Thiha Phone MoOctober 28, 20131min00
        မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အုတ်ပုံကျေးရွာရှိ  ဒဟတ်ပင်ရေနံမြေ(MOGE)ဘောလုံးကွင်း၏အနောက်ဘက် (၁)မိုင်ခန့်အကွာရှိ ဦးထွန်းကြည်၏ယာခင်းအတွင်း တွင် အောက်တိုဘာ(၂၇)ရက်နေ ့နံနက်(၄)နာရီ(၃၀)မိနစ်ချိန်ကမီးလောင်မှု ဖြစ်ပွားခဲ့သည်။  ဖြစ်စဉ်မှာ အဆိုပါယာခင်း အတွင်းရှိ မင်းမင်း၊မင်းဘူးမြို့နေသူပိုင်ရေနံတွင်း ၌ ရေနံခပ်လုပ်သား အန်မင်းဇော်  အောင်လံမြို့နေသူသည်ရေနံခပ်နေ စဉ် ရေနံခပ်ခွက်သံကိုင်းနှင့်ရေနံတွင်းသံပိုက်တို့ပွတ်တိုက်မိခဲ့သဖြင့်မီးစတင်လောင်ကျွမ်းခဲ့ သည်ဆို၏ အဆိုပါမီးလောင်မှုကြောင့်အနီးနားရှိ ရေနံကျင်းများပါမီးကူးစက်လောင်ကျွမ်း ခဲ့ရာ ရေနံကျင်း(၈) ကျင်း၊ကလပ် ခုံ(၈)ခုံ၊  ရေနံစိမ်းပေပါ(၂၄)လုံး စုပေါင်းခန့်မှန်တန်ဘိုး (၅၂)သိန်းခန့်မီလောင်ဆုံးရှုံးခဲ့သဖြင့် ပေါ့ဆစွာရေနံခပ်သူ အန်မင်းဇော် အား မင်းလှမြို့မရဲစခန်းမှ (ပ)၁၁၂/၂၀၁၃၊ပြစ်မှုပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်အရေးယူ ထားကြောင်း သိရှိရသည်။


Thiha Phone MoOctober 28, 20131min00
    မကွေးမြို့မရဲစခန်းမှ (ပ)၁၃၇/၂၀၁၃၊ပုဒ်မ ၃၇၆/၅၀၀/၅၀၆ အမှုမှ ဦးစိုးလွင်၊အသက်(၄၂)နှစ်။ကန်သာရပ်ကွက် မကွေးမြို့ နေသူသည် မိန်းကလေးတစ်ဦးအားသားမယားအဖြစ်ဆက်ဆံခဲ့သည့် ဗွီဒီယိုပုံများအား အီလက်ထရောနစ် နည်းပညာ ဖြင့် အင်တာနက်မှတစ်ဆင့် ထုတ်လွှင့်ပြသခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် စိုးလွင်အားအရေးယူပေးပါရန် အောက်တိုဘာ(၂၆) ရက်နေ့က မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကျော်စိုးမှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် မကွေးမြို့နယ်၊မြို့မရဲစခန်းမှ(ပ)၂၁၃/၁၃ အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၄(ဃ)ဖြင့်အရေးယူထားကြောင်းသက်ဆိုင်ရာမှသိရှိရသည်။


Hlaing Zar ChiOctober 28, 20131min00
   မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် မြောက်ခရမ်းရွာနေ ဦးကြည်ထွန်း၏နေအိမ်အား အောက်တိုဘာ(၂၆)ရက်နေ့ည(၇)နာရီ (၁၅)မိနစ်ချိန်ကသတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ဝရမ်းအမှတ်(၂/၂၀၁၃)ဖြင့် ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေစခန်းမှ ဒုရဲအုပ် အောင်ကျော်စိုးနှင့်အဖွဲ့ဝင်ရောက်ရှာဖွေခဲ့ရာ ဦးကြည်ထွန်းဝတ်ဆင်ထားသည့် အကျင်္ ီအိပ်ကပ်အတွင်းမှ (၁)လက်မခွဲခန့်ရှည် သောအအေးပိုက်အနီရောင်းဖြင့်ထည့်လျှက် ဘိန်းဖြူဟုယူဆရသောအဖြူရောင်အမှုန့်(ဝ.၁၃၆ဝ၉)ဂရမ်နှင့်ဘိန်းဖြူအမှုန့်များ ထည့်ရန်ပြင်ဆင်ထားသေား (၁)လက်မခန့်ရှိ အအေးပိုက်အနီရောင်(၅)ချောင်း၊နေအိမ်အိပ်ခန်းခေါင်းရင်း တွင်ထားသော သေတ္တာ အတွင်းမှ တစ်နေ့တာရောင်းရငွေကျပ်(၂၉၁၈၀)တို့အားသိမ်းဆည်းရမိခဲ့သဖြင့်အဆိုပါမူးယစ်ဆေးဝါးသုံးစွဲလက်ဝယ် ထားရှိဖြန့်ဖြူရောင်းချသူ ကြည်ထွန်အား ဂန့်ဂေါမြို့နယ်၊ကန်နယ်မြေရဲစခန်းမှ မူး/စိတ်(ပ)၂/၂၀၁၃၊ မူးယစ်၁၅/၁၆(ဂ) ဖြင့်အရေး ယူထားကြောင်းသိရှိရသည်။


Hlaing Zar ChiOctober 28, 20131min00
         မကွေးမြို့၊မဲထီးလမ်းရှိ အလက(၂) မြို့မကျောင်းတွင် အောက်တိုဘာ(၂၆)ရက်နေ့နံနက်(၉)နာရီမှနေ့လည်(၁၁)နာရီ ချိန်ထိ ၂၀၁၃ခုနှစ်၊တပ်တွင်းဒုရဲအုပ်လောင်း ဝင်ခွင့် ရေးဖြေ စာမေးပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်းအဆိုပါစာမေးပွဲအား မကွေးတိုင်း ဒေသကြီးတိုင်းရဲတပ်ဖွဲ့မှူး ဦးဝင်းကြည်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှအနီးကပ်ကြီးကြပ်ဆောင်ရွက်လျှက်ရှိပြီး အဆိုပါ တပ်တွင်းဒုရဲအုပ်လောင်း ဝင်ခွင့်ရေးဖြေ စာမေးပွဲတွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အမျိုးသား(၁၇၆)ဦးတို့သည် မြန်မာစာ၊အင်္ဂလိပ်စာ၊အထွေထွေဗဟုသုတဘာသာရပ်တို့အားဖြေဆိုခဲ့ကြကြောင်းသက်ဆိုင်ရာမှသိရသည်။


Thiha Phone MoOctober 25, 20131min00
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင် ငဖဲမြို့နယ် နှင့် မင်းလှမြို့နယ်အတွင်း လျှို့ဝှက်စိုက်ဘိန်းပင်များအား ဖော်ထုတ်ဖျက်ဆီးရန်အတွက်မကွေးတိုင်းရဲတပ်ဖွဲ့မှူး၏လမ်းညွှန်မှုဖြင့် ရဲတပ်ဖွဲ့စစ်ကြောင်း(၅)ကြောင်းဖွဲ့စည်းကာ ယခုအောက်တိုဘာလ(၂၃)ရက်နေ့မှစတင်ပြီး ကွင်းဆင်းရှာဖွေခဲ့ရာ အောက်တိုဘာ(၂၄)ရက်နေ့နံနက်(၇)နာရီချိန်ခန့်တွင် မင်းဘူးခရိုင် ငဖဲမြို့နယ် လိုင်ကျေးရွာအုပ်စု၌ညအိပ် အခြေပြုရပ်နားခဲ့သည့် ဒုရဲမှူး ထွန်းစိုးသိန်းခေါင်းဆောင် သည့်ဘိန်းခင်းများဖော်ထုတ်ဖျက်ဆီးရေးစစ်ကြောင်း(၂)သည်လိုင်ကျေး ရွာမှထွက်ခွာလာခဲ့ရာ အဆိုပါရွာ၏အနောက် တောင်ဘက်(၁၄)မိုင်ခန့်အကွာတွင် အမြင့်(၆)လက်မနှင့်(၁)လက်မခန့်ရှိ ဘိန်းစိုက် ခင်း (ဝ.၅)ဧက ပထမစိုက်ခင်းအား ရှာဖွေတွေ့ရှိသဖြင့်ဖျက်ဆီးခဲ့ပြီးဆက်လက်ရှာဖွေခဲ့ရာ ပထမစိုက်ခင်း၏မြောက်ဘက်(၂)ဖာ လုံခန့်အကွာတွင် အမြင့်(၃)ပေ(၄)ပေခန့်ရှိ ဆေးခြောက်ပင်(၅၀)ပင်နှင့်အမြင့်(၃)လက်မခန့်ရှိဘိန်းစိုက်ခင်း(၁)ဧက အားရှာဖွေ တွေ့ရှိခဲ့သဖြင့်ဖျက်ဆီးခဲ့ကြောင်း အဆိုပါဒုတိယစိုက်ခင်းမှဆက်လက်ထွက်ခွာခဲ့ရာဒုတိယစိုက်ခင်း၏ အနောက်တောင်ဘက်(၁) ဖာလုံခန့်အကွာတွင် အမြင့်(၁)လက်မခန့်ရှိ ဘိန်းစိုက်ခင်း (ဝ.၇၅)ဧက တတိယစိုက်ခင်းအားရှာဖွေတွေ့ရှိခဲ့သဖြင့်ဖျက်ဆီးခဲ့ ကြောင်းအဆိုပါစိုက်ခင်းမှဆက်လက်ထွက်ခွာခဲ့ရာစိုက်ခင်း၏တောင်ဘက်(၂)ဖာလုံခန့်အကွာတွင် အမြင့်(၂)လက်မခန့်ရှိ ဘိန်းစိုက်ခင်း(ဝ.၅၀)ဧက စတုတ္ထစိုက်ခင်းအားတွေ့ရှိခဲ့သဖြင့်ဖျက်ဆီးခဲ့ကြောင်း ကျန်စစ်ကြောင်း(၄)ကြောင်းမှာတော့လက်ရှိ ရှားဖွေနေသော်လည်းမတွေ့ရှိသေးကြောင်း ယခင်ကလည်းမကွေးတိုင်းဒေသကြီးအတွင်း ဘိန်းစိုက်ပျိုးနိုင်သည့်အမြင့်ပေ (၃၀၀၀)အထက်လူသူအရောက်အပေါက်နည်းပါးကာသွားလာမှုခက်ခဲသည့် ရခိုင်ပြည်နယ်နှင့်နယ်စပ်နေရာများဖြစ်သော ငဖဲမြို့နယ် ဂုတ်ကြီးရဲစခန်းပိုင် တောတောင်လျှိုမြှောင်များနှင့် မင်းလှမြို့နယ်၊လက်ပံတံခါးရဲစခန်းပိုင် တောတောင်လျှိုမြှောင်များ တွင် […]


Hlaing Zar ChiOctober 25, 20131min00
ပွင့်ဖြူမြို့နယ်၊မဲဇလီအုပ်စု၊ကျွဲခြံရွာနေ (၁၀)တန်းကျောင်းသား သော်ဇင်မင်းသူ သည်အောက်တိုဘာ(၂၁)ရက်နေ့ ည(၁၀) နာရီ(၃၀)မိနစ်ချိန်က မဲဇလီရွာရှိ အမေ့အိမ်ဘော်ဒါဆောင် စာသင်ခန်းနောက်ဆုံးခုံ၌တစ်ဦးတည်း စာကြည့်နေစဉ် ဘော်ဒါဆောင် တစ်ဆောင်တည်းနေ အေးချမ်းအောင်(၁၀)တန်းကျောင်းသား ဖလံကျင်းရွာနေသူမှ ကျောင်းသားအချင်းချင်း သန့်ရှင်းရေးလုပ်ခိုင်းသည်ကိုမကျေနပ်သဖြင့် အေးချမ်းအောင် မှ သော်ဇင်မင်းသူ အားဓါးဖြင့်ခုတ်သဖြင့်  သော်ဇင်မင်းသူတွင် ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် အေးချမ်းအောင်အားအရေးယူပေးပါရန်တိုင်တန်းသဖြင့် သက်ဆိုင်ရာ ပွင့်ဖြူမြို့နယ်၊ပွင့်ဖြူမြို့မရဲစခန်း မှ (ပ)၇၅ /၂၀၁၃ ၊ပြစ်မှုပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့်ထားကြောင်း သက်ဆိုင်ရာမှသိရှိရသည်။


Hlaing Zar ChiOctober 25, 20131min00
ပခုက္ကူခရိုင်၊ပေါက်မြို့နယ် လယ်ကိုင်းကျေးရွာအုပ်စု ထန်းတောလယ်ကျေးရွာအနောက်ဘက်(၃)မိုင်ခန့်အကွာရှိ သုံးမွှာချောင်းတောတဲတိုက်တွင် အောက်တိုဘာ(၂၁)ရက်နေ့နံနက်(၉)နာရီချိန်က အဆိုပါတဲတိုက်နေ မသီတာဌေး အသက်(၂၇)နှစ်သည်၎င်း၏ခင်ပွန်းဖြစ်သူ အသက်(၇၈)ရှိ ဦးငသန်း တို့သည်လင်မယားချင်းရန်ဖြစ်ရာမှ ဦးငသန်းသည် ဓါးဖြင့်ခုတ်ခံရ၍လဲနေသည်ကို မသီတာဌေး၏အစ်ကို ဇော်ဝင်းမောင်နှင့် ရဲဝင်းတို့နှစ်ဦးမှ ထန်းတောလယ်ကျေးရွာရာအိမ်မှူး ဦးဇော်မင်းနိုင်ထံသို့သွားရောက်အကြောင်းကြားရာ အခင်းဖြစ်နေရာသို့ ဦးဇော်မင်းနိုင်သွားရောက်ကြည့်ရှုရာ ဦးငသန်း ၏ အလောင်းအား  ၎င်းတို့တဲ၏ နွားတင်းကုတ်အနီးတွင်မြုပ်နှံထားသည်ကိုတွေ့ရှိရသဖြင့် ကိုင်းလယ်ရဲကင်းစခန်းသို့အကြောင်း ကြားသဖြင့် သက်ဆိုင်ရာကိုင်းလယ်ရဲကင်းစခန်းမှူး ဒုရဲအုပ် ဝင်းဆွေနှင့်အဖွဲ့အခင်းဖြစ်နေရာ တောတဲတိုက်သို့သွားရောက် စစ်ဆေးရာ ဦးငသန်း ၏အလောင်းမှာ နွားတင်းကုတ်အနီးတွင်မြေမြှပ်ထားသည်ကိုတွေ့ရှိရပြီး ပြစ်မှုကျူးလွန်သူ မသီတာဌေး သည် စိတ်ရှုးသွတ်နေသူဖြစ်ကြောင်းသိရှိရသည်။အဆိုပါအမှုနှင့်ပက်သက်၍ ထန်းတောလယ်ကျေးရွာရာအိမ်မှူး ဦးဇော်မင်းနိုင် မှဦးငသန်းအားဓါးဖြင့်ခုတ်သူ မသီတာဌေးအား တိုင်တန်းသဖြင့် သက်ဆိုင်ရာ ပေါက်မြို့မရဲစခန်းမှ (ပ)၈၆/၂၀၁၃၊ ပုဒ်မ ၃၀၂  ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။


Kyi LwinOctober 25, 20131min010
မင်္ဂလာပါ မန်းဂေဇက် ရွာသားများ။ ကျန်းမာတော်မူကြရဲ့နော်။ ဟိုးတလောက အဟောင်းတန်းမှာ စာအုပ်လေးတချ ို့ ဝယ်ခဲ့တဲ့ အထဲက ဖတ်စေချင်တာလေး ရှိလာပြန်တော့ မန်းဂေဇက်ရွာဆီ အလည်ပတ်ရောက်ခဲ့ပြန်တယ်။ အစားကောင်းမက်တဲ့ သူများ အစားကောင်းကောင်းစားရရင် ချစ်သူ ခင်သူတွေကို သတိရတတ်တယ်လို့ ဆိုသလို ကိုယ်နှစ်သက်တဲ့ စာတွေ ဖတ်မိတဲ့အခါ မန်းဂေဇက်ကို သတိတရနဲ့ ဝေငှချင်တဲ့ ဆန္ဒ ဖြစ်လာပါတယ်။ ကဗျာကို နှစ်သက်သူများ အတွက် အထူးရည်ရွယ်ပါတယ်။ ဆရာဒဂုန်တာရာရေးတဲ့ တဟီတီသွားရအောင် ဆိုတဲ့ ခေတ်ပေါ် ကဗျာကို လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က မဂ္ဂဇင်းတခုထဲမှာ ဖတ်ဖူးခဲ့ပါတယ်။ စကားလုံးအတိအကျ မမှတ်မိတော့ပေမယ့် ကာရံ က မမိ တမိ မြန်မာရှေ့ ကဗျာ တွေလို ဆိုလို့ မချော နားဝင်မချ ိုလို့ […]


Thiha Phone MoOctober 23, 20131min00
ပခုက္ကူခရိုင်၊ဆိပ်ဖြူမြို့နယ် ဆိတ်ဖြူ-စလင်းကားလမ်း မိုင်တိုအမှတ် ၆၄/ရ ချင်းတောင်ကျေးရွာအနီးတွင် အောက်တိုဘာ (၂၁)ရက်နေ့နေ့လည်(၁၁)နာရီချိန်က ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းရရှိသည်။ဖြစ်စဉ်မှာ ယာဉ်မောင်း အောင်လှိုင်ဘွား ချောက်မြို့နေသူမောင်းနှင်ပြီးယာဉ်နောက်လိုက် အောင်မျိုးထွန်းလိုက်ပါသော ရွှေနံသာ ခရီးသည်တင်ယာဉ် ဒိုင်နာဖြူနီကြားသည် စီယာတိုင်လက်ကိုင်ခေါက်ပြီးလမ်းယာဘက်ဘေးရှိသဲပုံပေါ်သို့ကျော်တက်သွားခဲ့ရာမှ ကားလမ်းဝဲဘက် သို့တိမ်းမှောက်ခဲ့သဖြင့် အဆိုပါယာဉ်ပေါ်ပါ ခရီးသည်(၂၀)ဦးအနက် ခရီးသည်အမျိုးသား/အမျိုးသမီး(၆)ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒဏ်ရာရရှိသူထဲမှ နန်းအောင်၊အသက်(၁၉)နှစ် (၉)တန်းကျောင်းသား စလင်းမြို့နယ်နေသူသည် ဝဲဘက်ဂွေးနံပေါက်ပြဲဒဏ်ရာ (၁)ချက်၊ဝဲဘက်ပေါင်ရင်း(၄)လက်မခန့်ပေါက်ပြဲဒဏ်ရာတစ်ချက်ဒဏ်ရာဖြင့် ဆိပ်ဖြူဆေးရုံတွင် အတွင်းလူနာအဖြစ်ဆေးကုမှု ခံယူနေကြောင်း အဆိုပါဖြစ်စဉ်နှင့်ပက်သက်၍ ယာဉ်အားမဆင်မခြင်မောင်းနှင်သူ အောင်လှိုင်ဘွား ဆိပ်ဖြူမြို့နယ်မြို့မရဲစခန်း က ယာဉ်(ပ)၁၇/၂၀၁၃၊ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့်အမှုဖွင့်ထားကြောင်းသိရှိရသည်။


Hlaing Zar ChiOctober 23, 20131min00
ပခုက္ကူခရိုင်၊ပေါက်မြို့နယ် လယ်ကိုင်းကျေးရွာအုပ်စု ထန်းတောလယ်ကျေးရွာအနောက်ဘက်(၃)မိုင်ခန့်အကွာရှိ သုံးမွှာချောင်းတောတဲတိုက်တွင် အောက်တိုဘာ(၂၁)ရက်နေ့နံနက်(၉)နာရီချိန်က အဆိုပါတဲတိုက်နေ မသီတာဌေး အသက်(၂၇)နှစ်သည်၎င်း၏ခင်ပွန်းဖြစ်သူ အသက်(၇၈)ရှိ ဦးငသန်း တို့သည်လင်မယားချင်းရန်ဖြစ်ရာမှ ဦးငသန်းသည် ဓါးဖြင့်ခုတ်ခံရ၍လဲနေသည်ကို မသီတာဌေး၏အစ်ကို ဇော်ဝင်းမောင်နှင့် ရဲဝင်းတို့နှစ်ဦးမှ ထန်းတောလယ်ကျေးရွာရာအိမ်မှူး ဦးဇော်မင်းနိုင်ထံသို့သွားရောက်အကြောင်းကြားရာ အခင်းဖြစ်နေရာသို့ ဦးဇော်မင်းနိုင်သွားရောက်ကြည့်ရှုရာ ဦးငသန်း ၏ အလောင်းအား  ၎င်းတို့တဲ၏ နွားတင်းကုတ်အနီးတွင်မြုပ်နှံထားသည်ကိုတွေ့ရှိရသဖြင့် ကိုင်းလယ်ရဲကင်းစခန်းသို့အကြောင်း ကြားသဖြင့် သက်ဆိုင်ရာကိုင်းလယ်ရဲကင်းစခန်းမှူး ဒုရဲအုပ် ဝင်းဆွေနှင့်အဖွဲ့အခင်းဖြစ်နေရာ တောတဲတိုက်သို့သွားရောက် စစ်ဆေးရာ ဦးငသန်း ၏အလောင်းမှာ နွားတင်းကုတ်အနီးတွင်မြေမြှပ်ထားသည်ကိုတွေ့ရှိရပြီး ပြစ်မှုကျူးလွန်သူ မသီတာဌေး သည် စိတ်ရှုးသွတ်နေသူဖြစ်ကြောင်းသိရှိရသည်။အဆိုပါအမှုနှင့်ပက်သက်၍ ထန်းတောလယ်ကျေးရွာရာအိမ်မှူး ဦးဇော်မင်းနိုင် မှဦးငသန်းအားဓါးဖြင့်ခုတ်သူ မသီတာဌေးအား တိုင်တန်းသဖြင့် သက်ဆိုင်ရာ ပေါက်မြို့မရဲစခန်းမှ (ပ)၈၆/၂၀၁၃၊ ပုဒ်မ ၃၀၂  ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။


Hlaing Zar ChiOctober 23, 20131min00
အောင်လံမြို့နယ် အနောက်(၈)မိုင်ခန့်အကွာရှိ အလယ်ရွာတွင် အောက်တိုဘာ(၂၀)ရက်နေ့က အမျိုးသားတစ် ဦးမှဇနီးဖြစ်သူအား လူမှုရေးဖောက်ပြန်သည်ဟုသံသယဖြင့် ဇနီးဖြစ်သူနှင့်ကလေးငယ်အား ရဲဒင်းဖြင့်ခုတ်၍ ကလေးငယ်သေဆုံး မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။ဖြစ်စဉ်မှာ အဆိုပါနေ့ အလယ်ရွာနေ တရားလိုမိန်းကလေးသည် ရွာဦးဘုန်းကြီးကျောင်းတွင် ဥပုဒ်စောင့်နေစဉ် တစ်ရွာတည်းနေ နိုင်ဝင်း ရောက်ရှိလာပြီး ၎င်း၏ညီမဖြစ်သူ မဌေးဌေးဝင်၊အသက်(၃၈)နှစ် နှင့်တူဖြစ်သူ (၁၀)လသားကလေးငယ် သားညီ တို့အား မဌေးဌေးဝင်း၏ခင်ပွန်းဖြစ်သူ မြင့်အေး မှ ရဲတင်းဖြင့်ခုတ်၍ဒဏ်ရာများရရှိကြောင်း လာရောက်သတင်းပေးသဖြင့် နေအိမ်သို့ပြန်လာကြည့်ရာ မဌေးဌေးဝင်းတွင် ယာမျက်ခုံးအထက်နဖူးတွင်(၂)လက်မခန့်ပြတ်ရှ ဒဏ်ရာတစ်ချက်၊ယာဂျိုစောင်းတွင်(၄)လက်မခန့်ပြတ်ရှဒဏ်ရာတစ်ချက်ရရှိပြီး တူဖြစ်သူ သားညီတွင် ယာဂျိုစောင်းကြေမွဒဏ် ရာ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် မဌေးဌေးဝင်းတို့သားအမိအားဆေးရုံသို့ပိုရန်ခေါ်လာစဉ် သားညီမှာ စခန်းကြီးရွာအနီးတွင်သေဆုံးသွား ၍  မြင့်အေးအားအရေးယူပေးပါရန်တိုင်တန်းသဖြင့်သက်ဆိုင်ရာ အောင်လံမြို့နယ်၊ရွှေပန်းတောနယ်မြေရဲစခန်း မှ(ပ) ၂၆/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂ /၃၂၆ ဖြင့်အမှုဖွင့်ထားကြောင်းသတင်းရရှိသည်။


Thiha Phone MoOctober 23, 20131min00
မင်းလှမြို့မရဲစခန်းမှ ဒုရဲအုပ် နေမျိုးအောင် နှင့် ထန်းကိုင်းရေနံမြေရဲကင်းမှူး ဒုရဲအုပ် မင်းသူအောင်တို့သည် ထန်းကိုင်ရေနံ မှော်အနောက်ဘက်(၁)ဖာလုံ ခန့်ရှိ ချောင်းအတွင်း ခြောက်ကောင်ခုံလောင်း ကစားပြု လုပ်နေကြောင်း သတင်းအရ အောက်တိုဘာ (၂၀)ရက်နေ့နေလည်(၂)နာရီ(၃၀)မိနစ်ချန်က သွားရောက်ဖမ်းဆီးခဲ့ရာ လောင်းကစားဒိုင်အဖြစ်ဆောင်ရွက်သူ ဝင်းမြင့်၊အသက် (၅၀)နှစ်၊ပြန်ကပြေးကျေးရွာအုပ်စု ပျဉ်းမနားမြို့နေသူထံမှ ခြောက်ကောင်ခုံလောင်းကစားပစ္စည်းကိရိယာများနှင့်လောင်းကြေးငွေ ကျပ်(၁၁၂၅၀၀)တို့အားသိမ်းဆည်းရမိခဲ့ပြီးဆက်လက်၍ ရှာဖွေရာ၎င်းချောင်းအတွင်း လောင်းကစားဒိုင်အဖြစ်ပြုလုပ်သူ သန်းဦး ၊အသက်(၄၂)နှစ်၊ထိန်တောကျေးရွာ မင်းဘူး-(စကု)မြို့နယ်နေသူအား ခြောက်ကောင်ခုံ လောင်းကစားပစ္စည်း ကိရိယာများနှင့် လောင်းကြေး ငွေ(၇၀၀၀၀)အားသိမ်းဆည်းရမိခဲ့သဖြင့် အဆိုပါလောင်းကစားပြု လုပ်သူများအား မင်းလှမြို့နယ်၊မင်းလှမြို့မရဲ စခန်းမှ (ပ)၁၀၅/၁၀၆/၂၀၁၃၊ လောင်းကစားဥပဒေပုဒ်မ ၁၂(က)ဖြင့်ဖြင့်အမှုဖွင့်ထားကြောင်းသက်ဆိုင်ရာမှသိရှိရသည်။


Thiha Phone MoOctober 23, 20131min00
       မင်းတုန်းမြို့နယ်၊ပုဇင်းဒါးကျေးရွာနေ စိုးသူ၊အသက်(၂၃)နှစ်သည် အောက်တိုဘာ(၂၀)ရက်နေ့ညနေ(၄)နာရီချိန်က ၎င်း၏နေအိမ်ပေါ်တွင် ကြိုးဆွဲချသေဆုံးနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး၏ သတင်းပေး ချက် အရ မင်းတုန်းမြို့နယ်၊အလယ် ချောင်းနယ်မြေရဲစခန်း မှ စခန်းမှူး ရဲအုပ်သိန်းလွင်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွေးတို့သည်သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ စိုးသူတွင်ပြင်ပ ဒဏ်ရာ မတွေ့ရှိရဘဲ နေအိမ်ခေါင်မိုးကြွက်လျောက်တန်းတွင်ကြိုးတန်းလန်းဖြင့်သေဆုံး နေသည်ကိုတွေ့ရှိရသောကြောင့် အဆိုပါသေဆုံးမှုနှင့်ပက်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်သိရှိနိုင်ရန် မင်းတုန်း မြို့နယ် ၊အလယ်ချောင်းနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်  ၁/ ၂၀၁၃ဖြင့်အမှုဖွင့်ထားကြောင်းသိရှိရသည်။