စိတ်ပျက်စေတဲ့သူ..

အရောင်းဝန်ထမ်းလေးပါ…
အပြောချိုပြီး..အပြုံးလည်းလှရပါတယ်…

ဖောက်သည် သာ အမှန်…(customers is always right)
ဆိုလားပဲ.. ဖောက်သည် ကျေနပ်အောင် လုပ်ပေးဖို့က ကိုယ့်တာဝန်လေ…

တစ်ခါတစ်ခါ ကြုံရတဲ့.. ဖောက်သည်တွေဟာ အရမ်းကို ရိုင်းပါတယ်…
ပိုက်ဆံ ရှိရင် ပြီးရော.. တစ်ချို့က ရာထူးကြီးရင်ပြီးရော ဆိုပြီး စကားကို..
အဆင့်အတန်းနဲ့မလိုက်အောင် ကို တစ်ဖက်သတ်ပြောဆိုတတ်ကြပါတယ်..

ဒါက အသေးအဖွဲ လေးပါ.. ကျွန်တော်ကြုံတွေ့ရတဲ့.. အခက်အခဲ တွေက မနည်းလှပေါ့..
လုပ်ငန်းခွင်ထဲမှာလဲ.. ကလေးစိတ်နဲ့.. လူကြီးလုပ်နေတဲ့.. အစ်မတစ်ယောက်ရှိတယ်..
သူနဲ့ ပတ်သက်ပြီးပြောစရာကတော့ ကုန်မယ်မထင်…
အဲတော့ မပြောတော့ တာပဲကောင်းမယ်…
အလုပ်အကိုင်ကောင်းကောင်းလေးများရှိရင် သိချင်ပါကြောင်း…

4 comments

  • padonmar

    February 17, 2013 at 11:38 pm

    အလုပ်အကိုင်ကောင်းကောင်းဆိုတာ ဘာကိုခေါ်ပါသလဲ။
    ဘာမှ မလုပ်ရင် ဘာမှမဖြစ်ပါ။
    အစုရှိရင် အမှုရှိပါတယ်။ ဘယ်နေရာသွားလုပ်လုပ် ပြဿနာဆိုတာကတော့ရှိမှာပါပဲ။
    အဲတော့ အခုလက်ရှိအချိန်ဟာ အကောင်းဆုံးပါ။
    ခုလုပ်နေတဲ့ အလုပ်မှာ အကောင်းဆုံး အစွမ်းပြလိုက်ပါအုံး။
    ပြီးမှ ပိုပြီးအခွင့်အရေးသာတဲ့ နေရာရှိရင် ပြောပြပြီး ပြောင်းပေါ့။
    အဲဒီအခါ အခုအလုပ်က မထွက်ပါနဲ့တောင် တားယူရပါလိမ့်မယ်။

    Reply

    • မောင်တင့် တယ်

      February 18, 2013 at 5:43 pm

      အဲဗျ… အဲ့ဒီ့ သဘောကိုလည်း နားလည်သိရှိပြီးထားကြောင်းပါခင်ဗျ….
      ယခု လည်းကြိုးစားနေတုန်းပါခင်ဗျ…ကြိုးစားဆဲ ပါ ခင်ဗျ..
      ပြီးတော့…မာင်ငယ် အတွက် အလုပ်အကိုင်ကောင်းကောင်းဆိုတာ..
      စိတ်ချမ်းသာစွာနဲ့… အသက်မွေးဝမ်းကြောင်းပြုရခြင်းကိုသာ..
      ဆိုလိုပါကြောင်း..( Note။ ။ For Only မောင်တင့်တယ်)

      Reply

  • Foreign Resident

    February 18, 2013 at 11:19 am

    သည်းမခံနိုင်တဲ့သူ ၊
    လူ့အောက်မကျို့နိုင်တဲ့သူအတွက် ၊
    အလုပ် ကောင်းကောင်း ဆိုတာ ၊
    အဘ တစ်သက် မမြင်ခဲ့မိပါဘူးကွယ် ။

    Reply

    • မောင်တင့် တယ်

      February 18, 2013 at 5:38 pm

      အဘ ရယ် သည်း ခံတတ်ဖို့ ကတော့..
      ရန်ကုန်မြို့က ကားလမ်းတွေနဲ့..မီး ပွိုင့် တွေက..
      ကျွန်တော့်ကို ကောင်းကောင်း လေ့ကျင့်ပေးပြီးသားဗျ.. အဟဲ…
      သားက အကူအညီ တောင်းမိတာပါဗျာ…
      အကြံဉာဏ် တောင်းတာ မဟုတ်ရပါ.. ငြိုငြင်တာလည်း မဟုတ်ကြောင်းပါဟု..
      လျှောက်တင်အပ်ပါကြောင်း…

      Reply

Leave a Reply

Your email address will not be published.