ရေတွေကနိမ့်ရာကနေ မြင့်ရာကိုစီးဆင်းနေတဲ့နေရာ

Mon LayJanuary 19, 20171min08

Portugal နိုင်ငံမှာ ရေတွေကနိမ့်ရာကနေ မြင့်ရာကိုစီးဆင်းနေတဲ့ထူးဆန်းတဲ့ နေရာတစ်ခုရှိပါတယ်။Portugal နိုင်ငံမှာထူးဆန်းတဲ့နေရာတွေ အများကြီးပါ။ Sintra မြို့ကရဲတိုက်ကြီးတွေ၊ အလယ်ခေတ်ရဲတိုက်တွေနဲ့၊ Porto မြို့မှာရှိတဲ့ နန်းတော်တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီ့နေရာတော်တော် များများရဲ့ သမိုင်းတွေက လူတိုင်းနားလည်အောင် ရှင်းပြလို့ရပါတယ်။

“Braga Bon Jesus” ဆိုတာကတော့ တခြားနေရာတွေထက် ထူးခြားတဲ့နေရာတစ်ခုပါ။

Braga Bon Jesus

Braga Bon JesusLisbonမြို့မြောက်ပိုင်းကို၃နာရီခွဲလောက်အချိန်ယူပြီးဆက်သွားရင်ရောက်နိုင်တဲ့Bragaဆိုတဲ့မြို့ငယ်လေးကိုပေါ်တူဂီရဲ့ရောမလို့ခေါ်ကြပါတယ်။အကြောင်းအရင်းကတော့၎င်းရဲ့ရင်သပ်ရှုမောဖွယ်ဘုရားကျောင်းတွေနဲ့ဗိသုကာလက်ရာ တွေကြောင့်ပဲဖြစ်ပါတယ်။ဒီမြို့လေးကိုရောက်ရင် (၃)ရာစုလောက်က အချိန်တွေကိုပြန်ရောက်သွား သလိုခံစားရမှာဖြစ်ပြီး လူတော်တော်များများကတော့ မြတ်သော Jesus ရဲ့တောင်လို့ အဓိပ္ပာယ်ရတဲ့ “Bom Jesus de Monte” ဆိုတဲ့ ဘုရားကျောင်းရှိရာတောင်ပေါ်ကို သွားရောက်ဖို့အတွက် လာကြပါတယ်။ ဒါပေမယ့်အဲ့ဒီ့ လှပပြီးပန်းချီကား တစ်ချပ်သက်ဝင်နေ သလိုဖြစ်နေတဲ့ ဘုရားကျောင်းရဲ့ အနောက်ဘက်မှာ driver တွေအသိချင်ဆုံး ထူးဆန်းမှုတစ်ခုရှိနေပါတယ်။

32396921bom-jesus-de-braga

အဲ့ဒါကတော့ပုံမှန် အတိုင်းဆို သာမန်တောင်ကုန်းလေးပါပဲ။ ဒါပေမယ့် အဲ့ဒီတောင်ကုန်းရဲ့ အောက်ခြေမှာ ကားကိုဂီယာ  freeထားလိုက်ရင်အံ့ဩဖွယ်ရာ တစ်ခုကိုကြုံ  တွေ့ရပါ လိမ့်မယ်။အဲ့ဒါကတော့ကားက နောက်ကိုပြန်လိမ့် ဆင်းသွားရမယ့် အစား တောင်ကုန်းပေါ် ကိုတက်သွားတာပါ။

အပေါ်ယံကြည့်မယ်ဆိုရင်တော့ စိတ်လှည့်စားမှုတစ်ခုလို့ထင်နိုင်ပြီး driver အချို့ဆို မိတ်ဆွေတို့ကို စနောက်သလိုလုပ်ပြပါလိမ့်မယ်။ ဒါပေမယ့် အဲ့လိုဖြစ်ရတဲ့ အကြောင်းအရင်း ကိုရှင်းပြထားပါတယ်။ ဒီလိုမျိုးဖြစ်တဲ့နေရာတွေ ကမ္ဘာပေါ်မှာ အများကြီးရှိပါသေးတယ်။ အဲ့လိုနေရာတွေကိုဆွဲငင်အားရှိတဲ့ တောင်ကုန်းတွေ၊(သို့မဟုတ်)ပတ်ဝန်းကျင်မှာရှိတဲ့ ရေမြေတောတောင်တွေကြောင့် မြင့်တက်သွားတဲ့နေရာတွေ လို့ပြောကြပါတယ်။ တကယ်တော့ တက်သွားပြီးရင် နည်းနည်းတော့ပြန်ကျ တတ်ပါတယ်။

Io9ရဲ့  ပြောကြားချက်အရအဲ့လိုတောင်ကုန်းအများစုကမိုးကုတ်စက်ဝိုင်းကိုအလွယ်တကူမမြင်နိုင်တဲ့ နေရာမျိုးမှာရှိတတ်ပြီးဘယ်ဘက်ကအမြင့်ပိုင်း၊ ဘယ်ဘက်က အနိမ့်ပိုင်းဆိုတာ မခွဲခြားတတ်အောင် ဖြစ်နေတတ်ပါတယ်။

dft

ဒီအကြောင်းကို သိရှိပြီးသွားပြီဆိုရင်တော့ ကားတွေတောင်ပေါ်ကို အလိုလိုတက်သွားတဲ့အခါ ၊ရေတွေအထက်ပိုင်းကို ဆန်တက် စီးဆင်းနေတဲ့ အခါနားလည်ဖို့ လွယ်ကူသွား ပါလိမ့်မယ်။ ရူပဗေဒ သဘောတရားကို မစဉ်းစားမိရင်တော့ ဒီအဖြစ်အပျက်ကြီးက ခရီးသွားတွေ အတွက်အကြီးစားကျီစယ်မှုတစ်ခု လိုဖြစ်နေပါလိမ့်မယ်။

Reference : www.travelandleisure.com
Image Credit : www.travelandleisure.com,www.fortyfields.com

8 comments

  • ဇီဇီ

    January 18, 2017 at 2:13 pm

    – မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ

    ညီမရေ။ အပေါ်ဒီ ဒီ ဆိုက် ရဲ့ စည်းကမ်းလေးထဲကပါ။
    ၂၂ နာရီ အတွင်း တင်တာ ၄ ပုဒ် ဖြစ်နေပြီ။

    တခြား တင်ချင်သူတွေ ပို့(စ) တွေ အတွက် လည်း နည်းနည်း စဉ်းစားပေးနော်။

    🙂

    Reply

  • Thint Aye Yeik

    January 18, 2017 at 2:28 pm

    .နောက်ပြီးတော့. . .
    ကိုယ်တိုင်ရေး မဟုတ်တာလေးတွေ
    ဟိုက ဒီက ရှာပြီး တင်ပေးမယ်ဆိုလည်း တင်ပါ။
    ဗဟုသုတ ရစရာဆိုရင်တော့ ကျေးဇူးတင်ရမပေါ့။

    ခေါင်းစဉ်တစ်ခုတည်း (ခရီးသွားလုပ်ငန်းဆိုင်ရာ အကြောင်းအရာ တစ်ခုထဲ)အောက်က ပိုစ့်တွေချည်း ဖြစ်နေတော့
    အခုမှ ဒီဆိုက်ထဲ ဝင်ကြည့်လိုက်တဲ့သူတွေအနေနဲ့
    ဘယ်လို မြင်သွားမလဲပေါ့။

    ကိုယ်တိုင်ရေး မဟုတ်တဲ့စာတွေ
    ဂူဂဲတို့ ဖေ့ဘုတ်တို့ကနေ အလွယ်တကူ ရှာဖတ်လို့ရတဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာစာတွေ
    ကြော်ငြာအသားပေးပိုစ့်တွေချည်း တင်တဲ့ ဆိုက်လို့ ထင်ကုန်ကြမယ်ထင်တယ်။

    တခြား အကြောင်းအရာ ကိုယ်တိုင်ရေး ကဗျာ ဆောင်းပါး ဝတ္ထု သတင်း စသည်ဖြင့်တွေ တင်တဲ့သူ နည်းနေတဲ့ကာလလည်း ဖြစ်တော့ Home page မှာ ခရီးသွားလုပ်ငန်းဆိုင်ရာ ပိုစ့်တွေချည်း မြင်နေရရောလေ။

    ရွာလေး စည်အောင် ပိုစ့်တွေဒိုင်ခံ တင်ပေးနေတာကို အသိအမှတ်ပြုပြီး ကျေးဇူးတင်ပါကြောင်းနဲ့
    တခြား အကြောင်းအရာ ကိုယ်တိုင်ရေး ပိုစ့်တွေကိုလည်း တင်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်း။

    Reply

  • သျှားသက်မာန်

    January 18, 2017 at 5:24 pm

    အမှန်တော့လေ..တစ်နေ ့ကို2ခုလောက်ပဲတင်တာပါ သတိထားပြီးလည်းတင်ပါတယ် ဘယ်လိုဖြစ်ပြီး4ခုဖြစ်သွားလဲတော့မသိတော့
    ဘူး ကိုအလင်းဆက်ပြောတာဟုတ်တော့ဟုတ်ပါတယ် ခရီးသွားဆောင်းပါးတွေချည်းများနေတယ်ဟီးဆောရီးပါ တချို ့ဟာတွေက
    ကိုယ့်လေ့လာခဲ့ဖူးတဲ့reference တွေကိုဘာသာပြန်ထားတာတွေပါသလို တချို ့ဟာတွေကလည်းပြန်တင်ပြတာတွေလည်းပါပါ
    တယ် ခရီးသွားအေဂျင်စီလုပ်နေတာဆိုတော့လည်းတခါတလေဘာသာပြန်အလုပ်ပါလုပ်ရပါတယ်။အွန်လိုင်းမှာရှာရဖွေရဆိုတော့လေ။ နောက်ဆိုရှောင်ရေးဖို့ ကြိုးစားကြည့်ပါမယ်။တခုပြောချင်တာကတော့ မွန်လေးဆီမှာတင်ပြစရာကတော့ခရီးနဲ ့ပက်သက်တာပဲ
    ဖြစ်ပါလိမ့်မယ်.ဒီအလုပ်နဲ ့ဒီပတ်ဝန်းကျင်မှာကျင်လည်နေရတဲ့သူဆိုတော့လေ။

    Reply

  • သျှားသက်မာန်

    January 18, 2017 at 5:28 pm

    သေချာပြန်ကြည့်လိုက်တော့ 22နာရီတွင်းတင်တာ ဒီပို ့စ်အပါ3ပုဒ်ပါ 4ပုဒ်မဟုတ်ပါကြောင်း

    Reply

  • Foreign Resident

    January 19, 2017 at 8:56 am

    အို အေ ၊ တင်သာတင် သာမီး ၊ အဘ ကတော့ အားပေးတယ် ။
    ( သာမီး ရဲ့ ခရီးသွား Post တွေကို ဖတ်ပြီး အားကျလို့ ၊
    အဘတောင် ခရီးသွား Post တွေ ပြန်တင်ရင်ကောင်းမလား စဉ်းစားနေတာ )

    သူဂျီးရဲ့ Site ကြီး တင်သူနည်းနေလို့ သာမီး က ကူညီပြီးတင်ပေးနေတာကို ။
    အဲ့ဂလို ဝိုင်းပြောခံရပြီဆိုတာ သာမီး အောင်မြင်နေတာကို J ဝင်နေကြတာ ။

    ဟီ ဟိ ။ ၂ ဖက်လုံးကို နောက်တာနော် ။ စိတ်မဆိုးနှင့် ။

    Reply

    • Thint Aye Yeik

      January 19, 2017 at 9:48 am

      အနော်တို့က ဂျေဒိုးနပ်တွေစားပြီး ဂျေရုဆလင်သွားချင်နေလို့ပါခညာာာ
      :k:

      Reply

      • Mr. MarGa

        January 19, 2017 at 10:45 am

        ဟဲ့ ဒညင်းဝက်
        သွသူ တင်နေတာလေးကို တည့်မတ်ပေးမယ် မရှိဘဲ ဘာတွေ J ထိုင်​ဝင်နေသတုန်း ?

        Reply

        • Thint Aye Yeik

          January 19, 2017 at 12:21 pm

          ဒီးဒီး ဒါးဒါး ဒီးဒီးဒါ….
          ဒီးဒီး ဒါးဒါး ဒီးဒီးဒါ….
          ဒီးဒီး ဒါးဒါး ဒီးဒီးဒါ….
          :k:
          :k:

Leave a Reply

Your email address will not be published.