Mon LayJanuary 19, 20171min08
Portugal နိုင်ငံမှာ ရေတွေကနိမ့်ရာကနေ မြင့်ရာကိုစီးဆင်းနေတဲ့ထူးဆန်းတဲ့ နေရာတစ်ခုရှိပါတယ်။Portugal နိုင်ငံမှာထူးဆန်းတဲ့နေရာတွေ အများကြီးပါ။ Sintra မြို့ကရဲတိုက်ကြီးတွေ၊ အလယ်ခေတ်ရဲတိုက်တွေနဲ့၊ Porto မြို့မှာရှိတဲ့ နန်းတော်တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီ့နေရာတော်တော် များများရဲ့ သမိုင်းတွေက လူတိုင်းနားလည်အောင် ရှင်းပြလို့ရပါတယ်။ “Braga Bon Jesus” ဆိုတာကတော့ တခြားနေရာတွေထက် ထူးခြားတဲ့နေရာတစ်ခုပါ။ Lisbonမြို့မြောက်ပိုင်းကို၃နာရီခွဲလောက်အချိန်ယူပြီးဆက်သွားရင်ရောက်နိုင်တဲ့Bragaဆိုတဲ့မြို့ငယ်လေးကိုပေါ်တူဂီရဲ့ရောမလို့ခေါ်ကြပါတယ်။အကြောင်းအရင်းကတော့၎င်းရဲ့ရင်သပ်ရှုမောဖွယ်ဘုရားကျောင်းတွေနဲ့ဗိသုကာလက်ရာ တွေကြောင့်ပဲဖြစ်ပါတယ်။ဒီမြို့လေးကိုရောက်ရင် (၃)ရာစုလောက်က အချိန်တွေကိုပြန်ရောက်သွား သလိုခံစားရမှာဖြစ်ပြီး လူတော်တော်များများကတော့ မြတ်သော Jesus ရဲ့တောင်လို့ အဓိပ္ပာယ်ရတဲ့ “Bom Jesus de Monte” ဆိုတဲ့ ဘုရားကျောင်းရှိရာတောင်ပေါ်ကို သွားရောက်ဖို့အတွက် လာကြပါတယ်။ ဒါပေမယ့်အဲ့ဒီ့ လှပပြီးပန်းချီကား တစ်ချပ်သက်ဝင်နေ သလိုဖြစ်နေတဲ့ ဘုရားကျောင်းရဲ့ အနောက်ဘက်မှာ driver တွေအသိချင်ဆုံး ထူးဆန်းမှုတစ်ခုရှိနေပါတယ်။ အဲ့ဒါကတော့ပုံမှန် အတိုင်းဆို သာမန်တောင်ကုန်းလေးပါပဲ။ […]


Mon LayJanuary 18, 20172min00
England နိုင်ငံရဲ့ ရာစုနှစ်ပေါင်းများစွာ ဆွဲဆောင်မှုရှိခဲ့တဲ့ အလှတရားတွေက ဥယျာဉ်ခြံ စိုက်ပျိုးခြင်းရဲ့အကျိုးဆက် လို့ပြောလို့ ရနိုင်ပါတယ်။ “ကျွန်ုပ်တို့လူသားတွေက အပင်တွေကိုမြတ်နိုးကြတယ်ဆိုတာ ငြင်းဖွယ်ရာမရှိပါဘူး” လို့  England, Whales နဲ့ Northern Ireland တစ်ဝန်းမှာ ရှိတဲ့ သမိုင်းဝင် ထင်ရှားတဲ့ အိမ်ပေါင်း (၃၀၀) ကျော်နဲ့ ဥယျာဉ်တွေကို ထိန်းသိမ်းထားတဲ့ National Trust ရဲ့ ဥယျာဉ်မှူး Mike Calnan က ဆိုပါတယ်။ အမေရိကန် ဥယျာဉ်စိုက်ပညာရှင်တွေက အင်္ဂလန်ကဥယျာဉ်တွေကို လာရောက်လေ့လာကြတဲ့အတွက် ဒီအကြောင်းပြချက်ကို အသုံးပြုပြီး အင်္ဂလန်ကို လာလည်သူတွေများလာခဲ့တယ်။ လက်တွေ့မှာလည်း ဥယျာဉ်တွေက အရမ်းကိုနာမည်ကြီးလာပြီး 2016 ခုနှစ်ကို Year of the English Garden လို့တရားဝင် ကြေညာလိုက်ကြတယ်။ […]


Mon LayJanuary 17, 20171min05
တမင်ရည်ရွယ်ထားတာမျိုးမဟုတ်ပဲ (11:11)ဆိုတဲ့ဂဏန်းနှစ်လုံးတွဲကို နာရီတွေ၊billboards တွေနဲ့အထူးသဖြင့် အမှုမဲ့အမှတ်မဲ့ဖုန်းကို ကြည့်လိုက်ရင်း ဖုန်းရဲ့ မျက်နှာပြင်ပေါ်မှာ တွေ့ရတတ်ပါတယ်။ဖုန်းရဲ့Screenပေါ်မှာ ဂဏန်းနှ စ်လုံး ဥပမာ (02:02)ကိုမြင်ရင် တစ်စုံတစ်ယောက်က ကိုယ့်ကို သတိရနေ တာဆိုတဲ့ အယူရှိတတ်ကြပါတယ်။ဒါပေမယ့် (11:11) မှာတော့ ဒီ့ထက်ပိုပြီး နက်ရှိုင်းတဲ့ အဓိပ္ပါယ်ရှိပါတယ်။ အဓိပ္ပါယ်ကတော့ ဒီကမ္ဘာပေါ်မှာ အလှဆုံးအချိန်ဆိုတာကို သတိတရ ရှိအောင် ပြနေတာဖြစ်ပြီး၊စာရေးသူတို့ရဲ့ စိတ်အာရုံ၊အတွေးတွေနဲ့ခံစားချက်တွေ ကို ဆွဲခေါ်နေ တာလို့ဆိုပါတယ်။ရုပ်ဝတ္ထုနဲ့ သဘာဝတရားဆိုင် ရာသဘော တရားတို့အပေါ်တည်မှီဟန်မရှိတဲ့ ဖြစ်စဉ်ဆိုင်ရာ ပညာရှင်Doreen Virtue က11:11 ဆိုတာဟာ အကောင်းမြင်တဲ့အတွေးတွေကို ဆက်ထိန်း ထားဖို့ angels တွေကအချက်ပေးနေတာ၊ပြနေတာဖြစ်ပြီး၊ angels တွေက ဆက်ပြီး ကြည့်ရှုစောင့်ရှောက်သွားမယ်ဆိုတာကို ပြောပြ ပေးနေတာလို့ ဆိုပါတယ်။ (1)ဆိုတဲ့ဂဏန်းဟာ တခြားဂဏန်းတွေနဲ့မတူပဲ […]


Mon LayJanuary 17, 20171min03
နည်းပညာတွေ ထွန်းကားလာတဲ့ ခေတ်ကြီးထဲမှာ အချို့အရာတွေကို လေ့လာသင်ယူရတာ ပိုမိုမြန်ဆန် လွယ်ကူ လာပါပြီ။ ဒီလို ဘဝကိုု အမြန်ဆုံး အမြင့်ရောက်အောင် ပို့နုိုင်တဲ့ ခေတ်ကြီးထဲမှာ ဘယ်လိုနည်းလမ်းတွေက သင့်ကို အမြင့်ရောက်အောင် ပို့နိုင်မလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။ အချို့နည်းလမ်းတွေဟာ တကယ်တော့ လွယ်ကူပြီး မသိသေးလို့သာခက်ခဲနေတာဖြစ်ပါတယ်။ ဒီလိုနည်းလမ်းပေါင်းများစွာထဲကမှာ Shwemom စာဖတ်ပရိသတ်ကြီး ဗဟုသုတရစေဖို့အကောင်းဆုံးနည်းလမ်း (၅)ခုကို ပြန်လည်မျှဝေလိုက်ပါတယ်။ ဖုန်းပေါ်ကလုပ်လို့ရသည့်အရာများကို စမ်းသပ်သုံးစွဲကြည့်ပါ။ အရင်တုုန်းက ဖုန်းဘေလ်ဖြည့်ချင်ရင် ခဲခြစ်ကဒ်ကို ဆိုင်ကနေဝယ်ရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ငွေလွှဲချင် ရင်လည်း တော်တော်လေး ဒုက္ခရောက်ပါတယ်။ မီတာဘေလ်တွေ ဘာတွေဆောင်ချင်ရင်လည်း ရုံသွားဆောင်ရပါ တယ်။ ဒီလိုအခက်အခဲတွေကို KBZ နဲ့ CB တို့ရဲ့ Mobile Banking Application လေးထည့်ထားရုံနဲ့ ဖြေရှင်းနုိုင် ပါပြီ။ ဖုန်းငွေဖြည့်ချင်တယ်ဆိုလည်း အသာလေးပဲ ကိုယ့်ဖုန်းလေးဖွင့်ပြီး Mobile Banking Application လေးက နေ တစ်ဆင့် ငွေဖြည့်ရုံပါပဲ။ […]


Mon LayJanuary 16, 20171min06
ဘီလ်ဂိတ်စ် (Bill Gates) (Microsoft တည်ထောင်သူ) – ပေါင်စတာလင် ၆၁ ဘီလီယံ အမန်စီယို အော်တီဂါ (Amancio Ortega) (Zara အဝတ်အထည်လုပ်ငန်းပိုင်ရှင်) – ပေါင်စတာလင် ၅၅ ဘီလီယံ ဝါရင်းဘတ်ဖတ် (Warren Buffett) (ရင်းနှီးမြှုပ်နှံသူ) – ပေါင်စတာလင် ၄၉.၉ ဘီလီယံ ကားလို့စ်စလင်းမ်ဟီလူ (Carlos Slim Helu) (Grupo Carso စီးပွားရေးလုပ်ငန်းစုပိုင်ရှင်) – ပေါင်စတာလင် ၄၁ ဘီလီယံ ဂျက်ဖ်ဘီဇော့စ် (Jeff Bezos) (Amazon ဝက်ဘ်ဆိုက်ပိုင်ရှင်) – ပေါင်စတာလင် ၃ရ ဘီလီယံ မာ့ခ်ဇူကာဘတ် (Mark Zuckberberg) (Facebook ဝက်ဘ်ဆိုက်တည်ထောင်သူ) – ပေါင်စတာလင် ၃၆.၆ […]


Mon LayJanuary 13, 20171min06
တည်နေရာ စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ဗန်းေမာက်မြို့နယ် တွင် တည်ရှိပြီး ဗန်းမောက်မြို့မှ မြောက်ဘက် ၁၂ မိုင်ခန့် အကွာ တောတွင်း ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၃ဝ၉ဝ မြင့်သော တောင်ပေါ်တွင် တည်ရှိသည်။ မြေပုံညွှန်း အက်စ်ဂျီ ၄၅၁၃၄၉ ဖြစ်သည်။ တောတောင် လျှိုမြောင်များ နက်ရှိုင်း လှသည်။ ■ဘုရားသမိုင်း ဂေါတမ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် မဟာ သက္ကရာဇ် ၁၂၃ ခုနှစ် ဝါတော် ၂ဝ အရတွင် သိကြားမင်း ဖန်ဆင်းသော နတ်ပန်းရထား ၅ဝဝ ဖြင့် ရဟန္တာ အရှင်သူမြတ် ၅ဝဝ ခြံရံပြီး ကောင်းကင်ခရီးမှ ဇလုံ တောင်တော်သို့ ကြွလာခဲ့သည်။ ဇလုံတောင် ခေါ် ဂေါဒေါပလ္လင် […]


Mon LayJanuary 12, 20172min03
ကိုယ်က အလုပ်ကိစ္စကြောင့်  ဒါမှမဟုတ် ဝါသနာပါလို့ကို ခရီးခဏခဏ ထွက်ရတဲ့သူ၊ ထွက်တတ်တဲ့သူမျိုးလား။ ဒီလိုလူမျိုးမဟုတ်ပဲ ခရီးစဉ်တစ်ခုကို အချိန်နီးမှ သိလိုက်ရလို့ ဘာတွေယူဆောင်သွားရမှန်း မသိတော့ပဲ ဗျာများနေရတဲ့ သူမျိုးလား။ ဘယ်လိုပဲဖြစ်ဖြစ် ခရီးသွားတော့မယ်ဆိုတာနဲ့ လိုအပ်တဲ့ပစ္စည်တွေကို အချိန်တိုအတွင်း မမေ့မလျော့ ထုပ်ပိုးနိုင်မယ့် ထိရောက်တဲ့ နည်းလမ်းလေးတွေ သိရမယ်ဆိုရင် အရင်ကထက်တော့ ထုပ်ပိုးတဲ့အခါ ပိုမိုမြန်ဆန်သွားမှာပဲလေ။ ၁။ပထမဆုံးအနေနဲ့ သယ်သွားရယ့် ပစ္စည်းစာရင်းလုပ်ပါ။ လူတော်တော်များများက ဒီအချက်ကို အရေးမကြီးဘူးလို့ ထင်တတ်ပါတယ်။ မေ့ရင်လည်း မေ့နေတတ်ကြပါလိမ့်မယ်။ အမှန်တော့ ခရီးတစ်ခုသွားတော့မယ်ဆိုရင် ပစ္စည်းထုပ်ပိုးမှုအတွက် အချိန်ကုန်လည်း သက်သာစေပြီး ဘာပစ္စည်းမှ မေ့မကျန်ခဲ့အောင် ဒီအချက်လေးက ကူညီနိုင်ပါတယ်။ ၂။ဓာတ်ပုံလေးတွေရဲ့ အကူအညီကို ယူပါ။ ခုနောက်ပိုင်း ဘယ်သူမဆို selfie ဓာတ်ပုံလေးတွေ ရိုက်တတ်ကြပါတယ်။ ဘယ်အကျႍယူရမလဲဆိုတာကို ဗီရိုရှေ့ထိုင်စဉ်းစားနေတာထက် […]


Mon LayJanuary 11, 20171min01
နိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေးအခွင့်အလမ်းများ ပွင့်လင်းလာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည်လည်း တစတစ တိုးလာခဲ့သည်။ အစိုးရသစ်အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်းတွင် ပြည်ပခရီးသွားများ၏ မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုမှာ သိသိသာသာမြင့်တက်လာခဲ့သည်။ ထို့အတူ ဒေသတွင်း နိုင်ငံများအကြား ဗီဇာကင်းလွတ်ခွင့်များ လည်းရှိလာပြီဖြစ်သည့်အတွက် ခရီးသွားလာရေးကဏ္ဍအတွက်လည်း ယခင်ကထက် ပိုမိုလွယ်ကူလာနိုင်ခဲ့ပြီဖြစ်သည်။ ပြည်ပခရီးသွားများအတွက် မြန်မာနိုင်ငံလက်ရှိအချိန်မှာ အပြောင်းအလဲများစွာနှင့် စိတ်ဝင်စားဖွယ်အကောင်းဆုံးကာလတစ်ခုဖြစ်နေပြီး အဓိကလည်ပတ်သည့်အချိန်မှာ ဂန္ထဝင်ဆန်သည့် နေဝင်ချိန်နှင့် နေထွက်ချိန်အလှများကိုခံစားနိုင်မည့် အောက်တိုဘာမှ မတ် လအတွင်း လည်ပတ်သင့်သည်ဟု ဆိုကြသည်။ ပြီးခဲ့သည့်မကြာသေးမီက အမေရိကန် မီဒီယာလုပ်ငန်းတစ်ခုဖြစ်သည့် Bloomberg မှထုတ်ပြန်သည့် ၂၀၁ရ ခုနှစ်အတွင်း လည်ပတ်ရန်အသင့်ဆုံး နိုင်ငံတွင် မြန်မာနိုင်ငံပါဝင်ခဲ့သည်။ ပြည်ပခရီးသွားများအနေဖြင့် ပြည်တွင်းသို့ အဓိက စိတ်ဝင်တစားသွားရောက်ကြသည့် ဒေသများမှာ မြန်မာနိုင်ငံ၏အထင်ကရ နာမည်ကြီးဒေသများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ အင်းလေး၊ […]


Mon LayJanuary 10, 20171min01
ပြည်တွင်း/ပြည်ပ လေယာဉ်စီးခရီးသည်များအနေဖြင့် ခရီးသွားသည့်အခါ လေယာဉ်ပေါ်သို့ မိမိနှင့်တစ်ပါတည်း သယ်ဆောင်သွားလိုသည့် Liquid- Gel-Spray ကဲ့သို့သော အသုံးအဆောင်ပစ္စည်းများ နှင့်ပတ်သက်ပြီး သီးခြားညွှန်ကြားချက်တစ်ရပ်ကို နိုင်ငံတစ်ကာ လေကြောင်းဆိုင်ရာအဖွဲ့တစ်ခုဖြစ်သည့် ICAO မှ တရားဝင် ထုတ်ပြန်ထားရှိပြီးဖြစ်ပါတယ်။ တို့ကြောင့် အဆိုပါ ပစ္စည်းများအား လေကြောင်းဖြင့်ခရီးသွားသည့်အခါ မည်ကဲ့သို့ သည်ဆောင်သွားရမည် ဆိုသည်ကို ခရီးသည်များအား ဗဟုသုတနှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရေးအတွက် တင်ပြလိုပါတယ်။ # ခရီးသည်များ၏ တစ်ကိုယ်ရည်သုံး ပစ္စည်းများဖြစ်ကြသည့် အလှပြင်ပစ္စည်း ဆေးဝါး အသုံးအဆောင် စသည့် Liquid-Gel-Spray ကဲ့သို့သော ပစ္စည်းများကို သယ်ဆောင်သည့်အခါ 100 ml ပမာဏထက်မပိုသော ပုလင်း/ဗူး တို့ကိုသာ သယ်ဆောင်ခွင့်ရှိပါသည်။ # (100 ml) ထက်ပိုသော ပစ္စည်းများအား ကောင်တာသို့ အပ်နှံသည့် […]


Mon LayJanuary 9, 20171min05
ဟိုးအရင်တုန်းက စူပါမော်ဒယ်တွေဟာ ဗိုက် သားပြားချပ်စေတဲ့ လက်ဖက်ရည်တွေ သောက်ကြတယ်ဆိုပြီး အသံတွေ ကြားခဲ့ရပေမယ့် ခုတစ်ခါ ပြောပြမယ့် အရာကတော့ ဗိုက်သားကို ပြားချပ်စေပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့အရာပါ။ အမျိုးသမီးအများစုဟာ ဖေ့စ်ဘွတ်ခ်နဲ့ instagram လို လူမှုကွန်ယက်တွေမှာ အခြားအမျိုးသမီးတွေရဲ့ ပြားချပ်နေတဲ့ ဗိုက်သားတွေကို လှစ်ပြီးရိုက်ထားတဲ့ ဓာတ်ပုံတွေ မြင်ရရင် ငါလည်းအဲ့လိုဗိုက်မျိုးလေး ရချင်တယ်ဆိုပြီး အခါခါ တောင့်တမိကြပါတယ်။   ဗိုက်သားပြားချပ်နေစေဖို့အတွက် သင့်အနေနဲ့ မနက်တိုင်း fatty အက်ဆစ်နှစ်ဆပါဝင်တဲ့ အစားအစာမျိုးတွေ စားပေးရမှာဖြစ်ပါတယ်။ သုတေသီတွေရဲ့ အဆိုအရ သင့်ဗိုက်ပြားချပ်စေဖို့အတွက်တင်မကပဲ ကျန်းမာရေးရှုထောင့်ကကြည့်ရင်လည်း သင့်အတွက်ကောင်းမွန်လှတဲ့ အစားအစာတွေရှိပါတယ်။ သူက နှလုံးအတွက်ပါ အထူးကောင်းမွန်တာမို့ မနက်တိုင်း မဖြစ်မနေ စားပေးသင့်ပါတယ်တဲ့။ အဲ့ဒါဘာတွေလဲဆိုတော့ ထောပတ်သီး၊ အခွံမာသီး၊ သံလွင်ဆီ နဲ့ […]


Mon LayJanuary 6, 201712min00
⛲?⛲?⛲?⛲?⛲?⛲?⛲?⛲ ဥရောပတစ်ခွင်စုံစုံလင်လင်……………….. ၏ 2017 EU(8)နိုင်ငံ ခရီးစဉ် ⛲?⛲?⛲?⛲?⛲?⛲?⛲?⛲ 2016 ဧပရယ်အတွင်းမှာ ဥရောပ(၈)နိုင်ငံ ခရီးစဉ်လေးဟာ ဘာကြောင့် လူကြိုက်အများဆုံးဖြစ်ခဲ့ရတယ်ဆိုတာရယ် ၊ ဘာကြောင့် ………………… နဲ့ရွေးချယ်ခရီးသွားသင့်တယ်ဆိုတာရယ်ကို ရှင်းပြပေးပါရစေရှင်။ *****မင်္ဂလာပါရှင်။…………………… ကပါ။ ^___^ ***** —————————————————————- Q: 2017 ဧပရယ်သင်္ကြန်အတွင်း ညီမတို့ရဲ့နာမည်ကြီးတဲ့ ဥရောပ(၈နိုင်ငံ) ခရီးစဉ် အကြောင်းလေး သိချင်လို့ပါ။ ? ဪဟုတ်ကဲ့ပါရှင်။ ညီမတို့အနေနဲ့ ဧပရယ်သင်္ကြန်ပိတ်ရက်အတွင်းမှာ ဧပရယ် (၁ဝရက်နေ့ထွက်ပြီး – ၂၅ရက်နေ့) ပြန်ရောက်မဲ့ (၁၅ညအိပ် / ၁၆ရက်) ဥရောပခရီးစဉ်လေးကို တစ်ဦးလျှင် USD 5000 နှင့် ဖွင့်လှစ်ပေးထား ပါတယ်။ ဒီခရီးစဉ်လေးမှာဆိုရင်တော့ နိုင်ငံအားဖြင့် (၈)နိုင်ငံ + မြို့အားဖြင့် […]


Mon LayJanuary 6, 20171min00
အားလပ်ရက်တွေမှာ နေ့ချင်းပြန်ခရီးသွားလို့ကောင်းမယ့်နေရာတစ်ခုကတော့ ရန်ကုန်မြို့ကနေ နာရီပိုင်းလောက်အချိန်ပေးရုံနဲ့ ရောက်ရှိနိုင်မယ့် ပဲခူးမြို့ပဲဖြစ်ပါတယ်။ ပဲခူးကိုသွားမယ်ဆိုရင် အချိန် ၁နာရီကျော်လောက်ပေးရုံနဲ့ ရောက်ရှိနိုင်မှာဖြစ်ပြီး ခရီးခရိတ်ကလည်း သက်သာလှတဲ့ နေ့ချင်းပြန်ခရီးတစ်ခုလို့ဆိုနိုင်ပါတယ်။ ပဲခူးကို အဓိက သွားရောက်ကြတာကတော့ ပုံမှန်အားဖြင့်ဆိုရင် နာမည်ကြီး ရွှေမော်တောဘုရားကို သွားရောက်ကြသလို အခုလိုဆောင်းရာသီချိန်ခါမှာတော့ ငှက်ကြည့်ဖို့အတွက် မိုးယွန်းကြီးအင်းကိုပါအပန်းဖြေသွားရောက်တတ်ကြပါတယ်။ သူငယ်ချင်းတွေဖြစ်စေ၊ မိသားစုနဲ့ဖြစ်စေ နေ့ချင်းပြန် ခရီးသွားကြမယ်ဆိုရင် ခရီးသိပ်မပန်းမယ့်  ပဲခူးကိုသာရွေးချယ်ကြစမြဲပါ။ ရန်ကုန်မြို့နေထွက်လိုက်တာနဲ့ စိမ်းစိုတဲ့သစ်ပင်တွေနဲ့ လှပတဲ့ရှုခင်းတွေက မြို့ပြမှာမွန်းကြပ်ခဲ့သမျှကိုဖြေဖျောက်စေမှာပါ။ပဲခူးမြို့ဟာ မွန်ဘုရင်ရဲ့ ရှေးဟောင်းမြို့ဖြစ်ပြီး ဘုရင့်နောင်မင်းတည်ထောင်ခဲ့တဲ့ ဒုတိယမြန်မာအင်ပါယာရဲ့ မြို့တော်လည်း ဖြစ်ပါတယ်။ပဲခူးမြို့မှာ စိတ်ဝင်စားဖွယ်လည်ပတ်လို့ကောင်းတဲ့နေရာတွေကတော့ နာမည်ကြီး ရွှေမော်ဓောဘုရား၊ဟင်္သာကုန်း၊ဘုရင့်နောင်ဆောက်လုပ်ထားခဲ့တဲ့ ကမော္ဘဇသာဒီ နန်းတော်၊ရွှေသာလျောင်းဘုရား၊ရွှေဂူလေးကိုးသိန်း ကိုးသန်း နဲ့ရွှေပြည် resort တို့ပဲဖြစ်ပါတယ်။ Ref photo: U Maung Pyo ရွှေမော်ဓောဘုရားဟာ မြန်မာနိုင်ငံမှာရှိတဲ့ တန်ခိုးကြီးဘုရားတွေအနက် […]