Nan ShinFebruary 17, 20131min04
ဒဿနိကဘေဒ ဘာသာရပ်ဆိုင်ရာ ပါမောက္ခဆရာကြီးတစ်ဦးဟာ အတန်းမစတင်ခင် သူ ့ရှေ ့က စားပွဲပေါ်မှာရှိတဲ့ အရာဝတ္ထုတစ်ခုနဲ ့ အတူ ရပ်နေတယ်။ အတန်းစတင်တဲ့အချိန်မှာတော့ အတော်အတန်ကြီးမားတဲ့ ပုလင်းလွတ်တစ်လုံးကို ကောက်ကိုင်လိုက်တယ်။ ပြီးတော့ နှစ်လက်မလောက်အရွယ်ရှိတဲ့ ေ ကျာက်တုံးတွေကို အဲ့ဒိပုလင်းအလွတ် ပြည့်သွားတဲ့အထိ ဖြည့်ထည့် လိုက်တယ်။ ပြီးတော့ “ဒီပုလင်း ပြည့်သွားပြီလား တပည့်တို ့’’လို ့ ကျောင်းသားတွေကိုမေးတယ်။ ကျောင်းသားတွေကလည်း ပြည့်ပြီဖြစ်ကြောင်းပြန်ဖြေကြတယ်။ အဲ့ဒိနောက်မှာတော့ ပါမောက္ခကြီးက ခပ်ငယ်ငယ်ကျောက်စလစ်ခဲလေးတွေကို အဲ့ဒိ ပုလင်းထဲထက်ထည့်ပြီး အနည်းငယ်လှုပ်ရမ်းလိုက်တယ်။ ဒါကြောင့် ကျောက်စလစ်ခဲငယ်လေးတွေဟာ နှစ်လက်မခန် ့ရှိတဲ့ ကျောက်ခဲ တုန်းတွေကြားကို ရောက်သွားကြပါတယ်။ ပြီးတော့ ကျောင်းသားတွေကို “ဒီပုလင်း ပြည့်သွားပြီလား တပည့်တို ့’’လို ့ နောက်တစ်ခါ ထက်မေးလိုက်တယ်။ […]


alinsettFebruary 16, 20135min09
ငွေဆောင် ကမ်းခြေမှာ.တော်တော် ပျော်မိပါတယ် ။ ပျော်ပျော်နဲ ့ပဲ… ပုံတွေလည်း..မတရားရိုက် ယူခဲ့မိတယ် ။ အဲဒါ… ကိုယ့် အချောအလှ ပုံရိပ်ကလေးတွေကို.. ရွာထဲက…ရုပ်ဆိုးဆိုးနဲ ့..ကောင်လေးတွေ..အားကျအောင်… တင်ပြ ရင်းနဲ ့.. အရှိန်ကလည်း..မသေတော့..ထပ် တင်မိပြန်ပါတယ် ။ ရွာထဲကရုပ်ဆိုးဆိုးနဲ ့…ဆိုတာတွေ ကတော့..အားလုံးသိကြတဲ ့အတိုင်း… ဦးမာဃ တို ့… ကိုအံစာတုံးတို ့.. မိုဘိုင်းတို ့… စသဖြင့်ပေါ့ဗျာ.. သူတို ့ ကျွန်တော့်အချောအလှ ပုံတွေကိုကြည့်ပြီး… အားကျအောင်. ..ပါ ။ ကျွန်တော်က တကယ်ချောတော့…တကယ် ခန့်တော့..သူတို ့….. မနာလိုတွေတောင် ဖြစ်နေလောက်ပါပြီ ။ အဟိ ။ :kwi: စတာနော်…။ ဟဲ..ဟဲ..ဟဲ… ————————– —————— လေးစားခင်မင်စွာ… […]


ကျတော်လေ  ကိုယ်ရေးထားတဲ ့ ပို ့စ် ကို ဖတ်လို ့မရဘူးဖြစ်နေပါတယ် .။ ဘာကြောင် ့ဖတ်လို ့မရတာလည်းဆိုတာ သိချင်ပါတယ် ခင်ဗျာ..။ အခုမှ ကျတေ်ာက စာစရေးတာဆိုတော ့ မသိနားမလည်းတာတွေကို အကူညီတောင်းခံခြင်းဖြစ်ပါတယ်..။ ဝါ ရင် ့ဆရာ ့ဆရာ များက လက်တွဲ ပြီးတော ့ ပြောပြပေးပါ လို ့ မေတ္တာရပ်ခံချင်ပါတယ်…။


အရောင်းဝန်ထမ်းလေးပါ… အပြောချိုပြီး..အပြုံးလည်းလှရပါတယ်… ဖောက်သည် သာ အမှန်…(customers is always right) ဆိုလားပဲ.. ဖောက်သည် ကျေနပ်အောင် လုပ်ပေးဖို့က ကိုယ့်တာဝန်လေ… တစ်ခါတစ်ခါ ကြုံရတဲ့.. ဖောက်သည်တွေဟာ အရမ်းကို ရိုင်းပါတယ်… ပိုက်ဆံ ရှိရင် ပြီးရော.. တစ်ချို့က ရာထူးကြီးရင်ပြီးရော ဆိုပြီး စကားကို.. အဆင့်အတန်းနဲ့မလိုက်အောင် ကို တစ်ဖက်သတ်ပြောဆိုတတ်ကြပါတယ်.. ဒါက အသေးအဖွဲ လေးပါ.. ကျွန်တော်ကြုံတွေ့ရတဲ့.. အခက်အခဲ တွေက မနည်းလှပေါ့.. လုပ်ငန်းခွင်ထဲမှာလဲ.. ကလေးစိတ်နဲ့.. လူကြီးလုပ်နေတဲ့.. အစ်မတစ်ယောက်ရှိတယ်.. သူနဲ့ ပတ်သက်ပြီးပြောစရာကတော့ ကုန်မယ်မထင်… အဲတော့ မပြောတော့ တာပဲကောင်းမယ်… အလုပ်အကိုင်ကောင်းကောင်းလေးများရှိရင် သိချင်ပါကြောင်း…


မျက်စိမှိတ်စွန့်လွှတ်လိုက်တယ်… အသစ်စက်စက် ပစ္စုပ္ပန်ကိုပေါ့… တဒင်္ဂ အသက်ရှုဝ ခဲ့တာကိုမှ.. ငါက ဘဝ လို့ ထင်မှတ်ခဲ့တာ… ကြက်ခြေခတ်တွေကို အတိတ်မှာ ငါ အသုံးလွန်ခဲ့တယ်…. မလတ်ဆတ်နိုင်တဲ့ အနာဂတ်မှာ ငါ့မာယာတွေ ဟန်ပျက်ပြိုလဲပေါ့… အရာရာ အသစ်ကပြန်စဖို့မျှော်လင့်တတ်တာ… ငါ့မွေးရာပါ အကျင့်တစ်ခု….၊ ကြက်ခြေခတ် အကြီးကြီးတစ်ခုကို.. ခြေမြန်လက်မြန် ရေးဆွဲပြီးမှ နောင်တက ရင်ဘတ်ကို မညှာမတာ ဝင်ဆောင့်တယ်…. ရှိစေတော့…၊ ရှေ့ကိုသွားရမှာလား.. နောက်ပြန်လှည့်ရမှာလား.. ရပ်နေတာနဲ့ကို…ငါ့အချိန်တွေတော်တော်.. လောင်ကျွမ်းနေပေါ့… ကိုယ်ထင်ရာကိုယ်စိုင်းပြီးမှတော့.. ဆုံးဖြတ်ချက်လေးတစ်ခုကိုတောင် ငါ မရဲဝံ့တော့ဘူး.. ကျေးဇူးပြုပြီး… ငါ့မွေးရာပါ အကျင့်တစ်ခုကို… မြှောက်စားပေးပါ…….။ ။  


niki taFebruary 16, 20131min013
တိတ်တဆိတ် ဝင်ပြီး တိတ်တဆိတ်ပဲ ပြန်ထွက်သွားချင်တယ် ငါ့ကြောင့် ဘယ်သူမှ ဒုက္ခမရောက်စေချင်သလို .. ဘယ်သူ့ကိုမှလည်း မခံစားစေချင်ဘူး.. ပျော်ရွှင်မှုတွေ ပေးနိုင်ပါ့မလားဆိုတာ မသေချာတော့.. ဝမ်းနည်းမှုတွေလည်း မထားခဲ့ချင်တော့ဘူး…. နောင်တနဲ့ မျက်ရည်တွေကို ငါမုန်းသလို .. စစ်ပွဲနဲ့ သွေးစက်တွေကိုလည်း မမြင်ချင်ဘူး.. ဟာ……ထည်ဝါလိုက်တဲ့ ခမ်းနားမှုတွေနဲ့ .. စိန်ရောင် ရွှေရောင်တွေလက်လို့… မာနတွေ တလူလူနဲ့ …. ကြွားဝင့်နေတဲ့မျက်နှာတွေ… စားစရာဆိုတာ ..သူတို့အတွက် အလျှံပယ်.. ထမင်းတစ်နပ်အတွက် ဘယ်တော့မှ မပူပင်ဖူးဘူး… သိန်းရာချီအကုန်အကျခံပြီး စားပွဲသောက်ပွဲတွေနဲ့ သူတို့ရဲ့ ချမ်းသာမှုကို ဖော်ပြကြတယ်……… ဟော..ဟိုမှာ ကြည့်လိုက်ပါဦး… စာလောင်မွတ်သိပ်နေတဲ့ ကလေးငယ်တွေရဲ့ မျက်နှာတွေ… သူတို့အတွက် နက်ဖြန်ခါ မပြောနဲ့ ဒီနေ့အတွက် ထမင်းတလုတ်တောင် အနိုင်နိုင်…. ဟင်.. ညမီးရောင်တွေ… […]


TheWinner GetprizeFebruary 16, 20131min034
မြိုင် မနက်အစောကြီး (၄) နာရီလောက် နေပြည်တော်ကို ထထွက်လာရတော့ အိပ်ချင်နေမိသည်။ ဒါပေမယ့်လည်း မအိပ်လိုက်ရဲသေးပါဘူး။ ပါလာတဲ့ အဖော်နဲ့ မြိုင်တို့ တစ်ယောက်တစ်လှည့် ကားသမားကို မကြာခဏ စကားပြောပေးနေကြရပါသည်။ အများသူငါ သတိပေးသည့် ကားသမား မငိုက်ရေးအတွက်ပေါ့။ ဟုတ်တယ်လေ၊ သို့မဟုတ်ပါက သေမင်းတံခါးပေါက်နဲ့ နီးနိုင်တယ်မဟုတ်လား။ ဒီတစ်ခေါက်မြိုင်လာတာကတော့ အရင်လို အစိုးရရုံးကိစ္စ၊ အစည်းအဝေး ကိစ္စတွေလိုမဟုတ်ပါဘူး။ အစိုးရက လစဉ်နီးပါး အဆောက်အဦးတွေ၊ မြေတွေ၊ ဟိုတယ်တွေ နဲ့ ပြတိုက်တွေပါမကျန် လေလံတွေရော၊ တင်ဒါတွေပါ စုံအောင်ချနေတော့ မြိုင့်တို့ရဲ့ ဆရာသမားကလည်း အများသူဌေးများနည်းတူ ရချင်ပါလေရော။ မြိုင့်မှာလည်း ကိုယ့်ရဲ့ Responsible မဟုတ်ပေမယ့် အစုံသုတ် မြိုင်ကတော့ – “သွားလိုက်ပါဦး၊ ဒီလေလံလေးကိုတော့” ဆိုတော့လည်း အသွားစေခိုင်းသူ မင်းဧကရာဇ်၊ […]


Shwe UdaungFebruary 16, 20131min02
စက်မှုလယ်ယာတင်ဒါအောင်ပြီး မပျော်နိုင်တဲ့  ဘဝ ၇.၂.၂၀၁၃ နေ့က  စက်မှုလယ်ယာဦးစီးဌာနက နေပြည်တော် ရုံးအမှတ်(၁၅)မှာ ဒုဝန်ကြီးအဆင့် တင်ဒါဈေးဆစ်ပွဲ(နောက်ဆုံးအဆင့်) အကြောင်းလေးကိုမျှဝေချင်ပါတယ်။ ဒီပွဲမှာ ဓါတုဆေးပစ္စည်း၊ ဓါတ်တိုင်၊ စက်အပိုပစ္စည်း၊ နဲ့ မော်တော်ကားအပိုပစ္စည်း စတဲ့ ပစ္စည်းတွေအတွက်ဝင်ပြိုင်ကြတဲ့ သူတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ဒီအဆင့်ထိရောက်လာကြတဲ့ သူတွေကိုလည်း အဘလေး(ဒုဝန်ကြီး)တွေအတွက် Gold lable Whisky တွေယူဆောင်လာကြဘို့ ညွှန်မှူး တို. ဒုညွှန်တို့ ကကြိုတင်ညွှန်ကြားထားပြီးလို့သိခဲ့ရပါတယ်(ညွှန်မှူးဆိုတာ ဒီလိုမျိုးတွေကိုညွှန်ကြားရတာ-အခုမှဘဲသိတော့တယ်)။ဒါကတော့ ဌာနတော်တော်များများမှာ ယဉ်ကျေးမှုဖြစ်နေပြီလေ   ။ အဲဒီလိုနဲ့ နောက်ဆုံးအဆင့် ကုန်ပစ္စည်းသွင်းခွင့်ရတဲ့သူတွေ ထုတ်ပြန်ပါတယ်။ သွင်းခွင့်ရတဲ့သူတွေက ပျော်နေတဲ့မျက်နှာတွေနဲ့ပေါ့။ သွင်းခွင့်မရတဲ့သူတွေကတော့ စိတ်ပျက်အားငယ်ကြတာပေါ့လေ။ ခဏကြာတော့ ဒုဝန်ကြီး ဦးအုန်းသန်းက စကားပြောပါတယ်…အဲ..မှားလို့…ဈေးစရောင်းပါတော့တယ်။ အဲဒီမှာတင်..ခုနကတင်ဒါအောင်ထားတဲ့သူတွေအားလုံး အပျော်တွေရပ်ကုန်ပြီး အီးမှန်ကုန်တော့တာဘဲဗျာ… ဒီလို..ဒီလိုဗျ.. စိုက်ပျိုးရေးဌာန က ဖျက်သိမ်းတော့မယ့် […]


နိုင်နိုင်February 15, 20131min01
  1။ ရှမ်းပြည်နယ် ကော်မရှင်အဖွဲ့ဝင် ဒေါ်မီးမီး မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ 2။ တောင်ကြီး ခရိုင်ညီလာခံကျင်းပရေးကို လာရောက်ကျင်းပပေးသော လွိုင်လင်ခရိုင် ကော်မရှင် အဖွဲ့ဝင် ဦးလှထွေးမှ ညီလာခံကျင်းပရေးစည်းမျင်း၊ စည်းကမ်းများကို ရှင်းလင်တင်ပြခြင်း။ ခရိုင်ညီလာခံကျင်းပခြင်း အစီးအစဉ်များမှာ – ညီလာခံအထမြောက်ကြောင်းကြော်ငြာခြင်း၊ – သဘာပတိရွေးချယ်တင်မြောက်ခြင်း။ အစီအစဉ် 1။ ညီလာခံဖွင့်လှစ်ကြော်ငြာခြင်း 2။ သဘာပတိ အဖွင့်မိန့်ခွန်းပြောကြားခြင်း 3။ ခရိုင်အလုပ်အမှုဆောင်အဖွဲ့ကို ဒီမိုကရေစီနည်းကျရွေးချယ်တင်မြောက်ခြင်း။ 4။ ခရိုင်အလုပ်မှုဆောင်အဖွဲ့ ပထမအကြိမ် အစည်းအဝေးကျင်းပကာ တာဝန်ခွဲဝေပေးခြင်း။ 5။ သတ်မှတ်ထားသော သဘာပတိအဖွဲဝင်များကို ရွေချယ်ခြင်း၊ ဖွဲ့စည်းတာဝန်ပေးခြင်း။ 6။ သတ်မှတ်ထားသော ပြည်နယ်ညီလာခံကိုယ်စားလှယ်(15)ဦးကို ရွေးချယ်ခြင်း။ 7။ အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌအသစ်က မိတ်ဆက်အမှာစကားပြောကြားခြင်း။ 8။ ကော်မရှင် ညီလာခံအောင်မြင်ရေး […]


လေအလွင့်မှာ လိုက်ကောက်ဖို့မလွယ်တဲ့… ဝတ်ရုံတစ်ထည်..ကျွန်တော်တို့ကို ပေးခြုံခဲ့တဲ့..ခင်ဗျားကို ကျေးဇူးအရမ်းတင်တယ်… နှစ်တွေဘယ်လောက်ကြာကြာ ခင်ဗျားရဲ့အသက်.. ကြီးမသွားတာကို.. ကျွန်တော်တို့တော့..အံ့ဩမိပါရဲ့.. ခင်ဗျားစိတ်ဆိုးတတ်ရင်စိတ်ဆိုးမိလိမ့်မယ်.. ကျွန်တော်တို့တွေထဲမှာ ခင်ဗျားလိုမျိုးတော်တဲ့သူ ရှာဖို့ခက်လိမ့်မယ်ဗျ… တောင်းပန်ပါတယ်ဗျာ.. ခင်ဗျားကို ကျွန်တော်တို့ ရင်မအေးနိုင်စေခဲ့ဘူး…. ခင်ဗျားကို ချီးကျူးဖို့နေနေသာ.. ခင်ဗျားကို အားနာနေတာ.. ခင်ဗျား က တော်ဝင်သဇင်ကို.. မြေပြင်မှာ စိုက်ခဲ့တဲ့သူ… ခင်ဗျား ပျိုးခဲ့တဲ့.. ပန်းတစ်ခင်းနဲ့.. ကျွန်တော်တို့ ဒီနေ့အထိ မွှေးနေခဲ့တာ ခင်ဗျားခင်းခဲ့တဲ့လမ်းနဲ့… ကျွန်တော်တို့ ဒီနေ့အထိလျှောက်နေခဲ့တာ.. ခင်ဗျာကျွေးခဲ့တဲ့.. ထမင်းတစ်လုတ်ကိုလေ… ကျွန်တော်တို့ အခုထိ ကျေညက်အောင် မဝါးစားတတ်သေးဘူးဗျာ…။    ။ မှတ်ချက်။     ။ကျွန်တော် က ဒီကဗျာမှာ  ခင်ဗျား တဲ့ စကားလုံးကို.. ချစ်စနိုးနဲ့  သုံးထားတာပါ


jmaungmgFebruary 15, 20131min08
ကျွန်တော်အကြောင်းပြောရရင်နာမည်ကအရင်စပြောမယ် နာမည်ကဂျူနီယာမောင်မောင် မွေးချင်းလေးယောက်ထဲမှာအငယ်ဆုံး အသက်ကတော့လေးဆယ်ရှိပြီ ရည်းစားလည်းမရှိဘူး မိန်းမလည်းမရှိဘူး ပိုက်ဆံလည်းမရှိဘူး ဘာဖြစ်လဲသေရင်ကိုယ့်နောက်ပါမှာကျနေတာပဲ ဒီလိုပဲပြောရတာပေါ့ဗျာ အရှက်ပြေ တကယ်တော့အသက်လေးဆယ်ဆိူတဲ့လူတယောက်မှာပိုင်ဆိုင်မူ့ တွေကတော်တော်ကိုများနေရမှာ ကျောင်းတက်တုံးက မှတ်မှတ်ရရကတော့လေးနှစ်လုံးမူးနေတာပဲ စာမေးပွဲလားအောင်တာပေါ့ ခိုးချတာကိုး ကျွန်တော်တယောက်ထဲတော့မဟုတ်ဘူး တနိုင်ငံလုံးခိုးဲကြတာ ဘာကြောင့်လဲဟုတ်လား စစ်အစိုးရတီတွင်လိုက်တဲ့အဝေးသင်ဆိုတဲ့ပညာရေးစနစ်ကြီးကြောင့်ပေါ့ ကျွန်တော်နောက်ဆုံးနှစ်ကဆို ဂုဏ်ထူတန်းတောင်ဝင်လိုက်သေး ဆက်မတက်တော့ပါဘူး ရှက်လို့ ဆက်တက်တဲ့လူထဲက အခုဆိုကျောင်းဆရာဖြစ်နေတဲ့လူတောင်ရှိတယ် ဘာမှမတက်ပဲဘယ်လိုများစာ ပြန်သင်နေလည်းတော့မသိဘူး အခုလက်ရှိလုပ်နေတဲ့အလုပ်က ကျောက်စိမ်းအရောင်း အဝယ်လုပ်တယ် အထင်မကြီးနဲ့ ကျွန်တော်လုပ်တာအောက်ကျောက်လေးတွေပါ အဆင်မပြေပါဘူးဗျာ ထမင်းတောင်အမေကျွေးထားလို့ မဟုတ်ရင်ငတ်သေတာကြာပြီ အမေကတော့ကျွန်တော့်ဘဝမှာတော်တော်အရေးပါတယ်ဗျ ဘာလို့လည်းဆိုတော့ကျွန်တောိတို့ငယ်ကတည်းက မီသားစုကိုပစ်ပြီးနောက်မိန်းမယူသွားတာ အမေကပဲကျွန်တော်တို့မောင်နှမတွေကို ကျွေးမွေး စောင့်ရှေက်ခဲ့တာ တော်ပါ ပြီအဖေအကြောင်းတော့မပြောချင်တော့ဘူး ပြောရရင်အံ့ဩကုန်နိူင်ဖွယ်ပဲ အခုလောလောဆယ်ဖြစ်ချင်နေတာကတော့ သဌေးဖြစ်ချင်တယ် ပိုက်ဆံလိုချင် တယ်ကျွန်တော်ဘဝမှာအရေးအကြီးဆုံးက အမေပဲ ဒုတိယကပိုက်ဆံ ခင်ဗျားတို့ရောပိုက်ဆံမလိုချင်ကြဘူးလား……….


padonmarFebruary 14, 20131min060
တိုက်တိုက်နဲ့ အုပ်အုပ်၊ ဆူးနဲ့ သူ၏ကိုကို၊ လုလင်နဲ့ ချစ်ချစ် ချာတူးလေးနဲ့ သူ၏မူပိုင်ရှင် အာဂ နဲ့ နွယ်ပင်၊ ဖက်ဖက်ကက်နဲ့ အငယ်လေး တုံတုံနဲ့ မောင်ကြေးအိုး၊ အပါအဝင် တူတူမလေးတွေရေ ဝါကျွတ်ကတည်းက ရွာထဲက အိမ်ထောင်ပြုမယ်လို့ သတင်းကြားတဲ့၊တစ်နေ့မှာ မျိုးဆက်သစ်မွေးထုတ်မယ့် တူတူမတွေကို (ဦးကျောက်၊မောင်ဂီ၊မောင်ပေ၊ရှုံးလူ၊အလက်ဆင်း၊မောင်အံ၊စိန်ဗိုက်၊မောင်မတ်၊ကရင်စည်သူ၊နီပေပါ၊ကမ်းကြီး တို့နဲ့ ဝေဝေ၊သကြားလုံးကြော်၊မယ်ဆွိ၊မယ်ပု၊မွန်မွန်၊မိုးဇက်၊ပန်ပန်၊ရွှေအိ၊ငြိမ်းငြိမ်း၊လကဗျာ၊ရွှေကြည်၊Wow တို့လည်း ပါပါတယ်) အန်တီသိတာလေး မျှဝေပေးမယ် စိတ်ကူးရင်း လက်နဲ့ ကီးဘုတ် မကပ်နိုင်တာရော၊ တစ်ခြား ရှေ့တန်းရောက်လာတဲ့ ရေးချင်စရာလေးတွေက နေရာယူသွားတာရောကြောင့် ဒီပို့စ်လေး မတင်နိုင်ဖြစ်နေပါတယ်။ ခုတော့ အကြွားသန်တဲ့ တိုက်တိုက် ကို ကွန်ကရစ် ကျူလိပ်ရှင်းရင်းနဲ့ သိမ်းထားရာက ဖုန်ခါ ထုတ်လိုက်ပါပြီ။ အခုရေးမယ့် ပို့စ်လေးက ဓမ္မဒူတဆရာတော် အရှင် ဆေကိန္ဒရဲ့ ဘဝဖြောင့်ကြောင်း […]


ဇီဇီFebruary 14, 20131min021
  ဟိုဘက် ရွာမှာ ရောင်းတာ ဘယ်သူမှ ဝယ်မဲ့သူမရှိလို့ပါ။ ဒီနေ့အမှီ အမြန်ရောင်းချင်ပါတယ်။ ဒီရွာထဲမှာ ကျုပ်မောင်လေး လာရောင်းချင်လိုု့ပါခင်ညာ။ ဘယ်လင်တိုုင်းမှာ ကောင်မလေးမရှိလိုု့ ညစ်နေရှာတာပါ။ အပျိုလေးများ အားပေးကြပါ။ ပွေတယ်။ ရှုုပ်တယ်။ စိတ်ပုုပ်တယ်။ စိတ်ဖောက်ပြန်တတ်ပါတယ်။ အပြောလည်း ဆိုုးပါတယ်။ အရက်သောက်တယ်။ ဆေးလိပ်သောက်တယ်။ ဖဲလည်း ရိုက်ပါတယ်။ အမြန်ဝယ်ကြပါ။  $1 ကနေ 10 cent ထိ discount ပေးထားပါတယ်။ ဝယ်ကြပါ။  ဟော ဒီ က မောင် လေး ရောင်း တယ်။။ အစောဆုံးဝယ်သူအတွက် Buy One Get One Free  အစီအစဉ်လည်းရှိပါတယ်။    ပုံက အင်တာနက်က ရှာထားတာပါ။ အနော့ မောင်ဂလေးက ဒီထက်ပို […]