“ကျနော်ဓါတ်ဖမ်းသမား” (၄) (ကြုံရဆုံရ ဓါတ်ဖမ်းသမားဘဝ) တကယ်တော့ ဓါတ်ဖမ်းသူတစ်ယောက်က ပေါင်းသင်းဆက်ဆံရေးနပ်ဘို့လိုပါတယ်။ ပြုံးပြတတ်ဘို့လိုပါတယ်။ အဲလိုမှမဟုတ်ဘဲ ခပ်တည်တည်ကြီးလုပ်ရင်တော့ အဆော်ခံထိဘို့များပါတယ်။ နောက် ကိုယ်ဓါတ်ပုံသွားရိုက်တဲ့အခါမှာ ကိုယ့် အနားပါတ်ဝန်းကျင်ကလူတွေရဲ့ အရိပ်အကဲအလုပ်အကိုင်ကိုလဲသိဘို့လိုပါတယ်။ တစ်ခါက ရန်ကုန်ကလာတဲ့ဓါတ်ဆရာက နေဝင်ချိန်လေးမှာဧရာဝတီမြစ်နံဘေးက ဖောင်တွေကိုရိုက်ချင်တယ်ဆိုတာနဲ့ ကျောက်သပိတ်ဘက်ကိုသွားကြပါတယ်။ အဲနားရောက်တော့ ပက်လက်ကုလားထိုင်ပေါ်ထိုင်နေတဲ့တစ်ယောက်က “ဆရာကြီးသွားမှာလား” လို့ လှမ်းမေးတဲ့အခါ ကျနော်ကပြုံးပြီး “ဟိုရက်ကမှ သွားထားတာ”လို့ခပ်တည်တည်နဲ့ ပြောလိုက်ပါတယ်။ ရန်ကုန်သားကတော့ ကျနော်တို့အထာကိုနားမလည်ပါဘူး။ ပြီးမှ “ဖောင်တွေ ကို ဓါတ်ပုံရိုက်မလို့ ဆိုင်ကယ်ခဏထားခဲ့မယ်နော်”လို့ ပြောပြီး အောက်ဖက်ကိုဆင်းခဲ့ကြပါတယ်။ အဲဒီကနေဖောင်ပေါ်ရောက်တော့ ဓါတ်ပုံတွေရိုက်ကြပါတယ်။ ကျနော်တို့ရိုက်နေတုန်းအသိတစ်ယောက်ကထပ်ရောက်လာပြီး ကျနော်တို့နဲ့အတူ ဝင်ပြီးဓါတ်ဖမ်းတဲ့အချိန် ဖောင်တစ်ခုပေါ်မှာ ဟော့နေအောင်ပြင်ဆင်ဖီးလိမ်းထားတဲ့ ကောင်မလေး တွေ လှေပေါ်တက်နေတာကို မြင်တော့သူကလှမ်းရိုက်လိုက်ပါတယ်။ အဲလိုလဲလှမ်းရိုက်ရော ဟိုဘက်ဖောင်က လူတစ်ယောက်က “ဟေ့လူတွေ […]