manawphyulaySeptember 19, 20111min012
ဒီတစ်ခါတော့ Trader Hotel ဘက်က မဟုတ်တော့ဘဲ ဆာကူရာတာဝါ အထပ် ၂ဝ ပေါ်ကနေ ရန်ကုန်မြို့ရဲ့ရှုခင်းတွေကို ကြည့်ရင်းနဲ့ လက်တည့်စမ်းလာခဲ့ခြင်း ဖြစ်ပါတယ်။ ဆာကူရာ အထပ် ၂ဝ ဆိုလို့ အထင်တော့မကြီးနဲ့ ကျွေးတဲ့သူဖိတ်လို့ လိုက်စားတာပါ။ ကိုယ့်ဘာသာဆို အနားတောင် ကပ်နိုင်မယ် မထင်ပါဘူးရှင်။


မန္တလေးမြို့ တောင်ဘက်အထွက် မှာတံခွန်တိုင်အရပ်ဆိုတာရှိပါတယ်။ ရန်ကုန်မန်းလေးလမ်းမကြီး ပေါ်မှာပါ။ အရင်က တံခွန်တိုင်ဈေးကျော်လို့ တောင်ဘက်နည်းနည်းလေးဆက်သွားရင် လယ်ကွင်းပြင်ကျယ်ကြီး တွေ့ရမှာပါ။ အနောက်ဘက်ကြည့်ရင် လယ်ကွင်းတွေဆုံးရင်တောင်သမန်အင်းဘက်ကိုရောက်မယ် မိုးခါဆိုရင်တော့ ရေပြင်ကျယ်ကြီး။ အရှေ့ဘက်ကလဲ ကွင်းပြင် အဝေးမှာ ရှေးဘုရား အပြိုအပျက်တွေရှိခဲ့ပါတယ်။ အဲဒီနားမှာဟိုအရင်က တံတားသေးသေးလေးရှိပါတယ်။ သေးတာမှ ကားတစ်စင်းဘဲဖြတ်ရတော့ စောင့်ပေါ့ တစ်စီးပြိးမှတစ်စီးသွား။ နောက်တော့တံတား အသစ်ဆောက်တဲ့ အခါ အကျယ်ကြီးဖြစ်သွားပါတယ်။ ဟောအခုအခါမှာတော့ လမ်းကျယ်ကနေ သူ့အနောက်ဘက် တောင်သမန်ရွာကနားကဖြတ်လို့ ရန်ကုန်မန်းလေး အမြန်လမ်းမကြီးဖောက်လိုက်တာနဲ့အတူ အဝိုင်းပါတ်ကြီးလည်း အသစ်ဆောက်လိုက်ပါတယ်။ လောလောဆယ် မန်းလေးမှာတော့ အတော်ကြီးတဲ့ အဝိုင်းပါတ်လို့ယူဆရင်ရပါတယ်. ကဲပုံတွေကြည့်လိုက်ကြရအောင်။ ဒါကတော့တောင်ဘက်ကို ရောက်အောင်ပါတ်သွားတဲ့ဘက်ပေါ့ ဒါကတော့ ပန်းပင်တွေစိုက်ထားတဲ့ မုဒ်ဦးအတက် ဒါကတော့ လမ်းအနောက်ဘက်မှာ နောင်အသုံးပြုတော့မယ့် ရန်ကုန်မန်းလေးအမြန်လမ်းမ ကို လှမ်းမြင်ရတာ ဝိုးတဝါး အဝိုင်းပါတ်ကိုတောင်ဘက်ကနေပြန်ဝင်တော့ […]


တောင်မြို့က ငွေတိုက်ရဲ့ တောင်ဘက်ဘေးမှာလဲ တစ်ထပ်တိုက် ဝါဝါကြိးတစ်ခုတွေ့ရပါတယ်။ ရှေးမှတ်တမ်းများအရတော့ မှတ်တမ်းရုံးဖြစ်ပါတယ်။ မြောက်ဘက်ကနေ မြင်ရတဲ့ မှတ်တမ်းတိုက် မှတ်တမ်းတိုက်ကို ဓါတ်ပုံရိုက်ချင်တော့ အမိူက်ပုံပေါ်ကတက်ရိုက်ရပါတယ်။ အနောက်ဘက်ခြမ်းကမြင်ရတဲ့ပုံလေးဖြစ်ပါတယ်။ ခန့်ထည်တဲ့ မှတ်တမ်းတိုက် လမ်းရဲ့အနောက်မြောက်ဘက် ခပ်လှမ်းလှမ်းကနေလှမ်းကြည့်တော့ • ဒါကတော့စာအုပ်ထဲကနေကူးထားတဲ့ရှေးကမူရင်းအဆောက်အဦပုံ ဒီနေရာလေးကို စာအုပ်ထဲမှာဖတ်ဘူးတော့ တစ်ခေါက်ရောက်ခဲ့ပါတယ်။ ဓါတ်ပုံရိုက်ချင်ပေ့မယ့် အကြောင်းကြောင်းတွေကြောင့်မရိုက်ဖြစ်ခဲ့ပါဘူး။ ကျနော်ဒီပုံကို တင်ပေးရတဲ့ရည်ရွယ်ချက်က အဟောင်းတွေကို မက်တဲ့ နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်စရာနေရာလေးတစ်ခုဖြစ်နိုင်ပါလျက်နဲ့ ခြုံနွယ်ပိတ်ပေါင်းကြားမှာ တိမ်မြုတ်နေတဲ့ သမိုင်းဝင်နေရာလေးတွေကို သက်ဆိုင်သူများ ပြုပြင်ပေးနိုင်စွမ်းသူများ မြင်စေချင် တာရယ် မသိသူများသွားလေ့လာနိုင်အောင်ရယ်ပါ။


ကျနော်မြင်ဘူး ကြည့်ဘူးတဲ့စာအုပ်လေး တအုပ်ထဲမှာ အင်းဝ။စစ်ကိုင်း၊မန်းလေး၊အမရပူရ (မန်းလေးသားကလူတွေက တောင်မြို့လို့ဘဲခေါ်ပါတယ်)နဲ့မေမြို့(အခုတော့ ပြင်ဦးလွင်)မြို့အကြောင်း ရေးထားတာတွေ ပါ ပါတယ်။ (ဘိုလိုရေးထားတော့ လုံးစေ့ပါတ်စေ့တော့နားမလည်ပါဘူး) အဲဒီထဲမှာ ဓါတ်ပုံတွေလဲပါ ပါတတယ်။ ရိုက်ချက်တွေက ကျနော်အခုရိုက်တဲ့ပုံတွေထက်အများကြီးသာတာပေါ့။ အဲဒီထဲမှာ အမရပူရခေတ်က အဆောက်အဦကြီး နှစ်ခုပုံပါ ပါတယ်။ ငွေတိုက်ရယ် မှတ်တမ်းတို်က်ရယ်ပေါ့။ အဲဒီတုံးကတော့အမှတ်တမဲ့ပါ။ တကူးတကလဲသွားမကြည့်ဖြစ်ပါဘူး။ လွန်ခဲ့သောဆယ်နှစ်လောက်က သင်္ကြန်တွင်းရက်တစ်ရက် မိတ်ဆွေတစ်ယောက်ကို အဲဒီဘက်လိုက်အပို့ ဓါတ်ပုံထဲမှာမြင်ခဲ့တဲ့ အဆောက်အဦကြီးကို ခြုံနွယ်ပိတ်ပေါင်းတွေကြားမှာ ဘွားကနဲ့မြင်လိုက်ရတော့ ရင်ထဲမှာ တစ်မျိုးကြီးခံစားရပါတယ်။ ဒါပေမယ့် အဲဒီတုံး ကျနော်မှာကင်မရာ ဆိုတာမရှိတော့ နှလုံးသားနဲ့ဘဲမှတ်တမ်းတင်ခဲ့ပါတယ်။ ကင်မရာရှိလာပြန်တော့ လဲ မသွားဖြစ်။ အခုရက်မှာတော့ အောင်မြင်စွာ မှတ်တမ်းတင်ခဲ့နိုင်ပါတယ်။ ဒါကတော့အနောက်ဘက်ခြမ်းကမြင်ရတဲ့ပုံပါ။ ငွေတိုက်ကိုဘေးတိုက်မြင်ရတဲ့ပုံလေးပါ(မပြုမပြင်ထားတော့ တိုက်ကအရောင်တွေပြောင်းနေပါတယ်။) အဆောက်အဦးတစ်ခုလုံးမြင်ရတဲ့ပုံလေးပါ။   မြောက်ဘက်အနီးကပ်မြင်ရတဲ့ပုံ ထုထည်ကြီးကြီး အနီးကပ်ကပ်(မြောက်ဘက်အောက်ခြေကနေရိုက်ထားတာပါ) […]


…… ငါတို့မြို့ …….. * မြို့ကိုပတ်ဝိုင်း ၊ တောင်တံတိုင်းတု့ိ ရှုတိုင်းသာစွ ၊ စိမ်းစိုမြ၏ …. ။ * သုံးဆူဘုရား ၊ ဝန်းရံထား၍ ဆီးတားဒုက္ခ ၊ ကင်းဝေးရ၏ …. ။ * ငပလီကမ်း ၊ လှပဆန်းကြောင့် တင့်ဆန်းသာစွ ၊ ဂုဏ်ရှိလှ၏ …. ။ * နေထိုင်မျိုးရင်း ၊ ရိုးသားခြင်းကြောင့် အဆင်းတိုးလှ ၊ ဂုဏ်ယူရ၏ …. ။ * ဝံသာနုကျိုး ၊ ဆထက်တိုးအောင် အမျိုးသီလ ၊ စောင့်ထမ်းကြ၏ …. ။ * မိုးအောက်ဝဠာ ၊ ဘယ်နေရာတွင် ဖွေရှာမရ ၊ မြို့အလှတည့် […]


ThantwetharSeptember 15, 20111min0
ကျွန်တော်တို.ငပလီကမ်းခြေဟာအရှေ.တောင်အာရှမှာအကောင်ဆုံးကမ်းခြေတစ်ခုပါ။ ပင်လယ်ကမ်းခြေအရှည်ဟာ(၁၂)မိုင်ရှည်ပါတယ်၊ပြည်တွင်းဧည်. သည်တည်းခိုနိုင်တဲ.Hotelကတော့(၃-၄)ခုလောက်ရှိပါတယ်။ အဲဒီHotelတွေကတော.Memento,Linthar  oo,Eden  Hotelတွေဘဲဖြစ်ပါတယ်။ဘာဖြစ်လို.ရွေးပြီးပြောရလဲဆိုရင် အဲဒီHotelဈေးနှုန်းကတစ်ရက်ကို(၃၀၀၀ဝိ)နဲ့(၄၀၀၀ဝိ)ဝန်းကျင်ဘဲရှိတယ်၊ ကျန်တဲ.ဈေး များပြီးနိုင်ငံခြားသားတည်းခိုနိုင်တဲ့Hotelကတော့ေ လာလောဆယ်(၉)ခုလောက်ရှိပါတယ်၊ အလယ်အလတ်နဲ.ကောင်းကောင်းနေချင်တယ်ဆိုရင်  Silver   Beach Hotelရှိပြီးဈေးနှုန်းကတော.(၆၅၀၀ဝိ)ကနေ(၁၅၀၀၀ဝိ)ထိရှိပါတယ်၊ ရန်ကုန်ကနေငပလီကိုလာမယ်ဆိုရင်လေကြောင်းရောကားလမ်းပါလာလို.ရပါတယ် ။လေကြောင်းလိုင်းတွေကတော့  Air Bagan,Air Mandalay,Asian Wingsတို့.ဖြစ်ပြီးဈေးနှုန်းကတော.(၆၅၀၀ဝိ)ဖြစ်ပါတယ်။Myanmar Airwayကတော.တစ်ပတ်မှာ(၂)ကြိမ်ဆွဲပါတယ်၊ဈေးနှုန်းကတော.(၂၂၀၀ဝိ)ဖြစ်ပါတယ်။ကာလိုင်းတွေကတော.အောင်သစာExpressနဲ.ရဲအောင်လံ    Expressတွေဖြစ်ပြီးဈေးနှုန်းကတော.(၁၂၀၀ဝိ)–Airc0n  Busကတော.(၁၆၀၀ဝိ)ဖြစ်ပါတယ်။ Aircon  Busကတော. ရန်ကုန်-တောင်ကုတ်-သံတွဲ-ငပလီလမ်းကြောင်းကလာပြီး ရိုးရိုးကားကတော.ရန်ကုန်-ငါးသိုင်းချောင်း-ဂွ-သံတွဲ-ငပလီလမ်းကလာပါတယ်။ ငပလီကမ်းခြေရဲ.ထူးခြားခြက်ကတော.ပင်လယ်သဲကဖြူတယ်၊ပြီးတော.ပင်လယ်စာတွေကိုလတ်လတ်ဆတ်ဆတ်  စားရတာပဲ၊ရခိုင်BEERလို.ခေါ်တဲ.ဓနိရည်ပင်ကျကလည်းကောင်းမှကောင်းဘဲ၊ ရခိုင်ငရုတ်သီးထောင်းနဲ.ကြက်သောက်ဆမ်းဆိုရင်သံတွဲမြို.        ပေါ်ကကောင်းမှကောင်းနဲ.နှုတ်ခမ်းမွှေး စားသောက်ဆိုင်ဆိုရင်ဈေးလည်းသက်သာအရသာလည်းရှိတယ်။တရုတ်စာဆိုရင်Excellence,Best Friendစားသောက်ဆိုင်တွေမှာဈေးလည်းသက်သာပြီး H0telအတိုင်းကောင်းတယ်။ဒါကြောင်.မို. ငပလီကိုမဖြစ်မနေတစ်ခေါက်လောက်လာလည်ကြည်.ပါလို. ဖိတ်ခေါ်ရေးသားလိုက်ရပါတယ်။


ငပလီ * ရေပြာကြည်လဲ့ ၊ အုန်းပင်နွဲ ထူးတဲ့ဌာနီ ငပလီ ။ * ဘော်ငွေဖြူရွ ၊ ကမ်းအလှ ရွှန်းပသာစည် ငပလီ ။ * ကျောက်စွယ်ကျောက်တန်း ၊ ကျောက်ခက်ပန်း တင့်ဆန်းဝေစီ ငပလီ ။ * ကမ်းမြောင်ကမ်းကွေ့ ၊ ရှုအတွေ့ ပျော်မွေ့စိတ်ကြည် ငပလီ ။ * ဇင်ယော်မောင်နှံ ၊ ဝဲကာပျံ ကာရံလှိုုင်းသီ ငပလီ ။ * ရှုတင့်ဖွယ်စုံ ၊ hotel zone လှဂုဏ်ဝင့်ထည် ငပလီ ။ ။


မောင် ပေSeptember 13, 20111min023
ဦးထွန်းမြင့် ဆိုတာ တောင်သာရွာက ယာသမားကြီး ။ အခုတော့ တောင်သာမြို  ့နယ် ဆိုလားပဲ ။ တောင်သာ ဆိုတာ မန်းတလေး မြင်းခြံလမ်းပေါ်မှာ ရှိတာပေါ့ ။ ဒီနှစ် ဦးထွန်းမြင့် ရဲ  ့ယာက ပဲအထွက်မဆိုးဘူး လို ့ပြောရမယ် ။ ဒါနဲ ့ မန်းတလေး အထိ ပဲသွားရောင်းရင်း ၊ မန်းတလေး မြို  ့ပေါ်ကနေ ၊ ပွဲရုံပိုင်ရှင် ရဲ  ့ကောင်းမှု နဲ ့… နတ်သုဓာ ဆိုတဲ့ အစားအစာ တစ်မျိုး ကို ဦးထွန်းမြင့် တစ်ယောက် ခံတွင်းတွေ ့ခဲ့တယ်။ သဘောအရမ်းကျသွားတယ် ။ နတ်သုဓာ ပုံစံ က ထောပတ်ထမင်းလိုလို နဲ […]


manawphyulaySeptember 11, 20111min06
အရင်က ရွှေတောင်အကြောင်းပြောပြီး ပုံမတင်ပေးလို့ ပြောနေကြသူများအတွက် ကွန်နက်ရှင်နည်းနည်းအဆင်ပြေတဲ့အချိန် တင်ပေးလိုက်ပါတယ်နော်။ ရွှေတောင်မြို့မှ ကြိုဆိုပါတယ် ရွှေပြောင်ပြောင်ဘုရား ဖူးမြော်ကြရအောင်


manawphyulaySeptember 4, 20112min011
မြန်မာတို့ရဲ့ ဓလေ့စရိုက်ဖြစ်တဲ့ သားသမီးတွေကို သာသနာ့ဘောင်ထဲ လုပ်ဆောင်ပေးခြင်းဟာ မြန်မာတွေရဲ့ ချစ်စရာ အမူအကျင့်လေးတွေဖြစ်ပါတယ်။ ဒါပုံလေးတွေကတော့ ကျွန်မတို့အညာဒေသတစ်ခုရဲ့ အလှူမင်္ဂလာ ရှင်ပြု၊ နားသပွဲပဲဖြစ်ပါတယ်။ လောကီမင်္ဂလာ ၁၂ ရက်မှာ နာမည်ပေးခြင်း၊ နေပြခြင်း၊ ကွမ်းစတဲ့ ၁၂ ရပ်ပါပါတယ်။ ရှေ့မင်းတွေလက်ထက်ထဲက လုပ်ခဲ့တဲ မင်္ဂလာထဲက အမျိုးသမီးဆို နားထွင်းတဲ့ မင်္ဂလာပါပါတယ်။ ခုချိန်တိုင် ရှေးအစဉ်အလာအတိုင်း မပျက်မကွက် ကျင်းပလာကြတာဆိုရင်ဖြင့် အတော်ကို သာသနာတော်အတွက်လည်း တည်တံ့ခိုင်မြဲပြီး မြန်မာတို့ရဲ့ ချစ်စရာ့ အသွင်အပြင် အစဉ်အလာကတော့ ဘယ်သူမှ မြန်မာကို မယှဉ်နိုင်တဲ့ အကြောင်းတရားပဲ ဖြစ်ပါတော့တယ်ရှင်။ မြန်မာတို့ရဲ့ ချစ်စရာ ရိုးရာ ဓလေ့ ရှင်ပြုပွဲပဲဖြစ်ပါတယ်။ ရွာဓလေ့ရဲ့မြင်ကွင်းကို အလှူမဏ္ဍပ်အတွင်း မြင်ရတာ ဖြစ်ပါတယ်။ ရှင်ပြုပွဲရဲ့ တစ်ယောက်တစ်မျိုး အမြင်ဆန်းတဲ့ဝတ်စုံတွေနဲ့အတူ […]


ရွှေဘိုမြို့ကို 2005ခုနှစ်မှာရောက်တုန်းက ဈေးအနောက်ဘက်လမ်းကနေဖြတ်သွားခဲ့ပါတဲ့အခါ လမ်းအရှေ့ဘက်မှာ စုလစ်မွန်းချွန်တွေရွှေရောင်တစ်ပြောင်ပြောင်နဲ့လှမ်းမြင်တော့ နန်းတော်နေရာဟောင်းမှာ ပြန်အသစ်ဆောက်ထားတာလို့ပြောပါတယ်။ ဟိုအရင်က နန်းတော် နောက်တော့ အကျဉ်းစခန်း(ထောင်) အခုတော့ မူရင်းမပျက်ပြန်တည်ဆောက်ထားတာသိရပါတယ်။ ဲအဲဒီတုန်းက အချိန်မရလို့ မဝင်ခဲ့ရပေမယ့် ခုတစ်ခေါက်တော့ မရောက်ရောက်အောင်သွားခဲ့ပါတယ်။ အဝင်ဝမှာမြင်ရတဲ့ ကျောက်စာ သံတံခါးပိ်တ်ထားတာရယ် ရေတွေရယ်ကြောင့် ဖတ်တော့ဖတ်ခွင့်မရ။ ဒါကတော့မြောက်ဘက်မိဖုရားအဆောင်တော်ပါ။ အခန်းထဲဝင်ကြည့်တော့သိပ်အကျယ်ကြီးတော့ မဟုတ်ပါဘူး။ မြောက်နန်းဆောင်အနီးကပ် မြက်ခင်းစိမ်းတွေကြားက လှပတဲ့အနောက်စံနန်းဆောင်တော်။ ဒါကတော့ အရှေ့တည့်တည့်ကမြင်ရတာလေ။ အခန်းထဲဝင်ကြည့်တော့မြင်ရတဲ့တိုင်လုံးကြီးတွေ နောက်ဘက်ကကြည့်ရင် တံခါးသုံးပေါက်ရှိပါတယ်။ စကားဖြူပန်းပင်ကြားကမြင်ရတဲ့ တောင်နန်းမိဖုရားအဆောင် အနီးကပ်တောင်နန်းဆောင် အလယ်နန်းမတော် ဒီအထဲမှာတော့ အကြီးဆုံးပါဘဲ နန်းဆောင်ထဲကပလ္လင်တော် ရှေ့တည့်တည့်ကမြင်ရတာလေ ကျောက်စာရုံနဲ့မျက်နှာချင်းဆိုင်မှာတော့ အလောင်းမင်းတရားကြီးရဲ့အုဌ်နန်းပြဿဒ်ရှိပါတယ်။ ပိတ်ထားတော့ အပြင်ကဘဲ ဓါတ်ပုံရိုက်ခဲ့ရတယ် အထဲမှာကျောက်စာတိုင်တစ်ခု ဒါကတော့ ပြတိုက် လေးနာရီကျော်တော့ ပိတ်သွားလို့ အထဲမဝင်ခဲ့ရ ပြတိုက်အဝင်ဝက ကျောက်စာတိုင် […]


ပြီးခဲ့တဲ့ 25-8-2011နေ့က ရန်ကြီးအောင် ကုန်းဘောင်ခ ငါးမည်ရပါတဲ့ ရွှေဘိုမြို့ကို နေ့ချင်းပြန်ခရီးထွက်ခဲ့ပါတယ်။ ဆားတောင်စံပြကျေးရွာနားအရောက်မှာတော့……….. ဟိုအဝေးကနေလျှံကျလာတဲ့ရေတွေ ပါ ကားတွေကအလှည့်နဲ့ဖြတ်ဘို့စောင့် လူတွေက ကားကူတွန်းပေးဘို့စောင့်နေကြပါတယ်။ ဒါကတော့ ရေလာကြည့်တဲ့ပရိတ်သတ် သက်သက် ဆိုင်ကယ်ကို လူစွမ်းအားနဲ့အောင်မြင်အောင်သယ်လာကြတာက အားပါးတရ မောင်တွဲကာ ခေါ်ပါ့မယ်…………… ကားကြီးတွေကတော့အေးဆေး ကားအလတ်တွေတော့ ကူးချင်ရင် လူနဲ့တွန်း သိပ်စိတ်မပူရသေးဘူး ဘင်ကားနိမ့်နိမ့်လေးတွေကတော့ မြင်တဲ့အတိုင်းပါဘဲ ကျနော်တို့ကားလေးလဲ ဝိုင်းတွန်းပေးကြတော့ ငွေသုံးထောင်နဲ့ ကူညီသူတန်ခိုးကြောင့် ဒီနေရာကလနေလွတ်မြောက်လာပါတယ်။ သိပ်မကြာခင် လမ်းဘေးမှာ သစ်ခြောက်ပင်တွေများလှတဲ့မြင်ကွင်းကို ကြည့်ရင်း ငါးမည်ရတဲ့ရွှေဘိုမြို့ကိုဝင်လာပါတယ်။ ဒါကတော့ လာမယ့် 19-9-2011နေ့မှာ အစည်ကားဆုံးသော နယ်လုံးဆိုင်ရာ ဘုရားပွဲကျင်းပတော့မယ့် နာမယ်ကျော် မြို့ကျက်သရေဆောင် မြို့ဒေါင့်စေတီ ကို အဝေးက ဖူးရတဲ့ပုံပါ။ မြို့တောင်ဘက်ထွက် မဟာဗျူဟာလမ်း(မြစ်ကြီးနားသွားတဲ့လမ်းရောက်တော့ ကျံးဟောင်းကိုတွေ့ပါတယ်။ ဒါကတော့ ကျနော်မဟုတ်တဲ့ကိုပေါက်နဲ့ […]