naung naungMay 26, 20121min09
ရှေးလူကြီးသူမတွေထားခဲ့တဲ့ စကားပုံလေး တစ်ခုပါ။ ကျွန်တော်တို့ မြန်မာလူမျိုးအားလုံးနီးပါးကြားဖူးကျမယ်ထင်ပါတယ်။ ခုလဲ အကြောင်းသင့်လို့ဒီစာလေးရေးပြီးတင်လိုက်ရတာပါ။ အကြောင်းအရာကိုမရေးခင်ကြိုတင်ပြီးတခုလောက်တော့ အသိပေးပါရစေဗျာ ။ ကျွန်တော်က အစိုးရဝန်ထမ်းမဟုတ်သလို ဘယ်အစိုးရဝန်ထမ်းမှလဲ ကြည့်လို့ရသူတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ခုဖြစ်နေတာက ဘယ်လိုပြောရမလဲဆိုတော့ မိုးပေါ်မှာရှိတဲ့ လမင်းကြီးဆီက ယုန်ရုပ်ကိုဖမ်းပေးပါလို့ ကလေးငယ်တွေပူစာသလို ကျွန်တော်တို့လူမျိုးအတော်များများက မီးပေးပါမီးပေးပါနဲ့ အော်နေကြတယ်။ ဟုတ်ပါပြီ မီးမရလို့ ရေမရှိဘူး ပြသနာက ကြီးပါတယ်။ ဒါပေမဲ့ ပေးစရာမီးက မရှိဘူး ။ ဘယ်လိုလုပ်ကြမလဲ ။ အစိုးရဝန်ထမ်းတွေကိုလဲ ဒီတစ်ခါတော့ကျွန်တော်သနားမိသွားပါတယ်။ ဆည်ဆောက်ပြီးရေအားလျှပ်စစ်တွေထုတ်ဖို့လုပ်တော့ သဘာဝပတ်ဝန်းကျဉ်ထိခိုက်တယ် ။မြစ်ကြီးတွေပျက်ဆီးတယ်။မဆောက်ပါနဲ့တဲ့။ တစ်ခါ ကျောက်မီးသွေးနဲ့ထုတ်မယ်ဆိုပြန်တော့ လေထုညဉ့်ငြမ်းတယ်ကျန်းမာရေးထိခိုက်တယ် ဘာညာဆိုပြီးအော်ကြပြန်ရော။ နောက်ပြီးတော့လဲ မီးရလာပြန်တော့လဲ ချိုးခြံချွေတာခြင်းမရှိဘဲသုံးကျပြန်တယ် ။ သုံးကျမှာပေါ့ မီတာခက အရမ်းသက်သာတယ်လေ။ သူများနိူင်ငံတွေမှာ မီးးကို 24 နာရီအပြည့်ပေးထားပါတယ်။ […]


မရှိတာထက်…မသိတာက ခက်တယ်။ မသိတာထက်..မသိချင်တာက ပိုခက် တယ်။ မသိချင်တာထက် …သိချင်ယောင်ဆောင်သူက အခက်ဆုံးတဲ့။ အကြံပေးအရာရှိဆိုသူကတော့ သတင်းစာရှင်းလင်းပွဲမှာ…။ မီးကိစ္စအဆင်ပြေအောင်..ကိုယ့်အိမ်ထဲမှာ ဖယောင်းတိုင်လေးထွန်းပြီး မီးပိတ် နေလိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်တဲ့…ကဲဟုတ်ဘူးလား….ဘာခက်လဲ။ နောက် မိုးရွာတော့မှာမို့ မကြာခင် အားလုံးအဆင်ပြေသွားမှာတဲ့။ ဒါလဲ ဟုတ်ဘူးလား…. သိပ်မကြာခင်ပါဆို…..ဒါလေးမှ မစောင့်နိုင်ကြဘူးလား။ မသကာ….လေးငါးနှစ်ပေါ့။။။။ ဟီး စတာ..အဲဒီ စကားတွေကတော့ မကောင်းပါဘူး။ မစဉ်းစားပဲ ပြောလိုက်သလိုလဲ ဖြစ်သွားတယ်။ နောက်ကချော်ကချက်ပြောင် လိုက်သလိုလဲ ဖြစ်သွားတယ်။ ဒါပေမယ့်လဲ မမှားသောရှေ့နေ..မသေသော ဆေးသမားမရှိဆိုသလိုပေါ့။ တခါမှားတာကို အပြစ်တွေအများကြီးပွားနေကြမယ်ဆိုရင်လဲ “အာဃာတတွေပွားနေရင်..အာဃာတတွေပဲ များမှာပဲ။ မကောင်းတာတွေ များတာဟာ ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး” ပြောခဲ့တဲ့ပုဂ္ဂိုလ်အနေနဲ့လဲ…သမ္မတကြီးရဲ့အကြံပေးဆိုတဲ့ နာမည်နဲ့လိုက်အောင် အသိကြီးဖို့..သဘောထားကြီးဖို့…အမျှော်အမြင်ကြီးဖို တွေလိုအပ်ပါတယ်။ ကိုယ်မှားတာကို မှားမှန်းသိရင်…လူတော်ပါပဲ။ မှားတာကို မှားပါတယ်လို့ဝန်ခံရဲတာကလဲ သူတော်ကောင်းစိတ်ဓာတ်ပါ။ ဒါကြောင့် ကိုယ့်ကြောင့် […]


                ကဗျာဆရာ ကလင့် (မန္တလေး)ရေးထားတဲ့ အလွမ်းစာလေးကို ပြန်မျှဝေပေးတာပါခင်ဗျာ                                    ကမာ္ဘရပ်ဝန်းငယ်ရဲ့ မျက်ရည်ပင်လယ်သွန်းမှုထဲမှာ                          စာရေးဆရာစိုးအောင် (မန ္တလေး) ရှိနေတယ်…   ကိုစိုးအောင် ….. ကျွန်တော်ပြန်ခဲ့တဲ့ တောင်တန်းရှည်လျားမှုတွေထဲ တားဆီးမရအောင်ကျခဲ့တဲ့ မျက်ရည်တွေဟာ ကမာ္ဘတည်သရွေ့ သက္ကရာဇ်တွေ နောက်ပြန်မသွားသရွေ့ မမေ့ခြင်းပုံရိပ်အသွင် တည်ရှိကျန်ရစ်နေမှာပါ ။       ။   ကိုစိုးအောင် ….. ကျွန်တော် စာပေဝိုင်းက အိမ်ပြန်ညတွေတိုင်း အမြဲတမ်းလိုက်ပို့ခဲ့သူ အခုတော့ ကိုစိုးအောင်ရေ … ကျွန်တော်အိမ်ပြန်ညတွေမှာ ရောက်ရာအရပ်ကနေ လိုက်ပို့နေဦးမှာလား ။       ။   ကိုစိုးအောင် ….. အတိတ်က ကျန်ရစ်ခဲ့တဲ့ ရက်စွဲတွေကို […]


koyin sithuMay 25, 20121min028
ဂျပန်မှာ ၁၉ ၉ ၅ ခုနှစ် မှာ ကိုဘေးငလျင်လှုပ်ခဲ့ပါတယ်။ ငလျင်ဒဏ်ကြောင့် ကိုဘေးတစ်မြို့ လုံး ပျက်ဆီးမီးလောင် လူတွေဒုက္ခရောက် လျှပ်စစ်မီးမလာ၊ ဂက်စ်မလာ၊သောက်သုံးရေမရပါဘူး။ အဲဒီအချိန်မှာ မြို့ နယ်အုပ်ချုပ်ရေးမှူးတစ်ယောက်ဟာ သူတာဝန်ယူထားရတဲ့ မြို့ နယ်အတွက် အရေးကြီးတဲ့ သောက်သုံးရေ ရရှိအောင်မလုပ်ပေးနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားပါတယ်။ တာဝန်ရှိမှု၊တာဝန်ယူမှုကို အသက်နဲ့ လဲသွားပါတယ်။ ခင်ဗျားလည်း ပြည်သူ့အခွန်ကနေလစာလခယူပြီး ပြည်သူအပေါ်မှာ လက်လွယ်စပါယ် ပြောဆိုမှုအတွက် တာဝန်ယူရဲတယ်၊ ရှက်တတ်တယ်ဆိုရင် သမတအကြံပေးနေရာက ထွက်ဖို့ သင့်ပါတယ်။ ( ပြည်ထောင်စုဝန်ကြီးဦးဇော်မင်း ကိုလည်းရည်ညွှန်းသည်။) Kyaw Aye …. Chiyoda-ku, Tokyo ================================= Comment of the day….! Written by: Hm SoeMinn အမှန်ဆို […]


aung nainglinMay 25, 20121min07
ဖြစ်ခဲ ့သမျှ  အရာရာအားလုံးဟာအကောင်းလို ့မှတ်ယူရမှာပေါ့။     မနေ ့က  ဖြစ်ခဲ ့ပြသာနာအားလုံးကို   သူငယ်ချင်းတွေကိုပြောပြမိသည်။      သူငယ်ချင်းနှစ်ယောက်စလုံးကလဲစိတ်ဝင်စားစွာ   နာထောင်နေကြပြီလေ။     သူပြောလို ့အဆုံးသက်လဲရောက်ရော    ဝင်းထွန်က     ပြောလေတော့သည်။ “ဟ……….မင်းဇော်     မင်းတို ့ဇာတ်လမ်းက   ဖိနပ်ကနေစခဲ ့တာပဲကွ……….” “ဟုတ်တယ်ကွာ ………..သင်တန်းအပ်ဖို ့ဆုထားတဲ ့ပိုက်ဆံက     အဲ ့ဒီဖိနပ်တစ်ရံအတွက်နဲ ့    တစ်ဝက်ကုန်သွားတယ်လေ……..” “ဟာ……ဒါဆိုဘယ်လိုလုပ်တော့မလဲ….မင်းသင်တန်းမအပ်ခဲ ့ရဘူးပေါ့…ဟုတ်လား…..” “အေးပေါ့ကွာ..ဘယ်လိုလုပ်အပ်နိုင်တော့မှာလဲ  ……..      ပိုက်ဆံက တစ်ဝက်ပဲရှိတော့တာ…..ငါလဲစိတ်ညစ်ပြီးအိမ်ပြန်လာခဲ ့တယ်ကွာ……….” သူတို ့သုံးယောက်မှာ   မင်ဇော်ထွန်းက      အဆင်းရဲဆုံးပေါ့။  ဖခင်ဆုံးသွာပြီးနောက်သားအမိနှစ်ယောက်တည်းပင်ပန်းစွာ    ရုံးကန်နေရတဲ ့   မင်းဇော်ထွန်းမှ     ဒီလိုဖြစ်ရယ်လို ့ကံကြမ္မာရယ်။   မင်းခန် ့က    ဂရုဏာဖြစ်ပြီးဝင်ပြောလေသည်။ “မင်းဇော်” “ဘာလဲ   မင်းခန် ့  […]


၁ ။ မိန်းကလေးတစ်ယောက် ငိုကြွေးနေပြီဆိုရင် ပျော်လွန်းလို့လည်းဖြစ်နိုင်သလို ဝမ်းနည်းလွန်း လို့ လည်းဖြစ်နိုင်တယ် ။ သင့်ရဲ့ နှစ်သိမ့်စွာ ထွေးပွေ့မှုလေးတစ်ခု က သူ့မျက်ရည်တွေကို တိတ်စေပါတယ် ။ ၂ ။ မိန်းကလေးတစ်ယောက် စိတ်ကောက်နေပြီဆိုရင် အလို မကျလို့လည်း ဖြစ်နိုင်သလို သင့်ဂရုစိုက်မှုကို လိုချင် လို့လည်းဖြစ်နိုင်တယ် ။ သင့်ဆီမှာ သူ စိတ်တိုင်းမကျစရာ ဘာရှိသလဲ ပြန်ဆန်းစစ်ပါ ။ အရင်ကထက်ပိုပြီး ဂရုစိုက်ဖို့လည်းလိုပါပြီ ။ ၃ ။ အသေးအဖွဲကိစ္စလေးပဲဆိုပြီး စကားကို မဆင်မခြင်မပြောမိပါစေနဲ့ ။ တခါတလေ ကိုယ်က ဘာရယ် မဟုတ်ဘူး ပြောမိလိုက်တဲ့ စကားတစ်ခွန်းက မိန်းကလေးတစ်ယောက်အဖို့ စိတ်ဒါဏ်ရာ ရသွားစေ တာမျိုးလည်းဖြစ်နိုင်တယ် ။ ၄ ။ […]


yannaingechMay 25, 20121min010
ဖယောင်းတိုင်သမားတို့ အစွမ်းကြောင့် ဧရာမမီးစက်ကြီးများ ရပ်ကွက်ထဲရောက်လာကြပါသည်။ တီအီးကားပေါ်တွင် မီးစက်ကြီးကို အထိုင်ချကာ ရပ်ကွက်အလယ်က ထရန်စဖေါ်မာနား မောင်းယူလာသည်။ ကားမှရပ်မယ်မကြံသေး၊ ယူနီဖောင်းဝတ် သုံးဦးလောက်က ကားဘေးမှာ ရပ်ပြီး မိန့်မိန့်ကြီးပြုံးကာ၊ ရုပ်သံသမားများကလည်း ကင်မရာများ ရမ်းကာ ရမ်းကာနှင့်။ ခဏကြာတော့ အားလုံး ကြက်ပျောက်၊ ငှက်ပျောက် ပျောက်သွားပြီး ကားကြီးနှင့် မီးစက်ကြီးသာ ကျန်ခဲ့တော့သည်။ မနက်မိုးလင်းကတည်းက ရပ်ထားသည့်ကားကြီးနှင့် မီးစက်ကြီးမှာ တစ်နေကုန် တုတ်တုတ်မျှ မလှုပ်။ ညနေစောင်း ရောက်မှ ယူနီဖောင်းဝတ်များ ပြာပြာ၊ ပြာပြာနှင့် ရောက်လာကြကာ ဟိုကြိုးဆွဲ၊ ဒီကြိုးဆက် နှင့် အလုပ်တွေ များနေလိုက်ကြသည်မှာ အုန်းအုန်းကိုထနေပါရောလား။ ဒီလိုနှင့်ညနေ (၅) နာရီလည်း ထိုးရော ဗြုန်းဆို……. မီးပျက်သွားပါလေရော။ မီးကြိုးချိတ်နေကြသည့် ဆရာသမားများက မပြီးကြ […]


ခင္ခMay 25, 20121min014
လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်က အဖြစ်အပျက်ကလေးတစ်ခုကို သတိရမိလို့ပါ။ အဲဒီအချိန်တုံးက တက္ကသိုလ်မှာကျောင်းပြီးလို့ အလုပ်တစ်ခုလုပ်ရအောင် နေ့တိုင်းနီးပါး ရန်ကုန်မြို့ ကမ်းနားလမ်းက ခြောက်ထပ်ရုံးကိုရောက်ခဲ့ပြီး အလုပ်ခေါ်တဲ့ ကြော်ငြာကိုလာဖတ်လိုက်၊ သူငယ်ချင်းတွေနဲ့ အဲဒီခြောက်ထပ်ရုံးနားက လ္ဘက်ရည်ဆိုင်ထိုင် လေပစ်လိုက်နဲ့ ပေါ့။ တစ်နေ့သူငယ်ချင်းက ဘယ်ကဘယ်လိုသိလာသလဲတော့မသိဘူး မြို့ထဲ လမ်းတစ်ခု (လမ်းနံပါတ်မမှတ်မိတော့လို့)မှာ အလုပ်ကိစ္စလေးအဆင်ပြေအောင် ဗေဒင်မေးရအောင်တဲ့ တစ်ခါမေးမှ ၂၀ဝ ကျပ်ဆိုပြီး သူငယ်ချင်း နှစ်ယောက်သွားကြတယ်။(အဲဒီအချိန်ကာလက ငွေ ၂၀ဝ ကျပ်ဟာ ဆီချက်တစ်ပွဲနဲ့ အအေး တစ်ပုလင်း ရတယ်။) အခန်းရှေ့ရောက်တော့ ဆိုင်ဘုတ်တွေ့တယ် စိ်တ် ကို စိတ် ဖြင့်ဟောသည် တဲ့။ ဒါနဲ့ သူငယ်ချင်းနှစ်ယောက် ဝင်သွားပြီးဧည့်ခန်းမှာ ထိုင်လိုက်ရင်ဘဲ၊ လိုက်ကာကာထားတဲ့ အခန်းလေးအတွင်းကနေ တစ်ယောက်ဆီဝင်ခဲ့ပါ ဆိုလို့ဝင်သွားတယ်။ အခန်းလေးထဲမှာ […]


aung nainglinMay 24, 20121min04
´ဒီမှာ……..အမိ´ `ကျမ ….နာမည်`အမိ´မဟုတ်ဘူး…………..´ `ဟ……..ငါမှမင်းနာမည်မသိတာ……….အမိလို ့ခေါ်တာအထူးအဆန်းဖြစ်နေလို ့လား…… နေပါအုံး..ငါမသိတာလေးရှိလို ့မေးပါရစေ…..မင်းကို  ငါကဇာတ်လမ်းထွင်မယ်လို ့…ထင်နေတာလား……´ `  မဟုတ်လို ့လား ………အသိသာကြီးပဲဟာ…..´ `အေး…..ကောင်းပြီလေ….ဒါဆိုရင်တော့    မင်းသိအောင်ပြောပြရမှာပေါ့…. မင်းက      ငါ့ဘဝအတွက်     ဘယ်လောက်တောင်တန်ဖိုးကြီးမားနေလို ့လဲ…..မရှိမဖြစ်လိုအပ်တဲ ့အရာဝတ္တုလဲမဟုတ်ဘူး… အဲ့ဒါကြောင် ့    ဇာတ်လမ်းထွင်မယ်လို ့ထင်နေရင်   မင်းစိတ်ကူးတွေကို     ဖြတ်ပြစ်လိုက်တော့  မိန်းကလေး…..´ ကျွန်တော်စိတ်ထဲရှိတာကို       စိတ်တိုင်းကျပြောပြီးသွားပြီဆိုတော့     ကောင်မလေးရဲ ့မျက်နှာကို တစ်ချက်ကြည် ့မိတယ်။    မထင်ထာခဲ ့တဲ ့ပုံစံကို     အမှတ်တမှတ်   တွေ ့လိုက်ရတော့       ကျွန်တော်အရမ်းပဲ   လွန်သွားပြီလို ့  စိတ်ထဲကနေ   အလိုလိုသိလိုက်ပြီလေ ။       ကျွန်တော်ဦးခေါင်းကို   ဆင်နင်းလိုက်သလိုခံစားလိုက်ရသည်။    လှပတဲ ့  မျက်နှာလေးမှာ      မျက်ရည်စလေးတွေစွန်းထင်းတော့မယ်   ဆိုတာ   သိနေခဲ ့တော့     […]


ကိုဗိုက်ကလေးက လျှပ်စစ်မီးကိစ္စပြောပါ လျှောက်တင်လာ၏။ အမိန့်တော်ကို နာခံလျှက်ပါ……. တစ်နေ့ ဂေဇက်ရွာရဲ့ ရွာလည်မန်ကျည်းပင်ကြီးအောက်တွင် ဘကြီးမိုးနှင့် ဂေဇက်ရွာမှ လူငယ်တစ်စု စကားကောင်းနေကြစဉ်…ကိုဗိုက်ကလေး ရောက်လာပြီး….. ဘကြီးမိုး…ဘကြီးမိုး…မန္တလေးမှာ. လူထုကလျှပ်စီးမီးရရှိရေးတောင်းဆိုဆန္ဒ ပြနေသတဲ့ဗျ….ညမှာ ဖယောင်းတိုင်တွေထွန်းပြီး ပြကြသတဲ့…. ဟေ…ဟုတ်လား..ဒါဆို ရန်ကုန် စတဲ့မြို့တွေပါ ပျံနှံ့လာဦးမှာပဲ ဗိုက်ကလေးရေ…… အဲဒါ ကောင်းပါ့မလား ဘကြီးမိုးရဲ့..တော်ကြာ လွန်ကဲလာပြီး အစကိုပြန်ရောက်မှာစိုးသဗျာ……. ဟဲ့ဗိုက်ကလေးရဲ့….ဒို့သမ္မတကြီးက ဘယ်တော့မှ အစကိုပြန်မသွားဘူး လို့ပြောထားတာပဲ။ နောက် ဒို့ပြည်သူတွေကလဲ နိုင်ငံရေး အမြင်တွေ ကျယ်လာပါပြီ..လုပ်တတ်ကိုင်တတ်ရှိလာပါပြီ…..သိပ်မစိုးရိမ်ရလောက်ပါဘူး နေပါဦးဘကြီးမိုးရဲ့…ခုလိုဆန္ဒပြတောင်းဆိုတော့ကော..မီးက ပိုရလာပါ့မ လား….မရှိမှန်းသိရက်နဲ့ တောင်းရင် မကောင်းဘူးထင်ပါတယ်ဗျာ။ ဘကြီးမိုးအထင်ကတော့….တာဝန်ရှိသူတစ်ဦးက ..ကျွန်တော်တို့ နိုင်ငံက လျှပ်စစ်မီးတွေပိုလျှံနေလို့ ရောင်းစားရပါတယ်ဆိုတဲ့..စကားပြောခဲ့ဖူးတယ်။ အဲဒီစကား မှန်…မမှန်…ထောက်ပြလိုက်တာလဲဖြစ်နိုင်တယ်။ အဲဒီလူကြီး အဲဒီလို ပြောလိုက်ကတည်းက ပြည်သူတွေက သိပ်မကျေနပ်ကြဘူး။ အဲဒါကို […]


aung nainglinMay 23, 20121min04
7.12.2006     ရက်နေ ့က   မင်းကို ့ကို     အထီးကျန်စွာတစ်ယောက်တည်းထားခဲ ့တာ  ဒီနေ ့ဆိုရင်(1)နှစ်တိတိပြည် ့ခဲ ့ပြီနော်ချစ်သူ……။အဲ ့ဒီနေ ့က  ငါ ့အတွက်  ပျှော်ရွှင်စရာတွေပျောက်ဆုံးတော့မဲ ့နေ ့ တစ်နေ ့ဆိုတာ   ကြိုများသိခွင် ့ရခဲ ့မယ်ဆိုရင်     ငါဆုတောင်းမိမှာပါ    “အသိစိတ်”  မရှိပါစေနဲ ့လို ့ပေါ့……။ “ကျွန်တော်က  အရမ်းချစ်တက်တယ် ကျွန်တော့်ရင်ထဲမှာအချစ်ကလွဲပြီး  အမုန်းဆိုတာမရှိခဲ ့ပါဘူး ဘာ ့ကြောင် ့လဲဆိုတော့    စစ်မှန်တဲ ့အချစ်တွေနဲ ့သူ ့ကိုချစ်ခဲ ့တာကြောင် ့ သူကျွန်တော် ့အပေါ် ရက်စက်ခဲ ့သမျှ   ချစ်စိတ်တွေနဲ ့  ခွင် ့လွှတ်နိုင်ခဲ ့တယ်လေ” မင်းဇော်ထွန်း “ဟာ………….ရှင်ဘယ်လိုလုပ်လိုက်တာလဲ ကျမ    ဖိနပ်ပျက်သွားပြီ     […]


isequal toMay 23, 20121min08
လပွတ္တာမှာ ငတ်လာပြီဆို ထွက်ထွက်တောင်းတဲ့ လိပ်ကောင်တွေမြင်ဘူးကြလား ယဉ်စည်းကမ်းထိန်းသိန်းရေး ကော်မတီ ဆိုပြီး ၂၀.၅.၁၂နေ့ ညနေ့ပိုင်း လပွတ္တာမြို့အထွက် ရေကန်နား ယဉ်ထိန်းရဲရုံ နားကနေပြီး လာသ မျှ ဆိုင်ကယ်တွေကို လိုင်စင်စစ်တယ် လာသမျှဆိုင်ကယ်ဆိုပေမဲ့ သူတို့နဲ့ရင်းနှီးတဲ့လူ၊ သူတို့ဆီမှာလိုင်းကြေး ပေးစီးတဲ့လူ ဆိုရင် လှမ်းတောင်မခေါ်ဘူး ၊လှမ်းခေါ်တဲ့ဆိုင်ကယ်ထဲမှာ လိုင်းကြေးပေးထားရင် အသာလေးပြန် လွှတ်ပေးလိုက်တယ် လိုင်စင်ရှိတဲ့ဆိုင်ကယ် စစ်နေကျမဟုတ်တော့ လိုင်စင်မယူလာမိတာကြတော့ ယဉ်နှင်အ တူပါမလာလို့ဆိုပြီး ဒဏ်ငွေ(၅၀၀ဝိ/) ရိုက်တယ် လိုင်စင် ပြန်ယူမယ်ဆိုလဲ အယူမခံဘူး နောက်ပြီး without ဘီးတွေဆိုရင် တရုတ်ဘီးဆိုရင်တနှစ်ကို(၃၀၀၀ဝိ/)၊ အဆင်ပြေတဲ့လူဆိုရင်(၁၅၀၀ဝိ/)(၂၀၀၀ဝိ)နှင့်လည်းအ ဆင်ပြေသွားတာပဲ၊ ယိုးဒယားဘီးဆိုရင် မသိတဲ့လူဆိုရင်(၅၀၀၀ဝိ/) နဲနဲပိုင်တဲ့လူဆိုရင်တော့ လျှော့ဈေးပေါ့ အဲ့ဒီနေ့က စစ်တဲ့လူတွေကိုလည်းကြည့်အုံး ယဉ်ထိန်းရဲယူနီဖောင်းမဟုတ်ပဲနဲ့ ရိုးရိုးရဲယူနီဖောင်းနဲ့သုံးယောက် အကီင်္ျ အဖြူဝတ်ထားတဲ့ ရပ်ကွက်ထဲကကောင်သုံးယောက် နောက်စည်ပင်က […]


silver heroMay 23, 20121min018
´´လိုတာမရလို့၊ ငိုကာချမယ့် ပျိုကညာနှမရေ အကိုတေတေဇက်က လိုတာရစေမယ်လို့တော့ မဆိုပါဘူး ဂျိုကာလေးပြလို့ ခဏတာလေးတော့ ပျော်ရွှင်စေမယ်လေ´´   ကျွနှ်ပ်တို့မြို့မှာ ဆံပင်ညှပ်ဆိုင် အသစ်ဖွင့်တယ်၊ ပို်င်ရှင်ကတော့ မြို့ခံပေါ့၊ဒါပေမယ့်ညှပ်တဲ့ပညာရှင်ကို ရန်ကုန်မြို့ပေါ် အလှဖန်တီးရှင်တစ်ယောက် ပညာကြေးပေးခေါ်ရတယ်ပေါ့၊ မြို့လေးကလည်းနယ်မြို့လေးဆိုတော့ အသစ်အဆန်းကိုစပ်စုချင်ကြတယ်လေ။ ဆိုင်လေးစဖွင့်တော့ ဆံပင်ညှပ်တဲ.သူ၊ဆံပင်ဖြောင့်တဲ့သူ၊ အလှအပကြိုက်တဲ့သူဆိုတာ ကြိတ်ကြိတ်တိုးနေတာ ဆိုင်နာမည်လေးက ´´ မမတင် ဦးစီးသော အသစ်စတိုင်´´တဲ့ ပုရိသ ယောက်ျား ငနဲသားများကတော့ ဆံပင်ညှပ်ချင်တာ နည်းနည်း ပညာရှင် မိန်းမရှာအပေါင်းသူတော်ကောင်းကို စပ်စုချင်တာများများပေါ့။ ကျွနှ်ပ် တေတေဇက်လည်း အများနည်းတူသိချင်သောကြောင့် သမာဓိမျက်နှာ၊ အိနြေရသော ခြေလှမ်းတို့ဖြင့် လူလစ်သောအချိန်ကို စောင့် လျှက် ဆံပင်ညှပ်ဆိုင်အတွင်းသို့ ဝင်ခဲ့ရာ …အလို…တွေ့ပါပြီ အဆိုတော်နောနော် ရဲ့ ဆံပင်ပုံစံ ၊ မျက်နှာက လေးဖြူ […]