ညင်သာစွာ တိုက်ခက်လာသော ဆောင်းလေညုင်းဟာ ကန်ရေပြင်ထက်ရစ်ဆိုင်းနေသော ရေငွေ ့အကူအညီနဲ ့ကိုယ်အနှံ ့သွေးသားထဲထိ စိမ့်ဝင်ပြီး အေးချမ်းမှုကိုပေးစွမ်းနိုင်သော်လည်း ရင်ထဲက မင်းကကိုတမ်းတလွန်းလို ့ဖြစ်ပေါ်လာတဲ ့အလွမ်းသောကမီးတွေကို အေးချမ်းသွားအောင် ဘယ်လိုမှ စွမ်းဆောင်နိုင်မှာမဟုတ်ပါဘူးလေ “ကို ယ့်ကိုအရမ်းချစ်တယ်…..ဘယ်တော့မှခွဲခွာမသွားဘူး”လို ့ မင်းပြောခဲ ့တဲ ့စကားလုံးလှလှလေးတွေကိုပြန်တမ်းတရင်း အထီးကျန်အိမ်မက်တွေနဲ ့ အသက်ဆက်ရှင်နေခဲ ့ရတယ်လေ။ မင်းကို သတိရလို ့ ဂီတာကိုကိုင်ကာ အလွမ်းသီချင်းလေးတွေကို သီဆိုမယ်လို ့စိတ်ကူးလိုက်တိုင်း ငါ ့ရဲ ့နံဘေးမှာ လိုအပ်နေတဲ ့ပုံရိပ်တစ်ခု ဟိုအရင်တစ်ချိန်ကဂီတာတီးတိုင်း သံစဉ်ချိုချိုလေးတွေကိုဖော်ကျုးသီဆိုတက်တဲ ့ နုတ်ခမ်းလွှာတစ်စုံ အခုတော့အရာရာအားလုံးဟာလွမ်းမောဖွယ်ရာအတိတ်ကပုံရိပ်တွေအဖြစ်ထင်ကျန်ရစ်ခဲ ့ပြီလေ။ သံစဉ်ချိုချိုလေးတွေကွယ်ပျောက်နေတဲ ့ဂီတာတစ်လက်ရယ်….အထီးကျန်အိမ်မက်တွေနဲ ့အသက်ဆက်ရှင်နေရတဲ ့ငါဟာ ဘယ်အချိန်မှာများ ငါ့ရင်ခွင်ထဲကို မင်းပြန်လာမလဲလို ့မျှော်လင် ့နေခဲ ့တာ […]
