အားလပ်ရက်တွေမှာ နေ့ချင်းပြန်ခရီးသွားလို့ကောင်းမယ့်နေရာတစ်ခုကတော့ ရန်ကုန်မြို့ကနေ နာရီပိုင်းလောက်အချိန်ပေးရုံနဲ့ ရောက်ရှိနိုင်မယ့် ပဲခူးမြို့ပဲဖြစ်ပါတယ်။ ပဲခူးကိုသွားမယ်ဆိုရင် အချိန် ၁နာရီကျော်လောက်ပေးရုံနဲ့ ရောက်ရှိနိုင်မှာဖြစ်ပြီး ခရီးခရိတ်ကလည်း သက်သာလှတဲ့ နေ့ချင်းပြန်ခရီးတစ်ခုလို့ဆိုနိုင်ပါတယ်။ ပဲခူးကို အဓိက သွားရောက်ကြတာကတော့ ပုံမှန်အားဖြင့်ဆိုရင် နာမည်ကြီး ရွှေမော်တောဘုရားကို သွားရောက်ကြသလို အခုလိုဆောင်းရာသီချိန်ခါမှာတော့ ငှက်ကြည့်ဖို့အတွက် မိုးယွန်းကြီးအင်းကိုပါအပန်းဖြေသွားရောက်တတ်ကြပါတယ်။ သူငယ်ချင်းတွေဖြစ်စေ၊ မိသားစုနဲ့ဖြစ်စေ နေ့ချင်းပြန် ခရီးသွားကြမယ်ဆိုရင် ခရီးသိပ်မပန်းမယ့် ပဲခူးကိုသာရွေးချယ်ကြစမြဲပါ။ ရန်ကုန်မြို့နေထွက်လိုက်တာနဲ့ စိမ်းစိုတဲ့သစ်ပင်တွေနဲ့ လှပတဲ့ရှုခင်းတွေက မြို့ပြမှာမွန်းကြပ်ခဲ့သမျှကိုဖြေဖျောက်စေမှာပါ။ပဲခူးမြို့ဟာ မွန်ဘုရင်ရဲ့ ရှေးဟောင်းမြို့ဖြစ်ပြီး ဘုရင့်နောင်မင်းတည်ထောင်ခဲ့တဲ့ ဒုတိယမြန်မာအင်ပါယာရဲ့ မြို့တော်လည်း ဖြစ်ပါတယ်။ပဲခူးမြို့မှာ စိတ်ဝင်စားဖွယ်လည်ပတ်လို့ကောင်းတဲ့နေရာတွေကတော့ နာမည်ကြီး ရွှေမော်ဓောဘုရား၊ဟင်္သာကုန်း၊ဘုရင့်နောင်ဆောက်လုပ်ထားခဲ့တဲ့ ကမော္ဘဇသာဒီ နန်းတော်၊ရွှေသာလျောင်းဘုရား၊ရွှေဂူလေးကိုးသိန်း ကိုးသန်း နဲ့ရွှေပြည် resort တို့ပဲဖြစ်ပါတယ်။ Ref photo: U Maung Pyo ရွှေမော်ဓောဘုရားဟာ မြန်မာနိုင်ငံမှာရှိတဲ့ တန်ခိုးကြီးဘုရားတွေအနက် […]
