မိုးအဆက်မပြတ်ရွာသွန်းသဖြင့် စကုတိုက်နယ်ဆေးရုံအတွင်းရေဝင်ရောက်မှုကြောင့် လူနာများအား အရေးပေါ်ရွှေ့ပြောင်း

Hlaing Zar ChiOctober 30, 20131min00

                မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် စကုနယ်မြေအတွင်း အောက်တိုဘာ(၂၆)ရက်နေ့နံနက်(၇)နာရီချိန်က မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် စကုတိုက်နယ်ဆေးရုံအတွင်း ဝရန်တာအထက် (၂)ပေခန့် အထိရေများဝင်ရောက်လာ ခဲ့သဖြင့် အဆိုပါဆေးရုံတက်လူနာ အမျိုးသား(၅)ဦး၊အမျိုးသမီး(၃)ဦးတို့အား စကုမြို့၊အမှတ်(၁)ရပ်ကွက်ရှိ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဆောင်သို ့ပြောင်းရွှေ့ပေးခဲ့ ရကြောင်း အောက်တိုဘာ(၂၉)ရက်နေ့တွင် ထိုဆေးရုံအတွင်းရေများပြန်လည် ကျဆင်းသွားသော် လည်း ခြောက်သွေ့မှုမရှိသေး၍ ပြန်လည်မပြောင်းရွှေ့နိုင်သေးကြောင်း ဆေးရုံတာဝန်ရှိသူမှပြောကြားသည်။