တစ်ပတ်ကို သိန်းသုံးရာဖိုး ရှော့ပင်းထွက်တဲ့ သူဌေးသမီးလေး

Mon LayDecember 21, 20161min03

သူဌေးသမီးလေး

သာမန်လူတွေ တစ်နှစ်လောက် အလုပ်လုပ်မှ ရတဲ့ဝင်ငွေက ဒီ သူဌေးသမီးလေး ရဲ့ တစ်ပတ်စာ ရှော့ပင်းဖိုးသာ ရှိပါတယ်။
မြန်မာငွေ သိန်းသုံးရာနီးပါးနဲ့ ညီမျှတဲ့ စတာလင်ပေါင် တစ်သောင်းခွဲဆိုတာ ဖွံ့ဖြိုးပြီးနိုင်ငံက ဝန်ထမ်းအချို့တောင် တစ်နှစ်လောက် အလုပ်လုပ်မှ ရတဲ့ ဝင်ငွေဖြစ်ပါတယ်။ ဒါပေမဲ့ ဓာတ်ပုံက အသကက် ၂ဝ အရွယ် ကလေးမလေးအတွက်တော့ တစ်ပတ်စာ ရှော့ပင်း ထွက်တဲ့ ပမာဏမျှသာ ဖြစ်နေပါတယ်။

 ရှော့ပင်း
လာနာစကိုလာရို ဟာ အခုတော့ နာမည်ကြီးသည်ထက် ကြီးလာပါပြီ။ ချန်ယန်-၄ ရုပ်သံအစီအစဉ်ရဲ့ မှတ်တမ်းရုပ်ရှင်ထဲ မှာ အခြားသော ချမ်းသာကြွယ်ဝတဲ့ လူငယ်တွေနဲ့အတူ ပါဝင်ခဲ့လို့ ပိုပြီးနာမည်ကြီးလာတာပါ။ Rich Kids of Instagram ဆိုတဲ့ အင်စတဂရမ်ပေါ်က Group ထဲမှာလည်း သူမက နာမည်ကြီး ဖြစ်ပါတယ်။
သာမန်လူတွေအတွက် စိတ်သာကူးနိုင်တဲ့ အရာမျိုးတွေကို သူမက လုပ်ပြပြီး အင်စတဂရမ်ပေါ် တင်လေ့ရှိပါတယ်။ ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ သွားတာမျိုး၊ ဇိမ်ခံ ရွက်သင်္ဘောပေါ်မှာ ပါတီပွဲ ကျင်းပတာမျိုး၊ ရိုးရွိုက်စ်ကားစီးတာမျိုးတွေက သူူ့ရဲ့နေ့တဓူဝ လုပ်နေကြ အရာတွေပါ။
သူမရဲ့ဖခင် ဖရန်ဆက်စကိုစကိုလာရိုက မိုင်းတွင်းသန်းကြွယ်သဌေးတစ်ယောက်လည်း ဖြစ်ပါတယ်။

#Credit

3 comments

  • Thint Aye Yeik

    December 22, 2016 at 10:42 am

    အဲ့လောက် ကုန်အောင် တစ်ပါတ် တစ်ပါတ်
    သူ ဘာတွေ ဝယ်တာပါလိမ့်။
    အဲ့လောက် ဝယ်စရာ ဘယ်လောက်တောင်များ လိုအပ်ချက်က များနေပါလိမ့်

    ဒို့ ဘုရား ဆုံးမတဲ့အထဲမှာတော့. . .
    ကိစ္စများမြောင်တဲ့လူ မဖြစ်စေနှင့် ဆိုတာ ပါတယ်။
    ကရိကထတွေများပြီး ကိန်းကြီးခန်းကြီးနဲ့ ရှုပ်ထွေးနေတဲ့လူ မဖြစ်စေချင်တာပေ့ါ။
    အဲ့လောက် ပစ္စည်းပစ္စယတွေ အများကြီး ဝယ် ဝယ်ပြီး
    သူ့ခမျာ အတော် ရှုပ်နေရှာမှာပဲနော်

    Reply

  • သျှားသက်မာန်

    December 23, 2016 at 11:18 am

    ဟုတ်ပါ့..ဒါပေမဲ့လည်းသူ ့ကံနဲ ့သူပဲလေ ပိုက်ဆံဖြုန်းနို်င်တော့လည်းဝယ်ပါစေ

    Reply

Leave a Reply

Your email address will not be published.