Poem…

ဧည့်သည် …
ဧည့်သည် ဟာ ဧည့်သည်လို နေ ပါ…
အိမ်ရှင်ကို မစော်ကားပါးနဲ့…
ဧည့်သည်..
ဧည့်သည် ဟာ အိမ်ရှင်ကို သိတတ်ပါ..
အရိပ်လည်းနေ.. အခက်လည်းချိုး…
အိမ်ရှင်ကို အရိုးချိုး ..
အိမ်ရှင်ကို ဂုတ်သွေးစုပ် ဖို့ မကြိုးစားပါနဲ့..

ဧည့်သည်..
အိမ်ရှင်က ထမင်းခူးကျွေးရင်..ပန်ကန်တော့ဆေးပါ..
လူပါးဝ တတ်ရင် ကိုယ့် အိမ်ကိုယ်နေပါ..
သူများအိမ်မှာ ခြေဆန့်လှဲ ဖို့ အရည်အချင်းရှိမှ..
အိမ်လည် လာပါ..

ဧည့်သည်..
ဧည့်သည်ဟာ အိမ်ရှင် မဟုတ်ပါဘူး…
အိမ်ရှင် ခွင့်ပြုမှ..ဧည့်သည် အဖြစ်နေရမှာပါ..

ဧည့်သည်..ဟာ ဧည့်သည် လို မနေ ရင်..
ဧည့်သည်လို မပြုမူရင်..
အိမ်ရှင်ကလည်း ဧည့်သည်လို ဆက်ဆံမှာမဟုတ်ပါဘူး..
အိမ်ရှင်တိုင်းဟာ ဧည့်သည် အစစ်ကိုပဲ..အလိုရှိပါတယ်…
ဧည့်သည်ယောင်ဆောင်ပြီး..အိမ်ရှင်နေရာကို လုဖို့..စဉ်းစားရင်တော့…
ဧည့်သည် ခင်ဗျားအတွက်.. အိမ်ရှင်တိုင်းက တံခါးပိတ်ထားတယ်….

11 comments

  • Myo Thant

    February 9, 2013 at 4:03 pm

    ( အိမ်ရှင်တိုင်းဟာ ဧည့်သည် အစစ်ကိုပဲ..အလိုရှိပါတယ်…
    ဧည့်သည်ယောင်ဆောင်ပြီး..အိမ်ရှင်နေရာကို လုဖို့..စဉ်းစားရင်တော့…
    ဧည့်သည် ခင်ဗျားအတွက်.. အိမ်ရှင်တိုင်းက တံခါးပိတ်ထားတယ်…. )

    ကြိုက်သဗျာ

    Reply

    • မောင်တင့် တယ်

      February 9, 2013 at 4:17 pm

      ညီတော် က အရေး မတော်ဘူးဗျ..ရေးသာရေးလိုက်တာပါ..
      ပိုစ့် ကို.. ကြိုက်တယ် ဆို တော့.. ကျေးဇူးတင်တယ်နောင်တော်ရေ…

      Reply

      • Myo Thant

        February 9, 2013 at 4:31 pm

        အရေးထက် အတွေးပိုမြင်မှ စိတ်ဝင်စားစရာ ပိုဖြစ်ပါတယ်ဗျာ

        ရေးတာကလည်း ဘယ်သူမကောင်းဘူး ပြောမလဲ

        Reply

  • မောင်မိုးပြာ

    February 9, 2013 at 4:15 pm

    အိမ်ရှင်……
    အိမ်ရှင်ဆိုတာ အိမ်ရှင်စိတ်ဓာတ်ရှိမှ
    ဧည့်သည်စော်ကားမရမှာ….
    အိမ်ရှင်…
    အိမ်ရှင်ဟာ ဧည့်သည်ကိုကြည့်တတ်မှ
    ဧည့်သည်ရဲ့
    အခက်ချိုး အရိုးချိုး ဂုတ်သွေးစုပ်မခံရမှာ
    အိမ်ရှင်…

    Reply

    • မောင်တင့် တယ်

      February 9, 2013 at 4:20 pm

      တိန်…
      အိမ်ရှင်ထွက်ပြေးပြီ…
      ဧည့်သည်အားနေရာပေးသည်..ဟီး….
      :p

      Reply

  • ခင်ဗျားက အဲ့တယ် …
    ကျုပ်က အိမ်ချင် …
    ဒီဒေါ့ကာ ….
    အိမ်ချင် ဖြစ်တဲ့ ကျုပ်တွက် အဲ့တယ် ဖြစ်တဲ့ ခင်ဗျားက
    နောက်ခါ လက်ချောင် ယူလာဂဲ့ဘာ …
    ကျုပ် သိဒါ .. ဒါဗျဲ … :mrgreen:

    Reply

  • ဗုံဗုံ

    February 9, 2013 at 7:30 pm

    အဲ ဦးတင့်တယ် အိမ် ဘယ်တော့မှ တွားမလည်တော့ဘူး ကြောက်ချာကြီး :mrgreen:

    Reply

  • Mr. MarGa

    February 9, 2013 at 8:02 pm

    အိမ်ရှင်
    အိမ်ရှင် ဆိုတာ ဧည့်သည်ကို ဧည့်ဝတ်ကျေရတယ်
    အိမ်ရှင်
    အိမ်ရှင်ဆိုတာ ဧည့်သည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုရတယ်
    အိမ်ရှင်
    ဧည့်သည်က အိမ်ရှင်ကိုစော်ကားရင်တော့ သင့်သလိုပဲပေါ့ အညင်သာဆုံးနည်းနဲ့ ဖြေရှင်းတတ်ရတယ်
    :kwi:

    Reply

  • တစ်ခါဆို သည်းခံမယ်..နှစ်ခါဆို သည်းခံမယ်..သုံးခါမြောက်ဆိုရင်တော့ အရိပ်တွေ့တာနဲ့တင် မောင်းထုတ်ပစ်မယ်မှတ်… 🙂

    ကဗျာလေးကို အရမ်းကြိုက်ပါတယ်ရှင်…

    Reply

  • htet way

    February 10, 2013 at 12:34 pm

    ကဗျာကောင်း ပါတယ် ။
    အတွေး ဆင့်ပွားစရာတွေနဲ့
    အသံ လည်း သာပါတယ် ။
    ကြိုက်တယ်

    Reply

  • မောင်ပေ

    February 10, 2013 at 1:32 pm

    ဒါ ကချင်မှာဖြစ်နေတဲ့ ဟာနဲ ့ ၊ ရခိုင်မှာ ဖြစ်နေတဲ့ ဟာကိုများ
    ရည်ညွှန်းခံစားထားသလားလို ့

    Reply

Leave a Reply

Your email address will not be published.