ဘဝကိုပိုမိုလွယ်ကူစေမယ့် ၂၁ရာစု၏တိုးတက်လာသော အသုံးဝင်နည်းပညာများ

Mon LayJanuary 17, 20171min03

နည်းပညာတွေ ထွန်းကားလာတဲ့ ခေတ်ကြီးထဲမှာ အချို့အရာတွေကို လေ့လာသင်ယူရတာ ပိုမိုမြန်ဆန် လွယ်ကူ
လာပါပြီ။ ဒီလို ဘဝကိုု အမြန်ဆုံး အမြင့်ရောက်အောင် ပို့နုိုင်တဲ့ ခေတ်ကြီးထဲမှာ ဘယ်လိုနည်းလမ်းတွေက
သင့်ကို အမြင့်ရောက်အောင် ပို့နိုင်မလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။ အချို့နည်းလမ်းတွေဟာ တကယ်တော့
လွယ်ကူပြီး မသိသေးလို့သာခက်ခဲနေတာဖြစ်ပါတယ်။ ဒီလိုနည်းလမ်းပေါင်းများစွာထဲကမှာ Shwemom
စာဖတ်ပရိသတ်ကြီး ဗဟုသုတရစေဖို့အကောင်းဆုံးနည်းလမ်း (၅)ခုကို ပြန်လည်မျှဝေလိုက်ပါတယ်။

ဖုန်းပေါ်ကလုပ်လို့ရသည့်အရာများကို စမ်းသပ်သုံးစွဲကြည့်ပါ။

အရင်တုုန်းက ဖုန်းဘေလ်ဖြည့်ချင်ရင် ခဲခြစ်ကဒ်ကို ဆိုင်ကနေဝယ်ရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ငွေလွှဲချင်
ရင်လည်း တော်တော်လေး ဒုက္ခရောက်ပါတယ်။ မီတာဘေလ်တွေ ဘာတွေဆောင်ချင်ရင်လည်း ရုံသွားဆောင်ရပါ
တယ်။ ဒီလိုအခက်အခဲတွေကို KBZ နဲ့ CB တို့ရဲ့ Mobile Banking Application လေးထည့်ထားရုံနဲ့ ဖြေရှင်းနုိုင်
ပါပြီ။ ဖုန်းငွေဖြည့်ချင်တယ်ဆိုလည်း အသာလေးပဲ ကိုယ့်ဖုန်းလေးဖွင့်ပြီး Mobile Banking Application လေးက
နေ တစ်ဆင့် ငွေဖြည့်ရုံပါပဲ။ မီတာဘေလ်လည်း ပေးဆောင်နိုင်သလို တစ်ဦးနဲ့တစ်ဦးကြားမှာလည်း ပိုက်ဆံအလွယ်
တကူလွှဲလို့ရပါတယ်။

PS : ဟုတ်တယ်တော်တော်လေးအဆင်ပြေလာတယ်။

အရင်လိုမဟုတ်တော့တဲ့ ဂီတနားဆင်နည်းများကို လေ့လာပါ။

Dignified woman music[1]

အရင်တုန်းက သီချင်းနားထောင်ချင်ရင် လမ်းဘေးဆိုင်မှာ ကူးခွေကိုသွားဝယ်ကြရတယ်။ ထိုအခွေကိုဖွင့်ဖို့ အိမ်မှာ
DVD Player ကလိုုပြန်တယ်။ ဒါတောင် အခွေက ကြာရင်ထစ်လာပြန်ရော။ သီချင်းနားထောင်ရတာ ဖီးမလာ။
ပြီးတော့ ကော်ပီခွေတွေဝယ်တာကလည်း ကိုယ်တကယ်အားပေးတဲ့ အဆိုတော်ကို မလေးစားရာ ကျနေသေးသည်။
အခုနောက်ပိုင်းမှာတော့ နည်းပညာကလည်း တိုးတက်လာပြီး Music Streaming App တွေ တော်တော်များများ
ပေါ်ပေါက်လာပါတယ်။ မြန်မာနိုုင်ငံရဲ့ ဈေးကွက်ထဲကိုဝင်ရောက်လာတာကတော့ Ooredooနဲ့ ပူးပေါင်းတင်ဆက်ခဲ့တဲ့
mJams ဖြစ်ပါတယ်။ အင်တာနက်Connection နည်းနည်းကောင်းရုံဖြင့် သီချင်းများကို တိုက်ရိုက်အလွယ်တကူ
နားဆင်နိုင်မှာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ အဆိုတော်များအပြင် နိုင်ငံတကာအဆိုတော်များရဲ့ သီချင်းများကို
နားဆင်နိုင်မှာ ဖြစ်ပါတယ်။

PS: အင်တာနက်ကောင်းလို့လည်းအင်တာနက်ကနေလည်းဒေါင်းပြီးနားထောင်နိုင်တယ်။

အွန်လိုင်းပေါ်က လွယ်ကူလာတဲ့ ပညာရေးကို လေ့လာကြည့်ပါ။

အင်တာနက်ဆိုတာကြီးနဲ့ မရင်းနှီးတဲ့ အချိန်တုန်းကတော့ ဒီလိုအလွယ်တကူ ပညာသင်ယူနိုုင်တဲ့ အခွင့်အရေးကို
ရဖို့ မလွယ်ပါဘူး။ အခုတော့ နည်းပညာတိုးတက်မှုနဲ့အတူ အွန်လိုင်းပေါ်မှာ အင်္ဂလိပ်စာသင်ယူနိုင်တဲ့ ဝက်ဘ်ဆိုဒ်
အများအပြားပေါ်ပေါက်လာသလို အခြားအသက်မွေးဝမ်းကြောင်း ပညာရပ်များသင်ယူနိုင်တဲ့ ဝက်ဘ်ဆိုဒ်များလည်း
အများကြီးရှိနေပါပြီ။ သင့်ရဲ့နေ့စဉ်ဘဝမှာ အချိန်အနည်းငယ်ပေးပြီး လေ့လာရုံနဲ့ ဘဝအတွက် တိုးတက်မယ့်ပညာ
ရပ်များကို သင့်အိမ်ကနေ ထိုင်ရာမထ သင်ယူနိုင်နေပါပြီ။ အင်တာနက်အနေနဲ့လည်း အခုနောက်ပိုင်းများမြန်ဆန်
လာနေပြီး အပြိုင်အဆိုင်ဈေးသက်သာစွာနဲ့ Package များစွာ ဝန်ဆောင်မှုပေးနေကြပါတယ်။ Ooredooရဲ့
Package တွေဆိုုတော်တော်လည်း တန်တာကိုတွေ့ရပါတယ်။ အင်တာနက်ကို လူမှုကွန်ယက်သုံးရုံ၊ စကားပြော
ရုံသာ မသုံးပဲ မိမိဘဝတိုးတက်ရန် သုံးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

PS: အချိန်သာရမယ်ဆို..လေ့လာစရာပညာရပ်တွေအများကြီးပါ။

 ထိုင်ရာမထ ဈေးဝယ်လို့လည်းရပြီ။

online-shopping-from-china

မြန်မာနုိုင်ငံမှာ အဓိက အချင်းချင်းရောင်းချကြတာကတော့ Facebook မှပဲဖြစ်ပါတယ်။ ပစ္စည်းအရည်အသွေး
ဘယ်လောက်စိတ်ချရနုိုင်လဲ ဆိုတာကိုတော့ ဝယ်ယူသူအနေနဲ့ သိဖို့မလွယ်ကူပါဘူး။ ဒါပေမယ့်လည်း ဝယ်ယူသူ
များကတော့ ဝယ်ယူဆဲပဲ ဖြစ်ပါတယ်။ အရင်တုန်းက အင်္ကျီဆိုတာ ဆိုင်မှာ တကူးတက သွားဝယ်ခဲ့ကြပေမယ့်
အခုတော့ ကြိုက်တဲ့အင်္ကျီတွေ့ရင် ဖုန်းတစ်ချက် ဆက်လိုက်ရုုံပဲဖြစ်ပါတယ်။ ဒါ့အပြင် Visa Card တို့ Master
Cardတို့ရှိရင်လည်း နိုင်ငံခြားShopping ဝက်ဘ်ဆိုဒ်တွေမှာ ဈေးဝယ်ထွက်လို့ရနေပြီဖြစ်ပါတယ်။

PS: မွန်လေးလည်း Fashion La Princesse Online Shopလေးလုပ်ထားပါတယ်..အားပေးကြပါဦး။

စာအုပ်များကို အလွယ်တကူဖတ်နိုင်ပြီ။

စာကြည့်တိုက်မသွားနိုုင်လို့၊ စာအုပ်တွေ အရမ်းဈေးကြီးလို့ စသဖြင့် ဆင်ခြေပေးသူများ နည်းပညာခေတ်ထဲမှာ ဆင်ခြေ
ပေးဖို့ မလွယ်တော့ပါဘူး။ အွန်လိုုုင်းမှာ တရားဝင် Free Ebook တွေပေးတဲ့ ဝက်ဘ်ဆိုဒ်တွေအများကြီးရှိနေပါပြီ။
ဖုန်းရှိရုံ၊  သို့မဟုတ် တက်ဘလက်ရှိရုံဖြင့် အလွယ်တကူဒေါင်းလုပ်လုပ်ပြီး ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ စာအုပ်တွေဟာ
ဘဝကို ပြောင်းလဲစေနိုင်တယ်ဆိုတာ စာဖတ်ပရိသတ်ကြီးလည်း သိပြီးဖြစ်ပါတယ်။ နည်းပညာရဲ့ အကျိုးကျေးဇူးကြောင့်
သာ စာအုပ်တွေကို အလွယ်တကူရှာဖွေလာနိုုင်တာ ဖြစ်ပါတယ်။ အိမ်ကျဉ်းတဲ့လူတွေအနေနဲ့ စာအုပ်တွေအများကြီး
ထားဖို့ မလွယ်ပေမယ့် ဖုန်းသေးသေးလေးထဲမှာတော့ စာအုုပ်ပေါင်းရာနဲ့ချီပြီး အလွယ်တကူသိမ်းထားလို့ရပါတယ်။

အထက်ပါအချက်တွေဟာ နေ့စဉ်ဘဝမှာ တကယ်အသုံးချရင် သင့်ရဲ့ဘဝတိုးတက်လာဖို့ အများကြီး အထောက်အပံ့
ပေးနိုင်ပါတယ်။ အချိန်ကိုအကျိုးရှိစွာအသုံးချပြီး နောက်ဆုံးပေါ်နည်းပညာတွေနဲ့ ပေါင်းစပ်ကာ သင့်ဘဝကို အမြန်ဆုံး
မြှင့်တင်လိုက်ပါ။

 #credit

3 comments

  • Thint Aye Yeik

    January 17, 2017 at 5:22 pm

    အိုဘယ့် …. သျှားသက်မာန်

    Reply

  • သျှားသက်မာန်

    January 17, 2017 at 5:43 pm

    အိုဘယ့်…ဘာလဲကွယ်……

    Reply

  • ဦးကြောင်ကြီး

    January 19, 2017 at 12:17 pm

    ခြစ်သ ှား စားဒါ ခံခြင်လပ်ထာ

    Reply

Leave a Reply

Your email address will not be published.