“ကိုပေါက်လမ်းသလားနေသည် အပိုင်း(11)” (တောင်ပေါ်က စေတီနဲ့ တောင်ပေါ်ရူ့ခင်း) အရှေ့ဘက်ခြမ်းကိုသေချာကြည့်တော့ ရင်ပြင်တော်ကိုစီးမိုးထားတဲ့တောင်ကြီးရဲ့အရိပ်ကြောင့် ပိုပြီးအေးချမ်းသွားသလိုခံစားရပါတယ်။ ရင်ပြင်တော်ကနေလက်ျာရစ် ပတ်ပြီးကြည့်ပြန်တော့ တောင်ကြီးရဲ့အောက်ခြေမှာ အိမ်ကလေးတွေ စီတန်း အဝါရောင်အပွင့်တွေဖုံးနေတဲ့မယ်ဇလီပင်တွေကိုတွေ့ရပါတယ်။ အုံ့မိူင်းနေတဲ့မိုးတိမ်ကြားက အားယူလို့ထွက်လာတဲ့နေမင်းအရောင်က မပြူတပြူဆိုတော့ တတောင်လုံးကလဲ မပီမပြင် ဝိုးတဝါး ၊သစ်ပင်ဝါးပင်တွေနဲ့ညို့ဆိုင်းဆို်င်း၊ သစ်ပင်လေးတွေက တန်းစီလို့နေပါတယ်။ (စေတီနဲ့တောင်ထွတ်) စိမ်းရိပ်ညိုမှောင် တောတောင်အေးရိပ် မပီတပီနေမင်းနဲ့တောင်တန်း ( လှပသောမြင်ကွင်းအစုံ)   မြောက်ဘက်ခြမ်းရင်ပြင်ရဲ့ဘေးမှာရှိနေတဲ့သစ်ပင်ပေါ်မှာတော့ ချစ်ခွန်းဖွဲ့သီနေတဲ့ငှက်မောင်နှံ (စောစောစီးစီး ချစ်တေးသီတဲ့လူမောင်နှံကိုတွေ့ပေမယ့် အဆော်ခံရမှာစိုးလို့ လက်မဆောာ့ရဲပါဘူး) အနောက်ဘက်ခြမ်းမှာ တော့ နေပူစာဘဲလှုံနေတာလား ချစ်ခွန်းဖွဲ့သီဘို့ဘဲဂွင်တွေဆင်နေသလားမသိတဲ့ ငှက်ကလေးကစုစုပေါင်း လေးကောင်။ နောက်တော့ နှစ်ကောင်တစ်တွဲစီဖြစ်လို့သွားပါတယ်။ ဒါတောင်အဖော်ကွဲနေတဲ့ငှက်ကလေးတစ်ကောင်ဘေးမှာတော့ ဘယ်ဆီကိုမသိပျံနေတဲ့ငှက်ကလေးကတစ်ကောင် သစ်ပင်ပေါ်ကငှက်ကလေး ငှက်ကလေးတစ်ကောင်ကတော့ အဖော်မဲ့နေသလို ငှက်ကလေး ကလေးသုံးကောင် နားနေတဲ့ပုံပါ ငှက်ကလေးတွေကလဲ နေပူစာလုှံတယ်ထင်ပါရဲ့ အခုတော့လေးကောင်အားလုံး […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း(10)” (စူဠာမုဏိလောကချမ်းသာစေတီတော်) ကျနော်အခန်းထဲပြန်ရောက်တော့ ရေချိုး (ရေပူပိုက်)ရှိလို့ချိုးရဲတာပါ။ မဒမ်ပေါက်လဲ ပေါင်ပေါင်တွေဘာတွေရိုက်လို့ အလှတွေလဲပြင်ပြီးရော ဗိုက်ဖြည့်ဘို့ အစီအစဉ်ဆွဲရပါတော့တယ်။ ကိုယ်မရောက်ဘူးတဲ့အရပ်ဖြစ်တော့ ဟိုတယ်က ကလေးတွေကို မေးရပါတယ် ဘယ်ဆိုင်က မုန့်ကောင်းပြီး လက်ဘက်ရည်ကောင်းသလဲပေါ့။ ကလေးတွေက ကမ္ဘောဇဘဏ်ရှေ့က “တောင်ကြီး”ကတော့ လက်ဖက်ရည်နဲ့ပေါက်စီကောင်းတယ် ခေါက်ဆွဲစားချင်ရင်တော့ဈေးထဲက “တိုကျို”ကိုသွားလို့ပြောပေးပါတယ်။ အဲဒါနဲ့သူတို့ပြောတဲ့အတိုင်းရှေ့တည့်တည့်ဆက်သွားပြီး လမ်းမကိုကျော်လိုက်ပါတယ်။ လမ်းဘေးမှာ တော့သစ်သီးဈေးတန်းလေးခင်းကျင်းထားပုံက လှတပတ။ ပန်းသီး၊စပျစ်သီး၊မက်မန်းသီးတွေက လတ်လတ်ဆတ်ဆတ်နဲ့အလုံးအထည်ထွားထွား၊ ကောက်ညှင်းပေါင်းလေးတွေကလဲ ပူပူနွေးနွေးနဲ့စားချင်စဖွယ်။ ဈေးလေးရဲ့အနောက်ဖက်ဖျားမှာဖောက်ထားတဲ့ မလွယ်ပေါက်ကလေးက ဝင်လိုက်တော့ ဖက်ထုတ်ကြော်ဆိုင်လေးတွေ့ရပါတယ်။ ဆက်ဝင်လိုက်တော့ “တိုကျို”ဆိုတဲ့ဆိုင်လေးတွေ့ပါတယ်။ သူ့နံဘေးနားက တိုဟူးနွေးဆိုင်လေးကထွက်နေတဲ့ တိုဟူးကျိုတဲ့အနံ့လေးကလဲ သွားရေကျစရာ။ ဒါနဲ့ဘဲအဆာခံအောင်ခေါက်ဆွဲစား ပြီးတော့ မှသိ်ပ်မဝေးတဲ့ ကလေးတွေပြောတဲ့ဆိုင်မှာလက်ဖက်ရက်သောက်ပါတယ်။ လက်ဖက်ရည်အရသာကတော့ ကျွန်တော့အကြိုက်ပါဘဲ။ လက်ဖက်ရည်သောက်ပြီး ဆိုင်အပြင်ထွက်တော့ မိုးဖွဲဖွဲလေးကျနေတာကို မြင်မှ ပါလာတဲ့ထီးကိုသတိရလို့ပြန်ယူ။ မန်းလေးမှထီးဆောင်တာအကျင့်မရှိတော့ […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း(၉)” (ဟိုဘက်ရောက်ဒီဘက်ရောက်လမ်းလျှောက်တဲ့ကိုပေါက်) ကျနော်လမ်းလျှောက်ဘို့သာထွက်လာတယ် ဘယ်ဘက်ကိုသွားလို့ သွားရမှန်းမသိပါဘူး။ အဲဒါနဲ့တည်းခိုခန်းကထွက် အရှေ့ဘက်လမ်းကျယ်ကြီးလဲရှိတောင်တန်းကြီးလဲရှိတဲ့ဘက်ကိုထွက်ခဲ့ပါတယ်။ နောက်မှသိရတာကတော့ အဲဒီလမ်းမကြီးက ပင်မလမ်းမကြီးပါဘဲ။ လမ်းမကြီးကလေးလမ်းသွား ကျနော်ထွက်လာခဲ့တဲ့ နာရီစင်တည့်တည့်လမ်းက မြို့မဈေးကြီးရဲ့တောင်ဘက်ခြမ်း၊ သူ့ရှေ့တည့်တည့်မှာလဲ ထီးတိုင်တွေချထားတဲ့သစ်သီးဈေးလေးတန်းကလေး။ တစ်ယောက်ခြင်းရော သုံးလေးယောက်အုပ်စုလိုက်ရော ကျန်းမာရေးအတွက်လမ်းလျှောက်ထွက်သူတွေရှိပါတယ်။ ကြည့်လိုက်တော့ မြို့တောင်ဘက်ကို လမ်းလျှောက်ထွက်ကြတာကိုတွေ့ရပါတယ်။ သူတို့လိုဘဲတောင်ဘက်ကိုသွားမယ်ဆိုကွေ့လိုက်တော့ ခန့်ထည်တဲ့အဆောက်အဦကြီးတွေ့ရပါတယ်။ “ကမ္ဘောဇဘဏ်”ပါတဲ့ ။ အဆောက်အဦးရှေ့မှတော့ ပန်းခြံတွေနဲ့လှလှပပ။ အဲဒီတောင်ဘက်ခြမ်း ကို မသွားသေးဘဲဆန့်ကျင့်ဘက်အရပ်ဖြစ်တဲ့ မြောက်ဘက်ကိုနည်းနည်းလေးသွားလိုက်တော့ဟိုး အရှေ့ဘက်ကို တက်တဲ့လမ်းမကျယ်ကြီးတွေ့တာနဲ့ အပေါ်ဘက်ကိုတက်ပြီး ဆက်လျှောက်နှစ်ပြလောက်ရောက်တော့ မီးပွိုှုင့်လေးတွေ့ပါတယ်။ မီးပွိုင့်လေးကနေလှမ်းကြည့်တော့ ကိုယ့်ရှေ့တည့်တည့်မှာ သစ်ပင်တွေနဲ့စိမ်းမှောင်နေတဲ့တောင်ကြီး။ ဟိုး…………………အစွန်ဆုံးမှာတော့ တောင်ထွတ်အငူလေး။ ဈေးကြီးကနေလမ်းမကျော်ပြီးအရှေ့တက် မန်းလေးအခေါ် 2ပြလောက်လျှောက်လိုက်တော့ ဒီအရှေ့မြို့ပါတ်လမ်းပေါ်ရောက်သွားပါတယ်။ ကျနော်ရောက်နေတဲ့နေရာလေးကတော့ အရှေ့မြို့ပါတ်လမ်းပါတဲ့။ မနက်စောစောမို့လားမသိဘူးဖြောင့်တန်းညီညာနေတဲ့လမ်းပေါ်မှာလူရှင်းပါတယ်။ နောက်ပြီးစီးသွားကြတဲ့ဆိုင်ကယ်တွေကလဲ အေးအေးဆေးဆေး။ မန်းလေးမှာဆိုရင်တော့ ဒီလိုလူရှင်းတဲ့လမ်းမှာ လီဗာအသားကုန်ဖြဲ […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း(၈)” စက်တင်ဘာလ နောက်ဆုံးအပါတ်ထဲမှာတောင်ကြီးဘက်ကို ခရီးထွက်ဘို့အကြောင်းဖန်လာပါတယ်။ အဲတာနဲ့တောင်ကြီးကားဘယ်အချိန်ထွက်လဲဆိုတာကို 32လမ်းက ကားလက်မှတ်ရောင်းတဲ့နေရာမှာသွားပြီးမေးတော့ အိပ်စ်ပရက်စ် အမြန်ကားကြီးတွေရှိတယ်။ညမှာဘဲထွက်တယ်လို့ဆိုပါတယ်။ “ရန်ကြီးအောင်”ဆိုတဲ့ကားမှာ မှ ကိုယ်ထို်င်ချင်တဲ့နေရာရလုို့ ဝယ်လိုက်ပါတယ်။ ကားခကတော့ တစ်ယောက်ခြောက်ထောင့်ငါးရာ။ ကျွဲဆယ်ကန်ကားကို သွားစီးချင်ရင် ငါးနာရီခွဲအရောက်သွား။ ဂိတ်ကလိုက်ပို့မယ်ကားနဲ့လိုက်မယ်ဆိုရင်လေးနာရီလောက် 32လမ်း 82လမ်းကဒီ ဂိတ်ကိုရောက်အောင်လာလို့မှာပါတယ်။ ကျနော်ခရီးသွားရင် အများအားဖြင့်ရှေ့ပိုင်းက ခုံမှာထို်င်လေ့ရှိပါတယ်။ ဓါတ်ပုံရိုက်ချင်တယ်ဆိုရင်အဆင်ပြေအောင်လို့ပါ။ တစ်ခါမှမရောက်ဘူးသေးတဲ့မြို့ကိုသွားရမယ်ဆိုတော့ ဘယ်လိုဘဲပြောပြော စိတ်လှုပ်ယှားပါတယ်။ အဲဒါနဲ့တောင်ကြီးမှာနေတဲ့မိတ်ဆွေကို လှမ်းမေးရပါတယ်။ သန့်လဲ့သန့် ဈေးလဲသက်သာ သွားလို့လွယ်ကူတဲ့ တည်းခိုခန်းကို တည်းချင်ပါတယ်ပေါ့။ အမှန်ကတော့ တောင်ကြီးရောက်ရင် ဘယ်ကိုပို့လို့ တက်စီသမားကို တန်းပြောချင်တာလဲပါ ပါတယ်။ ဟိုရောက်မှ ဘယ်ကိုသွားရမယ်မှန်းမသိရင်ပိုခက်မှာစိုးလို့ပါ။ တောင်ကြီးကမိတ်ဆွေက ကျနော်တည်းဘို့တည်းခိုခန်းနာမယ်ကိုပြောပေးပါတယ်။ သူကလာကြိုရမလားမေးတော့ မနက်လေးနာရီလောက်ရောက်မယ်ဆိုတာကိုသိထားတော့ သူအလုပ်ရှုပ်မှာရယ် အားနာတာရယ်ကြောင့် လာမကြိုနဲ့လို့ပြောပြီး မနက်ရောက်မှဖုန်းဆက်လိုက်မယ်လို့ဘဲပြောလိုက်ပါတယ်။ ဒါနဲ့ဘဲတောင်ကြီးသွားမယ့်နေ့ရောက်တော့ ညနေငါးနာရီခွဲအရောက်လာပါလို့ […]


အင်းလေးကန်ကို ရောက်တဲ့အခါ လှေသမားက ကျောင်းဟောင်းကို သွားမယ်ဆိုလိုက်ပို့ပါတယ်။ ကျောင်းကြီးထဲမှာတော့ ရှေးလက်ရာ တွေကို တွေ့ရသလို သစ်တစ်ပင်ထဲက ထွင်းထားတဲ့ လက်ရန်းကိုလဲ တွေ့ခဲ့ရပါတယ်။ လှည့်ပါတ်ကြည့်နေတုန်း ကျောင်းတောင်ဘက်ဖျာတွေခင်းထားတဲ့နေရာရောက်တော့ ရေနွေးကြမ်းအိုးတွေ မုန့်ပဲသွားရေစာတွေချထား၊ လူတော်တော်များများလဲဝိုင်းထိုင်နေတာကိုတွေ့ပေမယ့် ကျနော်ကတော့ဓါတ်ပုံလှည့်ရိုက်နေမိပါတယ်။ နောက်မှလှည့်ကြည့်လိုက်တော့ ကြောင်လိမ္မာလေးတွေက ကြိမ်ကွင်းခုန်ပြထားတာကိုတွေ့လိုက်ရ့ပါတယ်။ ကျနော်သွားတော့အတော်လေးကို ပြပြီးနေပါပြီ။ ဒါပေမယ့် မှီသလောက် လေးကို ဗွီဒီယိုရိုက်ထားတဲ့အထဲကပုံလေးတွေကူးတင်ပေးလိုက်ပါတယ်။ ကြောင်ခုန်တာလေးက ချစ်စရာ နည်းနည်းလေးတော့ တစ်ပုံနဲ့တစ်ပုံတူမယ် ကြောင်လေးတွေကတော့ အများကြီး သင်ကြားပေးတယ်ဆိုရင် လိမ္မာယဉ်ကျေး နိုင်တယ်ဆိုတာကို ကျနော်တို့ထက် အသိဉာဏ်နည်းပါးတယ်ဆိုတဲ့ တိရိစ္ဆာန်လေးတွေက သက်သေပြသွားတယ်လို့ ထင်မိပါတယ်။ အဲသင်တာတောင် မယဉ်ကျေးဘူးဆိုရင်တော့……………… ကြောင်တွေကို သင်ပေးထားသူက တစ်ကောင်ခြင်းခေါ်ပြီးခန်ုခိုင်းတာပါ။ အမှတ်စဉ်2 အမှတ်စဉ်3 တစ်ကောင်ပြီးရင်နောက်တစ်ကောင်လာခဲ့ပါ။ တစ်ဆင့်ပြီးတစ်ဆင့်ခုန်တာလေးမြင်ရတဲ့ပုံလေးတွေပါ၊ ငါးအဆင့် အဆင့်6 နောက်ဆုံးအဆင့် နောက်ထပ်တစ်ကောင်အလှည့်ရောက်ပြီလေ […]


Diamond KeyOctober 8, 20114min011
လေးကိုင်းသဏ္ဍာန်ရှိနေတဲ့၊ ရှေးအချိန်တုန်းက လေးဝတီ (ဓညဝတီ၊ မေခဝတီ၊ ဒွါရာဝတီ၊ ရမ္မာဝတီ) နဲ့ ဖွဲ့ခဲ့တဲ့ ပြည်ရခိုင်ရဲ့ အလယ်မှာရှိတဲ့ ကျွန်းကြီး နှစ်ကျွန်းအနက်က တစ်ကျွန်းဖြစ်တဲ့ ရမ်းဗြဲကျွန်းပေါ်က မြို့ကျောက်ဖြူ ကို ကိစ္စတစ်ခုနဲ့ ရောက်ခဲ့ရပါတယ်။ မန္တလေးကနေ့ ဒီနှစ်လတစ်လရဲ့ သောကြာနေ ့ညနေ ရ နာရီ မှာ မြတ်မန္တလာထွန်းကားနဲ ့ထွက်ခဲ့တာ နောက်တစ်နေ နံက်စောစော မှာ ရန်ကုန်ကိုရောက်တယ်။ အဲဒီနေ ့မှာပဲ နောက်တစ်နေ့ခရီး အတွက် လိုအပ်တာတွေ ပြင်ဆင်ရတယ်။ နောက်တစ်နေ့ တနင်္ဂနွေ နံက်စောစော မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို သွားရပြီး ဝရး၃ဝ နာရီမှာ လေယာဉ် စထွက်တယ်။ သွားနေပြီ မြို့ကျောက်ဖြူဆီပေ့ါ။ ရန်ကုန်ကနေ ကျောက်ဖြူကို ပျံသန်းကြာချိန်က တစ်နာရီ […]


ကယားပြည်နယ် လွိုင်ကော်မြို့ကိုရောက်တဲ့ရက် မိုးကရွာလိုက်တိတ်လိုက်၊ ညနေခင်း အရောက် လမ်းလျောက်နေတုံး(လမ်းလျောက်ဆို သူများမြိုရွာဆိုတော့ လမ်းဘဲလျှောက်ရတာပ) ကလေးငယ်လေးတွေကကောင်းကင်ကိုမော့ကြည့်လို့ လက်ညိုးတထိုးထိုးနဲ့အော်နေလို့ သူတို့ကြည့်တာကိုလိုက်ကြည့်လိုက်တော့ ရင်သပ် ရူ့မော ကိုယ်တောင် ကလေးတွေနဲ့ရောလု့ိပျော်သွားမိပါတယ်။ ကဲကြည့်လိုက်ကြရအောင်နော် အောက်ခြေကနေစကြည့်မယ်လေ မြင်ရတာပိုမိုလို့ ထင်ရှားလှပ ဒါကတော့အပြည့် သက်တန့်မြင်ရင် ရင်ခုန်လို့ပျော်ရွှင်ပါသတဲ့ ကောင်မလေးတစ်ယောက်ကပြေဘူးတာလေ တစ်ဝက်တစ်ပျက်သက်တန့်


အင်းလေးကန်ထဲမှာ တည်ထားကိုးကွယ်တဲ့ ဖောင်တော်ဦးဘုရားမှာ အပူဇော်ခံထားတဲ့ ရှေးဟောင်းဆင်းတုတော်တွေပါ။ ဘုရားငါးဆူကို ကျောင်းဆောင်ပေါ်က ငွေကလပ်မှာတင်ပြီးပူဇော်ထားပါတယ်။ အင်းလေးဖောင်တော်ဦးက ဆင်းတုတော်တွေကို ပါတ်ဝန်းကျင်က မြို့တွေရွာတွေကို ဖောင်တော်နဲ့တင်လို့ အပူဇော်ခံလေ့ရှိပါတယ်။ ဒါပေမယ့် ဒီဆင်းတုကတော့ ဘယ်ကိုမှ ရွှေ့ပြောင်းပင့်ဆောင်လို့မရဘူးလို့ သိရပါတယ်။ ဘေးမှာက လေးဆူ အလယ်မှာတစ်ဆူဖြစ်ပါတယ်။ ဘုရားကိုရွှေသင်္ကန်းကပ်လှူကြတာများတဲ့အတွက် ဘုရားမူလပုံစံတော်မရှိတော့ဘဲ ရွှေအတုံးအခဲကြီးလိုဖြစ်နေပါတယ်။ ဖောင်တော်ဦးက ဒီဘုရားကို ရွှေသင်္ကန်းကပ်သူအလွန်များပြားပါတယ်။ လူတွေရှောင်ပြီးရိုက်ထားတဲ့ပုံလေးတွေဖြစ်ပါတယ်။ ဒီအင်းလေးကဘုရားတွေကို ညောင်ရွှေ ရွှေညောင်အစရှိတဲ့မြို့တွေကို ဒေသစာရီကြွလို့ လှည့်လည်အပူဇော်ခံလေ့ရှိပါတယ်၊ ဒီဆင်းတုကတော့ ဘယ်လို့ မှ ပင့်လို့မရပါဘူးတဲ့။ တစ်ခါသားမှာတော့ ဆင်းတုတော်အားလုံးပင့်သွားတဲ ဒီနေရာလေးအရောက်မှာတော်လေကြီးမိုးကြီးကျပြီး ဒီဆင်းတုတော်နစ်မြုတ်သွားပါသတဲ့။ ဒါပေမယ့် ဘုရားပေါ်ကိုအလိုုလိုပြန်ရောက်နေတယ်လို့သိရပါတယ်။ ဒါလေးက အနီးကပ်မြင်ကွင်းလေးပါ။တုူိင်ပေါ်မှာ ဟင်္သာရုပ်ကလေးနဲ့။ ဒါကတော့ ဆင်းတုတော်သယ်တဲ့ အနောက်ဘက်က ဆင်းတုတော် အရှေဘက်က ဆင်းတုတော် အရှေ့မြောက်ဒေါင့်ကဆင်းတု ဆင်းတုတော်ငါးဆူ […]


black chawOctober 5, 20111min06
    မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာလမ်းမကြီးပေါ်တွင် တည်ထားပူဇော်လျှက်ရှိသော မဟာကျိန်သစ္စာရှင် ဘုရားကြီး၏ ပုံတော်ဖြစ်ပါသည်။ ပဓာန နာယက ဆရာတော် ဘဒ္ဒ န္တ ကုလရက္ခိတ မဟာဇေယျ သိဒ္ဓိ အဓိဌာန်ဆရာတော် မှ ဦးဆောင်ဦးရွက်ပြု တည်ထားခြင်းဖြစ်ပါ၏။ ဘုရားကြီး၏ ဉာဏ်တော်မှာ ၁၂၉ ပေ ၆ လက္မ ရှိသည်ဟုဆိုပါသည်။ ဆရာတော်သည် လူအများအား ကျေးဇူးဆပ်သည့်အနေဖြင့် အဓိဌာန်ဝင်လိုသည့် ပုဂ္ဂိုလ်များအတွက် အဓိဌာန်ဝင်နိုင်ရန် ဘုရားကြီးတစ်ဆူ တည်ထားပေးလိုသည့် စေတနာကြောင့် ရှေးယခင် ရခိုင်ဘုရင်များ လက်ထက်တော်က ဘုရင်များ သစ္စာဆိုခဲ့သည့် (သို့) ကျိန်ဆိုခဲ့သည့် ဘုရင်များ ဦးခေါင်းထက်ပေါ်တွင် တင်၍ ကျိန်ဆိုသည့် (သို့) သစ္စာဆိုခဲ့သည့် ရုပ်ပွား တော်မျိုးဆိုလျှင် ကောင်းလိမ့်မည်ဟု စေတနာပေါ်သည့်အလျောက် ကမ္ဘာသူကမ္ဘာသား၊ လူအများ၊ […]


အင်းလေး ကန်ရောက်တဲ့အခါ အလိုတော်ပေါက်ဘုရားကို လှေသမား ကပို့ပေးလို့ရောက်ခဲ့ရပါတယ်။ လှေပေါ်ကဆင်းပြီး ဘုရားရှေ့ကတံတားပေါ်လဲရောက်ရော ရေအောက်မှာရှင်သန်နေတဲ့အပင်လေးကိုြ့မင်ရပါတယ်။ ဒါကတော့ဆင်တူရိုးမှားနောက်တစ်ပုံ ဒါကတော့ အပင်လေးက ရေအောက်မှာရှင်သန်နေတာပါ.


ムラカミOctober 1, 20112min08
ကလေးတွေကို ဓါတ်ပုံရိုက်ရတာ စိန်ခေါ်မှုတခုလို့ ကျနော်တော့ ယူဆတယ်ဗျာ … သူတို့ အရွယ်လေးတွေမှာ သူတို့ စိတ်ဝင်စားတာလေးတွေ လုပ်နေတာကို သဘာဝကျအောင် ဘယ်လိုရိုက်ရမလဲဆိုတာ တခါတခါ အလွန်ခက်ခဲပါတယ်.. postပေးပြီးရိုက်တဲ့ ကလေး အလှဓါတ်ပုံရိုက်တာ (outdoor & indoor)ကတော့ သာမန် model shoot နဲ့ concept ချင်း တူညီမှာပါ …စိတ်ရှည်မှု ..နားလည်ပေးမှုနဲ့ ပါးနပ်မှုတော့ လိုအပ်မှာပေါ့… သည်အကြောင်းကိုတော့ အခါအခွင့် သင့်မှပဲ သီးခြား ဆွေးနွေးချင်ပါတယ်ခင်ဗျား   ကျနော် သည်တခါ ပြချင်တာကတော့ candid ဆန်ဆန် သူ့ mood အတိုင်း သူလုပ်ချင်တာကို လုပ်နေတဲ့ အခိုက်အတန့်လေးတွေကို မှတ်တမ်းတင်ချင်ဖို့ ကြိုးစားခဲ့တာပါ..   အသက် ၅နှစ်လောက်ရှိတဲ့ ကောင်လေးတယောက် ကလေးသဘာဝ ကမ်းခြေမှာ ဆော့ကစားနေတဲ့ပုံတွေပါ.. ဟုတ်ကဲ့ […]


အရင်က နေမြင့်မှထခဲ့သူ။ အခုတော့ စောစောမအိပ်ပေမယ့်စောစောထ။ အဲတော့ အရင်ကမတွေ့ဘူးတဲ့အရုဏ်ဦးအလှကရူ့မဝ။ ဒီတော့ မိတ်ဆွေတွေကို ဝေမျှပေးချင်စိတ်က ရုံးကြွ။ သူလိုငါလို ခလုပ်နှိပ်တာထက်တော့ ပိုမတတ်ပါဘူး။ သူများမနိုးသေးတဲ့အချိန်မှာတွေ့ရတာလေးတွေကို ပြန်ပြပေးတဲ့သဘောပါ။ ဒါကတော့ အာရုဏ်တက်စ မလင်းတလင်း။ သိပ်မကွာပါဘူး ငါးမိနစ်လောက်စောင့်လိုက်တာနဲ့ အလင်းစတွေ မြင်ရ ပြာလွင်တဲ့ကောင်းကင်ကလဲ………… ဒါကတော့ပုစွန်ဆီရောင်ကောင်းကင်……….. နေမင်းက ရှမ်းကုန်းမြေမြင့်နောက်ကနေထွက်လာတော့ ရေပြင်မှာ အရိပ်တွေစွန်းထင်းလို့နေပါတယ်။ အလင်းက ပက်ဖျန်းစ လေနုအေးကလဲ တမြမြ လှိုင်းကလေးတွေကြက်ခွပ်ထ သိပ်အနေအထားမကွာပေမဲ့နောက်ခံရှမ်းရိုးကတော့ သဘာဝအလျောက်ဆက်တင်တွေချိန်းပေးထားပါတယ်။. ပုံလေးတွေလှလို့တင်ပေးလိုက်ပါတယ်။