ဘုရား အစုံ ဖူးမကုန်…

Ma EiMay 15, 20155min017

ရုံးက Ticketing Manager နဲ့ ပဲခူးသူလေး မင်္ဂလာဆောင်တာ  ပဲခူးမှာမို့ မင်္ဂလာဧည့်ခံပွဲ သွားကြတဲ့ ဆွေမျိုး မိတ်သင်္ဂဟ များကို ပဲခူးဘုရားစုံ လိုက်ပို့ပါတယ်…တစ်ရက်ခရီးဆိုတော့ မပင်ပန်းဘဲ ဘုရားလဲဖူး ဈေးဝယ် ပျော်ရွှင်စရာ ခရီးစဉ်လေးဖြစ်ခဲ့ရပါတယ်…

ရွှေဂူလေးဘုရားဈေးတန်းမှာ ငါးချဉ်ဝယ်ပါ.. ဆိုင်တိုင်းလိုလို အမြည်းသုပ်ကျွေးထားတာမို့ မြည်းစမ်းလို့ နှစ်သက်ရာ ဝယ်ယူနိုင်ပါတယ်..အသီးရွက်တွေလဲ လတ်ဆတ်လွန်းလို့ အများကြီးဝယ်ဖြစ်ကြမှာပါ…

ဘုရားတွေအများကြီး ဖူးခဲ့ရပေမယ့် မဖူးခဲ့ရသေးတဲ့ ဘုရားတွေလဲ အများကြီးကျန်နေဦးမှာမို့…

ဖူးမကုန် ခဲ့တဲ့ ပဲခူးဘုရားစုံ ခရီးလေးပါ…

၁.စိန်သာလျှောင်းရင်ပြင်မှ ရှေးဟောင်းစေတီ (၁)
၁.စိန်သာလျှောင်းရင်ပြင်မှ ရှေးဟောင်းစေတီ (၁)

 

IMG_3029
၂.. .စိန်သာလျှောင်းရင်ပြင်မှ ရှေးဟောင်းစေတီ (၂)
IMG_3030
၃…စိန်သာလျှောင်းဘုရား
IMG_3038
၄…ကြာဖြူကန်
IMG_3041
၅…ဟင်္သာကုန်း စေတီ
IMG_3043
၆…ရွှေမော်ဓော စေတီ
IMG_3045
၇…ရွှှေသာလျှောင်း ဘုရား
IMG_3046
၈…ဘုရားစောင်းတန်း
IMG_3049
၉… ရွှှေသာလျှောင်း ဘုရား မျက်နှာတော်

 

IMG_3053
၁၀…ခြေတော်ရာ
IMG_3054
၁၁…ရွှေဂူလေး စေတီတော်
IMG_3058
၁၂…ခေါင်းလောင်းထိုးမလား ဖုန်းဆက်လိုက်နော်…
IMG_3059
..၁၃…လေးမျက်နှာ ကျိုက်ပွန် ဘုရား
IMG_3061
၁၄…လေးမျက်နှာဘုရား တစ်ဆူ
IMG_3063
၁၅…ရင်ပြင်တော်က သစ်ခြောက်ပင်
IMG_3065
၁၆…နဂါးရုံ ဘုရား
IMG_3073
၁၇…လယ်သမား တို့ နားခိုရာ

 

 

 

 

 

17 comments

  • Mike

    May 15, 2015 at 1:34 pm

    .မအိနဲ့အတူလိုက်ပြီးဘုရားဖူးသွားပါတယ်…ပဲခူးကတော့ ၁၃နှစ်လောက်အလုပ်နဲ့နေခဲ့တာဆိုတော့
    .အနှံ့ရောက်ခဲ့ပါတယ်..ခုတော့မရောက်တာကြာပြီ..အလွမ်းပြေကြည့်ရ ဖူးရတာပေါ့…
    .အဲ့မှာ မြို့ပြင်ကတရုတ်ဘုံကျောင်းနဲ့ပန်းခြံကလည်းတော်တော်လှတယ်..မဝင်ခဲ့ဘူးလား

    Reply

    • Ma Ei

      May 15, 2015 at 2:24 pm

      ဟင်္သာကုန်းဘုရားမှာထဲက မိုးတွေရွာနေလို့ …
      မြန်မြန်ဆန်ဆန် ဘုရားဖူးခဲ့ရတာရယ်…
      ပန်းခြံတော့ ရောက်ခဲ့ဘူး…

      Reply

  • Foreign Resident

    May 15, 2015 at 3:24 pm

    ့ဪ ပဲခူးမှာ ရွှှေသာလျှောင်း နှင့် စိန်သာလျှောင်း ၂ ဆူရှိတာကိုး ။
    ့ရွှှေသာလျှောင်း ဘဲ ရှိတယ် ထင်နေတာ ။

    Reply

    • Ma Ei

      May 15, 2015 at 3:27 pm

      .မြသာလျှောင်း ဆိုတာရှိသေးတယ်တဲ့…
      .နဲနဲဝေးတယ်လို့ပြောပါတယ်…

      Reply

  • ဦးဦးပါလေရာ

    May 15, 2015 at 3:31 pm

    .ပဲခူးကို ကျုပ်ကားနဲ့မောင်းသွားရင် ခဏနဲ့ရောက်တာပေါ့..
    .ဒါပေမယ့် အဲသည်ဘုရားတွေ ဘယ်နားရှိလို့ဘယ်လိုသွားရမှန်းမသိဘူး…
    .တနေ့မှ ကိုမိုက်ကို ဂိုက်အဖြစ်ခေါ်ပြီး သွားဦးမှထင်ရဲ့…

    Reply

  • ခင်ဇော်

    May 15, 2015 at 4:05 pm

    တူတူဖူးသွားတယ်နော်။

    _/\_

    Reply

  • မြစပဲရိုး

    May 16, 2015 at 4:17 am

    ဟိုးအရင် အနီးအနား အလည်ဆို ပဲခူးကို သွားတာများတာမို့ သိပ်မစိမ်းတဲ့ ဘုရား တွေ ပေါ့။
    လမ်းမှာ (ဆိုရှယ်လစ် ခေတ်က) ဟိုလူ လိုလို ဒီလူလိုလို ပိုင်တဲ့ အများ နဲ့ ဆိုင်ပြီး တကယ် မဆိုင်တဲ့ ငါးမွေးကန် တွေ ကို လဲ ဝင်ကြည့်ဖူးတယ်။

    Reply

    • Ma Ei

      May 18, 2015 at 11:28 am

      မွေးမြူရေးငါးကန် အကြောင်းပြ မြေသိမ်းခဲ့တာတွေပါ မြရယ်..
      နားနေဆောင်တွေ အကျအနဆောက် သူတို့ အပမ်းဖြေရာတွေ ဖြစ်ခဲ့တာလေ…

      ဆွိ…
      တစ်ကယ်တူတူဖူးချင်တယ်..

      ဦးပါရေ…
      အဲ့ဒါ တစ်ကယ် အကြံကောင်းပေါ့
      ဂိုက်ခေါ်ရင်း နံနက်စာလည်း စားလို့ရမှာနော်..
      🙂

      Reply

  • Alinsett @ Maung Thura

    May 16, 2015 at 2:15 pm

    .ကြာကန်ထဲဆင်းပြီး… ကြာခွက်တွေ ခူးချင်လိုက်တာ…
    စားဖို့ဆိုတာထက် (သိပ်မကြိုက်တဲ့အစားမို့) ခူးချင်တာ.. ။
    ရွာမှ ာကြာကန်ထဲဆင်းပြီး ခူးခဲ့ရတာကို သတိရသွားတယ်…
    :k:

    Reply

    • Ma Ei

      May 18, 2015 at 11:36 am

      ကြာစေ့ကြိုက်တယ်..ဒါပေမယ့် နဲနဲပဲစားတယ်…
      FMI Centre ရှေ့မှာ အမြဲလိုလို ရတတ်တယ်…
      ကြာပန်းတွေ တစ်ကန်လုံးပွင့်နေတာတော့ မခူးချင်ဘူး…
      အလှကြည့်မှာ…

      Reply

  • kai

    May 16, 2015 at 5:18 pm

    တို့တိုင်းပြည် – ဇော်ဂျီ

    ထလော့မြန်မာ၊ အို မြန်မာတို့
    တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ်
    စေတီ စပါး၊ များလည်းများ၏
    များပါလေလဲ၊ တမွဲမွဲနှင့်
    ဆင်းရဲကာသာ၊ ကာလကြာလျှင်
    ယာစကာမျိုး၊ တညှိုးညှိုးနှင့်
    ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား
    လှည့်လည်သွားလျက်
    မစားလေရ၊ ဝမ်းဝ၍
    ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

    ထလော့မြန်မာ၊ အိုမြန်မာတို့
    တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ်
    ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
    သီးနှံချိုပျား၊ များလည်းများ၏
    များပါလေလဲ။ တမွဲမွဲနှင့်
    ဆင်းရဲကာသာ၊ ကာလကြာလျှင်
    မြင်သာမြင်ရ၊ မစားရ၍
    တောကပြိတ္တာ ဖြစ်မည်တည်း။

    ထလော့ မြန်မာ၊ မြန်မာ ထလော့
    အားမပျော့နှင့်၊ မလျှော့လုံ့လ
    သူကစ၍၊ ငါကအားလုံး
    လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်
    စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
    ဤမြေ ဤရွာ၊ ဘယ်သူ့ရွာလဲ
    ဤယာစပါး၊ ဘယ်သူ့စပါးလဲ
    ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း
    ဉာဏ်ရှေ့ပန်း၍
    တစ်ဝမ်းတစ်စိတ် ညီစေသတည်း။

    (၁၉၃၅ ခုနှစ်၊ ဩဂုတ်လ၊ ကြီးပွားရေးမဂ္ဂဇင်း)

    Reply

    • kai

      May 16, 2015 at 6:03 pm

      ပုံတွေအစဉ်အတိုင်းကြည့်သွားတာ… ပုံတင်သူကရွဲ့လုပ်ထားသလားတောင်ထင်မိတယ်..

      ယာစကာမျိုး၊ တညှိုးညှိုးနှင့်
      ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား
      လှည့်လည်သွားလျက်
      မစားလေရ၊ ဝမ်းဝ၍

      အင်း…
      လယ်သမားတို့… နားခိုရာ..တဲ့..။

      တကယ်တော့.. မြန်မာပြည်လည်လည်သွားတဲ့.. နိုင်ဂျံဂါးသားတွေ..အဲ့ဒီအတိုင်းမြင်ကြတာပါပဲ..။
      ပုထိုးမြင့်မောင်း..စေတီရွှေလွှမ်း.. အုပ်တိုက်ကြီးတွေကြားက.. ဝမ်းမဝရှာတဲ့….တဲကုပ်နေ..မြန်မာတို့ဘဝ..။
      အနိစ္စ…။

      Reply

      • Ma Ei

        May 18, 2015 at 11:09 am

        ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ဆိုတဲ့ စကား ရှေးထဲက ထားခဲ့တာပဲကို…
        ဘုရားကျောင်းကန်နားက တဲလေးတွေ၊ နိမ့်ကျနေတဲ့ ဘဝတွေကို မြင်တိုင်း ဒီစကားပုံကို သတိရမိတယ်…ဒါပေမယ့် ဒီလို ကြီးမားပြီး တင့်တင့်တယ်တယ် အဆောက်ဦးတွေရှိလို့သာ နာဂစ်မှာ ရွာသူားတွေ နားခိုရာရခဲ့တာလေး ဖြေတွေးပေးပါ သူကြီးရယ်…

        Reply

  • Ma Ma

    May 16, 2015 at 6:00 pm

    မအိ –
    ပုံလေးတွေ လှတယ်။
    နယ်ခံလိုက်ပို့လို့ စုံအောင်ရောက်တာဖြစ်မယ်။
    ပဲခူးကို မကြာခဏရောက်ပေမယ့် ရွှေသာလျှောင်းနဲ့ ရွှေမော်ဓောလောက်ပဲ ရောက်ဖြစ်တယ်။

    Reply

    • Ma Ei

      May 18, 2015 at 10:33 am

      ရန်ကုန်ကနေ 45seater ကားကြီးနဲ့ စီစဉ်ပေးထားတာပါ မမ…
      မင်္ဂလာဆောင်မှာ စားသောက်ပြီး တစ်နေကုန် ဘုရားဖူးပို့ပေးတာမို့…
      လိပ်ဥတူးပြီးမှ ဘုရားဖူးကြတာလို့ ပြောကြရသေးတယ်…

      Reply

  • uncle gyi

    May 16, 2015 at 11:02 pm

    ပဲခူးကဘုရားဖူးရင်မြို့ထဲဘုရားလောက်ရောက်ဖြစ်တာ
    ဒါတောင်မရောက်တာကြာပ

    Reply

Leave a Reply

Your email address will not be published.