သရဲအကြောင်းပိုစ့်လေးတွေဖတ်ရတော့ ကိုယ်လည်းပြောချင်လာတယ်။ ကိုယ်ကိုတိုင် ကြုံခဲ့ရတဲ့ အကြောင်းတော့မဟုတ်ပါဘူး။ ကျွှန်မရဲ့ဘကြီးတစ်ယောက်ရဲ့အကြောင်းပါ။ သူကသရဲလုံးဝမကြောက်တတ်တာ ဒါပေမဲ့သရဲကလည်းသူ့ကိုဆိုတော်တော်ခြောက်ပါ တယ်။ ခဏခဏခြောက်ခံထိပေမဲ့ တစ်ခါမှကြောက်တယ်ဆိုတာမရှိပါဘူး။ သူက သရဲ ဆိုတာ လူတွေထက်အဆင့်နိမ့်တဲ့ ဘုံဘဝတစ်ခုအဖြစ်ခံယူထားသူပါ။ တောရွာတွေမှာက အင်းလေလံဆိုတာရှိပါတယ်။ ရွာမှာရှိတဲ့အင်းတွေ အိုင်တွေကို ရွာလူကြီးတွေက အင်းသူကြီးတွေဆီမှာ လေလံအဖြစ်ရောင်းကြပါတယ်။ လေလံ အောင်ပြီးသားအင်းဆိုရင် ဘယ်သူမှငါးဖမ်းလို့မရတော့ပါဘူး။ ဖမ်းရင်ထောင်ဒဏ်အပြင် ငွေဒဏ်ပါပေးရဆိုပဲ။ဒါပေမဲ့ အဲဒီဘကြီးက အင်းလေလံဆွဲတယ်ဆိုတဲ့ဟာကိုမကျေနပ် ပါဘူး။ ဘိုးဘွားမိဘတွေလက်ထက်ထဲက လွတ်လွတ်လပ်လပ်လုပ်ကိုင်ဖမ်းစားလာတဲ့ အင်းကို လေလံဆွဲပြီးရောင်းစားတာကိုမတရားဘူးလို့ထင်ပေမဲ့ ဘာမှမတတ်နိုင်ပဲလက် ပိုက်ကြည့်နေရတာပါ။ လူတွေအမြင်မှာတော့အေးဆေးကြည့်နေပေမဲ့ ညဘက်တွေမှာ တော့ဘယ်သူမှမသိအောင်ငါးသွားသွားမျှားပါတယ်။ သူကပြောသေးတယ် ငါ ငါးမျှား တာ ခိုးတာမဟုတ်ဘူးတဲ့ တစ်ရွာလုံးနဲ့ဆိုင်တဲ့ အင်းမို့မျှားတာ တဲ့။ ဒီလိုနဲ့ တစ်နေ့ငါးမျှားနေတုံး မနက်နှစ်နာရီလောက်ကျတော့ ဘကြီးခံတွင်းချဉ်လာပါ တယ်။ ဒါနဲ့ဆေးလိပ်သောက်မယ်ဆိုပြီး ဆေးပေါ့လိပ်ကိုထုပ်ပြီး […]
