ဧည့်သည် … ဧည့်သည် ဟာ ဧည့်သည်လို နေ ပါ… အိမ်ရှင်ကို မစော်ကားပါးနဲ့… ဧည့်သည်.. ဧည့်သည် ဟာ အိမ်ရှင်ကို သိတတ်ပါ.. အရိပ်လည်းနေ.. အခက်လည်းချိုး… အိမ်ရှင်ကို အရိုးချိုး .. အိမ်ရှင်ကို ဂုတ်သွေးစုပ် ဖို့ မကြိုးစားပါနဲ့.. ဧည့်သည်.. အိမ်ရှင်က ထမင်းခူးကျွေးရင်..ပန်ကန်တော့ဆေးပါ.. လူပါးဝ တတ်ရင် ကိုယ့် အိမ်ကိုယ်နေပါ.. သူများအိမ်မှာ ခြေဆန့်လှဲ ဖို့ အရည်အချင်းရှိမှ.. အိမ်လည် လာပါ.. ဧည့်သည်.. ဧည့်သည်ဟာ အိမ်ရှင် မဟုတ်ပါဘူး… အိမ်ရှင် ခွင့်ပြုမှ..ဧည့်သည် အဖြစ်နေရမှာပါ.. ဧည့်သည်..ဟာ ဧည့်သည် လို မနေ ရင်.. ဧည့်သည်လို မပြုမူရင်.. အိမ်ရှင်ကလည်း ဧည့်သည်လို ဆက်ဆံမှာမဟုတ်ပါဘူး.. အိမ်ရှင်တိုင်းဟာ ဧည့်သည် […]


အခုတလော Website တွေအပြင် Gmail , facebook account တွေပါ hacking လုပ်ခံရတာတွေ များလာတာ တွေ့နေရပါတယ်.. မကြာသေးခင်က နာမည်ကြီး ဂျာနယ်တစ်စောင်ရဲ့ facebook account အဟက် ခံလိုက်ရပါတယ်.. Gmail ကနေဝင်ပြီး ဟက်သွားတယ်လို့ ထင်ပါတယ်.. ဆက်ပြီးတော့လဲ နာမည်ကြီး account တွေ ဟက်မယ်လို့ ထင်ရပါတယ်.. facebook account ကို ဟက်သွားတာဟာ Gmail ကဝင်ဟက်သွားတာ ဖြစ်လို့ Gmail ကို ပိုပြီး စိတ်ချရအောင် လုပ် ဖို့လိုပါတယ်။ 


Lu manFebruary 9, 20131min00
သံတွဲမြို့နယ်အဓိကလမ်းတစ်ခုဖြစ်သည့်မာဃလမ်းအားကတ္တရာလမ်းပြန်လည်ခင်းနေပြီဖြစ်ကြောင်းသိရှိရသည်။ ၎င်းလမ်းအား သံတွဲမြို့နယ်စည်ပင်သာယာရေးမှအင်ဂျင်နီယာ ဒေါ်စမ်းစမ်းဝင်းမှ တာဝန်ယူခင်းနေကြောင်းလည်းသိရှိရသည်။ တာဝန်ယူသည့်အင်ဂျင်နီယာမှ လမ်းအားအမြန်ဆုံးပြီးစီးရန်အတွက် အားသွန်ခွန်စိုက်လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။


kokothandarFebruary 8, 20131min00
မြောက်ကိုးရီးယားကခေါင်းဆောင်သစ် ကင်ဂျုံအမ် (kim jong un) က သူ့တစ်သက်အာဏာမြဲနိူင်ဖို့ အတွက် တပ်ချုပ်ကြီးကို အကြံပေးအဖြစ်ခန့်လိုက်ပါတယ် ရက်စက်ယုတ်မာ ကောက်ကျစ်မှုတွေနဲ့ စာနာမှုမရှိ အုပ်ချုပ်သွားပေမဲ့ ခုထိ သူနာမည်ဖေါ်ပြီး ရှုတ်ချရဲသူမရှိအောင် ဓါတ်ငွေ့တွေရောင်းရတဲ့ငွေတွေ သူနိူင်ငံခြားငွေစာရင်းထဲ ပြောင်းသွားတာ မြစ်ဆုံမှာ လောစစ်ဟန်နဲ့ ပေါင်းရိုက်လိုက်တာ အဂတိလိုက်စားတာမှန်သမျှ ခုထိ ဘယ်စာစောင်မှ မဖေါ်ထုတ်ရဲအောင်လုပ်နိူင်ခဲ့တာတွေကို သဘောကျလွန်းလို့ဆိုဘဲ ယုတ်မာတဲ့ အာဏာရှင် ဆဒန်`ဟူစိန် တို့  ကဒါဖီ တို့ အသေဆိုးသေပေမဲ့ တပ်ချုပ်က ပန်းပန်နေဆဲမို့ ဆရာတင်တာပါတဲ့ ဖေ့စ်ဘုတ်မှာ ကင်ဂျုံအမ်က ဝန်ခံထားပါတယ် အကြံပေးမှားရင်တော့ ကိုးရီးယား ပညာပေး စခန်းမှာ နေရမှာ ရှိနေသေးတော့ သတင်းကောင်းစောင့်ကြည့်ရမှာပေါ့ ဝဋ်ဆိုတာ နောင်ဘဝမကူးကြေးဆိုရင် ကောင်းမှာပါ


Kyaw Nyo ThwayFebruary 8, 20131min09
အလုပ်ထွက်သွားပြီ။ ဝန်ထမ်းများ အစုလိုက် အပြုံလိုက် အလုပ်မှ နှုတ်ထွက်သွားကြခြင်း။ လက်ရှိ လည်ပတ်နေသော လုပ်ငန်းတစ်ခုကနေ ဝန်ထမ်းတွေ အုပ်စုလိုက် အလုပ်ထွက်သွားတာမျိုး ကြုံတွေ့ခဲ့ဖူး/မြင်တွေ့ ကြားဖူးနေကျပါ။ အလုပ်ကနေ အုပ်စုလိုက်ထွက်သွားကြတဲ့  ဝန်ထမ်းတွေ အနေနဲ့ကတော့ “ငါတို့က ဒီနေရာမှာ ကျွမ်းကျင်နေပြီ ။ ငါတို့မှမရှိရင် အလုပ်ဆက်ပြီး လည်ပတ်ဖို့ ခက်နေမှာပဲ” ဆိုတဲ့ အတွေးနဲ့ အလုပ်ရှင်အပေါ်မှာ မကျေနပ်တဲ့ အချက်တွေ စုပုံထားရာကနေ ပေါက်ကွဲထွက်ပြီး ဒီလိုမျိုး လုပ်ကြတယ်လို့ ယူဆမိတယ်။ တစ်ကယ်တမ်းတော့ အလုပ်ရှင်ဘက်က ဒီလိုတွေးတာမဟုတ် “ထွက်သွားလေ.. လစာကောင်းကောင်းပေးထားရတဲ့ ဝန်ထမ်း ထွက်သွားရင် အခြေခံလစာ ကစပြီး ရတဲ့ ဝန်ထမ်း အသစ်တွေ ရောက်လာမှာပဲ” ဆိုတဲ့ အတွေးလေးက ရှိနေတတ်ကြတာကလား။ အမှန်တော့ ဝန်ထမ်းတွေ အလုပ်ကနေ […]


Kyaw Nyo ThwayFebruary 8, 20131min021
ဂျာနယ်တစ်စောင် ထုတ်ဝေခြင်း   စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကြည့်မယ် လို့ စပြီး စိတ်ကူးမိတော့ ၊ ကိုယ်ဘာလုပ်ရမလဲ အရင်တွေးကြည့်တယ်။ လုပ်စရာတွေကတော့ တပုံတပင်ပါပဲ။ လုပ်ချင်စရာလုပ်ငန်းတွေက အများကြီးရယ်။ ဒါပေမယ့်လည်း ကိုယ်ဝါသနာပါတဲ့ ဟာတွေနဲ့လည်း မကိုက်ညီလေတော့ အချိန်ကြာကြာလုပ်လေ စိတ်ညစ်လေဖြစ်မှာလည်းစိုးရသေးတယ်လေ။ ဒါကြောင့် ကိုယ်ကိုယ်တိုင်စီးပွားရေး လုပ်ငန်းတစ်ခု ထူထောင်တဲ့ အချိန်မှာသေချာစဉ်းစားရတာပေါ့။ ကိုယ်ကိုယ်တိုင် ဝါသနာဘာလဲ လို့ စဉ်းစားမိတော့။ အနုပညာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေနဲ့ မီဒီယာလုပ်ငန်းတွေကို သိပ်စိတ်ဝင်စားတာကလား။ ဒီခေတ်ကလည်း မီဒီယာတွေ အလွန်ကို ခေတ်စားပြီး၊ အတော်လေး အလုပ်ဖြစ်ကြတာက မျက်မြင်ကိုယ်တွေ့ပဲမဟုတ်လား။ အွန်လိုင်းမီဒီယာဖြစ်ဖြစ် ၊ တယ်လီဗေးရှင်းန်ပဲ ဖြစ်ဖြစ် ၊ Printed Media ပဲဖြစ်ဖြစ် လူတွေက စိတ်ဝင်တစားရှိကြတာ လေ။ ဒါကြောင့် မီဒီယာ […]


တောင်စောင်းဘေး မြေပြန် ့ပေါ်တည်ထားတဲ ့ခုနှစ်ဝါရွာလေးရဲ  ့ဘေးက ကွေ ့ဝိုက်စီးဆင်းလာတဲ ့ ခုနှစ်ဝါကျောက်ချောင်းရဲ ့တောင်ဘက် ၂မိုင်အကွာလောက် နေရာက ကြည်လင်အေးမြတဲ ့ ခုနှစ်ဝါချောင်းကိုဖြတ်ပြီးတက်လိုက်ရင်ပဲ မြက်ခင်းစိမ်းစိမ်းနဲ ့ ကွင်းပြင်ကိုရောက်တော ့တာပါပဲ.. နေလည်းမြင် ့တက်နေပြီ… နွားတွေကို အစာကျွေးဖို ့ ရပ်နားရင်းနဲ ့ လူတွေလည်း မနက်စာအတွက် ချက်ပြုတ်ဖို ့ပြင်ဆင်ရတော ့တယ်။   ကျောပေါ်က တနိုင်ဝန်စည်တွေကိုချ၊ နွားလှန်တဲ ့သူက လှန်၊ ထမင်း ဟင်းချက်ပြုတ်ဖို ့ပြင်ဆင်တဲ ့လူက ပြင်ဆင်… ခေါင်းဆောင်ကတော ့ ဓါးတိုတစ်လက်နဲ ့ ချောင်းရိုးအတိုင်းဆင်းသွားပြီး တွေ ့သမျှ အသီး အရွက် အဥ တို ့စရာအတွက် အရှာထွက်သွားတယ်။ […]


DEPARKO DEPARKOFebruary 6, 20131min0
ရန်ကုန်မြို့နေ အခြေခံလူတန်းစားတော်တော်များများဟာ လုပ်ငန်းခွင်ဝင်ဘို့ ဝန်ထမ်းအများစုဟာလဲ လိုင်းကားများကိုအားကိုးနေရပါတယ်၊ ဟိုင်းလက်၊ ဒိုင်နာ၊လိုက်ထရပ်၊လိုင်းကားငယ်လေးတွေဟာ ဒီဘက်ခေတ်မှာ ဘတ်စကားကြီးတွေကိုမယှဉ်နိုင်လေတော့ လူရဘို့နဲ့ အတက်အဆင်းစိပ်စိပ် အတိုဆွဲ လေးတွေဖြစ်အောင် အရှိန်ကုန်မောင်း လုတင် လုဝင်နဲ့ အန ္တရာယ်ဖြစ်ကြတာ မကြာခဏဆိုသလိုဘဲ ကားမှောက်၊ ကားတိုက် အနိဌာရုံမြင်ကွင်းတွေ သတင်းတွေ ကြားနေကြရပါတယ်။ကားတွေကလည်း အလုအယက်ငွေရှာနေရတော့ ပြင်ဆင်ရေးဆိုတာ မဖြစ်မနေပြင်ရမှ ဝပ်ရှော့ကိုရောက်တော့။ ကြံ့ခိုင်ရေးဆိုတာဗလာနထိ္ထ ခရီးသည်တွေဟာ အသက်ကိုကျွတ်ကျွတ်အိပ်နဲ့ထုတ်ပြီး ခရီးဆက်နေကြရတယ်။ ကားသမားတွေရဲ့ လောဘ၊ဒေါသ၊မောဟစိတ်တွေကြောင့် ခရီးသည်တွေဟာ အလိုလို သရဏဂုံ မြဲပြီးသား ဘာသာရေးကိုင်းရှိုင်းကုန်ကြတာ သူတို့ကိုကျေးဇူးတင်ရမလိုလိုပါ။ တစ်ခါ ၉၆ ဒိုင်နာကားကို ကျွန်တော်ဆက်မစီးရဲတော့လို့ ကမာ္ဘအေးဘုရားမှတ်တိုင်မှာ ကျွန်တော် လိုရာခရီးမရောက်ခင် ဆင်းခဲ့ရဘူးပါတယ်။ ကြောက်လို့တော့မဟုတ်ပါ အကျိုးမဲ့ အဓိပ္ပါယ်မဲ့ ကျွန်တော် အသက်ဆုံးရှုံးမခံနိုင်လို့ပါ။ ဒီတော့ ကားစီးတဲ့ […]


BMTM MdyFebruary 6, 20131min013
                                ကျမ ချစ်သော တောင်ပေါ် မြို့လေး ရဲ့ မွေးနေ့ပွဲ ထင်းရူး တောတန်း တောင်းတန်းကြီး တွေနဲ့ ဝိုင်းလို့ကာဆီးထားတဲ့ မောမြေမြင့် မှာမြူနှင်းများကရီဝေကာ  အုံ့ဆိုင်းလို့နေတယ် စမ်းချောင်းများ ကဘော်ငွေရောင် ပမာ စီးဆင်း လို့နေတယ် တောင်ယာစိုက်ခြင်းနဲ့အသက်ကိုမွေးတယ်သွေးချင်းတို့မြေတို့ရဲဓနုဌာနေဝဲတဲ့စကားသံတစ်မျိုးလေးချစ်စရာပေခလောက်သံကြီးဟီးတဲ့မြေအိုးစည်ကြီးတီးလို့ပျော်နေ…………………… ခုတလော ရန်ကုန်ဆောင်းက နည်းနည်းအေးနေသည်လေ….ကျမ.. ကလည်းဒီ အေးတဲ့ အရသာလေး ကို တမင်ရချင်လို .ဝရန်တာမှာ ..လေညင်းခံနေတာပါ…ခပ်လှမ်းလှမ်းကထီသည် ဖွင့်တဲ့ ဘိုဖြု သီချင်းသံကြားရ တော ကျမ..လွမ်းလိုက်တာ….တောင် ပေါ်သူမို့လား မသိ ဒီသီချင်းသံကြားရင်.ပျော်သလိုလို ငိုချင်သလို.. အမြဲဖြစ်တတ်သည်.ကျမ..တို့မြို့လေးကို  အရမ်းလွမ်းပါသည်..။ ကျမ ကအိမ်မှာသိပ် မနေရပါ 10 တန်းအောင်ပြီးတော့ မန ္တလေးမှာကျောင်းတက်ရသည်..ခုကျောင်းပြီး သွားတော့လည်း..အဝေးမှာပဲ အလုပ်လုပ်ရပြန်သည်…ဘယ်တော့ များမှအိမ် မှာ နေနိုင် မလည်းမသိ။ […]


phone_kyawFebruary 6, 20131min07
လက်တလောမှာ နိုင်ငံခြားက အကူအညီတွေ အရမ်းရတယ်။ အထူးသဖြင့် ငြိမ်းချမ်းရေးအတွက်ဆိုပြီး နိုင်ငံတကာဒိုနာတွေ လှူတာ အားရစရာကောင်းတယ်။ ချမ်းသာတဲ့နိုင်ငံတွေကတော့ လှူပေမဲ့၊ တိုင်းပြည်ထဲမှာ အရမ်းချမ်းသာပြီး ခရိုနီလို ့ခေါ်တဲ့လူတွေ စုပေါင်းပြီး ငြိမ်းချမ်းရေးအတွက်နဲ ့တိုင်းပြည်ဖွံ ့ဖြိုးရေးအတွက် လှူရင် အရမ်းကောင်းတယ်။ ဒါဆိုရင် သူတို ့မတရားသဖြင့် ရထားတဲ့ စည်းစိမ်တွေကို ပြည်သူက အပြစ်မြင်မနာလိုစိတ်များတာ နဲပြီး သူတို ့အပေါ်လည်း နားလည်နိုင်တယ်။ အခုတော့ ငါတို ့သေမှ လှူခဲ့မယ်ဆိုတော့ မသေခင် ဝ အောင် စားမယ်ဆိုတဲ့ သဘောဖြစ်နေတယ်။ လှူတော့ လှူတယ်။ ဘယ်လိုလှူလဲဆိုတော့ မဟုတ်တာကိုလှူတယ်။ ဆွယ်တာအကျီလေးတစ်ထည်နဲ ့ပန်ချီကားလေးတစ်ချပ်ကို သိန်းထောင်ချီ ဝယ်ပြီး ချောင်ထိုးထားတဲ့အလှူမျိူးနဲ ့ နာမည်မခံပဲ နောက်ကွယ်ကနေ အာဏာနဲ ့လုပ်ပိုင်ခွင့်ပိုရအောင်လှူတဲ့အလှူမျိူးအစား […]


phone_kyawFebruary 5, 201310min08
Status Photo Place Life event What’s on your mind? Activity Recent Tawwat is now friends with Sang Tuyen and 19 other people. Tawwat followed Nay Wai. Tawwat Wat 55 minutes ago near Perth, Western Australia နိုင်ငံရေးသမားတွေက ဝန်ကြီးတွေရဲ ့ပိုင်ဆိုင်မှု ့ကို လူသိအောင် ထုတ်ပြန်ဖို ့တောင်းဆိုကြတယ်။ လွှတ်တော်မှာမဲခွဲတော့ ဒီအဆိုရှုံးတယ်။ နိုင်ငံရေးသမားတွေက ဘာမှမပိုင်တော့ သူတို ့က ကိုယ့်မှာရှိတာကိုပြောရဲတာပေါ့ဗျာ။ ရှိတဲ့ဝန်ကြီးတွေက ဘယ်ပြောရဲပါ့မလဲ။ တော်ကြာနေ ဒါးမြလာတိုက်ရင် ဘယ်လိုလုပ်မလဲ။ ဘာမရှိတဲ့ […]


DEPARKO DEPARKOFebruary 5, 20131min0
ကျွန်တော်တပ်မတော်(ရေ)မှာ အနှစ်အစိပ် နီးပါးတာဝန်ထမ်းဆောင်ခဲ့ပြီး တပ်မတော်ထဲမှာ စိတ်အနာဆုံးအပြောခံရတဲ့စကားလုံးတစ်လုံးကတော့ တန်းစီပြီး နင်ပဲငဆ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုပြီး ခင်ဗျားတို့ဆရာကြီးတွေ စောက်သုံးကိုမကျဘူး နိုင်ငံတော်လစာလိမ်ထုတ်နေတယ်ဆိုပြီး ကိုယ့်သားအရွယ် ကိုယ့်စစ်သက်လောက်မှမရှိတဲ့ အရာရှိပေါက်စတွေရဲ့ ဆုံမဩဝါဒပေးခြင်း ခံရတဲ့ အချိန်ပါဘဲ။ ရေတပ်မှာ (က) အဆင့်စစ်သည်တွေများပါတယ် အားလုံးနီးပါးဟာ ဘွဲ့ရ ပညာတတ်တွေပါ။ အကြောင်းအမျိုးမျိုးကြောင့် ဘွဲ့မရဘဲ တို့လို့တန်းလန်း (အရင်ခေတ်က ပညာရေးအားမပေး အဝေးသင်ဖြေရန်ခွင့်တင်လျှင်ခွင့်မပေးပါ) အနည်းငယ်သာရှိပါတယ်။ တပ်မတော် ထဲမှာ ဘွဲ့ရ ပညာတတ် စစ်သည်တစ်ဦးအနေနဲ့ ဒုတပ်ကြပ်ရဘို့ ကျွန်တော် (၁၁)နှစ်စောင့်ခဲ့ရတယ် တပ်ကြပ်ဖြစ်တဲ့အချိန် စစ်သက်၁၈နှစ်ရှိပါပြီ အခုနောက်ပိုင်းမှ ကြည်း ရေ လေ ရာထူး ညှိနှိုင်းလိုက်ပြီးမှ ပရမိုးရှင်း နောက်လူတွေမြန်လာတာ တပ်မတော်မှာမနေနိုင်တော့လို့ ထွက်စာတင်တော့လည်းထွက်စာမကျ ဝင်မည့်သူမရှိတော့ တပ်မတော်(ရေ)သို့ဝင်စဉ်က တင်းပြည့် ၅ […]