ခုတလော ခရီး ယာယီ များရဲ့… ရိုးမမှာ ဒိုးရတာ အမျိုးက ပါပြန်တော့လည်း မိုးမရွာသမို့ ဆိုးပါ့ဗျာ.. အနီးအနား ရိုက်စရာ ရှားသမို့ အမေ့စံပယ်ရုံပဲ တနေ့တနေ့ ရမယ်ရှာနေဖြစ်တယ် ဆိုတော့ ..ရှိစုမဲ့စုလေး တင်အုံးမယ်ဗျာ။ တောထဲမှာ အိမ်စောင့်ရင်း ရေရေလည်လည် အော်ဖစ်ရှယ် အားယားနေလို့ သီးခံဂျပါကုန်။ အဆီပိတ်နေတဲ့ ကြောင် တကောင်ကို Macro ဆေးထိုးတာ ဆေးအောင်သွားသမို့ အရှိန်ဆက်တက်အောင် ဆက်လက်ပြီး အဆင်းဘီးလှိမ့်ပါအုံးမယ်။ နောက်တာပါဗျာ… သိချင်တဲ့လူရှိရင် ဖတ်နိုင်ဖို့ လည်းကောင်း အချိန်ရတုန်းမို့ တပုံချင်းစီအကြောင်း အကြမ်းဖျဉ်းတော့ ထည့်ရေးကြည့်ထားပါတယ်။ တရုံလုံးပွင့်နေတဲ့ စံပါယ်ခြုံကို တပွင့်ချင်းစီ ဘယ်လိုတွေးပြီး ရိုက်ဖြစ်သလဲ အမှတ်တရဆိုပါတော့။ ကင်မရာ ဆက်တင်တွေကတော့ ပြန်ကြည့်မှပဲ သိတော့မယ်ဗျ။metadata ထဲ ဖြုတ်ချထားလိုက်လို့ပါ။ 1. […]