လပွတ္တာမြို့မှ လိပ်ကောင်များ၏ ခေတ်မှီသောတောင်းနည်း

isequal toMay 21, 20121min017

လပွတ္တာမှာ ငတ်လာပြီဆို ထွက်ထွက်တောင်းတဲ့ လိပ်ကောင်တွေမြင်ဘူးကြလား ယဉ်စည်းကမ်းထိန်းသိန်းရေး

ကော်မတီ ဆိုပြီး ၂၀.၅.၁၂နေ့ ညနေ့ပိုင်း လပွတ္တာမြို့အထွက် ရေကန်နား ယဉ်ထိန်းရဲရုံ နားကနေပြီး လာသ

မျှ ဆိုင်ကယ်တွေကို လိုင်စင်စစ်တယ် လာသမျှဆိုင်ကယ်ဆိုပေမဲ့ သူတို့နဲ့ရင်းနှီးတဲ့လူ၊ သူတို့ဆီမှာလိုင်းကြေး

ပေးစီးတဲ့လူ ဆိုရင် လှမ်းတောင်မခေါ်ဘူး ၊လှမ်းခေါ်တဲ့ဆိုင်ကယ်ထဲမှာ လိုင်းကြေးပေးထားရင် အသာလေးပြန်

လွှတ်ပေးလိုက်တယ်  လိုင်စင်ရှိတဲ့ဆိုင်ကယ် စစ်နေကျမဟုတ်တော့ လိုင်စင်မယူလာမိတာကြတော့ ယဉ်နှင်အ

တူပါမလာလို့ဆိုပြီး ဒဏ်ငွေ(၅၀၀ဝိ/) ရိုက်တယ် လိုင်စင် ပြန်ယူမယ်ဆိုလဲ အယူမခံဘူး နောက်ပြီး without

ဘီး ၊တရုတ်ဘီးဆိုရင်တနှစ်ကို(၃၀၀၀ဝိ/)၊ အဆင်ပြေတဲ့လူဆိုရင်(၁၅၀၀ဝိ/)(၂၀၀၀ဝိ)နှင့်လည်းအ

ဆင်ပြေသွားတာပဲ၊ ယိုးဒယားဘီးဆိုရင် မသိတဲ့လူဆိုရင်(၅၀၀၀ဝိ/) နဲနဲပိုင်တဲ့လူဆိုရင်တော့ လျှော့ဈေးပေါ့

အဲ့ဒီနေ့က စစ်တဲ့လူတွေကိုလည်းကြည့်အုံး ယဉ်ထိန်းရဲယူနီဖောင်းမဟုတ်ပဲနဲ့ ရိုးရိုးရဲယူနီဖောင်းနဲ့သုံးယောက်

အကီင်္ျ အဖြူဝတ်ထားတဲ့ ရပ်ကွက်ထဲကကောင်သုံးယောက် နောက်စည်ပင်က ကတ္တရာတွေစားတဲ့ကောင်တစ်

ကောင် သူကတော့လက်မှတ်ဒိုင်ခံ ထိုးတယ် နောက်ကော်မတီက အကျီင်္ အဖြူ လူကြီးနှစ်ယောက် ဖမ်းချင်တဲ့

လူဖမ်းမယ် မဖမ်းချင်တဲ့လူ လွှတ်ပေးမယ်တဲ့ တော်တော်ကောင်းတဲ့တရားဥပဒေ ဘယ်လိုလူမျိုးကထုတ်ထား

တဲ့ဥပဒေလဲ ၊ လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေကိုဘယ်လောက်တောင်း၊လိုင်စင်ရှိတဲ့ ဆိုင်ကယ်ဆိုရင် ကျန်ဖန်ပြီး

ရအောင်တောင်းဆိုပြီး မြန်မာနိုင်ငံမှာ ဥပဒေ တွေထုတ်ထားပြီလား ၊သိတဲ့လူများရှိရင်ပြောကြပါအုံး။ဆိုင်ကယ်

ဖမ်းလို့ရတဲ့ ပိုက်ဆံတွေကော ဘယ်နေရာတွေမှာသွား အသုံးချမှာလဲ။ ခင်ဗျားတို့အတွက်ကတော့ ပိုက်ဆံ

တစ်သိန်းခွဲနှစ်သိန်းက တစ်နာရီလောက်နဲ့ရှာလို့ရပေမဲ့ ခက်ခက်ခဲခဲရှာရတဲ့လူတွေကြတော့ ပိုက်ဆံ(၅၀၀ဝိ/)

သူများပေးလိုက်ရတာ ဆယ်ရက်လောက်အိပ်မပျော်ဘူးဗျ၊စိတ်ထဲထားတတ်တဲ့လူဆိုရင် တသက်လုံးတောင်

အခဲကြေမှာမဟုတ်ဘူး။အချောင်ဖမ်း၊ အချောင်ရ၊အချောင်စား ကောင်တွေ မင်းတို့ရဲ့မိသားစုများလည်း

(ချောင်)တဲ့သူများမဖြစ်ပါစေနဲ့။ဒါကတော့ လပွတ္တာက လိပ်အုပ်စုပါ။

 

 

ဒါကတော့လိပ်အုပ်စုပါ။

ဒါကတော့ဘာတံဆိပ်တုံးမှမပါတဲ့ အင်ဘောင်ချာ။အောက်က ကတ္တရာကောင်ရဲ sign။

17 comments

  • kai

    May 22, 2012 at 3:27 am

    အထောက်အထားခိုင်လုံပုံရတယ်..
    အရေးယူစေလိုကြောင်း… :mrgreen:

    Reply

  • Ch@vez

    May 22, 2012 at 7:45 am

    ဒယ်လ်တာ စီဂျေ ဗျို့..
    ဘရာဗို ..

    ဒါမိုးလေးတွေ များများ လုပ်ကြပါဗျို့…

    Reply

  • Foreign Resident

    May 22, 2012 at 8:16 am

    တရားမျှတမှုကို တောင်းခံတဲ့ လက်ကိုယ်တိုင်ကလည်း ၊
    သန့်ရှင်းဖို့ လိုပါတယ်ကွယ် ။ 🙁
    ( ဥပမာ ။ ။ ဆိုင်ကယ်စီးရင် လိုင်စင်ပါ ၊ ဦးထုတ်ဆောင်းရပါမယ်ကွယ် )

    Reply

    • Thel Nu Aye

      May 22, 2012 at 11:48 am

      အဘဖောကိုထောက်ခံပါတယ်။ အဘပြောတာမှန်ပါတယ်။ ကိုယ့်ဘက်ကပြည့်စုံနေပါရက်နဲ့ ဖမ်းတယ်ဆိုရင်တော့မတရားမှု့ပါ။ တရားဝင်တိုင်လို့ရပါတယ်။ အခုဟာက ကိုယ့်ဘက်က မပြည့်စုံမှု့ကြောင့်သူတို့ ဂွင်ဖြစ်သွားတာမို့ ကိုယ့်ဘက်ကအရင်ပြုပြင်သင့်ပါတယ်။

      Reply

  • ချစ်ရင်ထူးနှစ်

    May 22, 2012 at 9:01 am

    တစ်ကယ်တော့ တရားစီရင်ရေးဆိုတာ (ဥပမာ ဒဏ်ရိုက်တာ /အမိန့်ချတာ) မျိုးတွေကို တရားသူကြီးကပဲ လုပ်ပိုင်ခွင့်ရှိပါတယ် .. ( အဲလိုပြောတဲ့ ကျွန်တော်လည်း 5000 ပေးခဲ့ရပါတယ်)
    ရဲမှာက ဖမ်းခွင့်ပဲ ရှိပါတယ် .. ဖမ်းပြီးရင် တရားရုံးကို ပို့ရပါတယ်.. မော်တော်ယဉ် ဆိုတာက အလွန်ဆုံးမှ ဒဏ်ငွေ 1000- ပါပဲ …
    နောက်တစ်ခုက ယူနီဖောင်းပါ .. ပြည်သူ့ဝန်ထမ်း(ရဲ ) က ယူနီဖောင်း မပါဘဲ ဖမ်းခွင့် မရှိပါဘူး .. ပြီးတော့ လူငါးယောက်နှင့်အထက် ဆိုရင် ဓါးပြ လို့ပြောလို့ ရပါတယ် .. လက်နက်မပါရင် .. ကြံစည်မှု ဆိုပြီးဆွဲ လို့ ရပါတယ်.. ကျွန်တော်က ဥပဒေ ကြောင်း အရ ပြောတာပါ.. ဒါထက် အဲဒီလို လုပ်တာမျိုးဆိုရင်
    မတရားတားဆီးကန့်ကွက်မှု ဆိုတာ ပုဒ်မ ၃၄၁ ပါ ..
    ခင်တဲ့
    ချစ်ရင်ထူး

    Reply

  • windtalker

    May 22, 2012 at 10:05 am

    တစ်ခုတော့ ရှိတယ်ဗျ
    မပတ်သက်ချင်ရင် လွတ်ကင်းအောင်နေ ဆိုတာကို ကြားဖူးသဗျ။ နိုင်ငံသူားအားလုံး ဥပဒေကို စည်ူကမ်းတကျ လိုက်နာကြမယ် ဆိုရင် လာဘ်စားတဲ့ ကိတ်စ ပျောက်သွားမှာပါ။

    Reply

  • ရွာစားကျော်

    May 22, 2012 at 11:37 am

    လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေကိုဘယ်လောက်တောင်း၊လိုင်စင်ရှိတဲ့ ဆိုင်ကယ်ဆိုရင် ကြံဖန်ပြီး
    ရအောင်တောင်းဆိုတာတော့ မကောင်းပါဘူး..
    စည်းကမ်းနဲ့မညီလို့ ဒဏ်ရိုက်တာ မပြောလို.. မှန်မှန်ကန်ကန် လုပ်ကြဘာ
    အဲဒီ ဒဏ်ငွေတွေ ဘယ်ရောက်တယ်ဆိုတာတော့.. စဉ်းစားဆရာ..
    နယ်ထိန်းအသိတယောက် အိမ်လည်လာရင်းနဲ့ စာရင်းစာအုပ်ပါလာတာ ကြည့်ဖူးတယ်
    တလကို သိန်းဘယ်နှစ်ဆယ် .. ရအောင်ရှာပေးရတယ်ဆိုလား… အဲလို အဲလိုတွေဗျ..

    Reply

  • လိုင်စင်မဲ့တာ၊လိုင်စင်ရှိတာ ဘယ်အရာကိုရွေးရမလဲ။တကယ်တော့ စည်းကမ်းတကျ
    ဖြစ်အောင် လိုင်စင်ရှိပစ္စည်းများကို လက်ဝယ်ထားရှိခြင်းသာ အကောင်းဆုံးပါ။ဒါပေမယ့်
    တရုတ်နယ်စပ်၊ယိုးဒယားနယ်စပ်၊အိန္ဒိယနယပ်တို ့ကနေ နေ ့စဉ်ဝင်နေတဲ့ ဆိုင်ကယ်တွေ
    ကို ငွေယူပြီး ပြည်တွင်းကို သယ်ခွင့်ပြုနေတဲ့ နယ်စပ်က လူကြီးတွေလဲ တာဝန်မကင်းပါ
    ကြောင်း။

    Reply

  • ထုံးဘဲဥ

    May 22, 2012 at 1:21 pm

    ကိုယ့် ဘက်က အပြည့်အစုံရှိတယ်ဆိုရင် ဘယ်သူတောင်းစားမှ ရစ်လို့မရပါဘူး
    လာရစ်လို့ကတော့ ပြန်သာရစ်ပလိုက် (အာဟိ မြှောက်တော့ပေးလိုက်ဘီ)

    Reply

  • Bu Gyi

    May 22, 2012 at 4:54 pm

    ဟုတ်တယ် ပြန်သာရစ်

    Reply

  • Gipsy

    May 22, 2012 at 4:57 pm

    လိုင်စင်မဲ့ ဆိုင်ကယ်စီးတယ်ဆိုတာကလဲ ကျုပ်တို့ မြန်မာပြည်သူားများရဲ့ ဆင်းရဲမှု
    တစိတ်တဒေသမျိုးပါ.. ဥပမာဗျာ.. ယိုးဒယားတစီးကို က.ည.န (ယခင်) ဒဏ်ကြေး
    နဲ့ လိုင်စင်လုပ်တုန်းက ရ သိန်းနဲ့ ၁၂ သိန်းကြားပေးရတော့ လိုင်စင်လုပ်ချင်ပေမဲ့
    မတတ်နိုင်ခဲ့ကြပါဘူး… စည်းကမ်းနဲ့ အညီနေထိုင်တတ်ဖို့ကတော့ ငွေအများကြီး
    ရင်းရမှာမို့ အဆင်မပြေပါဘူးဗျာ….။

    Reply

  • Bu Gyi

    May 22, 2012 at 5:02 pm

    ဟုတ်တယ် အဲဒီတုန်းက တရုတ်ဘီးတောင်မစီးနိုင်ဘူး ……

    Reply

  • kotun winlatt

    May 22, 2012 at 5:22 pm

    တူတူပါပဲဗျာ..
    ကျုပ်တို့ဘက်မှာလည်းးး
    မော်တော်ပီကယ်မဟုတ်တဲ့
    မော်တော်ပီကယ်တွေက တစ်လတစ်ခါ
    အချဉ်ဖမ်းးးနေတာပါ..တစ်စီး ၃၀၀ဝကျပ်တဲ့
    မော်တော်ပီကယ်မဟုတ်တဲ့ မော်တော်ပီကယ်ဆိုတာက
    ရဲသားကနေ အဝတ်ပြောင်းဝတ်ပီးးမော်တော်ပီကယ် အယောင်ဆောင်
    ထားတာတဲ့ ရဲတွေလေ….။

    Reply

  • ster

    May 23, 2012 at 12:03 am

    ဆိုင်ကယ်ဆိုလို.ဗျာ..
    လှိုင်သာယာဘက်မှာ တရားဝင်စီးခွင်.ရနေတဲ.အတိုင်းပဲ။
    တော်တော်ဆိုးလာပြီ။
    ဦးထုပ်မဆောင်း၊ (၂)ယောက် (၃)ယောက် စီးနဲ. စည်းကမ်းမရှိ ဟိုဘက်က ကျော်တက်၊ ဒီဘက်ကကျော်တက်နဲ.
    ဘယ်လိုပုံစံနဲ. စီးခွင်.ပြုထားလဲ မသိဘူး။
    ဖမ်းတာလဲ သိပ်မတွေ.ရဘူး။ ဒီမြို.နယ်မှာ စီးခွင်.မရှိဘူးလို.ပဲ သိထားတာ။

    Reply

  • naked

    May 29, 2012 at 3:10 am

    ဒါမျိုးတစ်ခါတော့ကြုံဖူးတယ်ဗျ
    ကျွန်တော့်ဆိုင်ကယ်ကိုဖမ်းတော့
    သူများဆိုင်ကယ်တွေလဲမဖမ်းဘူးလားလို့ပြန်မေးမိတယ်
    သူ(ယာဉ်ထိန်းရဲ) ပြောတာတော့ ငါကကုလားဘုရားမဟုတ်ဘူးတဲ့
    လက်တွေအများကြီးမရှိဘူးတဲ့..ဖမ်းချင်တဲ့လူဖမ်းမှာတဲ့…
    အဲဒါကမန်းတလေးမှာပါ…..
    ဘာပဲဖြစ်ဖြစ်အရေးယူမယ်ဆိုရင်တော့….
    ညီတူညီမျှလုပ်ဖို့ကောင်းတယ်ဗျာ….

    Reply

    • etone

      May 29, 2012 at 11:30 am

      ဟီး ဖြေရှင်းချက်က မိုက်တယ်နော် .. ကုလားဘုရားမဟုတ်ဘူးတဲ့ .. ဟိဟိ 😀
      အော်တော်သေးတာပေါ့.. ကျွန်တော်က ခင်ဗျားကို အကန်းမှတ်နေတာလို့ ပြောလိုက်လျှင် ဆိုက်ကယ်ပါသိမ်းသွားမယ် ထင်တယ် ဟိဟိ 😛

      Reply

Leave a Reply

Your email address will not be published.