မြိုင်မြို့နယ်တွင် သားမယားအဖြစ်ပြုကျင့်ရန်ကြံစည်သူအား သက်ဆိုင်ရာမှစစ်ဆေးနေ

Hlaing Zar ChiOctober 28, 20131min00

    ပခုက္ကူခရိုင်၊မြိုင်မြို့နယ်နေသူ အသက်(၁၃)အရွယ်(၈)တန်းကျောင်းသူသည် အောက်တိုဘာ(၂၅)ရက်နေ့ညနေ(၄)နာရီ ချိန်က ကျူရှင်ဆရာတစ်ဦး ၏နေအိမ်စာသင်ဝိုင်းမှ၎င်း၏မိဘများနေထိုင်ရာရွာ၏ အနောက်ဘက်(၄) ဖာလုံ ခန့်အကွာရှိ ဆည်ကုန်းတောတိုက် သို့စက်ဘီးဖြင်တစ်ဦးတည်းပြန် လာခဲစဉ် မောင်ထွန်း၊အသက်(၃၃)နှစ် ရေနံမှော်လုပ်သား မှလမ်းတွင် စက်ဘီးအားတွန်းလှဲပြီးလူအားဆွဲခေါ်ကာ ကာမစပ်ယှက်ရန်ကြံစည်အားထုတ်သဖြင့် အဆိုပါမိန်းကလေးမှာရုန်းကန် ထွက်ပြေးပြီး  ဖခင်ဖြစ်သူအားပြောကြားခဲ့သဖြင့် မောင်ထွန်းအားအရေးယူပေးပါရန်တိုင်တန်းခဲ့ရာ သက်ဆိုင်ရာ မြိုင်မြို့ နယ်၊ဗဟင်းနယ်မြေရဲစခန်းမှ (ပ)၄၁/၂၀၁၃၊ပုဒ်မ ၃၇၆ /၅၅၁ ဖြင့်အမှုဖွင့်ထားကြောင်းသိရှိရသည်။