ရွှေ ကြည်February 13, 20134min032
ဟုတ်ကဲ့ အားလုံးပဲမင်္ဂလာပါနော။ မိရွှေကြည်တယောက်ဒီတရုတ်နှစ်ကူးမှာ မြန်မာပြည်လည်းမပြန်ရ၊ မလေးသွားလည်ဖို့လည်းဗီဇာကမမှီတော့ ပိတ်ရက်ကလည်းရက်ရှည်ဆိုတော့ တော်တော်လေးစိတ်ကသိကအောက်ဖြစ်နေတာပေါ့။ အဲဒီအချိန်မှာသူငယ်ချင်းက တနင်္ဂနွေနေ့ Sentosa လိုက်ပို့မယ် တနင်္လာ အင်ဒိုနီးရှားကနယ်စပ်ကျွန်း Batam ကိုသွားကြမယ်တဲ့။ ဘာပြောကောင်းမလဲစလုံးမြေကလွတ်ချင်နေတဲ့ မိရွှေကြည်တယောက် ကောက်ကောက်ပါအောင်လိုက်တော့တာပေါ့။ အတူသွားမယ့်အစ်ကလည်း တခြားနိုင်ငံခရီးအတွေ့အကြုံတော့ရှိတယ်။ အဲဒိကျွန်းဘက်တော့မရောက်ဘူးသေးဘူးတဲ့ သူလည်းစိတ် ဝင်စားတယ်ပေါ့ အခြေအနေအရ နေ့ချင်းပြန်စီစဉ်လိုက်တယ် အွန်လိုင်းကနေဒေတာရှာပြီးသွားကြပါလေရော။ အခုကစပြီး ဓါတ်ပုံလေးများနဲ့ရှင်းပြပါ့မယ် ဖြစ်ပုံကဒီလိုပါတဲ့ရှင်……။   အထက်ပါပုံကတော့ Vivo City က ဆိုက်ရောက်ဂိတ်ပါပဲ ဘုတ်ထွက်ချိန်စောင့်ရင်းရိုက်ထားတာပါ။ ဘုတ်လက်မှတ်ကို အဲဒိစင်တာမှာပဲဝယ် ငွေကိုလည်း အဲဒိမှာပဲလဲလို့ရပါတယ် စင်းတစ်ဒေါ်လာကို ရူပီး ၇၅၅ဝ ပါတဲ့။ သိ်န်းသုံးဆယ်လောက်ပိုက်ပြီး အင်ဒိုနီးရှား batam ကို ခြေဆန့်ပါတော့မယ်ပေါ့။ ဘုတ်အချိန်က မနက် ၈ နာရီလောက်တန်းစီပေမယ့် ၁ဝ နာရီ […]


ဇီဇီFebruary 13, 20133min037
နတ်မောက်… မင်းဘာမှထပ်မလုပ်နဲ့ ထိန်လင်းကိုငါတို့ဆီပေးပြီးကတည်းက ဆယ်ကမာ္ဘစာလောက်တာဝန်ကျေပြီ။ ခင်ကြည်… ညည်းယောက်ျားကိုသေချာကြည့်ထား သမီးကလေး ခမည်းပေးဖို့ ရွှေကလေးတစ်ပဲတစ်မူးတောင် အမေအိုဆီ လက်ဖြန့်တဲ့လူသား။ နိုင်ငံခေါင်းဆောင်ငမွဲကို ညည်းစိတ်ပျက်ချင်ပျက် သမိုင်းက စိတ်မပျက်စေနဲ့။ ဗိုလ်ထွန်းလှ… ခင်ဗျားဆရာကို ကြည့်ပြောဦး လမ်းဘေးမှာ အကြော်ဝင်ဝင်စားနေတာ နှောင်းလူတွေသိရင် မျက်နှာမထားတတ်အောင်ရှက်နေရှာဦးမယ်။ ဆရာတော်ဦးသောဘိတ…. ဒီတစ်ခါကြမ်းတမ်းမိလို့ ဒီကလေးကို မရိုက်ပါနဲ့ ရရင်ရ မရရင်ချ ဆိုတာ ကျွန်တော်တို့အတွက်ပါဘုရား။ ဦးဘဝင်း.. ခင်ဗျား ညီအငယ်ဆုံးလေးကို ခွင့်လွှတ်လိုက်ပါ။ သူပြောခိုင်းတဲ့ ရည်းစားစကား ပြောပေးလိုက်ပါ။ စစ်သားကြီးအသည်းက ဆေးရုံပေါ်မှာကျန်ခဲ့ရင် ကျွန်တော်တို့ပဲ နစ်နာကြမှာ။ ရဲဘော်ကျော်စိန်…. ခင်ဗျားကားမောင်းရင် သတိကို ငယ်ထိပ်မှာကပ်ထား ခင်ဗျားတင်မောင်းလာတာ ကျွန်တော်တို့ အတိတ်ကြီး/ပစ္စုပ္ပန်ကြီး/အနာဂတ်ကြီး။ ဟေ့လူ…ပလေဒီယံရုပ်ရှင်ရုံမန်နေဂျာ.. သူ့ဟာသူ ငါးမူးတန်းက ကြည့်ကြည့် ၊ တစ်မတ်တန်းက ကြည့်ကြည့် […]


Linn LettFebruary 12, 20131min04
ညီအစ်ကိုမောင်နှမများအားလုံးပဲခင်ဗျ၊ ကျွန်တော် ဝက်ဘ်ဆိုက်ဒ်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်၊ အထူးသဖြင့် ဘောလုံးပွဲတွေကိုရူးရူးမူးမူးအားပေးတဲ့သူတွေအတွက်ပါ။ ၁။ http://www.facebook.com/pages/Easy-Money-1X2/254328191300322 ဒီဆိုက်ဒ်ကတော့ သေချာတဲ့ပွဲတွေကိုရောင်းတဲ့ဆိုက်ဒ်ပါ၊ ဒါပေမဲ့ တစ်ခါတစ်လေမှာအလကားပေးတတ်ပြီး အခုညတောင်အလကားပေးဖို့အစီအစဉ်ရှိနေပါတယ်။ ဒါပေမဲ့ သူတို့သတ်မှတ်ထားတဲ့ Fan 12400 ပြည့်မှဖြစ်မှာဖြစ်ပါတယ်။ အရမ်းသေချာတဲ့ပွဲတွေကိုထုတ်ပေးတဲ့ဝက်ဘ်ဆိုက်ဒ်ပါ။ အမြန်ဆုံးဝင်ရောက်ပြီး စာမျက်နှာကို like လုပ်လိုက်ကြပါတော့ခင်ဗျာ။ 🙂


phone_kyawFebruary 12, 20131min012
နိုင်ငံခြားရောက် မြန်မာပညာရှင်တွေဆီကနေ အကူအညီတောင်းတယ်။ သူတို ့က အဲဒိနိုင်ငံသားခံယူထားလို ့ မြန်မာပြည်မှာ လွှတ်တော်အမတ်မပြောနဲ ့နိုင်ငံသားတောင်ဖြစ်ပိုင်ခွင့်မရှိဘူး။ နေပါအုံးဗျ…ခင်ဗျားတို ့လိုချင်တော့ သူများရဲ ့အကူအညီတောင်းတယ်။ ယူတယ်။ ခင်ဗျားတို ့ရဲ ့နေရာလေးဖယ်ပေးရမှာတော့ အင်မတန်ကြောက်တဲ့လူတွေ။ တရားလား မတရားလားဆိုတာလည်း ပြန်စဉ်းစားကြပါအုံး။ ဖြစ်သင့်တာက သူများနိုင်ငံတွေလို နှစ်နိုင်ငံသားခံယူပိုင်ခွင့်ပေးရမှာ။ မြန်မာပြည်ကနေ ထွက်သွားတဲ့ လူတွေက သန်းချီပြီရှိတော့ ဒီလူတွေဟာ တိုင်းပြည်အတွက် အသုံးမဝင်တော့ဘူးလား။ နိုင်ငံခြားသားအဖြစ်ခံယူလို ့မြန်မာပြည်နဲ ့လူထုကို ဘယ်သူမှ သစ္စာမဖောက်ဘူး။ အားလုံးက ငပိနံ ့ကင်းတဲ့လူတွေမဟုတ်ဘူး။ ဒါကို လူတိုင်း သဘောထားကြီးကြီးထားပေးဖို ့လိုတယ်။ အခုတော့ သူတို ့ကပဲ တိုင်းပြည်ကို ချစ်သလိုမျိူး။ စောက်တလွဲ။ တချို ့သော နိုင်ငံခြားရောက် မြန်မာတွေ နိုင်ငံခြားမှာ […]


talking.boy.25 talking.boy.25February 11, 20131min017
မရမ်းကုန်းမြို့နယ် ဘုရင်နှောင် ပွဲရုံဝင်းအတွင်းရှိ အနှိပ်ခန်း အမည်ခံ ပြည့်တန်ဆာခန်းများ  အား  ထိရောက်စွာ အရေးယူဆောင်ရွက်ရှင်းလင်းပေးပါရန်တိုင်ကြားခြင်း.။   ။   ။ ကျွန်တာ်များ၏ ရန်ကုန်တိုင်း  ၊ ဘုရင့်နှောင် ပွဲရုံတန်းအတွင်းတွင် အနှိပ်ခန်း အမည်ခံ၍ ပြည်တန်ဆာ အခန်းများအများအပြားဖွင့်လှစ်ထားရှိလျှက်ရှိနေသည်ကိုတွေ့ရှိရပါသည်။ ထို ပြည့်တန်ဆာခန်းများတွင် ဆင်းရဲနွမ်းပါးသော မိန်မပျိုလေးများ၊တိုင်းရင်းသား လူမျိုးစုံမိန်းမပျိုလေးများအား စည်းရုံးသိမ်းသွင်း၍ ပြည့်တန်ဆာအမူကိစ္စများအားဆောင်ရွက်စေပြီး ငွေရှာ ဂုတ်သွေးစုတ် စေခိုင်းနေသော  မာဆက် (spa) အမည်ခံ  ပြည့်တန်ဆာခန်းများကို အမြန်ဆုံးဖယ်ရှားပေးစေချင်ပါသည်။ ပွဲရုံတန်းအတွင်းနေထိုင်သော တခြားသော ကုန်သည်မိသားစုများ၊ကျနော်များ၏ မိသားစု သားပျို သမီးပျိုများအတွက်ရင်လေးဖွယ်ရာ စိုးရိမ်မိရသည်..။ ယင်းမာလမ်း၊ယုဇနလမ်း ၊စိန်ပန်းလမ်း၊ခရေလမ်းနှင့် ကံကော်လမ်းသွယ်၊လမ်းမကြီးပေါ်တွင်မှာပါမကျန်  ဖွင့်လှစ်လျှက်ရှိသော  ထိုပြည့်တန်ဆာခန်းများတွင်  ထားရှိသော ဧည့်ကြို (waiter )ခေါ် လူငယ်များသည် မင်းမဲ့စရိုက်ဆန်ဆန်   ညဉ့်ဦးမှစ ၍  […]


ဦးသုFebruary 11, 20131min09
ပွဲကျောင်းသိုင်းပညာဆိုတာနဲ့ မြန်မာတွေ တော်တေ်ာများများသိထားကြတာက ပုဂံခေတ် အရည်းကြီးတွေရဲ့ပညာလို့မြင်ကြပါတယ်။ ပုဂံခေတ် ပန်းဦးဆက်သရတဲ့ အရည်းကြီးတွေ အကြောင်းကိုပဲ လူတွေ မျက်စိထဲမြင်ကြမှာပါ။ ထို သမိုင်းမှားအတွက် ပွဲကျောင်းသားတစ်ဦးဖြစ်တဲ့ ကျွန်တော်မှာ ရှင်းလင်းဖို့ တာဝန်ရှိလာပါတယ်။ ပုဂံခေတ်မှာ အရည်ကြီးဆိုတဲ့အကြောင်းအရာရှိခဲ့တယ်ဆိုတာကို ကျောက်စာ၊ မင်စာ၊ အုတ်ခွက်စာ အစရှိတဲ့ ငြင်းပယ်လို့မရတဲ့ သမိုင်းသက်သေမရှိပါဘူး။ ပုဂံတစ်မြို့လုံးမှာလည်း ဂါမဝါသီပွဲကျောင်း အဆောက်အဦးနဲ့တူတာ တစ်ခုမှ တူးဖော်လို့မရရှိသေးပါဘူး။ အဲဒါကြောင့် သမိုင်းပညာရှင်က ပုဂံခေတ်မှာ အရည်ကြီးဆိုတာမရှိပါဘူး ရှိရင် သက်သေပြပါလို့ ပြောခဲ့ပါတယ်။ သမိုင်း မှတ်တမ်းများ အရ အရည်းကြီးဆိုတာ မရှိသလို ပွဲကျောင်းသိုင်းပညာကို တကယ်သင်ယူ ဖူးသူ အားလုံးဟာ တကယ့် ပွဲကျောင်းပညာရပ်ဟာ စာအုပ်ထဲက စိတ်ကူးယဉ်ပွဲကျောင်းပညာလို မဟုတ်ဘူးဆိုတာ သဘောပေါက်သွားကြပါတယ်။ မီးလှုံ၊ ရေငုပ်၊ ဇယ်ခတ်၊ […]


Kyaw Nyo ThwayFebruary 11, 20131min04
၂၀၀၂-၂၀၀၃   ကြည်နူးရိပ် ကဖေး ဆိုတာ ရှိတယ်။ ဒီကစောင့်နေသူ ရှိတယ်။ နေပူပူ ဖယ်ရီကွင်းကြီး ရှိတယ်။ မလေးရှား ပိတောက်တွေ ရှိတယ်။ အဝေးရောက် ဘွဲ့ လျှောက်လွှာရှိတယ်။ မေဂျာပြောင်း ဖောင်တွေ ရှိတယ်။ ဆယ်တန်းဂိုက်ပြန်လုပ်နေတဲ့ ရင်ဖုံးအင်္ကျ ီလေး ရှိတယ်။ ငေးကြည့်ရတဲ့ ပတ်သက်မှု ရှိတယ်။ စိုးမြင့်ကြော်ရှိတယ်။ ဘားမားဦးထုပ်ဆောင်းရှိတယ်။ ရော့ခ်သီချင်း ဆိုတဲ့ ကင်န်တင်းရှိတယ်။ လမ်းမပေါ် ကျကျန်ခဲ့တဲ့ ပေတံလေးတစ်ချောင်းရှိတယ်။ ရောင်စုံဓါတ်ပုံဆိုင်ရှိတယ်။ ဂျိုကာဖြစ်ရင်နိုင်ပြီ ဆိုတဲ့ ကားသမားတွေ ရှိတယ်။ ကဗျာတူ မေဂျာကွဲ တွေ ရှိတယ်။ သီချင်းတူ ပုလင်းတူ တွေရှိတယ်။ ဝိုင်အရက်ပြင်းပြင်း လို ရက်ပ် သီချင်းတွေ ဆိုတဲ့အခါ ထထ ပွင့်တတ်တဲ့ ပေါက်ပန်းဖြူဖြူတွေရှိတယ်။ […]


johnnydeerFebruary 11, 20131min012
(1)အရင်တစ်နှစ်လောက်တုန်းကပေါ့…ဟိုတယ်ကို လူ ငါးယောက် တစ်ဖွဲ့လာတည်းတယ်…မှတ်ပုံတင်က သုံးခုပဲပေးတယ်…နှစ်ရက်လောက်တည်းပြီးတော့ Check Out လုပ်တယ်…ဘာပြသနာ တက်လဲဆိုတော့ သူတို့ပေးထားတာ မှတ်ပုံတင်က လေးခုပါတဲ့ ဇွတ်ငြင်းတယ်…ရီဆက်ရှင်တွေကလဲ သုံးခုပဲပေးကြောင်း…ဘယ်လိုမှပျောက်စရာမရှိကြောင်း… သူတို့ကလဲ လေးခုပေးထားကြောင်း…ဘယ်လိုတာဝန်ယူဖြေရှင်းပေးမလဲ…ငြင်းခုန်ကြရင်း နံနက် ၈ နာရီက နေ ၁၂ နာရီထိုးတဲ့ အထိ ဒီပြသနာကို ရှင်းလို့လုံးဝမရဘူး…ည ဂျုတီသမားတွေလဲ နေ့လည် မွန်းတည့်ချိန်ထိ အိမ်မပြန်ရသေး…ဧည့်သည်တွေကလဲ ဒီမှတ်ပုံတင် မရလို့ကတော့ လုံးဝမပြန်ဘူးဆိုကြောင်း ဒေါသတကြီး ဇွတ် ပြောဆို… ကိုင်း..ဘယ့်နှယ်လုပ်ကြမလဲ…စဉ်းစား…စဉ်းစား…နောက်ဆုံး..ကြံရာမရ…သူတို့ Check Out လုပ်ထားတဲ့ အခန်းတွေကို သူတို့ ခေါ်ပြီး တတိယတစ်ကြိမ် သေချာပြန်စစ် ဆိုပြီး ခိုင်းလိုက်မှ…ရှေ့ကလဲ နှစ်ကြိမ် စစ်ပြီးသား…သူတို့ မှတ်ပုံတင်က ကုတင်ကြားထဲကျ ပြီးကုတင်နဲ့နံရံနဲ့ကြားညှပ်နေပါလား…အဲ့ဒီတော့မှ ဆော်ရီးနော် ဆိုပြီး အလောတကြီး ထွက်သွားကြလေရဲ့…တမနက်ခင်းလုံး […]


moegyiFebruary 10, 20131min0
ပြည်သူလွတ်တော် ဥက္ကဌ သူရဦးရွေမန်းနှင့် အဖွဲ့သည် ယနေ့ ကချင်ပြည်နယ်ကို သွားရောက်ပြီး စစ်ဘေးရှောင် ကယ်ဆယ်ရေး စခန်းများနှင့် ဒေသခံပြည်သူများကို တွေ့ဆုံခဲ့ပါသည်။ တိုင်းပြည်အတွက် အရေးပါသော ခရီးစဉ်လို့ ယူဆပါသည်။ လွန်ခဲ့သော အပတ်က ပြည်သူလွတ်တော်ဥက္ကဌဟာ ကချင်ငြိမ်းချမ်းရေး အတွက် ကမ်းလှမ်းလာမည် ဆိုလျှင် လက်ခံဖို့ ပြောကြားပြီးနောက် ပထမဆုံး ခရီးစဉ်ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကချင်ငြိမ်းချမ်းရေး အတွက် လုပ်ဆောင်မယ် လို့ပြောကြားထားပါသည်။ ဒေါ်အောင်ဆန်းစုကြည်ပါ ပါဝင်လာမည်ဆိုလျှင် ကချင်ပြည်နယ် မကြာသောကာလမှာ ငြိမ်းချမ်းလာတော့မယ်ဟု ထင်မြင်ယူဆပါသည်။ kio/kia အဖွဲ့ဟာ ငြိမ်းချမ်းရေးအတွက် နောက်ဆုံးကျန်နေတဲ့ လက်နက်ကိုင်အဖွဲ့စည်း တစ်ခုဖြစ်ပါသည်။ နှစ်ဖက်အဖွဲ့စည်းတွေဟာ တိုင်းပြည်ကောင်းစားရေးအတွက် အတ္တတွေကို ချပြီး တူတာတွေကို ညှိနှိုင်းကြမည်ဆိုလျှင် ငြိမ်းချမ်းရေးအတွက် အမှန်တကယ် အဆင်ပြေနိုင်ပါသည်။ တိုက်ပွဲတွေဖြစ်နေတာဟာ အဓိကတော့ […]


koyin sithuFebruary 10, 20131min04
သင်္ဘောက ထိုင်ဝမ် ရေလက်ကြားဝင်တာနဲ့စင်္ကာပူ အီကွေတာရာသီဥတုကနေ တစ် မဟုတ်ခြင်းအေးစက်တဲ့ ၊ထိုင်းမှိုင်းတဲ့ ၊စွတ်စိုတဲ့ မနေသာတဲ့ရာသီ ဥတုကိုပြောင်းသွားသည်။ သင်္ဘောသားတွေ အလုပ် လုပ် ရခက်လာကြတော့ငယ်ငယ်ကြီးကြီး ကိုယ့် ခလေးတွေ လိုပဲ (ဖိလစ်ပီနိုတွေ၊ ကုလားလေးတွေ၊ တရုတ်လေးတေ၊ွ မြန်မာတွေ ဥရောပသားတွေ ) ကို သတိရှိကြဘို့ ခြေချော်လက်ချော်၊ ချော်လဲ တာ ပြုတ်ကျတာ ထိခိုက် ဒဏ်ရာရတာတွေ မရှိရ အောင် ကြုံတိုင်း သတိပေး ရင်းနဲ့ဘဲ တရုတ် ပြည် က (Xiamen) ဆိုတဲ့ဆိပ် ကမ်းကို ဖေဖေါ်ဝါရီလ ၆ရက်နေ့ ညက ဝင်တယ် ရရက် နေ့ မနက် အစောကြီးပြသနာ ကင်းကင်းရှင်းရှင်းနဲ့ ပြန် ထွက်လာတော့ သင်္ဘောသားတွေ အားလုံး […]


phone_kyawFebruary 10, 20131min019
လာလိုက်တဲ့အလှူခံတွေဗျာ။ နဲတာမဟုတ်ဘူး။ အိမ်မှာ ဆန် တစ်ခွက်ကို အမြဲဆောင်ထားရတယ်။ ပုိုက်ဆံငါးဆယ်တန်တွေကို ခွက်ထဲမှာ ထည့်ထားရတယ်။ ဘုန်းကြီးက ဆွမ်းခံတယ်။ တချို ့ဘုန်းကြီးတွေကိုရင် ပိုက်ဆံအလှူခံတယ်။ မယ်သီလရှင်က ဆန်တောင်းတယ်။ တစ်ပါတည်းမဟုတ်ဘူးနော်။ တစ်ယောက်တည်းလည်း မဟုတ်ဘူး။ တစ်ရက်မှာ အနဲဆုံး ၁ဝ ယောက်ကျော်တယ်။ ရက်ကွက်ထဲမှာ လမ်းပြင်၊ လမ်းဖာတာလည်း မလွတ်ဘူး။ လှူရပြန်တယ်။ နေ ့တိုင်း ဒီလိုလူတွေက အနဲဆုံးဆယ်ယောက်အထက်မှာရှိတော့ ဘယ်လောက်ကုန်မလဲဆိုတာ တွက်ကြည့်။ အဲဒါက ထွက်ငွေ။ ဝင်ငွေကတော့ သိတဲ့အတိုင်းပဲ။ မလှူပြန်ရင်လည်း သူတို ့ကစိတ်ဆိုးသေးတယ်။ ပါးစပ်ကတော့ မဟြေဘူး။ မျက်နှာမှာ အထင်သားပေါ်လွင်နေတော့ မြင်ရတာ ရုပ်အတော်ဆိုးတာပဲ။ လှူပြန်ရင် ဆုတွေကပေးတာ နဲတာမဟုတ်ဘူး။ မလှူတော့ မပေးဘူးဗျာ။ ရှင်းရော။ သူတို ့ပဲကြောက်ရတော့မလိုပဲ။ […]


DEPARKO DEPARKOFebruary 10, 20131min0
ကျွန်တော်ငယ်စဉ်က မိဘတာဝန်ကျရာမြို့တွေမှာ လိုက်ပါရင်း နယ်မြို့များမှာသင်္ကြန်ကျခဲ့တာ များပြီး အေးချမ်းပြီးရိုးသားသော တိုင်းရင်းသားများနှင့်ရေကစားခဲ့ရလို့ သင်္ကြန်ဆိုတာ မုန့်လိုက်စားရင်း ပျော်ရွှင်ဘွယ်ရာရက်များအဖြစ် အမှတ်ရစရာများခဲ့ပါတယ်။ နယ်မြို့များရဲ့သဘာဝ အလှူအတန်းပေါများပြီး ရေကစားရာမှာလည်း ရိုးသား အေးချမ်း ညင်သာလှသမို့ ကျွန်တော့်ရဲ့ငယ်ဘဝ(မိုးကုတ်မြို့၊မြစ်ကြီးနားမြို့)တိုင်းရင်းသား သူငယ်ချင်းများနဲ့ ရေကစားဘို့ မြို့အနှံ့ လျှောက်လည်ခဲ့တာတွေအခုထိအမှတ်ရဆဲပါ။ ၁၉၇၉မှာ ကျွန်တော်ရန်ကုန်ပြန်ရောက်ပြီး စိန့်ဂျွမ်းကျောင်း(လမ်းမတော်အထက ၁ )မှာ နဝမတန်းတက်ရတယ် နွေရာသီ ကျောင်းပိတ်ရက်လည်းရောက်ရော အဲဒီမှာတင် ရန်ကုန်သင်္ကြန်ဆိုတာကြီးကို စပြီးကြုံရတယ် ။ဂျစ်ကားတွေ အမိုးဖွင့်ကားတွေနဲ့ မိန်းမ ယောက်ကျား ရောထွေးယှက်လို့ အော်ချင်တာအော် ကားတစ်စီးနဲ့တစ်စီးအပြိုင်မောင်းလိုမောင်း တစ်ဘက်နဲ့ တစ်ဘက် မခံချင်အောင်စ ရန်ဖြစ် ရိုက်ကြနှက်ကြနဲ့ အဲဒီခေတ်က လမ်းသူရဲတွေ မင်းမူတဲ့ခေတ်ဆိုတော့ ကျွန်တော်သင်္ကြန်ကို မလည်ဖြစ်ခဲ့တာများပါတယ် ကျွန်တော့်ညီတွေလည်တဲ့ တစ်ရက် ဂျစ်ကားနဲ့တစ်ရက်ဆိုသလောက်လည်ခဲ့ဘူးပါတယ် ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ ပါလာတဲ့ […]

dfdfdfssddddd.jpg

ပြုံးပါ… 😉   အပြုံးဟာ လူရဲ့ မျက်နှာနဲ့..အလိုက်ဖက်ဆုံးဖြစ်သလို.. ကျန်းမာရေးအတွက်လည်း.. အထောက်အကူပြုပါတယ်.. နောက်.. မနက်စောစောနေရောင်ခြည်ဖျော့ဖျော့ကို ခံယူပါ…. အတွေးအခေါ်တွေ..သစ်လွင်နေဖို့.. တက်ကြွတဲ့ အရောင်တွေကို မိမိ ရဲ့.. အသုံးအဆောင်တွေမှာ… ပါဝင်နေပါစေ… အဓိက ကတော့… လူတိုင်း.. ပြုံးပါ.. ပြုံးရင်ဘာဖြစ်မှာလဲ.. ဆိုတာ သိ ရအောင်.. အရင် ပြုံးကြည့်လိုက်ပါနော်… Everybody Smile..