July 15.7.2012 နေ့မှာပေါ့ကျွန်မတို့ရုံးမှမန်နေဂျာနှင့်သူငယ်ချင်းများရိပ်သာသို့ကုသိုလ်ပြုလုပ်ရင်း ဝေယာဝေစ္စဒါနများပြုလုပ်ဖို့မန်နေဂျာနှင့်တကွသူငယ်ချင်းများသွားကြဖို့ညနေထဲကလူစုကြပါတယ်။မနက်ကို ၄နာရီခွဲကိုသွားကြမယ်ဆိုပီးပြောထားကြပါတယ် ။နိုးတဲ့သူငယ်ချင်းတွေကလာနိုးတော့မထချင်ပါဘူး ဒါပေမဲ့ လူးလိမ့်ထရပါတယ်။အပျင်းကြီးနေလို့မဖြစ်ဘူးလေ ခါတိုင်းမှာဆိုရုံးပိတ်ရက်တနင်္ဂနွေဆိုနေမြင့်အောင်ထိရနာ ရီ၈နာရီမှထကြတာဆိုတော့တော်တော့လူးလဲထရပါတယ်မန်နေဂျာကကုသိုလ်ပြုတာဖြစ်ပါတယ်ကျွှန်မတို့ သူငယ်ချင်းတစုကတော့ဝေယာဝစ္စဒါနပြုတာဖြစ်ပါတယ်ဟိုရောက်တော့၄ခွဲကျော်လောက်ဖြစ်ပါတယ်ရိပ်သာမှ ယောဂီများကိုကျွှေးဖို့အားလုံးကူညီပေးကြရပါတယ်။ဘုန်းဘုန်းကိုမနက်အာရုံဆွမ်းတဖွဲ့လုံးကပ်ကြပါတယ်ကို ကိုယ်တိုင်လှူတာမဟုတ်ပေမဲ့အရမ်းကြည်နူးမိပါတယ်ကြည်နူးစရာလဲတော်ကောင်းပါတယ်ဒီလိုနဲ့အာရုံမနက် ခင်းစာအောင်မြင်ခဲ့ပါတယ်။နေ့လှည်စာဘုန်းတော်ကြီးများနဲ့ယောဂီများကိုကပ်ဖို့ရိပ်သာမှကားနဲ့ဟင်းသီး ဟင်းရွက်နှင့်ချက်စရာများသွားရောက်ဝယ်ကြပါတယ် ကျွှန်မတို့ဖွဲ ဟင်းချက်စရာများသွားဝယ်နေတုံးကိုဘုရား ဝိုင်းထဲသို့တံမျက်စည်းများလှည်းကြပါတယ် ။ လှဲပီးချိန်မှာ ဟဲ..ဟဲ ဝါသနာလေးပါတော့သူငယ်ချင်းများနှင့် မှတ်တမ်းတင်ဓါတ်ပုံများရိုက်ခဲ့ကြပါသေးတယ်အမှတ်တရပေါ့။ဘုရားကိုလဲမန်နေဂျာကဆေးသုတ်သေးပါတယ် သူငယ်ချင်းကောင်လေးများလဲအားလုံးဝိုင်းကူကြပါတယ်။ဒီလိုနဲ့နေ့လည်စာအတွက်လုံးပန်းရပါတော့တယ် ရိပ်သာမှ ရှိတဲ့ဝေယာဝေစ္စကုသိုလ်ရှင်တွေလဲအရမ်းပင်ပန်းကြပါတယ် ကျွှန်မတို့သူငယ်ချင်းတစုလဲဝိုင်း ကူဟင်းရွက်များသင်အားလုံးကူလုပ်ပေးကြပါတယ်ဒီလိုနဲ့နေ့လည်စာချိန်ကိုရောက်လာတော့ပုဂံချ ဟင်းတွေ ထည့်နဲ့သူငယ်ချင်းအားလုံးနဲ့တယောက်တလက်တော်ပျော်စရာကောင်းပါတယ်ယောဂီများလာတော့အားလုံး ပဲလက်အုပ်ချီလိုစောင့်နေကြပါတယ်။ရိပ်သာကိုရောက်မှပဲ ကိုယ်အမူရာနှုတ်အမူရာတွေငါတို့တွေကြမ်းပါလား လို့ကို့ကိုရှက်မိပါတယ်တော်ကြည်ညိုစရာကောင်းပါတယ်ယောဂီများဟာလမ်းလျှောက်ရင်လဲခြေတလှမ်းခြင်း လျှောက်ပီးထမင်းစာလဲဇွန်းသ ံပုဂံ မကြားရပါဘူးတော်ကိုတိဆိတ်ငြိမ်သက်နေပါတယ်ကြည်ကျွှန်မတို့အဖွဲ့ ယောဂီတွေစားအပီးမှာအားလုံးပုဂံဆေးပေးကြပါတယ် လူ၄ယောက်အဆင့်ဆင့်ဆေးတာပုဂံတွေကို၁နာရီ လောက်ဆေးရပါတယ် မှန်တာပြောရရင်ဒါကုသိုလ်တော်ရတယ်လို့တော့ထင်ပါတယ် ကျွှန်မတော်ရွံတတ် တဲ့လူပါစိတ်ထဲကနေအော်ငါ ကုသိုလ်လုပ်တာပါလေလို့ ကျွှန်မ မရွံတော့ပါဘူးကို့ကိုယ်ကိုပဲဆုံးမပီးဆေး ပေးလိုက်ပါတယ်ပုဂံတွေလဲဆေးပီးရောသူငယ်ချင်းအားလုံး တော်ကိုမောသွားကြပါတယ်မနက်စောကလဲအိပ် ယာထထားရတော့အိပ်ကလဲအိပ်ချင်ပင်ပန်းကလဲပင်ပန်းနဲ့ပေါ့ ဒါပေမဲ့ကြည်နူးမိပါတယ်ပင်ပန်းလဲပင်ပန်း ပျော်လဲပျော်ပါတယ် ကိုယ်ကိုတိုင်လှူတာမဟုတ်ပေမဲ့ဝေယာဝေစ္စ ကုသိုလ်လုပ်ရတာတော်ပျော်ဖို့ကောင်းပါ တယ်လူငယ်တွေနေနဲ့ ကိုယ့်ပတ်ဝန်းကျင်က လူကြီးများကုသိုလ်ဒါနပြုကြတဲ့ခါတတပ်တအားဝိုင်းဝန်းကူညီ […]


Kaythi LinJuly 15, 20121min027
ဒုန်း ဒုန်း ဒုန်း ဒုန်း…………….. ။(ခြေတောက် စောင့်သံ) “အမယ်လေးဟဲ့ …….. ဘာဖြစ်ကြတာလဲ ……. ” “ဘာမှ မဟုတ်ပါဘူးဟယ် …… ခြင်ကိုက်လို့ ” ” အိမ်ရောက်မှ ချက်ရမှာ ” ” အမေတော့ စိတ်ပူနေတော့မှာပဲ ” “ယောကျာင်္းတော့ မျှော်နေတော့မှာပဲ ” ကားတန်းကြီး ရှည်လျားနေသလောက် လူတွေရဲ့ စိတ်တွေ က …….. ။ ဒီည အလုပ်လေးပိလို့ over time လေး နေခဲ့မိပါတယ် ။ ကားတွေပိတ်နေတာနဲ့ ဧည့်စာရင်း တိုင်ရမလို့ပဲ ။ ဆာလိုက်တဲ့ ဗိုက် …. ငတ်လိုက်တဲ့ရေ ။ အရေးထဲ ဆဲသံတွေက စိုင်းစိုင်းခမ်းလှိုင် Rap စားသားရွတ်နေသလားပဲ […]


nyanakyawJuly 14, 20121min05
အောင်ပန်းမြို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်သံဃနာယကအဖွဲ့တို့ ပူးပေါင်းပြီး အထက်အဖွဲ့အစည်းအသီးသီးရဲ့ ညွှန်ကြားခိုင်းစေမှု မပါဘဲ (၉-၇-၂၀၁၂)နေ့တွင် မတရား စွပ်စွဲဖမ်းဆီးထားသော ဆရာတော် ဦးဥတ္တမ၏ အမှုကိစ္စအား ပံ့ပိုးကူညီနေသော ဒေါ်နွဲ့နွဲ့ဌေး အပါအဝင် လူပုဂ္ဂိုလ်(၃၀)ဦးအား မိုးပြာဝါဒ ကို ယူ/မယူ၊ စွန့်လွှတ်/မလွှတ် လက်မှတ်ရေးထိုးပွဲ ကို အာဏာသုံး စီစဉ်ခဲ့မှုဖြစ်ပါသည်။ အစည်းအဝေးသတင်းနှင့် ပတ်သက်၍ အောက်ပါ လင့်တွင် ကြည့်ရှုနိုင်ပါသည်။ http://www.thithtoolwin.com /2012/07/blog-post_4782.html ထို့နောက် ထိုပုဂ္ဂိုလ်(၃၀)ဦး အသီးသီးထံသို့ ဆင့်ခေါ်စာများရောက်ရှိလာပါသည်။ အဆိုပါ ဆင့်ခေါ်စာသည် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဆင့်ခေါ်ခြင်းဖြစ်ပြီး (၁၃-၂-၂၀၁၂)ရက်နေ့ နေ့လည်(၂)နာရီတွင် မြို့မ ပရိယတ္တိစာသင်တိုက်သို့ အထက်ပါကိစ္စနှင့် ပတ်သက်၍ လက်မှတ်ထိုးခိုင်းရန် ဖြစ်ပါသည်။ ထိုသို့ ဆင့်ခေါ်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာအထက်အဆင့်ဆင့် အုပ်ချုပ်ရေးမှူးများ နှင့် သာသနာရေးမှူးတို့ […]


zaw mgJuly 14, 20121min012
ယုရယ်….အလွမ်းတွေ….ပန်းတွေလိုပွင့်မယ်မှန်း…အစကမသိခဲ့ပါဘူး…. အလွမ်းတွေကို….တယုတယနဲ့…ယုယချင်ခဲ့တာလဲ..ကိုယ့်ဘာသာကိုယ်မသိခဲ့ပါဘူး… ဒူးထောက်ထားပါတယ်ဆိုတဲ့သူအပေါ်…..အနိုင်လိုချင်နေတာဟာ….. ……………ပျော်ရွင်ခြင်းဆိုတာ….ကိုယ်ရလိုက်တဲ့အပေါ်မှာမမူတည်ဘဲ…ပေးလိုက်တဲ့ အပေါ်မှာသာမူတည်တယ်လို့ခံယူထားသူပါ………………  


manawphyulayJuly 14, 20121min020
ဒီနေ့မနက် နာရေးပို့ဖို့အတွက် အိမ်မှ အစောကြီးထွက်ခဲ့ပါတယ်။ ဆရာတစ်ယောက်ရဲ့ နောက်ဆုံးခရီးလေးဟာဆိုရင်ဖြင့် တကယ့်ကို ကြေကွဲဝမ်းနည်းဖွယ်ရာ ကောင်းလှပါတယ်။ တစ်နေကုန် မြင်တွေ့တယ်။ ညဘက်ဆုံးတယ်ဆိုတာ ကျွန်မတို့နဲ့တွေ့ဆုံပုံလေးပဲရှိပါတယ်။ သူ့မိသားစုနဲ့တော့ မနက်ထဲက အလုပ်သွားဖို့ထွက်လာတဲ့ သူဟာ ညဘက်လည်း ပြန်မလာတော့ပဲ သေခြင်းတရားဆိုတဲ့ နေ့မြင်ညပျောက်ဆိုတဲ့ ဓမ္မတာအတိုင်းဆိုသလို ပြန်မလာသော ခရီးလမ်းရှည်ကြီးကို လျှောက်လှမ်းသွားခဲ့တာ မိသားစုအတွက် ယူကျုံးမရဖြစ်မိမယ်လို့ ကျွန်မ ရင်ထဲမှာ ခံစားရမိပါတယ်။ မနက်က ၈ နာရီခွဲ နာရေးလိုက်ပို့ဖို့ ကားပေါ်မှာ လူစုပြီး ၉ ခွဲလောက်မှာ ရေဝေးကို ရောက်ရှိခဲ့ပါတယ်။ သူ့မိသားစုတွေကတော့ ရောက်ရှိနေပါတယ်။ ခုလို ကားပေါ်က ခြေချော်ကြ၊ ကားအောက်ထဲ ခြေထောက်ဝင် ကိုယ်လုံးပါ ကားကြိတ်ခံရပြီးသေသွားတော့ သူ့မိသားစုအတွက် ဖြေဆည်နိုင်မယ်လို့ မထင်ပါဘူး။ ဆုံးသွားသူရဲ့ မိသားစုဆိုပေမယ့် မိန်းမ […]


phone_kyawJuly 14, 20121min016
ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး ရွှေတူးတဲ့ Company ဖြစ်တဲ့ တောင်အာဖရိက အခြေစိုက် Goldfields Company က စီအီးအိုနဲ ့ကျနော် နောက်လထဲမှာ ဩစတျေလျးနိုင်ငံမှာတွေ ့ဖို ့အစီအစဉ်ရှိတယ်။   သူကို ့မြန်မာပြည်ရဲ  ့အပြောင်းအလဲအခြေအနေကို အကြမ်ဖျင်းတင်ပြမယ်။ မြန်မာနိုင်ငံမှာ ရွှေတူးဖော်ရေးလုပ်ငန်းကို လုပ်ကိုင်ဖို ့သတင်းအချက်အလတ်တွေဖလှယ်ပေးရမယ်။ စီအီးအိုအနေနဲ ့ကျနော်အကြံပေးတာကို သူကစိတ်ဝင်တစားရှိလို ့ကျနော်နဲ ့တွေ ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ်ကမှ ကျနော်သူ ့ကို အကြံပေးခဲ့တယ်။ ဒါကတော့ ကျနော်တို ့မြန်မာပြည်မှာ ရွှေရှာဖွေရေးလုပ်မယ်။   သူသိချင်တာက မြန်မာနိုင်ငံရဲ  ့ရွှေကြောအခြေအနေကို သိချင်တယ်။ နိုင်ငံရေးစနစ်၊ ရင်းနှီးမြုပ်နှံမှု  ့ဥပဒေစတဲ့ အခြေအနေတွေကို သူတို ့စတင်လေ့လာနေပါပြီ။   တလောက မြန်မာပြည်မှာ ဆက်တလိုက်အကူအညီနဲ ့တွေ ့တဲ့ […]


တစ်နေ့သောတွင် သ၌ ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု သည်  လူ့ကလေကချေတို့၏ သဘောသဘာဝဖြစ်သော အားအားယားယား အလုပ်မရှိအကိုင်မရှိ လပ်လျှားလျှား ယောင်ဝါးဝါး ငေါင်တောင်ပေါင်တောင် အခြေအနေတွင် တည်ရှိနေသည့်အခိုက် လောကီသားသတ္တဝါတစ်ကောင်၏ သူလိုကိုယ်လိုဖြစ်လေ့ဖြစ်ထရှိ ( တတ် ) သော အမျိုးအမျိုးအဖုံဖုံ မရည်တွက်နိုင်လောက်အောင် များမြောင်လှသည့် ကိလေသာအစုံစုံတို့တွင် တစ်ပါးအဝင်အပါဖြစ်သည့်  ဝီစကီ ကောင်းကောင်းလေးတစ်မည်ကို သောက်ခြင်လာသည့် အာသီသ ဆန္ဒ ကြီးသည် ပျင်းပြလွန်းစွာ နှိပ်စက်နေသည်ကို ကြီးစွာသောဉာဏ်သတိပညာဖြင့် ဆင်ခြင်မိသည့်ခိုက်ဝယ် ဤမည်သော ကိလေသာတစ်မျိုးသည် ငါ့အားနှိပ်စက်နေလေပြီတကားဟု သိ၍ သိ၍ မမေ့မလျှော့သော သတိဖြင့် အစဉ်ရှု့၍ နှလုံးသွင်းနေသည်တွင်မှ လောဘတဏှာကို သီလဖြင့်ပယ်သတ်ရသည်ဟူသော သူတော်ကောင်းတို့၏အဆုံးအမ သဘောကို မှတ်သား သိရှိ ဘူးသည့် အလျှောက် ထိုသောကိလေသာကို ( ဟန့်တားခြင်းငှာ […]


linnlinnnJuly 13, 20121min012
ကျွန်မ နောင်ဘဝမှာများ လူထပ်ဖြစ်ခဲ့ရသော် ဘယ်တော့များမှ shipping department မှာ အလုပ်မလုပ်ရပါစေနဲ့လို့ဆုတောင်းမိသည်။ ကျွန်မ စိန်ခေါ်မှုများကို နှစ်သက်သည်။ သို့သော် မဟုတ်တာကို အဟုတ်ဆိုပြီ ခေါင်းညိတ်လက်ခံ အလိုဖြည့်ရခြင်းကိုတော့ အကြိမ်ပေါင်းမြောက်များစွာ ခံစားခဲ့ပြီးပြီမို့ ရွံ့ရှာစက်ဆုပ်မိသည်။ ကျွန်မအလုပ်,စလုပ်ပါပြီ၊ ကျွန်မဝင်ငွေဖြင့် ကျွန်မရပ်တည်နိုင်ပါပြီ ဆိုကတည်းက ကျွန်မဒီအလုပ်ကို စလုပ်ခဲ့ရသဖြင့် ဒီအလုပ်ကို ကျွန်မချစ်သည်။ အလုပ်ရဲ့ စိန်ခါ်မှုတွေကိုလည်း ကျွန်မမြတ်နိုးသည်။ ထိုစိန်ခေါ်မှုထဲတွင်  ကောက်ကျစ်မှုမပါ။ ထိုကောက်ကျစ်မှုရောနှောသည့် စိန်ခေါ်မှုမျိုးကိုတော့ ကျွန်မ,မနှစ်သက်ပါ။ မည်သူမျှလည်း နှစ်သက်လိမ့်မည် မထင်ပါ။ ဟိုးယခင်ကထုတ်/သွင်းလုပ်ရသည်မှာ ပိုမိုခက်ခဲသည်။ စိတ်ဒါဏ်ရာပိုမိုရရှိခြင်းခံခဲ့ရသည်။ တွေ့သမျှလူကိုဦးကျိုးရသည့် ခေါင်းသည် ပြန်မမတ်တော့။ ကျွန်မတို့သည် ဘိန်းဖြူကို ထုတ်/သွင်း လုပ်နေသည်မဟုတ်။ လက်နက်ကုန်ကူးခြင်းမဟုတ်။ နိုင်ငံတော်က ခွင့်ပြုထားသည့် ပစ္စည်းများ ကို နိုင်ငံတော်မှ ကောက်ခံသည့် […]


super manJuly 13, 20121min015
လေညှင်းလေးပေါ့ သူကရင့်ကျက်တယ် တည်ငြိမ်တယ် လူကိုလည်းအေးမြစေတယ် သူ့အသံကြားတိုင်း ရင်ကိုငြိမ်းချမ်းသွားတာပဲ တစ်ခါတစ်ရံမှာ ပျော်ရွှင်မှုပေးတတ်ပေမဲ့ လွမ်းဆွတ်ဖွယ်ကောင်းတာလည်း သူပါပဲ ကဲလေညှင်းလေးရေ တိုက်ခတ်ပါဦး နွေးထွေးတဲ့အပြုံးတွေ ပေးရင်းနဲ့ပေါ့ ဆိတ်ငြိမ်မှုဖြိုခွင်းပြီး လေညှင်းလေးတိုက်ခတ်လာပြီ ဟော သူနဲ့အတူ ပန်းတွေရဲ့ရနံ့ သဘာဝတရားရဲ့ အလှတရားတွေ။ မနားမနေပဲ တိုက်ခတ်နေတာ။ ဟော ဟော ဘာတွေလဲ လေညှင်းလေးနောက်မှာ ဘာတွေလဲ အရင်လိုလေညှင်းလေးရဲ့ရနံ့ ဘယ်ရောက်သွားလဲ ကဘာ့ အညစ်အဆိုးတွေကြား လေညင်းလေးကြားညှပ်နေပေါ့ လေညင်းလေးပေါ့ သူ့ရဲ့အရသာ အရင်လို မချိုမြိန်တော့ဘူး။ ၁ဝး၂၉ နာရီ တနင်္ဂနွေနေ့ ၂၄.၆.၂၀၁၂ ကဘာ မရေးတတ်တာ ခွင့်လွှတ်ပါ။


တနေ့ကျွန်တော်ထံသို့…အမည်မသိ လူကြီးတစ်ယောက် ရောက်လာ ပါတယ်။ ရောက်ရောက်ခြင်း..ကျွန်တော့်ကိုခုလိုစပြောပါတယ်။ “မောင်ဇောက်ထိုးရေ…အဘနာမည်က “ဦးရှေးရိုး”လို့ခေါ်တယ်ကွ.. မောင်ဇောက်ထိုးက တရားကြောင်းတွေရေးနေတာမို့ အဘက မောင်ဇောက်ထိုးကို ပဋိစ္စသမုပ္ပါဒ် လည်ပတ်ပတ်ပုံလေးကိုရေးပြပေးပါဦးလို့ ပြောချင်တယ်ကွ…အဲဒါ အဘက ပဋိစ္စသမုပ္ပါဒ်ကို မောင်ဇောက်ထိုးကို ပြောပြချင်လို့ပါကွ….” “ဟုတ်ကဲ့ အဘ..ကျွန်တော့်ကို လူတိုင်းနားလည်လို့ရတဲ့ အနေအထားနဲ့တော့ ပြောပြပေးစေချင်ပါတယ်ခင်ဗျ..” “အေး…ပြောမှာပေါ့ကွ၊ ကဲစပြောရအောင်ကွာ….. သူခိုး…မောင်လိမ်ဆိုတဲ့ လူတစ်ယောက်ကို ကြည့်ပြောရအောင်ကွာ.. အဲဒီ သူခိုးမောင်လိမ်ဟာ… ဟိုအရင်ဘဝက (အဝိဇ္ဇာ) ဆိုတဲ့ မသိမှု ဦးစီးပြီး…. (သင်္ခါရ)လို့ဆိုတဲ့.. မကောင်းတဲ့ သူခိုးဖြစ်.. လူဖြစ်စေတဲ့ အလုပ်တွေကိုလုပ်ခဲ့တယ်ကွ။ အဲဒီလို (သင်္ခါရ) မကောင်းတဲ့ အလုပ်တွေကိုလုပ်ခဲ့တော့…ဒီဖက်ဘဝမှာ (ဝိညာဏ)ဆိုတဲ့..လူဗိုက်ထဲမှာ ပဋိသန္ဓေဝိညာဉ်လေးဖြစ်လာခဲ့တယ်။ အဲဒီ(ဝိညာဏ) ပဋိသန္ဓေဝိညာဉ်ကနေ…(နာမရူပ)..ဆိုတဲ့ နာမ်ရုပ်တွေ ဖြစ်ပွားပေါ်ပေါက် လာခဲ့တယ်။ အဲဒီလို နာမ်နဲ့ရုပ်ဖြစ်လာတော့… (သဠာယတန)ဆိုတဲ့…မျက်စိ..နား…နှာ..လျှာ..စတဲ့ အစိတ်အပိုင်းတွေ […]