ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်လာနဲ့ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေးအတွက် Myanmar Development Resource Institute -MDRI  မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်း ခေါင်းဆောင်လည်းဖြစ်တဲ့ နိုင်ငံတော်သမတ္တအကြံပေးလည်းဖြစ်တဲ့ ဦးမြင့်က ပြည်သူထံသို့ အိတ်ဖွင့်ပေးစာ တစ်စောင် ဒိနေ့ ဖြန်ချီလိုက်ပါတယ်။ ပညာရေးကဏ္ဍ လိုအပ်ချက် အတွက် ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး အတွက် စဉ်းစားကြဖို့ စာမှာအဆိုပြုထားပါတယ်။ ရန်ကုန်တက္ကသိုလ် ဆိုတာ ပြည်သူတရပ်လုံးက ပိုင်ဆိုင်တဲ့ အမျိုးသား အမွေအနှစ်ဖြစ်ကြောင်း၊ရန်ကုန်တက္ကသိုလ် သမိုင်းဦးကာလမှာ အာရှတိုက်က အကောင်းဆုံးဖြစ်ခဲ့ကြောင်း၊အကြီးအကျယ်ဆုံး တက္ကသိုလ်တွေထဲက တစ်ခု ဖြစ်ခဲ့တဲ့အကြောင်း၊ အရင်က ရှိခဲ့တဲ့ ဂုဏ်ရောင်တွေနဲ့ အသွေးရောင်စုံတွေ လွင်ပြယ်ခဲ့ရတဲ့ အောကင်းတွေကို ပေးစာမှာ ဖော်ပြပေးခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် ပင်မဝင်းထဲက စာသင်ခန်းတွေမှာ ဘွဲ့ကြို၊ဘွဲ့လွန် ပုံမှန်အတန်းတွေ […]


ကြိမ်လုံးအကြောင်းစဉ်းစားမိတိုင်း အထက်တန်းကျောင်းသားဘဝတုန်းက ကြုံခဲ့ရတာလေး တစ်ခုကို အမြဲသတိရနေမိပါတယ်။ မြန်မာစာ အချိန်မှာ ပင်ရင်း စကားပြေ လက်ရွေးစင်ထဲက မင်းတုန်းမင်းနှင့် ငါးခြောက်ပြား ဆောင်းပါးကို သင်ပြီးစပေါ့။ မင်းတုန်းမင်းငယ်ရွယ်စဉ် မောင်လွင်ဘဝက စံကျောင်း ဆရာတော် ဆီမှာ ပညာသင်ကြားခဲ့ရတယ်။ တစ်နေ့မှာ အင်းသားကြီးငကြူးက ငါးခြောက်ပြားကြီး တစ်ပြားလာပြီး လှူတယ်။ ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။ ကျောင်းမှာကလည်း ငါးခြောက်ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာ သေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။ နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေး တဲ့အခါ မောင်လွင်ကို ငါးခြောက် ဖုတ်ခိုင်း တော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။ ဆရာတော်ကတော့ လက်ဆေးပြီးနှမ်းဆီမွှေးမွှေးနဲ့ ရောက်လာမယ့် ငါးခြောက်ဖုတ်ကို စောင့်နေတာပေါ့.။ မောင်လွင်မှာ ဘယ်လိုမှ ရှာဖွေ မေးမြန်းစုံစမ်းလို့မရဘဲ ဗျာများနေခိုက် […]


u myoMay 19, 20121min010
1။ မတ်တူး 99 2.0 trente ကားနံပါတ် အသစ် အင်ဂျင်ပါဝါ 2.0 190 သိန်း 2။ 1997 Hilux Surf SSRG Intercooler Diesel Sunroof, Compass guage, wooden trim အင်ဂျင်ပါဝါ 3.0 ကားနံပါတ် 1ဃ…….. 310 သိန်း 3။ 99 မော်ဒယ် New Shape KZN185 Hilux Surf Intercooler Diesel (Black Metallic Colour) Very clean condition inside out. အင်ဂျင်ပါဝါ 3.0 1ဃ…….. 360 သိန်း 4။ န ပါဘလေကာ […]


“ကိုယ်ဗိုက်ကလေး..ဘုရားကို အရက်လှူချင်လို့ဆို..ဘုရားက အရက်လိုလို့ တဲ့လား” “တပည့်တော်သောက်နေတာကို ဘုရားလှူမှာပါဘုရား” “ဘယ်လိုသောက်နေတာကိုလဲ..လက်ထဲပါလာတဲ့ပုလင်းထဲကလက်ကျံလား ဘုန်းဘုန်းကလဲ သိရက်သားနဲ့…ဟီး တပည့်တော် အရက်ဖြတ်ချင်လို့ မသောက်တော့ပါဘူးလို့ ဘုရားကို ကတိပြုဝန်ခံမလို့ပါဘုရား” “အော်…..ဒီလိုလား…ကိုယ်မသောက်ချင်လို့မသောက်တာကို ဘာကြောင့် ဘုရားထံ လာပြီးဝန်ခံကတိပြုနေရတာလဲ။ ဘုရားထံဝန်ခံကတိပြုထားတော့ မလွတ်မလပ်ကြီးဖြစ်နေမှာပေါ့။ ကိုယ့်ဖာသာကိုပေါ့ပေါ့ပါးပါးလေးဖြတ်ပါ လား” “ကိုယ့်ဘာသာကိုယ်ကြတော့ ကိုယ့်စိတ်ကိုမနိုင်တော့ ပြန်ပြန်သောက်နေ လို့ ဘုရားရှေ့မှာ လှူထားပြီးကတိပြုထားတော့ ကြောက်ပြီး မသောက်ဖြစ် အောင်လို့ပါဘုရား” “ကြောက်ပြီးမသောက်ဖြစ်အောင်လို့ဆိုတော့ ခုလိုကတိပြုပြီး ပြန်သောက် ရင် ဘုရားကဘာလုပ်မှာမို့လဲ…ကတိမတည်သူဆိုပြီး ဘုရားက ဒဏ်ပေး တတ်သူလား။ ဘုရားကို သိက္ခာကျအောင်တော့ မလုပ်ပါနဲ့ ဒကာဗိုက်ရယ်။ ကမ္ဘာ့ ဘာသာတွေထဲမှာ ကျုပ်တို့ဘုရားက ဘယ်လိုသူကိုမှ သူကနေ ဒဏ် ပေး တယ်ဆိုတာမရှိဘူး။ သူ့ကိုကြိုက်ကြိုက် မကြိုက်ကြိုက်..သူ့စကား နားထောင်ထောင် ..မထောင်ထောင်.. […]


kotun winlattMay 19, 20123min015
                                                   မွမ်းမံပြင်ဆင်ပြီးသွားသော စာသင်ဆောင်လေး                                                          ချက်ကြပြုတ်ကြ ကြော်ကြလှော်ကြ                                                            အရုဏ်ဆွမ်းကပ်လှူစဉ်                                                          ဆွမ်းဘုဉ်းပေးနေတဲ့ ဆရာတော်များ                                                  ဆရာတော်ဦးအာဒိစ္စအား ဆွမ်းကပ်လှူစဉ်                                                    ပြင်ဆင်ပြီးစီးသွားသော စာသင်ဆောင်အား ကျေးရွာအုပ်ချုပ်ရေးမှူးသို့ လွဲပြောင်းပေးအပ်                                                               0ne candle စေတနာရှင်လူငယ်များ အဖွဲ့                                                                   အားပါးတရ စားသောက်နေကြသူများ                                                       စာသင်ဆောင်လေးပြီးစီးမှုအတွက် ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကခုန်နေကြတဲ့ ရွာသူရွာသားများ မွမ်းမံပြီးစီးသွားသော စာသင်ဆောင်သစ်လွဲအပ်ခြင်း စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ ကရင်ရွာ စာသင်ဆောင်လေးသည် ရွာသူရွာသားများဆောက်လုပ်ခဲ့ရာ ငွေကြေးမတတ်နိုင်သဖြင့် ရပ်နားထားခဲ့ရသည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်ပါသည်။ ယခုအခါ ထိုစာသင်ဆောင်လေးအား မော်လူးဒေသ ကရင်ရွာ၏ အရှေ့ဘက်ရှိ ဝေဘူဝေဘာတောရကျောင်းဆရာတော်မှ ဦးစီးပြီး အွန်လိုင်းမှအလှူရှင်များ ကျေးရွာမှ အလှူရှင်များစုပေါင်းကာပြုပြင် မွမ်းမံပြင်ဆင်ပြီးစီးသွားပါသဖြင့် ကျောင်းဆောင်သစ်လေးအား […]


kotun winlattMay 19, 20123min010
ကျနော်တို့တောင်ခြေရောက်တော့ အတက်တုန်းကနားခဲ့ရတဲ့ ဆိုင်လေးမှာပဲ ထိုင်နားကြတယ်… ကိုစိန်သော့နဲ့ကျနော်က အရင်ရောက်နှင့်တာမို့ အအေးတစ်ဘူးစီကိုယ်တိုင်ယူစနစ်နဲ့ ယူပြီး သောက်နေလိုက်ကြတာ… ကိုစိန်သော့နဲ့ ကျနော် စကားပြောရင်း ကျနော်မသိတာတွေ မေးရင်းပါ…။ တော်တော်လေးကြာမှ လေးပေါက်တို့ တူဝရီး ရောက်လာကြတာ…။ ဖရဲကတော့ ရောက်မလာသေးပါဘူး။ လေးပေါက်က ဖရဲရော ဘယ်မှာလဲလို့ မေးပါတော့တယ်…. လေးပေါက်မေးပြီး မကြာခင်ပဲ ဖိနပ်မပါ ခြေဗလာနဲ့ဖရဲ ရောက်လာတော့တာ.. ဖရဲက ကျနော် ထိုင်နေတဲ့ ခုံရဲ့ ဘေးမှာဝင်ထိုင်ပြီး အအေးသောက်လေဆိုတော့ မသောက်ပဲ ရေသန့်ဘူးပဲ ယူပြီး သောက်နေရှာတယ်… ဖရဲထိုင်နေတဲ့ ခုံရဲ့ အောက်မှာ ဘယ်သူကျန်ထားမှန်းမသိတဲ့ ဖိနပ်တစ်ရံရှိနေတာလေ…ဒါကို ကျနော်နဲ့ ကိုစိန်သော့က “ဖရဲရေ အဲ့ဖိနပ်လေးစီးခဲ့လေ”လို့ ပြောတော့ ဖရဲက ဖိနပ်ဆိုရင် ဂျော်ဒါနိုးတံဆိပ်လောက်ကို အနိမ့်ဆုံးထားစီးတာဆိုပဲ…။ ကျနော်တို့တွေ နားရင်း […]


ခင္ခMay 19, 20121min010
သောက်ရေသန့်နှင့်သဘာဝရေ မျှတအောင်သောက်ပေးကြဖို့ တိုက်တွန်းပါတယ်။ လူတို့စားဝတ်နေရေးအဆင့်တန်းမြင့်လာတာနဲ့အခုခောတ်မှာသောက်ရေသန့်တွေတံဆိပ်မျိုးစုံပေါ် လာကြတယ်။ကြော်ငြာတွေလည်းအရမ်းကိုများလာပြီး ရေသောက်မှရေငတ်ပြေမယ်၊ကျန်းမာမယ်၊ ခောတ်မှီတယ်ဒါမျိုးတွေဖြစ်လာတယ်။ သောက်ရေသန့်မှာ အကောင်းဆုံးသာလွန်ချက်က ရောဂါပိုးမွှား၊ ဗွိုင်းရပ်စ်တွေ၊မစုပ်ယူနိုင်တဲ့သတ္တု ဓာတ်( hard metal )တွေ၊ ဩဂဲနစ်ပစ္စည်းအညစ်ကြေးတွေကို အကုန်သန့်စင်ဖယ်ရှားပေးထားတယ်။ စံညွှန်းမှီသောက်ရေသန့်ရဲ့ကောင်းကျိုးပါ။ စံညွှန်းမှီသောက်ရေသန့်ရဲ့ချို့ယွင်းချက်က ကယ်စီယမ်၊မဂ္ဂနီစီယမ်၊အိုင်အိုဒင်းနဲ့ဆီလီနီယမ် စတဲ့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဒြပ်စင်တွေကိုလည်း သောက်ရေသန့်ထုတ်လုပ် သန့်စင်မှု့လုပ်တဲ့အခါ ဖယ်ရှားခံထားရတာပါဘဲ။ ဒါကြောင့်သောက်ရေသန့် ကြာရှည်သောက်သုံးရင် ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ဒြပ်စင်တွေ အရနည်းနိုင်ပါတယ်။တကယ့် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ သောက်စရာ အရည်ဟာ ဓါတ်ဗူးထဲမှာလို့ ပြည်တွင်းပြည်ပ ကျွှမ်းကျင်ပညာရှင်တွေက တညီတညွှတ်တည်း ပြောနေကြပါတယ်။ဒါကတော့ ရေကျက်အေး ရေ ပါဘဲ။ ရေကိုကျိုချက်သောက်ပါလို့ဆိုကြပါတယ်။ အဲဒီမှာ တစ်ချို့က ရေသန့်ကိုကျိုတယ်။နဂိုကမှာ လူကိုအကျိုးဖြစ်စေတဲ့ဒြပ်တွေနည်းနေတဲ့ ရေသန့်ကိုထပ်ပြီးကျိုလိုက် ဘာမှကျန်တော့မှာ မဟုတ်ဘူး။ရိုးရိုးသောက်သုံးလို့ရတဲ့ရေကို ကျိ်ုထားတဲ့ရေကျက်အေးမှာ Bioactive ပါဝင်မှု့ဟာ ၄-၅ဆ မြင့်ပါတယ်။အမြဲသောက်ပေးရင် […]


ကျနော်ဒီပိုစ့်လေးဒီပေချ် ့ကနေတင်ချင်ပါတယ်ဒါမှလည်းလူတိုင်းသတိထားဖတ်နိုင်အောင်ပါ။ ဒါမှလည်းရွာလူကြီးရပ်မိရပ်ဖတွေဆီက ကြားချင်လို ့ပါ။ လေးစားသော   ၅ နှစ်အရွယ် မိန်းခလေးကို မုဒိန်းကျင့်သူ တရားသေ လွတ်မြောက်လာသည့် မြန်မာ့တရားရေး စီရင်ချက်တခု   ဖြစ်စဉ်နှင့် ပတ်သက်၍ ဖော်ပြထားသည့် သတင်းဆောင်းပါး – (၅)နှစ်အရွယ် မိန်းကလေးအား မတရားပြုကျင့်ခဲ့သည့် အမှုဖြစ်စဉ်၌ မော်လမြိုင်ခရိုင် ဒုတိယ တရားသူကြီးမှ တရားခံအား တရားသေ လွတ်ပေးခဲ့မှုနှင့် ပတ်သက်၍ ဝိုင်းဝန်းကူညီ အမှုမှန်ဖော်ထုတ်ပေးပါရန် (တိုင်ကြားစာ) Friday, May 18, 2012  ဒီမိုဝေယံ ………………. ၅ နှစ်အရွယ် မိန်းခလေးကို မုဒိန်းကျင့်သူ တရားသေ လွတ်မြောက်လာသည့် မြန်မာ့တရားရေး စီရင်ချက်တခု   စွပ်စွဲချက်တွေနဲ့ အမှုဖြစ်ပြီးနောက်ပိုင်း လူသိထင်ရှား တရားဝင် လုပ်ဆောင်ချက်တွေအရ […]


ခင္ခMay 18, 20121min018
ရန်ကုန်တိုင်း သုံးခွမြို့နယ်တွင် လျှပ်စစ်မီးပြတ်တောက်သဖြင့်သုံးခွလူထုမှလျှပ်စစ်ရုံးရှေ့တွင် လူအင်အားနှစ်ရာကျော်ခန့်ဖယောင်းတိုင်မီးထွန်းပြီး ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုကြပါသည်။ မီးရရှိချိန်အလွန်နည်းနေသဖြင့်ဖုန်းဆက်မေးမြန်းသောအခါ ၁၄ ရက်နေ့တွင် မြို့ပြည်သူလူထုမှလက်မှတ်ရေးထိုးဆန္ဒပြုသဖြင့် မီးပေးချိန်တစ်ဝက်ကိုလျှော့ချသည်ဟု တာဝန်ရှိသူမှပြန်လည်ပြောကြားခဲ့ရာတွင် မြို့နေလူထုမှ ၁၇-၅-၂၀၁၂နေ့ ည၈နာရီကျော်ခန့် တွင်ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်၊ မြို ့နေ ပြည်သူလူထုပေါင်းများစွာ လာရောက်ပူးပေါင်း ခဲ ့သဖြင့် ၁ နာရီခန် ့အကြာတွင် လျှပ်စစ်မီး ပြန်လည်ပေးခဲ ့ကြောင်းဒီနေ့သတင်းတွေထဲမှာတွေ့ရ ပါတယ်။ နှစ်ပေါင်းများစွာ ဒို့တိုင်းပြည်မှာ လျှပ်စစ်မီးကတော့ ဆင်းရဲနေစဲပါ။ ပြည်ထောင်စုလျှပ်စစ်ဝန်ကြီး က လျှပ်စစ်ဓါတ်အားတွေပိုလို့ အခြားတိုင်ပြည်ကိုရောင်းတာပါပြောလိုက်၊ ဟောဟိုတလောကဘဲ လျှပ်စစ်ဓါတ်အားတွေလိုလို့ ရောင်းထားတဲ့အခြားတိုင်းပြည်က ပြန်ဝယ်မယ်ပြောလိုက်နဲ့။  သူပြောတာကို ကြားရတုံးကစိတ်ထဲဘဝင်မကျဘူး၊ နောက်တော့စဉ်းစားရင်း အတွေးတစ်ခုရလိုက် တယ်။ သူကမြန်မာပြည်ကလျှပ်စစ်ဝန်ကြီးဆိုတော့ သူ့တို့လျှပ်စစ်လိုဘဲ လာလိုက် ပျက်လိုက် မမှန်တာများပြီး သူပြောတဲ့စကားပါ လျှပ်စစ်လို ပိုလိုက် လျှော့လိုက်နဲ့ ဓါတ်လိုက်သွားတယ်လို့။ […]


kotun winlattMay 18, 20125min09
ဒုဋ္ဌဝတီမြစ်ရေကကြည်လင်စိမ်းမြနေတာပါပဲ….မြစ်ဆိုပေမယ့် အကျယ်ကြီးတော့မဟုတ်ဘူးရယ်။ နေကလည်းပူနေတော့ ကျနော်မြစ်ထဲကို ဒိုင်ဗင်ပစ်ချပြီး ရေကူးချင်စိတ်တောင်ပေါ်လာရပါတယ်။ တစ်ဘက်ကမ်းကို ကူးသွားတဲ့စက်လှေက ဒီဘက်ကမ်းကို ပြန်လာတဲ့ အချိန် ကမ်းနားကပ်ခါနီး လေးပေါက်က စက်လှေဆရာကို ရေထဲနစ်နေတဲ့ ပန်ကာကို ရေအပေါ်ယံနားကို ရောက်စေပြီး ရေဖွေးဖွေးလေးတွေဖျာထွက်အောင် စက်လှေဆရာကိုလုပ်ခိုင်းပြီး ဓာတ်ပုံရိုက်ကြသေးတာပေါ့။ အဲ့အချိန်မှာပဲ မြစ်ဆိပ်ဆီကို ကလေးတစ်သိုက်နဲ့ အဖွားအို ရေချိုးဆင်းလာကြပါတယ်။ ကလေးလေးတွေကတော့ အပြစ်ကင်းစင်လိုပေါ့…ရေချိုးကြမှာမို့ မိမွေးတိုင်းဖမွေးတိုင်းလေးတွေ နဲ့ပါ…။သူတို့လေးတွေကိုမြင်တော့ ကျနော်ငယ်ငယ်က အဲ့လိုရေချိုးကောင်းလို့ ရေနစ်ခဲ့ရတဲ့ အဖြစ်လေးကို တွေးမိပြီး ပြုံးလိုက်မိပါသေးတယ်..။ ကလေးတွေက ကမ်းကိုကပ်ထားတဲ့ စက်လှေနားကနေ ရေချိုးဖို့တာစူနေကြတာပေါ့..။ စက်လှေမောင်းတဲ့ဆရာလေးက နည်းနည်းမူးနေတယ်ထင်ပါရဲ့…ကလေးတွေကလည်း ကင်မရာကြီးတွေတရွယ်ရွယ်နဲ့ လူကြီးတွေရှိနေတော့ ရှက်သယောင်ကြောက်သယောင်ပေါ့..ဒါကိုလေးပေါက်က ကလေးတွေကို စက်လှေပေါ်ကနေဒါမှမဟုတ် ကမ်းဘေးသစ်ငုတ်တိုပေါ်ကနေ ဒိုင်ဗင်ထိုးကြဖို့ မြောက်ပေးနေသေးတာရယ်…။ကလေးတွေကလည်း လူလည်လေးတွေ မြောက်တိုင်းမမြောက်ကြပါဘူး…။ဒါကိုစက်လှေဆရာက သူ့နားရှိတဲ့ ကလေးတစ်ယောက် ကို […]