ဂေဇက်ပရိတ်သတ်ကြီး မင်္ဂလာပါခင်ဗျား ကျွန်တော် ဒဘလျူ ဒဘလျူ ဒဘလျူ ဒေါ့ မန်းဒလေးဂေဇက်ဒေါ့ကွမ်း ရဲ့ အင်တာနေရှင်နယ် အပြည်ပြည်ဆိုင်ရာ စာရေးဆရာ အကျော်အမော် မိုက်ကယ်ဂျော်နီအောင်ပု ဖြစ်ပါတယ် ဒရန်တန်တန် ………………………… မကြာမည် မြန်မာပြည်တွင် သန်းကောင်စာရင်းကောက်ခံပါတော့မည် ဘာအကျိူးရှိသလည်း မည်သူသိပါသလည်း??? မတူတဲ့အတွေးတွေညှိနိုင်းကြည့်ပါ မြန်မာပြည်မှာ လူ ဘယ်နှစ်ယောက်ရှိသလည်း အတိကျသိတဲ့အခါ လွန်လေပြီးသော ခေတ်ကာလက အာဏာရှင်တွေ လူမသိသူမသိ ချေးငှားထားတဲ့ အကြွေးတွေကို ပြန်ဆပ်တဲ့အခါ တစ်ယောက်မည်မျှ ကျမည်နည်းဆိုတာကို အတိအကျသိနိုင်မှာဖြစ်ပါတယ်။ …………………….. ယနေ့ ဖြေရှင်းရခက်နေတဲ့ မြန်မာပြည်သူအချိူ့ ( တော်တော်များများရဲ့ ) စည်းမဲ့ကမ်းမဲ့ ကွမ်းတံတွေး ထွေးခြင်းအား ထိမ်းချူပ်နိုင်ဘို့ နည်းလမ်းကြီးကို ရှာဖွေတွေ့ရှိသွားပါပြီ အဲ့ဒါကတော့ ကွမ်းတံတွေးမှ လျှပ်စစ်ဓာတ်အား ထုပ်လုပ်နိုင်မည့် နည်းလမ်းကြီးဖြစ်ပါသည် […]
