မြို့ရွာလမ်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သံတွဲမြို့နယ်စည်ပင်သာယာမှ AE ဖြစ်သူ ဦးသန်းလွင်မှ ဦးဆောင်လုပ်ကိုင်ခဲ့ရာ 1။ တံတားပြုပြင်ဆောင်ရွက်ခြင်း။ တံတားများပြုပြင်ဆောင်ရွက်ရာတွင် (၁) နှစ်မျှသာခံခြင်း(သုံးစွဲလို့ရခြင်း) 2။ ရပ်ကွက်များရှိရေကန်များတည်ဆောက်ခြင်း အမှတ်(၄)ရပ်ကွက်သမုတ်ချောင်းရွာအလယ်တွင်တည်ဆောက်ထားသောရေကန် ကွဲသွားခြင်း၊ယခုအချိန်ထိပြန်လည်ပြုပြင်ပေးမှုမရှိခြင်း၊၎င်းရေကန်မှာ (၁) နှစ်ခန့်သာ သုံးစွဲခဲ့ရပြီးပျက်စီးသွားခြင်း။ 3။ ရေပေးဝေရေးပိုက်များအသစ်လဲလှယ်ခြင်း။ ရေပေးဝေရေးပိုက် 6 လက်မပိုက်အသစ်လဲလှယ်ရန် ငွေကျပ်(50)သိန်း ချပေးခဲ့သော်လည်း နိုင်ငံခြားပိုက်များကိုသုံးစွဲခြင်းမရှိဘဲ ဈေးနှုန်းသက်သာသည့် မိလ္လာသုံး ပိုက်များကိုသာသုံးစွဲထားရှိခြင်းတို့ကြောင့် ရေပိုက်များမကြာခဏကွဲခြင်း ၊ ရေပေးဝေနေစဉ်ပွင့်ထွက်သွားခြင်းများဖြစ်နေပြီး ၎င်းကိစ္စများကိုယနေ့ထိပြန်လည်မွန်းမံဆောင် ရွက်ခြင်းမရှိသဖြင့် အများပြည်သူရေအခက်အခဲကြုံတွေ့လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ AE ဦးသန်းလွင်အား ထိရောက်စွာအရေးယူပေးပါရန်နှင့်အမြန်ဆုံးပြန်လည်ဆောင်ရွက်ပေးပါရန် တာဝန်ရှိသူများအား အသိပေးတိုင်ကြားအပ်ပါသည်။ မြင်တွေ့နေရသူများ
