ပူလောင်အိုက်စပ် ဖုံထူ ခြင်ကိုက် ဆိုတဲ့မန္တလေးမြု့ိအရှေ့မြောက်ဘက် 41မိုင်လောက်အကွာမှာ အေးချမ်းစိန်းလန်းပြီးသာယာလှပမူ့တွေနဲ့ဖွဲတည်ထားတဲ့ မြန်မာပြည်ရဲ့ဥရောပဆန်တဲ့မြို့လေးကတော့ ရှေးအခေါ်မေမြို့(မြို့ကိုတည်ထောင်သူ “ဗိုလ်မှူးမေ”ရဲ့နာမည်ကိုယူထားတာပါ)။ အရပ်အခေါ် ပန်းမြို့တော် တောင်လှေခါးမြို့တော် ချယ်ရီမြေ အခုလက်ရှိအခေါ် ပြင်ဦးလွင်ကို အလည်တစ်ခေါက်သွားဖြစ်ခဲ့ပါတယ်။ အရင်ကတော့ လမ်းကျဉ်းကျဥ်းလေးကို အသွားအပြန်အသုံးပြုတော့ ကားမောင်း ဆိုင်ကယ်စီး တော်ရုံကျွမ်းကျင်မူ့နဲ့မေမြို့ကိုမတက်နိုင်ပါဘူး။ အခုအချိန်မှာတော့ နှစ်လမ်းမောင်းဖြစ်တဲ့အပြင်လမ်းတွေကလဲကျယ်တော့ ကိုယ်ပိုင်ကား ကိုယ်ပိုင်ဆိုင်ကယ်နဲ့ အလွယ်တကူတက်လို့အဆင်ပြေသွားပါတယ်။. မန္တလေးကနေထွက် ဘိုးဘိုးကြီးနန်းမှာပန်းဆက်(ယုံကြည်သူများကပါ) အုန်းချော ကျောက်မီး ထုံးဘို ရွှေစာရံ စတဲ့နေရာတွေကိုကျော်တာနဲ့တောင်တက်လမ်းစပါတယ်။ တောင်တက်လမ်းက သိပ်မမတ်ဘဲခပ်ပြေပြေလေးတက်သွားတာနဲ့ရောက်နိုင်ပါတယ်။ စတက်တက်ခြင်းမှာနည်းနည်းလေးမတ်တဲ့ အတက်ကလေးကိုကျော်တာနဲ့ ရူ့ခင်းသာဆိုတဲ့ဗျူးပွိုင့်ကိုရောက်ပါတယ်။ ဗျူးပွိုင့်ကနေဆက်သွားလို့ခဏနေရင် ကားတွေအင်ဂျင်အေးအောင်ခဏနား လူတွေကလဲ အစားစားရအောင် ခဏနားတဲ့ နာမယ်ကျော် 21မိုင်ကိုရောက်ပါတယ်။ 21မိုင်အတွက်မှာ သာယာလှတော့ ကျွန်းတောအုပ်ကလေးရှိပါတယ်။ အဲဒီကနေဆက်သွားလို့ပြင်စာဆိုတဲ့နေရာရောက်တာနဲ့ ရာသီဥတုကလုံးဝပြောင်းလို့ အေးမြလတ်ဆတ်တဲ့လေကောင်းလေသန့်(ထင်းရူးတောကိုဖြတ်သန်းလာတဲ့လေအေးအေး) မြေပြန့်မှာ မရနိုင်တဲ့တောရနံ့တောင်ရနံ့ တကယ်ကိုစိတ်ကိုကြည်နူးစေပါတယ်။ […]


ပွဲကောက်ရေတံခွန်ကိုရောက်ရင် အနောက်ဘက် က ရေတံခွန်အသေးလေး။ အဲဒီမှာတော့ ရေဆင်းကူးသူများတယ်။ အရှေ့ဘက်မှာတော့ ရေတံခွန်အကြီး၊ ရေဆော့ရင်းဓါတ်ပုံရိုက်သူများတယ်။ ဒီကြိုးတံတားလေးက ကိုကျော်ပြီးအရှေ့ဘက်ဆက်သွားရင် ရေတံခွန်ကြီးဆီကိုရောက်တယ်လေ။ ဒီဘုရားလေးအောက်ခြေမှာ ရေတံခွန်အစပေါ့။ သူ့အောက်မှာ ပထမအဆင့်စတော့ ရေနည်းနည်းလေးပိုစီးလာတယ်။ ဒီနေရာမှာရေအပြန့်ပိုကျယ်လာပြီး ဒုတိယအဆင့်ကိုစ စီးနေပါပြီ။ ရေစီးလဲပိုသန်လာသလို ရေတံခွန်ဘေး က သစ်ပင်ကောက်ကောက်ကြီး အထီးကျန်နေတော့ မြင်ရတာ လွမ်းစရာ……… အစနေရာလေးကို အပေါ်ကနေစီးကြည့်ထားတာလေ ဒီနေရာမှာရေတံခွန်က အကြီးကြီးဖြစ်ပြီးခွဲဖြာသွားတာ လှမလှ ရေကျသံတွေ တဝေါဝေါနဲ့ကြားနေရပြီ။ ဒီနေရာကတော့ အမြင့်ဆုံးတွေ့ရသလိုရေတံခွန်အားလုံးကိုလည်းမြင်နေရပါတယ်။ ရေတံခွန်နားမှာကောင်လေးနဲ့ကောင်မလေးဘာတွေတိုင်ပင်နေတယ်မသိဘူးနော………. အော်……သူတို့ကဓါတ်ပုံတွေရိုက်နေကြတာကိုး……………. ဒီနားကကြည်ံရင်ရေတံခွန်ကြီးကအလှဆုံးဘဲ။ ရေသံတွေတဝေါဝေါ နဲ့ကြောက်စရာတောင်ကောင်းတယ်။ အမြင့်ကနေအောက်ကိုငုံ့ကြည့်ရတာ တကယ်ကို လှပါပေတယ်။ အဝါရောင်နဲ့ကောင်မလေးက ကိုကိုရေ မီးကို ခေါ်အုံးတဲ့ ဟိုနှစ်ယောက်ကလဲဓါတ်ပုံရိုက်တာမပြီးနိုင် ဟိုးအပေါ်ကနှစ်ယောက်ကလဲခုန်ချမလို့ထင်ပါရဲ့ ဒီနေရာက မြင်ကွင်းကောင်းတယ် ဟိုဘက်ကလူတွေကိုလဲမြင်နေရတယ်။ ဒီနေရာက လည်းရေတံခွန်ရဲ့အဆွယ်လေးပါဘဲ။ […]


ပြင်ဦးလွင်ရောက်ရင်တော့ ပြည်တော်ချစ်ဘုရားကိုရောက်မှာအမှန်ပါဘဲ။ ပြည်တော်ချစ်ဘုရားရောက်လိုမြောက်ဘက်ခြမ်းကနေပြီးအာက်ငုံ့ကြည့်ရင် ပွဲကောက်ရေတံခွန် ရှိတဲ့တောအုပ်လေးကို တွေ့နိုင်ပါတယ်။ ရေတံခွန်မှာ က အနောက်ဘက်မှာတစ်ခု အရှေ့ဘက်မှာတစ်ခု။ ဒါကတော့ အဝင်ဝက ညောင်ပင်ကြီး ဒါကတော့ အနောက်ဘက်ဆုံးမှာရှိတဲ့ရေတံခွန်အသေးလေး။ ရေသိပ်မနက်တော့ ရေကူးလို့ရတယ်။ ဘောကွင်းငှားဆော့လို့လဲရပါတယ်။ ဒါကတော့ တောင်ဘက်ကနေမြောက်ဘက်ကိုမြင်ရတဲ့မြင်ကွင်းလေးပါ။ ဒါကတော့ ရေတခွန်ဘေးနားက နှစ်သက်ရှည်သစ်ပင်ကြီးတွေပေါ့။ အုံ့မိူင်းလို့ အေးစိမ်းနေအောင်အရိပ်တွေပေးထားပါတယ်။ ဒီနေရာလေးကတော့ ရေတံခွန် အစကို ဒီသစ်ပင်ကြားထဲကဝင်သွားရင်ရတယ်ပေါ့။ ဒီနေရာလေးကတော့ ပြန့်ပျူးတဲ့ရေတံခွန်အစနေရာလေးပါ။ လူတွေရေထဲဆင်းမလို့ ပြင်ဆင်နေကြတယ်။ နံနက်စောစောဆိုတော့ လူနည်းတာရယ် ဘယ်သူအရင်ဆင်းမလဲစောင့်နေတာ ဟော တစ်ယောက်တော့ ဆင်းကူးနေပြီ. ဟောတစ်ယောက်လဲဆင်းရော နောက်ကနေလိုက်ဆင်းဘို့ လုပ်ကြရောဗျာ။ ဟောတစ်ယောက်လဲဆင်းရော ဆင်းလိုက်ကြတာ ဘော့ကွင်းတွေငှားပြီးဆော့လိုဆော့ တကယ်ကိုပျော်စရာကြီးရယ်။ ပျော်တာကတော့ ရေထဲဆော့နေသူရော ဘေးကရပ်ကြည့်သူပါပျော်ရတာပါဘဲ။ တဖြည်းဖြည်းနဲ့လူတွေများလာလိုက်တာ ရေတံခွန်နားမှာ လူတွေအပြည့်ပေါ့။ ကဲလူရှင်းတုန်း ဓါတ်ပုံရိုက်ပေးမယ်နော် ဒါကတော့ […]


ရတနာမြေက ပြန်တဲ့ရက်မှာ မိုးကလေးကတဖွဲဖွဲ။ တောင်ခိုးတောင်ငွေ့တွေက ဝဲလို့လာပါတယ်။ မြို့အထွက်လမ်းကလေးရောက်တော့…………. အဝေးကတောင်မှာ မိုးကြောင့်တောင်ခိုးတွေဝေ ရေတွေစိုရွှဲနေတဲ့ မြေနီလမ်းလေးက အပြန်ခရီးအတွက်လွမ်းစရာ။ တောင်ခိုးတွေဝေနေတဲ့တောင်ကြီးအောက်မှာတော့ လုပ်လက်စလုပ်ကွက်ကလေး မြေနီလမ်းလေးကနေဝင်သွားရင် ဟိုးအဝေးမှာအိမ်လေးတွေနဲ့ခရစ်ယာန်ဘုရားကျောင်းလေးရှိပါတယ်။ အဝေးမှာတော့ တောင်မြင့်မြင့်ကြီး။ ကျပ်ပြင်မရောက်ခင်လမ်းမှာတွေ့ရတဲ့ ရွှေလိပ်ပြာကြီးလေ……….. သူ့အောက်မှာတော့ မြို့လေးတစ်မြို့ ကားပေါ်ကမြင်ရတဲ့ အဝေးက တောင်တန်းနဲ့အိမ်. မိုးကုတ်-ကသဲ ပြီးတော့ကျပ်ပြင် အဲဒီမြို့လေးကအထွက်ပေါ့ ကျပ်ပြင်မြို့ရဲ့အထွက်က တောင်ပေါ်မှာတော့ စေတီ………… ခဏနေတော့ မိုးကုတ်မြို့အထွက်ကို မြူခိုးတောင်ခိုးတွေကြားထဲကနေဖြတ်လာကြပါတယ်။ တစ်ခါတစ်လေဆိုရင် တောင်ခိုးတွေမိူင်းနေရင် ရှေ့ဘာကိုမှ မမြင်ရပါဘူးတဲ့။ စိမ်းစိုတဲ့ ကားလမ်းကလေး………. သတိထားရှေ့မှာလမ်းကွေ့လေးရှိတယ်။ ဟိုးအဝေးမှာအိမ်ကလေးတွေ တောင်တွေကြားထဲမှာပါ။ ကားသွားနေရင်းရိုက်တာဆိုတော့မပီမသ…… မိုးရိပ်တွေဆင်နေတဲ့ကောင်းကင်အောက်က တောင်တန်းမူံရီ ဒါကတော့ ကားဆရာပြောတဲ့နောက်ဖောက်တဲ့လမ်းတဲ့ သူ့ဘေးနားမှာလမ်းဟောင်းပြိုကျသွားတယ်ဆိုဘဲ ဒါကတော့နောက်ကနေမြင်နေရတဲ့တောင်ကမ်းပါးယံမှာမေးတင်ဆောက်ထားတဲ့အိမ်ကလေးတွေ ရွှေညောင်ပင်မှာနားတော့မြင်ရတဲ့အိ်မ်ကလေးတွေ စိမ်းစိုနေတဲ့ သစ်ပင်များနဲအဝေးကတောင်စဉ်တန်း တိမ်လေးတွေကတော့အပြာ့ ပြန်အဆင်းလမ်းကလေး သူ့ညာဘက်ဘေးက […]


မိုးကုတ်သွားမယ်ဆိုတဲ့ရက်မှာမ အမြဲပူတဲ့မန်းလေးက မိုးတွေရွာပြနေပါတယ်။ ဒါနဲ့ဘဲမိုးထဲလေထဲ ခရီးထွက်ခဲ့ရပါတယ်။ ဟောလမ်းရောက်တော့ မိုးတွေတိတ်လို့သာသာယာယာ။ ဒီတံတားလေးက တော့ နာမယ်ကျော်တံငါတံတား။ အရင်ကလမ်းဖြတ်သန်းခအရမ်းများတယ်လို့ နာမယ်ကျော်တာပါ။ အခုတော့ လွဲပြောင်းယူလိုက်လို့ ပုံမှန်ထိုက်သင့်တဲ့ဖြတ်ခဘဲပေးရတယ်လို့ကားဆရာတွေကပြောကြပါတယ်။ အရင်ကမိုးကုတ်မန်းလေးအသွားအပြန် ဖြတ်သန်းခဂိတ်ကြေး သောင်းဂဏန်းကနေခုထောင်ဂဏန်းဘဲကုန်တော့ ကားခလဲလျှော့ယူတယ်လို့ပြောပါတယ်။ ဒါကတော့လမ်းဘေးမှာအရိပ်ရသစ်ပင်စိုက်နေတဲ့လုပ်သားကြီးတွေပါ။ ဟိုးအဝေးမှာတော့ အဖြူရောင်စွက်နေတဲ့ စကျင်တောင်ကြီးကိုတွေ့ရမှာပါ။ အကြောင်းများမသိရင် နှင်းဖုံးနေတဲ့တောင်တွေလိုလိုပေါ့။ ဒါတော့ အစိမ်းထဲမှာအဝါနှောနေတဲ့လယ်ကွင်းလေး အဝေးကစကျင်တောင် လမ်းဘေးမှာတော့ တဲအိမ်လေးတစ်လုံး။ လမ်းမှာတွေ့ရတဲ့သစ်ပင်တွေနဲ့ အုပ်ဆိုင်းလို့စိမ်းမှောင်နေတဲ့တောင်တန်း။ သူ့ဘေးမှာတော့ နေချင်စဖွယ်တဲအိမ်လေးကလေးတွေရှိပါတယ်။ တဲအိမ်လေးတွေစုနေတဲ့ရွာကလေးကလဲသာသာယာယာ။ သွားနေတဲ့ကားပေါ်ကနေရိုက်ရတယ်ဆိုတော့ သိပ်တော့မပြတ်သားပါဘူး။ ဒီလမ်းလေးမှာရွာဆက်ကတော့မပြတ်ပါဘူး။ တဲအိ်မ်စုစုလေးတွေပေါ့။ ဒါလေးကတော့ တောင်ကျချောင်လေး။ သေးတယ်ဆိုပြီးတော့လျှော့မတွက်လိုက်ပါနဲ့။ သူတကယ်ရေဆင်းလာရင်ဘယ်ကားမှဖြတ်မရပါဘူးတဲ့။ လမ်းအနောက်ဘက်ဘေးက တနိုင်စိုက်ထားတဲ့စပါးခင်းလေးက စိမ်းမြယိမ်းကနေတာ မြင်ရတော့ ကြည်နူးစရာ၊ လမ်းအနောက်ဘက်ဘေးက တနိုင်စိုက်ထားတဲ့စပါးခင်းလေးက စိမ်းမြယိမ်းကနေတာ မြင်ရတော့ ကြည်နူးစရာ၊ ရေဝင်နေတဲ့လယ်ကွင်း၊အစာကောက်တဲ့ဗျိုင်း၊ ပြာလွင်သောကောင်းကင်မြင်ရတာ့ […]

IMG_08771-600x450.jpg

yaungchikhaAugust 3, 20112min027
ကျမ ကလေးမြို့ကို သွားရမယ်ဆိုတုန်းကတော့ အရမ်းဝေးလွန်းလှတဲ့နေရာလို့ ထင်မိပါတယ်၊ တကယ်တမ်း တော့ထင်သလောက်မဝေးဘူးဆိုတာ သိရပါတယ်၊ Express ကားနဲ့သွားမယ်ဆိုရင် နေ့လည် ၂ နာရီမှာ ကလေးမြို့ကနေထွက်ရင် မနက်စောစော မန္တလေးကိုရောက်ပါတယ်၊ ဗင်ကားနဲ့သွားမယ်ဆိုရင် မနက် ၆ နာရီထွက်ပြီး ညနေ ၆ နာရီဆိုရောက်မှာပါ၊ လေယာဉ်နဲ့ဆိုရင်တော့ ၄၅ မိနစ်ပဲ စီးရမှာပါ၊ ကလေးမြို့ကနေ ချင်းပြည်နယ်က မြို့လေးတွေကိုလည်း သွားလို့ရပါတယ်၊ ကလေးမြို့ကနေ ဖလမ်း ကို ကားနဲ့သွားမယ်ဆိုရင်တော့ ရ နာရီလောက်ကြာပါမယ်၊ တီးတိန်ကို ကားနဲ့သွားရင်တော့ ၅ နာရီလာက်စီးရပါမယ်၊ တီးတိန်မှာတော့ ရိ လို့ခေါ်တဲ့ အသဲပုံရေကန်ရှိပါတယ်၊  ကလေးမြို့ကနေ ချင်းပြည်နယ်ရဲ့ မြို့တော် ဖြစ်တဲ့ ဟားခါးကိုသွားမယ်ဆိုရင်ဖြင့် ၁ဝ နာရီလောက် ကားစီးရပါမယ်၊ ကလေးမြို့ကနေ အိန္ဒိယနယ်စပ် […]


mandalarthuJuly 29, 20116min02
       မန်းရေတံခွန်တောင်ခြေရှိ နှစ်ဆန်ဗုဒ္ဓေ ဘုရားကြီးတွင် ယခုအခါ  သနိ ္တသစ္စာရ ဘုရားကြီး၏ ပလ္လင် တွင်       ်   မြတ်စွာဘုရား၏ ဇာတ်တော်ကြီး ဆယ်ဘွဲ့ကို အနုပညာလက်ရာ မြောက်စွာဖြင့် ထုဆစ်ပူဇော်ထားသည်ကို ကြည်ညိုဖူးမြော်နိုင်ပါသည်။         ရေတံခွန်တောင်ခြေရှိ  သနိ ္တသစ္စာရ  ဘုရားနှင့်  ဗောဓိ သစ္စာရ  ဘုရား (၁)                   (၂)                   (၃)   […]


လူတိုင်းလူတိုင်းမှာ အရပ်ဒေသတွေကို ချစ်ခင်နှစ်သက်စွဲလန်း တက်မက်မှုဆိုတာရှိတတ်ကြတယ် မဟုတ်လား… ကျမမှာလည်းအဲ ့ဒိအကျင့်လေးတွေ ရှိပါတယ်… ကျမကအညာအရပ်ဒေကိုမြတ်နိုးတတ်တယ် ပြောရင်ရယ်ကြမလား… ဟုတ်တယ်..ပူတာကိုမကြိုက်နှစ်သက်ပေမဲ ့အညာအရပ်က အာရုံဏ်ဦးအလှနဲ ့ညနေစောင်းနေဝင်ချိန်လေးတွေ ကိုကျမနှစ်သက်တတ်တယ်… အညာနဲ ့ပါတ်သတ်တဲ ့သီးချင်းတွေ လည်းကြိုက်နှစ်သက်ပါတယ်..။ ဒါကြောင့်ကျမကျင်လည်တဲ ့ningဆိုဒ်မှာ အညာဒေသချစ်သူများဆိုပြီးဖွဲ ့ထားတယ်… သူငယ်ချင်းမိတ်ဆွေ တွေလည်းအညာရံနံတွေ လွမ်းနေတဲ ့ကျမတည်ရှိရာနေရာလေးကိုဖိတ်ခေါ်တယ်… ကြုံရင်အညာကိုဘုရားဖူးဖို ့ခေါက်လောက်အလည်လာခဲ ့ပါ အညာသူမဟုတ်ပါဘူး… ဒါပေမဲ ့ရောက်ခဲ ့ဘူးတဲ ့အရပ်ဒေသလေးတွေ ချစ်မြတ်နို်းသူပါ၊ ခဏတာနေခဲ ့ဘူးသောအရပ်ဒေသရဲ ့ သုတ၊ရသ၊လူနေမှုဘဝ၊ဒေသဖွံ ့ဖြိုးရေး ကို အညာအရပ်ဒေသနေတိုင်းရင်းသားမောင်နှမများနဲ ့အတူ ရင်းနှီးချစ်ခင်စွာတိုင်ပင်ဆွေးနွေးတိုင်ပင်ချင်ပါတယ်။ အညာပုဂံဘုရားဖူးရအောင် ကျမနှစ်သက်တဲ ့ကဗျာလေးတစ်ပုဒ်ပါ လွမ်းရတဲ့အညာရယ် …….. တစ်ခါတစ်ရံမှာ လိုချင်တဲ့အရာဖြစ်ချင်တဲ့ဆန္ဒ၊ ဆုတောင်းများပြည့်နိုင်မှာလား ခွန်အားကိုကိုး၊ ကိုယ်တိုင်ကြိုးစား၊ […]


ဒီဆိုင်တွေမှာ စားပြီးရင်းကို စားချင်တယ် ။ အရမ်းကောင်းတယ် ၊ အရမ်းကြိုက်တယ် ၊ စားပြီးရင်းကို စားချင်တယ် ။ 1. Oriental House က ပုဇွန်နိုင်လွန် Dim Sum. 2. ငွေဆောင် Emerald Sea Hotel က အုန်းသီးကြာဇံ ။ 3. ခခကြီး (ပုသိမ်)က ငါးပိထောင်းနဲ့ ပုဇွန်ဆီပြန် ။ 4. ဇော် (ကမာရွတ် ဘူတာရုံလမ်း) ကကော်ရည်ခေါက်ဆွဲနဲ့ ငါးပိထောင်း။ 5. မြတ်မန္တာထွန်း ကားဂိတ် (မန္တလေး) ရှေ့ က လှည်းနဲ့ရောင်းတဲ့ သဘောင်္သီးသုပ် ။ 6. ချင်းလန် (လသာ) က မြေအိုးမြီးရှည်။ 7. မြောက်ဥက္ကလာ ဆေးရုံလမ်းက […]


PareByokeJuly 19, 201133min02
LEST WE FORGET, HERE ARE REMINDERS TO HELP OUR LESS FORTUNATE SIBLINGS AND TO LOVE OUR FELLOW HUMAN BEINGS.   THIS FLOWER SHOP OWNER IS A BURMA EXPATRIATE. SHE DONATED HER SALES PROCEEDS FOR BURMA. 20080520 Tzu Chi Taiwan’s donation drive Sichuan & Myanmar‏ – YouTube http://www.youtube.com/watch?v=mqK_xpFUk-o&NR=1 Da Ai Headlines 20080520 For donation info please […]


PareByokeJuly 18, 201117min02
OVER THREE YEARS AGO, A TERRIBLE CALAMITY BEFELL IRRAWADDY DELTA. WHO COULD EVER FORGET NARGIS CYCLONE AND THE THOUSANDS OF DEAD, HOMELESS, AND HUNGRY? WHILE SOME FELT POWERLESS TO HELP, TZU CHI BUDDHIST AFFILIATES WERE THERE WITHIN A FEW DAYS, HELPING. LEST WE FORGET, HERE ARE REMINDERS TO HELP OUR LESS FORTUNATE SIBLINGS AND TO […]