မိုးရာသီရဲ့ နေ့တစ်နေ့ မိုးတိမ်တွေရှိပေမယ့်ကောင်းကင်ကတော့ အပြာရောင်အောက်ခံမှာ ဖြူလွတဲ့တိမ်တစ်ချို့လွင့်လို့ပေါ့။ အဲဒီကနော တောင်ဘက်ကိုဆက်အသွားမှာ ကန်တော်ကြီးအလည်ခေါင်လောက်က မီနီဂေါက်ကွင်းကနေ မြောက်ဘက်ကိုကြည့်ရင် ဒီမြင်ကွင်းကို သေချာပေါက်တွေ့နိုင်ပါတယ်။ တောင်ဘက်ကနေမြောက်ဘက်ကို နည်းနည်းလေးရွှေ့ကြည့်တာနဲ့ မတူကွဲပြားတာလေးကို သွားမြင်လိုက်ရပါတယ်။ ကန်တော်ကြီးမြောက်ဘက်ခြမ်းကိုလှမ်းမြင်ရတာလေးတွေပေါ့ တောင်ဘက်ခြမ်းကိုကြည့်တော့ ဗေဒါပင်စိမ်းမြကြားကနေကြည့်ရင် လှပတဲ့တိမ်တောင်တွေရယ် လှိူင်းထတဲ့ရေပြင်ရယ် မြင်ရတာ ဇိမ်ခံလှေကလေးက ရေလယ်မှာ ဗေဒါပင်က ကမ်းစပ်မှာ ဟော ဘဲကလေးတွေကရော…………………… စိမ်းမှောင်နေတဲ့ဗေဒါတော အားပါးတရ ဒီဗေဒါပင်တွေအောက်မှာငါးတွေအောင်းနေသလို မြွေတွေလဲရှိတတ်ပါတယ်။ အပင်က ကွက်ပြီးခြောက်နေလိုက်တာ အရှေ့ဘက်က ဗေဒါတွေကတော့ ထွားကျိုင်းလို့စိမ်းစို


manawphyulayAugust 23, 20111min011
Air KBZ Limited တွင် တာဝန်ထမ်းဆောင်ရန် အောက်ဖော်ပြပါ ဝန်ထမ်းများ အလိုရှိသည်။ Driver – ကျား(6)ဦး လျှောက်ထားလိုသူများသည် – (၁) CV-FORM (၂) ကာလာလိုင်စင် ဓာတ်ပုံ (3)ပုံ (၃) နိုင်ငံသားစိစစ်ရေးကဒ်ပြား မူရင်း/မိတ္တူ (၄) ယာဉ်မောင်းလိုင်စင် မူရင်း/မိတ္တူ (လိုင်စင်သက်တမ်း (5) နှစ် ရှိရမည်) (၅) သန်းခေါင်စာရင်း မူရင်း/မိတ္တူ (၆) အသက် (30-50)နှစ် အတွင်းဖြစ်ရမည် (၇) ပညာအရည်အချင်း ၈ တန်း အောင်မြင်ရမည်။ အထက်ပါ အချက်အလက်များအား ယူဆောင်လာပြီး အောက်ဖော်ပြပါလိပ်စာသို့ (15-9-2011)ရက်နေ့ နောက်ဆုံးထား ကိုယ်တိုင်လာရောက် လျှောက်ထားနိုင်ပါသည်။ AIR KBZ LIMITED (ရုံးချုပ်)၊ အုပ်ချုပ်ရေးဌာန၊ အမှတ်(33-49)၊ […]


“လမ်းနံဘေးနားကပန်းနဲ့တူသောထမင်းဆိုင်” ဒီနေ့ ညနေစောင်းမှာ အိမ်ရှေ့ဖြတ်သွားတဲ့အချဉ်ပေါင်းသည်လေးဆီက သီချင်းလေးကို နားစွင့်လိုက်တော့”လမ်းနံဘေးနားကပန်းကို မပန်ကြပြီ”ဆိုတဲ့ စာသားလေးပါတဲ့ သီချင်းလေးကို ကြားလိုက်ရပါတယ်။ သွားလေသူအဆိုတော်လွှမ်းမိုးငယ်စဉ်ကာလကဆိုခဲ့လူကြိုက်များခဲ့တဲ့သီချင်းလေးဖြစ်နေပါတယ်။ လမ်းနံဘေးမှာအလေ့ကျပေါက်တဲ့ပန်းများဟာအလွယ်တကူဆွတ်ချုလို့ရနိုင်တော့ လူတွေကတန်ဘိုးမထားတတ်ကြတာလေးကို သီချင်းလုပ်ဆိုထားတာပါ။ လောကမှာ ကောင်းမွန်ပေမယ့်လဲ အလွယ်တကူရတော့ တန်ဘိုးမရှိဘူးထင်ပြီး ဖယ်ထားကြတာတဲ့ ကိစ္စတွေက အများကြီးပါ.။ ဒါလေးနဲ့ဆက်ပြီး တွေးမိပြန်တာက နေ့လည်က မိတ်ဆွေတွေနဲ့အမှတ်မထင်ရောက်သွ ားတဲ့ထမင်းဆို်င်လေးကိုပါ။ (ကျနော့်မိတ်ဆွေက မန်းလေးမြို့နှံ့တယ်ဆိုတဲ့ ကိုပေါက် မရောက်ဘူးတဲ့ဆိုင်ခေါ်သွားမယ်ဆိုပြီးခေါ်လို့ရောက်၊ ကျနော်လဲတကယ်မရောက်ဘူးပါ၊ ညံ့ချက်ကတော့ ကမ်းကုန်ပေါ့) အဲဒီဆိုင်လေးက မန်းလေးမြို့ရဲ့ အထင်ကရထဲမှာလည်းမပါဘူး၊ မန်းလေးလမ်းညွှန်ထဲမှာလဲနာမယ်မပေါက်၊ အထူးအဆန်းအနေနဲ့လူစုပြီးသွားစားကြမယ်ဆိုတဲ့စာရင်းထဲမှာလဲမပါသေးဘူး။ လူသိနည်းသောဆိုင်လေးဖြစ်တော့ ကျွန်တော်တို့အပေါင်းအသင်းတစ်စုကတော့ “မြို့လယ်က တောဆိုင်လေး”လို့အလွယ်ဆုံးနာမည်ပေးလိုက်ကြပါတယ်။ မြို့လယ်လို့ပြောရတာက 83-84ကြားနဲ့23-24ကြားမှာ ဒီဆိုင်လေးက ရှိနေလို့ပါဘဲ။ မန္တလေးမြို့များပြားလှစွာသောဝင်းတွေထဲကဝင်းလေးတစ်ဝင်းထဲမှာရှိပါတယ်။ 84လမ်းအတိုင်းလာ တောင်ဘက်ကလာမယ်ဆိုရင် 23လမ်းဒေါင့်မရောက်ခင်မှာ တွေ့တဲ့အရှေ့ဘက်လမ်းကြားအတိုင်းဝင်လာလိုက်မယ်ဆိုရင် သုံးအိမ်မြောက်လောက်မှာ နှစ်ထပ်ပျဉ်ထောင်အိမ်လေး တွေ့နိုင်ပါတယ်။ (ထုံးစံအတိုင်း […]


manawphyulayAugust 22, 20112min016
မယ်လမုကနေ စက်လှေနဲ့ အသွား ၁၀ဝ ကျပ်နှင့် အပြန် ၁၀ဝ ကျပ် ပေးရပါတယ်။ ဒါနဲ့ ဝဋ်ကြွေးတော်ပြေဘုရားဘက်ရောက်တော့ လူတွေ အတော်စည်ကားလှပါတယ်။ တချို့ကလည်း ကားတွေနဲ့ ဘုရားဖူးလာကြတာ လူတွေမှ ကြက်ပျံမကျ စည်ကားလှပါတယ်။ ဒါနဲ့ ဘုရားတစ်ဆူပြီး တစ်ဆူဖူးတော့ မဟာကိုးသိန်း အရှင်ဌာပနာ ဘုရား လှူဒါန်းနိုင်ကြောင်း တွေ့ရှိရတဲ့အတွက် ဘုရား ၁၁ ဆူကို ငွေ သုံးထောင်ကျပ်နဲ့ လှူဒါန်းခဲ့ပါတယ်။ ပြုပြုသမျှ ကုသိုလ်အစုစုကိုလည်း မန်းဂေဇက်မှ မောင်နှမအားလုံးအတွက် ပြန်လည်မျှဝေပါတယ်ရှင်။ နေရာစုံက ကားကြီး ကားငယ်တွေနဲ့ လာကြသလို ဈေးသည်တွေကလည်း အတော့်ကို စုံလင်လှပါတယ်။ မိုးရွာတော့ နီးရာနေရာကို အတင်းမိုးဝင်ခိုကြတာကိုတွေ့ရပါတယ်။ မနောတောင် ဝဋ်ကြွေးတော်ပြေဘုရားမှာ မိုးခိုရင် ကြာကြာဖူးမြော်ခဲ့ရပါတယ်။ အလိုတော်ပြည့်ဘုရားကိုလည်း ဖူးမြော်နိုင်ပါတယ်။ ဝဋ်ကြွေးတော်မြေ […]


လမ်းဆိုတာ တစ်လမ်းတည်း ဘယ်တော့မှ မရှိပါဘူး။ လူဆိုတာ ကိုယ်သွားနေကြလမ်းကို ပဲ ပုံမှန်အတိုင်းသွားတတ်ကြတာ ထုံးစံပါပဲ။ တစ်ခါတစ်လေတော့လည်း လမ်းသစ်တွေကို ရှာဖွေတတ်ကြပါတယ်။ လမ်းသစ်တွေကို မတွေ့ခင်အထိတော့ ကိုယ်သွားနေကြ လမ်းက ကိုယ့်အတွက် အကောင်းဆုံးလို့ ထင်ကြမှာပါပဲ။ လမ်းသစ်ကို ရှာတယ်ဆိုတာကလည်း စွန့်စားရတဲ့ အလုပ်တစ်ခုဆိုတော့ တော်ရုံလူက မလုပ်ချင်ကြပါဘူး။ ဒီလိုပဲ ကျွန်တော်တို့ လူ့ဘဝမှာ ကိုယ်သွားနေကြလမ်းဟောင်းကြီးကိုပဲ အမြစ်တွယ်ပြီး သွားနေကြတဲ့ လူတွေ အများကြီးရှိကြမှာပါ။ ကိုယ်သွားနေကြလမ်းမှာ အခြား သွားလို့ ရနိုင်တဲ့ ပန်းတိုင်ကို ပိုပြီး ချောမွေ့စွာ ရောက်နိုင်တဲ့ လမ်းတွေ အများကြီး ရှိနိုင်မှာပါပဲ။ ဒါပေမယ့် အချိန်မပေးနိုင်တာ၊ အခက်အခဲဖြစ်မှာကို ကြောက်တာကြောင့် လမ်းသစ်ကို မရှာဖွေ ဖြစ်ကြတဲ့ လူတွေ အများကြီး ရှိကြမယ်လို့ ထင်ပါတယ်။ […]


manawphyulayAugust 22, 20112min06
မယ်လမုစေတီတော်ကို မနေ့က ရုံးပိတ်ရက်မှာ ရောက်ခဲ့ပါတယ်။ မရောက်တာကြာပြီဖြစ်ပေမယ့် အရင်လိုပဲ စည်ကားမြဲ စည်ကားနေတာကို တွေ့ရတာပါတယ်။ တော်သေးတာက ယမန်နေ့က ရေကြီးလို့ ဘုရားကုန်းတော်ပေါ်မှာ အတော်ကို ရေလျှံတယ်လို့ ပြောပါတယ်။ မနောတို့ ဘုရားသွားရောက်တော့ ရေတော့ သိပ်မတင်တော့ပဲ ကျောက်ပြားတွေမှာ ရေညှိတွေတက်နေတော့ သတိထားပြီးတော့ ဘုရားကို ဖူးမြော်ရပါတယ်။ မယ်လမုဘုရားဝင်းအတွင်း ဆင်စီးမြင်းရံဘုရားလည်း ရောက်ခဲ့ပါသေးတယ်။ ရဟန်း ငါးရာ ကိုလည်း မှတ်တမ်းတင်ခဲ့ပါတယ် မယ်လမုစေတီတော်ဘက်က စက်လှေစီးပြီး ဝဋ်ကြွေးတော်ပြေစေတီတော်ဘက်ကို ကူးပြီး ထပ်မံ ဖူးမြော်ခဲ့ပါတော့တယ်။


ဒီပုံကတော့ 2011 သင်္ကြန်တွင်းတုံးက တောင်သမန်အင်းက အပျော်စီးတဲ့ ငှက်(သမ္ဗာန်)လေးတွေပါ။ မြောက်ဘက်ကမ်းစပ်မှာပါ။ ဒါကတော့ လောလောဆယ်တောင်သမန်အင်း မှာ စီးသူမျှော်နေတဲ့ ငှက်ကလေးတွေ. အရင်ဆို ဒီနေရာမှာရေမရှိဘူး။ ဆိုင်ခန်းတွေရှိတယ်လေ။ အင်းတစ်ပါတ်လောက်လှေစီးရအောင်လေ။ ဧရာဝတီမြစ်ရေကြီးတော့ တောင်သမန်းအင်းကလဲရေအပြည့်ပေါ့။ ဦးပိန်တံတားအနောက်ဘက်က ဘုရားလေးပါ။ အခုတော့ ရေလည်ဘုရားပေါ့။ ဒါကတော့ အေပရယ်နွေညနေခင်းမှာတွေ့ရတဲ့ ဘုရားပါ။ ပါတ်ဝန်းကျင်တစ်ခုလုံးက စိမ်းစိမ်းစိုစို။ အရင်ကတော့ ဒီနေရာမှာ သဘာဝပေါက်ပင်တွေနဲ့စိမ်းစိမ်းစိုစို အခုတော့ရေတွေကဗောင်းလံ ုဆိုင်ခန်းလေးတွေကလဲ ရေမြုတ်လို့ပေါ့. အခုတော့ဗျာ အင်းတပြင်လုံးရေအပြည့် အပင်တွေတောင်ရေထဲမြုတ်လို့ အခုတော့ဗျာ အင်းတပြင်လုံးရေအပြည့် အပင်တွေတောင်ရေထဲမြုတ်လို့။ အရင်ကတော့ ကွင်းပြင်ကျယ်ကြီးဖြစ်ခဲ့ပါတယ်။ အရင်ကတော့ ခန့်ခန့်ထည်ထည် ကန်နံဘေးကဆိုင်ခန်း။ အခုတော့ရေအောက်ကဆိုင်ခန်းလေးပေါ့။ မူံဝါးဝါး တောင်သမန်ရွာ မြင်ကွင်း အရှေ့ဖက်ကပေါ့ သင်္ကြန်တွင်းမူံရီရီကတွေ့ရတဲ့ တောင်သမန်ရွာ ရေအပြည့်နဲ့ဦးပိန် တံတားအစလေး မိုးတိမ်အောက်က တောင်သမန်ရွာ […]


PareByokeAugust 17, 201118min00
    LEST WE FORGET, HERE ARE REMINDERS TO HELP OUR LESS FORTUNATE SIBLINGS AND TO LOVE OUR FELLOW HUMAN BEINGS Tzu Chi’s Early Relief Works. 20080701 Tzu Chi give out school supplies in Myanmar‏ – YouTube http://www.youtube.com/watch?v=g6J84rFdezQ&feature=related Tzu Chi Volunteer, Shows Appreciation and gratitude to the children, because as the master teaches us, we […]


ဖိုးပေါ်ဘုရားနဲ့ ဖုးိကုလားရဲ့ဘေးနားက ဘုရား ဖိုးကုလားဘုရားထဲကို ဝင်ကြည့်တဲ့အခါ တောင်ဘက်ဘေးမှာလဲဂူဘုရားတစ်ဆူတွေ့ရပါတယ်။ ။ ပြုပြင်ထိန်းသိမ်းမူ့မရှိတော့ ဘုရားပေါ်မှာအလေ့ကျ ပေါက်တဲ့အပင်လေးတွေကိုတွေ့ရပါတယ် အဝင်ပေါက်တည့်တည့်က အရုပ်တစ်ခုကတော့ ကျိုးပြတ်လို့နေပါတယ်။ အနီးကပ်လက်ရာ အနုစိတ်။ လျောင်းတော်မူဘုရား ဂူထဲမှတည်ထားပါတယ်။ နံရံကပ်ဘုရားစင်လေး ဒါကတော့ မြောက်ဘက်ခြမ်းက ဖိုးပေါ်ဘုရား။ အဝင်အုဌ်ရိုးပေါ်မှာ ကန့်တော့ပွဲလေးတစ်ပွဲ။ အဲဒီနေ့ရ ဘုရားပုရဝုဏ်ထဲမှာ သန့်ရှင်းရေးတွေလုပ်နေကြပါတယ်။ ဒီဖိုးပေါ်ဘုရားအတွင်ထဲတော့ ဝင်ကြည့်လို့မရပါဘူး။ အဝင်ဝမှာသော့ခတ်ထားပါတယ်။ အတွင်းကိုလှမ်းကြည့်တော့ လူ့အသုံးအဆောင်ပစ္စည်းတွေကို တွေ့ရပါတယ်။ မှန်းကြည့်ရတာတော့ အထဲမှာလူနေပုံရပါတယ်။ ဖြစ်သလိုသွယ်တန်းထားတဲ့ လျှပ်စစ်မီးကြိုးတွေပါ။ တောင်ဘက်ခြမ်းအနီးကပ်။ ရှေ့တည့်တည့်ကမြင်ရတာပါ။ ဘုရားနှစ်ဆူတွဲ ဒါကတော့ရှေ့အဝင်ပေါက် ဘေးဘက်က မြင်ကွင်း အဝေးကြည့်တော့ပိုလှတယ် မန်းလေးရောက်ရင် သွားနော်


ဖိုးကုလားဘုရား က ပုဂံခေတ်ကတည်ခဲ့တယ်လို့ယူဆနိုင်စရာတစ်ခုတော့ဘုရားနောက်မှာ လျှို့ဝှက်လမ်းကလေးရှိနေတာပါ။ ဒီဘုရားပုံတော်က အရှေ့ဘက်က ဝင်ဝင်ခြင်းဖူးရတဲ့ဘုရား။ ဒီဘုရားရဲ့နံရံနောက်ကို ဒီအပေါက်လေးကနေဝင်ရင်ရပါတယ်။ ဒီအပေါက်ထဲကနေ ဘုရားနောက်ကို ဝင်ခါနီးကလေးတွေကိုရိုက်ထားတဲ့ပုံ သူတို့ကတော့ ဂူနောက်ထဲကို ဝင်ခါနီးပျော်လို့ပါ။ အထဲမှာတော့ ဘာမှ မမြင်ရအောင် မှောင်မဲနေပါတယ်။ ဒီပုံလေးကတော့ဘုရားကို ဘေးတိုက်ဖူးရတာပါ။ စောစောက တောင်ဘက်က ဒါကမြောက်ဘက်က ဘေးတိုက် ဒီဘုရားလျို့ဝှက်ပေါက်က တောင်ဘက်က ဝင် မြောက်ဘက်ကထွက်ရပါတယ်။ ဒါကမြောက်ဘက်အထွက်က ဘုရားလေးတွေပါ စောစောက ပုံက မူံမဲမဲ ဒီပုံကတော့ရှင်းရှင်းလင်းလင်း မြောက်ဘက်ထွက်ပေါက်ဘေးက ဘုရား ဒီအပေါက်လေးက ထွက်ပေါက်လေးပါဟောဝင်သွားတဲ့ကလေးတွေပြန်ထွက်လာပြီ ပြုံးလို့ရွှင်လို့ ပျက်စီးနေတဲ့ခေါင်မိုး ဒါကတော့ ခေါင်မိုးပေါ်က လင်းနို့တွေပါ။ ဘုရားအဝင်ဝက သစ်သားတံခါး ထွင်းထားတာလေးက လှမှလှ ဒါတွေ ကဒီဘုရားထဲမှာရှိတာပါ။ ရွှေစာရံရောက်ရင် ဝင်ဖူးဘို့မမေ့နဲ့နော်……………..


ရွှေစာရံစေတီတော်ရဲ့အနောက်ဘက်တည့်တည့်မှာ ပုဂံခေတ်ကလက်ရာမွန်လို့ယူဆနိုင်တဲ့ ရှေးဘုရား ဘွဲ့အမည်ကတော့ ဖိုးကုလားပါ။ ဒါကတော့ ဖိုးကုလားဘုရားကို အဝေးကမြင်ရတာလေးပါ။ ဖိုးပေါ်ဘုရားမြင်ကွင်းကျယ်ပုံပါ။ ဖိုးကုလားဘုရားဘေးဖက်က ပန်းတမော့လက်ရာ။ ဘုရားတောင်ဘက်ခြမ်းက လက်ရာ တစ်ချို့ဆို ပျက်စီးနေတာ နှမျောစရာကြီးဗျာ။ ဘုရားရှေ့ကျောက်စာတိုင် သုံးတိုင် အလယ်တိုင်က စာ ရသလောက်ရိုက်ထားတာ။ တောင်ဘက်အစွန်ဆုံးတိုင်က စာ။ ေြ့မာက်ဘက်ဆုံးတိုင်က ကျောက်စာ။ စပါပြီလှပသော ရှေးနံရံပန်းချီလက်ရာ ကွာတဲ့နေရာက ကွာကျ အရမ်းနှမျောဘို့ ကောင်းပါတယ်။ နံရံဆေးရေးပန်းချီအနီးကပ်မြင်ကွင်း သူတို့သုံးတာအနီရောင်များပါတယ်။ အခုရေးဆွဲထားတဲ့ပန်းချီလက်ရာများကအရောင်အတော်လေးကို စုံလင်ပါတယ်။ ဒါကတော့ အနီးကပ်မြင်ကွင်းနဲ့နှမြောစရာ ကွာကျလို့ အောက်ခံအုဌ်သားတွေပေါ်နေတာ။ ဒါကတော့ အနီးကပ်မြင်ကွင်းနဲ့နှမြောစရာ ကွာကျလို့ အောက်ခံအုဌ်သားတွေပေါ်နေတာ။ မြောက်ဘက်နံရံထက်က ရှေးဟောင်း ပန်းချီ။ ခေါင်မိုးထက်က ဆေးရေးပန်းချီများပါ။ နံရံထက်က ဘုရားနဲ့ ဆေးရေးပန်းချီ ဒီနံရံဆေးရေးပန်းချီရှေးလက်ရာတွေက ပျက်စီးတာတွေကလဲပျက်စီးကုန်ပါပြီ။ ကျန်နေသေးတဲ့အကောင်းလေးတွေကို ထပ်မပျက်အောင်ထိန်းသိမ်းသင့်ပြီလို့ […]


aungnng87August 15, 20111min03
ဒီနေ့အလုပ်ပိတ်ရက်ဖြစ်တာမို. အေးအေးဆေးဆေးနဲ့ ဘာဟင်းချက်စားရရင်ကောင်းမလဲတွေးပြီး ရေခဲသေတ္တာဖွင့်ကြည့်လိုက်တော့ ရေခဲသေတ္တာကြီးက empty ဖြစ်နေတာမို့ ဈေးသွားရမယ်ဆိုပြီး အိမ်နီးချင်း အင်ဒိုမတယောက်က်ို ဖုန်းဆက်ပြီး ဈေးသွားဖို့ အဖော်ညှိလိုက်တော့ သူူကလည်း OK lah, pegi pasar lah ဆိုပြီး ၂ယောက်သားအိမ်ကအထွက်မှာ တခြားအင်ဒိုမတယောက်ကလည်း သူလဲ လိုက်မယ်ဆို ပြီး ၃ ယောက် သား pudu ဈေးကိုသွားကြတာပေါ့.pudu ဈေးဆိုတာကွာလာလမ်ပူမှာ နံမယ်ကြီးဈေးတခုဘဲ။ ကိုယ်အိမ်နဲ့ဆိုရင်သိပ်မဝေးတော့ မကြာခဏ သွားဖြစ်တယ်။ တနဂ`်နွေနေ့ဆိုရင် တရုတ်၊ ကုလား၊ မလေးနဲ့ လူမျိုးပေါင်းစုံ ပျံကျအလုပ်သမားတွေပေါင်းစုံနဲ့ ရှုပ်ထွေးတဲ့နေရာတခုပေါ့။ ဈေးလည်းတော်တော်ပေါတယ်။ တခါတခါဆို ဟင်းရွက်တွေ၁ရင်းဂစ်ဘိုးဆိုရင် တပွေ့တပိုက်ကြီး၊ ပစ္စည်းကပေါ လူကမသယ်နိုင် ကိုယ့်လောဘနဲ့ကိုယ်ဒုက္ခရောက်ရတဲ့နေရာပေါ့။ သွားတဲ့၃ယောက်ထဲကအင်ဒိုမတယောက်ဟာ ဒီကမလေးလူမျိုး(ရဲ) နဲ့ လက်ထပ်ထားတာ နံပါတ်၂မိန်းမပေါ့။ သူ့အကြောင်းအိမ်နီးချင်းအင်ဒိုမပြောပြောနေလို.အကြောင်းသိနေပြီ။ […]


“စောမွန်လှရဲ့ ရွှေစာရံ” “အသက်မကြီးသေးပါမောင်ရယ် ထန်းရွက်ပုတီးလေးဆွဲလို့ ရွှေစာရံကိုတစ်ခေါက်သွားအုံးမယ်” ဆိုတဲ့သီချင်းလေးကတော့ တော်တော်များများကြားဘူးပေမယ့် ရောက်ဘူးသူလဲရှိသလို မရောက်ဘူူူူးသူများလဲရှိပါမယ်။ မန္တလေးကနေပြင်ဦးလွင်ကို သွားတဲ့လမ်း ကနေသွားရင်ရွှေစာရံဘုရားကိုရောက်ပါတယ်။ မြို့သစ်က သိပ္ပံလမ်းအဆုံးအောင်ပင်လယ်ကန်ဘောင်ရောက်လို့ ဘိုးဘိုးကြီးနန်းကိုကျော်လို်က်တာနဲ့ စောမွန်လှနဲ့ပါတ်သက်နေတဲ့ မြတဘက်ရ ဘုရားကို တွေ့ရမှာပါ။ စောမွန်လှကတော့ ရှမ်းပြည်က လှပတဲ့မင်းသမီးတစ်ပါး။ ပုဂံပြည့်ရှင်ရဲ့ မိဖုယား သူနဲ့ပါတ်သက်နေတဲ့ နာမည်ကျော်ဘုရားကတော့ ရွှေစာရံဘုရားနဲ့ နားဋောင်းကျချောင်းပါဘဲ။ နေပြောက်မထိုးအောင် သစ်ပင်တွေက စီးမိုးလို့အကာအကွယ်ပေးထားတဲ့ အေးမြတဲ့လမ်းကလေးအတိုင်းစီးသွားလု့ိ နားဋောင်းကျချောင်းကိုကျော်တာနဲ့ ပထမဆုံးတွေ့ရတဲ့တောင်ဘက်ကိုသွားတဲ့လမ်းလေးအတိုင်း လိုက်သွားရင် ရွှေစာရံဘုရားကိုရောက်ပါတယ်။ အရင်တုံးကတော့ မြေနီလမ်းဖုံဖုံလေး။ အခုတော့ရွှေစာရံဂေါက်ကွင်းနဲ့ အနုပညာတက္ကသိုလ်(ပန်တျာကျောင်း)ရှိတဲ့အတွက်ကျောက်လမ်းမဖြစ်ပြီး လမ်းကဖြောင့်ဖြူးလို့နေပါတယ်။ ဟိုးဝေးဝေးမှာမြင်ရတာတော့ နာမယ်ကျော် ကျွဲနဖားတောင်နဲ့ ရှမ်းရိုးမတောင်တန်းတွေဖြစ်ပါတယ်။ ရှမ်းရိုးမရဲ့လွမ်းစရာမြင်ကွင်း ထူးခြားတဲ့ပုံသဏ္ဍာန်ရှိတဲ ကျွဲနဖားတောင် လေးကိုမြင်ရတာ ကြည်နူးစရာပါ။ ဒီနားလေးရောက်လို့ခဏနေရင် ရွှေစာရံဘုရားကိုရောက်ပါပြီ။ ထူးခြားတဲ့ပုံသဏ္ဍာန်ရှိတဲ ကျွဲနဖားတောင် လေးကိုမြင်ရတာ […]