲ့ ဝတ်စားဆင်ယင်ပုံတွေ၊ ဓလေ့တွေနဲ့ နာဂလူမျိုးတွေမှာ ချစ်စဖွယ်အပြုအမူမျိုးစုံ ရှိနေတတ်ပါတယ်။ နာဂလူမျိုးတွေဟာ စစ်ကိုင်းတိုင်းဒေသကြီးထဲက နာဂတောင်တန်းတွေရှိရာအရပ်တွေမှာနေထိုင်ကြပါတယ်။ အထူးသဖြင့် နာဂတောင်တန်းတွေရှိရာအေးချမ်းလှတဲ့မြို့ ခနီ္တးမြို့မှာ အဓိကနေထိုင်ကြတဲ့ ခန္တီးရှမ်း နဲ့ နာဂ တို့အတူယှဉ်တွဲနေထိုင်လာခဲ့တာ နှစ်ပေါင်းကြာမြင့်ခဲပြီဖြစ်ပါတယ်။ နာဂမျိုးနွယ်စုတွေမှာ မကျန်၊ လှိုင်းနောင်၊ ကားရော်၊ နောက်အော်၊ ဂုံဝမ်၊ တန်ရှန်းမျိုးနွယ်စုတို့ရှိကြပြီး ဝတ်စားဆင်ယာင်မှုပုံစံကွဲပြားကြပါတယ်။ နာဂတောင်တန်းဟာ စတုရန်းမိုင်ပေါင်း ၂၅၅၅ ကျော်ကျယ်ပြန့်ပြီး နာဂ လူမျိုးအများစုက စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး၊ ဟုမ္မလင်း၊ လေရှီး၊ လဟယ် နဲ့ နန်းယွန်း […]


Mon LayJanuary 6, 201712min00
⛲?⛲?⛲?⛲?⛲?⛲?⛲?⛲ ဥရောပတစ်ခွင်စုံစုံလင်လင်……………….. ၏ 2017 EU(8)နိုင်ငံ ခရီးစဉ် ⛲?⛲?⛲?⛲?⛲?⛲?⛲?⛲ 2016 ဧပရယ်အတွင်းမှာ ဥရောပ(၈)နိုင်ငံ ခရီးစဉ်လေးဟာ ဘာကြောင့် လူကြိုက်အများဆုံးဖြစ်ခဲ့ရတယ်ဆိုတာရယ် ၊ ဘာကြောင့် ………………… နဲ့ရွေးချယ်ခရီးသွားသင့်တယ်ဆိုတာရယ်ကို ရှင်းပြပေးပါရစေရှင်။ *****မင်္ဂလာပါရှင်။…………………… ကပါ။ ^___^ ***** —————————————————————- Q: 2017 ဧပရယ်သင်္ကြန်အတွင်း ညီမတို့ရဲ့နာမည်ကြီးတဲ့ ဥရောပ(၈နိုင်ငံ) ခရီးစဉ် အကြောင်းလေး သိချင်လို့ပါ။ ? ဪဟုတ်ကဲ့ပါရှင်။ ညီမတို့အနေနဲ့ ဧပရယ်သင်္ကြန်ပိတ်ရက်အတွင်းမှာ ဧပရယ် (၁ဝရက်နေ့ထွက်ပြီး – ၂၅ရက်နေ့) ပြန်ရောက်မဲ့ (၁၅ညအိပ် / ၁၆ရက်) ဥရောပခရီးစဉ်လေးကို တစ်ဦးလျှင် USD 5000 နှင့် ဖွင့်လှစ်ပေးထား ပါတယ်။ ဒီခရီးစဉ်လေးမှာဆိုရင်တော့ နိုင်ငံအားဖြင့် (၈)နိုင်ငံ + မြို့အားဖြင့် […]


Mon LayJanuary 6, 20171min00
အားလပ်ရက်တွေမှာ နေ့ချင်းပြန်ခရီးသွားလို့ကောင်းမယ့်နေရာတစ်ခုကတော့ ရန်ကုန်မြို့ကနေ နာရီပိုင်းလောက်အချိန်ပေးရုံနဲ့ ရောက်ရှိနိုင်မယ့် ပဲခူးမြို့ပဲဖြစ်ပါတယ်။ ပဲခူးကိုသွားမယ်ဆိုရင် အချိန် ၁နာရီကျော်လောက်ပေးရုံနဲ့ ရောက်ရှိနိုင်မှာဖြစ်ပြီး ခရီးခရိတ်ကလည်း သက်သာလှတဲ့ နေ့ချင်းပြန်ခရီးတစ်ခုလို့ဆိုနိုင်ပါတယ်။ ပဲခူးကို အဓိက သွားရောက်ကြတာကတော့ ပုံမှန်အားဖြင့်ဆိုရင် နာမည်ကြီး ရွှေမော်တောဘုရားကို သွားရောက်ကြသလို အခုလိုဆောင်းရာသီချိန်ခါမှာတော့ ငှက်ကြည့်ဖို့အတွက် မိုးယွန်းကြီးအင်းကိုပါအပန်းဖြေသွားရောက်တတ်ကြပါတယ်။ သူငယ်ချင်းတွေဖြစ်စေ၊ မိသားစုနဲ့ဖြစ်စေ နေ့ချင်းပြန် ခရီးသွားကြမယ်ဆိုရင် ခရီးသိပ်မပန်းမယ့်  ပဲခူးကိုသာရွေးချယ်ကြစမြဲပါ။ ရန်ကုန်မြို့နေထွက်လိုက်တာနဲ့ စိမ်းစိုတဲ့သစ်ပင်တွေနဲ့ လှပတဲ့ရှုခင်းတွေက မြို့ပြမှာမွန်းကြပ်ခဲ့သမျှကိုဖြေဖျောက်စေမှာပါ။ပဲခူးမြို့ဟာ မွန်ဘုရင်ရဲ့ ရှေးဟောင်းမြို့ဖြစ်ပြီး ဘုရင့်နောင်မင်းတည်ထောင်ခဲ့တဲ့ ဒုတိယမြန်မာအင်ပါယာရဲ့ မြို့တော်လည်း ဖြစ်ပါတယ်။ပဲခူးမြို့မှာ စိတ်ဝင်စားဖွယ်လည်ပတ်လို့ကောင်းတဲ့နေရာတွေကတော့ နာမည်ကြီး ရွှေမော်ဓောဘုရား၊ဟင်္သာကုန်း၊ဘုရင့်နောင်ဆောက်လုပ်ထားခဲ့တဲ့ ကမော္ဘဇသာဒီ နန်းတော်၊ရွှေသာလျောင်းဘုရား၊ရွှေဂူလေးကိုးသိန်း ကိုးသန်း နဲ့ရွှေပြည် resort တို့ပဲဖြစ်ပါတယ်။ Ref photo: U Maung Pyo ရွှေမော်ဓောဘုရားဟာ မြန်မာနိုင်ငံမှာရှိတဲ့ တန်ခိုးကြီးဘုရားတွေအနက် […]


alinsettJanuary 6, 20171min08
စာပေ တိုက်ပွဲခေါ်သံ(၂) – NEO-CLASSICISM တွေ ထွက်ခဲ့ဟေ့ ————————————————————— ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရေးလိုက်တဲ့ စာပေတိုက်ပွဲခေါ်သံ (၁) စာမူ ကို ဝင်ရောက် ဆွေးနွေးတဲ့ စာပေမိတ်ဆွေ သိပ်အများကြီး မရှိပေမဲ့… စာမူကို Share ကြတဲ့ မိတ်ဆွေ အရေအတွက်ကတော့ သာမန်ထက် များနေတာ တွေ့ရပါတယ်။ ဒါကို ကြည့်ခြင်း အားဖြင့် ကျွန်တော် ”တို့ထိ ဆွေးနွေးတဲ့” စာပေသဘောတရား အကြောင်းအရာကို (ကိုယ်တိုင် ဝင်ရောက် ဆွေးနွေးဖို့ရာ မလွယ်ကူသော်လည်း) စိတ်ဝင်တစား Share ယူ ဖတ်ရှုသူများ ရှိနေသေးပါလား…လို့ တွေးယူပြီး… ဒီ ဆောင်းပါးကို ဆက် ရေးမိပါတယ်။   သိပြီး တတ်ပြီးသူများက ကျွန်တော် မှားတာ/လွဲတာတွေ ရှိရင် […]


Mon LayJanuary 5, 20177min04
??? “သာမောစွ …. ကမ်းအလှဌာနေ ၊ ကဗျာဝကမ်းခြေ … မွန်တို့ဌာနေ”တဲ့အဲ့ ကဗျာလေးကိုဘယ်တုန်းကဖတ်ဖူးမှန်းမသိပေမဲ့..မှတ်မှတ်ရရနဲ ့စာအုပ်ထဲမှာရေးမှတ်ထားခဲ့ဖူးပါတယ်။ အဲ့စာသားအတိုင်းပဲအပြင်မှာလည်း အတော်ကိုအပန်းဖြေချင်စရာကောင်းတဲ့ကဗျာဝခရီးစဉ်လေးကိုမမျှော်လင့်ဘဲ ရေးမြို  ့ကညီမလေးတစ်ယောက်ကဖိတ်လို ့တစ်ခါတစ်ခေါက်အလည်ရောက်သွားခဲ့ပါတယ်။ #ရေးရှေးဟောင်းကျုံးရေလည်ဘုရား?? #ကဗျာဝကမ်းခြေ⛱?????? #ကိုရင်လေးတည်ထားတဲ့လေးမျက်နှာဘုရား (0r) Banana Mountain ?? #သေမင်းတမန်ရထားနဲ ့ပြတိုက် ??? #ဝဲကလီရေပူစမ်း #ဘယ်လိုသွားလဲ?? ရန်ကုန်ကနေ ကဗျာဝအထိ တိုက်ရိုက် အဝေး ပြေးကားလမ်းတွေ မရှိသေးပေမဲ့ ရေးမြို့ကတစ်ဆင့် သွားမယ်ဆိုရင် ကဗျာဝကျေးရွာကို ရောက်ပါတယ်။ ခုဆိုရင်နေ ့ချင်းပြန်ခရီးစဉ်လေးတွေဆိိုပြီးဆွဲနေတဲ့အေဂျင်စီတွေလည်းရှိနေပါပြီ။ကိုယ် ကိုယ်တိုင်လည်းခရီးသွားအေဂျင်စီမှာလုပ်နေတာဆိုတော့ဆွဲကြည့်မယ်ကွာဆိုပြီးဧည့်သည်တွေအသဲအသန်ရှာတော့တာ ပေါ့။လမ်းကြောင်းတွေလဲအသားကုန်ရှာ၊မေးသင့်တဲ့သူမေးပေါ့။(ကိုရင်လေးတည်ထားတဲ့လေးမျက်နှာကြီးကိုစပြီးဖူးမျှော်ပြီးကတည်းကသွားချင်စိတ်ဖြစ်မိတာလည်းပါပါတယ်) ခရီးစဉ်လေးစတင်တဲ့အချိန်ကတော့ ည(၈)နာရီပေါ့နော်..လမ်းမှာကျန်းမာရေးအပေါ့အပါးအတွက်ခဏရပ်ပြီးရေးမြို  ့ကို တောက်လျှောက်မောင်းနှင်တာဟိုကိုမနက်အစောကြီး (၅)နာရီကျော်မှာရောက်သွားတယ်။မနက်စာစားဖို ့ကျတော့လည်း စောနေသေးလို ့ကိုယ့်ဧည့်သည်တွေကိုခဏအိပ်ခိုင်းထားပြီးမနက်စာစားဖို ့တွေပြင်ဆင်ရတာပေါ့။မနက်စာစားပြီးတာနဲ ့ ကဗျာဝကိုဆက်သွားကြပါတယ်။အချိန်ကတော့ (၁)နာရီနီးပါးလောက်သွားရပါတယ်။ ရန်ကုန်ကနေရေးထိလိုင်းကားကြီးတွေလည်းရောက်ပါတယ်။မျိုးဆက်သစ်လိုင်းပေ့ါ။(၉၅၀ဝ ကျပ်ပါ)အဲကနေလျှောက် […]


ko sixJanuary 5, 20171min04
ခဏလေးဖြစ်ဖြစ် အနာတရမေးခွန်းတွေ ရပ်နားပေးဖို့တောင်းဆိုပါရစေ။ ခဏလေးဖြစ်ဖြစ် စဉ်းစားစရာအနာဂတ်တွေ မေ့ထားပါရစေ။ ခဏလေးဖြစ်ဖြစ် သံယောဇဉ်ဆိုတဲ့စကားလုံး မဖတ်ပါရစေနဲ့။ ခဏလေးဖြစ်ဖြစ် မိသားစုတမ်းချင်းဆိုတာကို ခေါက်ထားပါရစေ။ ခဏလေးဖြစ်ဖြစ် အချစ်အကြောင်းကို စာမျက်နှာကျော်ဖတ်ပါရစေ။ ခဏလေးဖြစ်ဖြစ် အမှားအမှန်ရွေးချယ်ခြင်းကို မကြည့်ပါရစေနဲ့။ ခဏလေးဖြစ်ဖြစ် ဆက်သွယ်ရေးဧရိယာပြင်ပကို သွားပါရစေ။ ခဏလေးဖြစ်ဖြစ် ယုံကြည်မှုဆိုတာကို ဘေးနားချထားပါရစေ။ ခဏလေးဖြစ်ဖြစ်ပါ မနှောက်ယှက်ကြပါနဲ့ ဒီမှာ…… ဦးနှောက်ထဲထိ စူးစူးနစ်နစ် စိုက်ဝင်နေတဲ့ အပျက်အစီးတွေကို ခြေတုန်လက်တုန် ပြင်ဆင်နေရလို့ပါ။ ခဏလေးဖြစ်ဖြစ် ကျနော်စကားကို နားထောင်းပေးကြစမ်းပါ။ သက်ရောက်မှုဘဝမှာ အကယ်ဒမီမှန်းထားတဲ့အတွက် ကျနော် အစွမ်းကုန်သရုပ်ဆောင်နေရလို့ ခဏလေးဖြစ်ဖြစ် မီးမှိတ်၍ ကျနော့်ကို မေ့ထားလိုက်ကြပါဗျာ…..။ ကိုစစ်


”  အငုံ့စိတ် ”   နေ့စဉ်နဲ့အမျှ စကားတွေဖောင်ဖွဲ့ရင်းက စိတ်ဆိုးသွားမလား အထင်လွဲသွားမလား လားတွေများများလာရင်းက ကျနော် အလိုလို ဆွံ့ အ  သွားခဲ့ပေါ့။   ကိုပေါက်လက်ဆောင်အတွေးစဉ်   ၄၁၁၇


ဇီဇီJanuary 4, 20171min06
လွယ်တယ်။ ဘီယာနဲ့စပ်တာမို့ အကြိုက်တွေ့ပြီး လာပြောပြတာ။ ငိငိ။ :mrgreenn:   ပုဇွန်ကြော် ၁) ပုဇွန်တွေကို အမြီးချန်ပြီး ခေါင်းခွံခွါ၊ ကိုယ်ထည်ခွါ၊ ကျောခွဲချေးကြောင်းထုတ်၊ လက်တွေညှပ်ထားပြီး ငရုတ်ကောင်းနည်းနည်းနဲ့ ဆားနယ်ထား     ၂) ပန်းကန်လုံးထဲ ကြက်ဥ၊ ဘီယာ၊ ဂျုံမှုန့်ထည့်ပြီး ခပ်ပြစ်ပြစ်ဖျော်ထား       ၃) နောက် ပန်းကန်လုံးထဲ Bread crumbs နဲ့ coconut flakes ကို ဆတူရောထားး   ၅) ဆီအိုးတည်ပြီး ဆီပူချိန်မှာ ပုဇွန်တစ်ကောင်ချင်းဆီကို အနှစ်ထဲနှစ် ပြီးရင် အမှုန့်ထဲ နှစ်ပြီး ဆီထဲ တစ်ကောင်ချင်းထည့်ကြော်တာပဲ။     ၆) အချဉ်ကတော့ သန်ရာသန်ရာ အချဉ်နဲ့သာ […]