“ကိုပေါက်လမ်းသလားနေသည် အပိုင်း(17)” (အင်းလေးရေကပြင်ကျယ် လှေကငယ်ငယ် ) အရှေ့ဖက်အရပ်လှေရဲ့ ဘယ်ဘယ်ခြမ်းကိုကြည့်လိုက်ရင် အဝေးမှာ တိမ်နှင်းထု သူ့အောက်မှာတော့ မူံပြပြ ဝိုးတဝါးတောင်တန်းနဲ့ မသဲမကွဲအိမ်ကလေးတွေ အဆုံးမရှိတဲ့ နေရာထဲရောက်နေသလို။ အနောက်ဘက်အရပ် လှေရဲ့ ညာဘက်ခြမ်းကြည့်လိုက်မှ ပြာလွင်စိမ်းမြနေတဲ့ ကောင်ကင်နဲ့မြေပြင်ကိုမြင်ရပါတယ်။ ရေပြင်ထဲမှာတော့ လှေကလေးတစ်စင်း။ လှေဦးမှာ ဆောင့်ကြောင့်ထိုင်ရင်းလှော်ခတ်နေတာကတော့ ရေမကူးတတ်တဲ့ကျနော်အဖို့တော့ ပြုတ်များကြလိုက်ရင်ဆိုတဲ့အတွေးနဲ့ရင်ဖိုစရာ။ ပြာလွင်ရေပြင်ရဲ့အနားသတ်မှာတော့ အိမ်ကလေးတွေနဲ့ထုံးဖွေးဖွေးစေတီ။ အစိမ်းရောင်အပင်အုပ်စုလေးတွေရဲ့အဆုံးမှာ တောင်တန်းစိမ်းမှောင်မှောင် သူ့ရဲ့အဆုံးမှာတော့အဖြူရောင်တိမ်တို်က်နဲ့ ပြာလွင်လွင်ကောင်းကင် မြင်ရတာရင်အေးစရာ။ ရေထဲမှာတော့ ကျနော်တို့လိုဘဲ လွင့်လာတဲ့ ဗေဒါတစ်အုပ် သူ့မှာလဲ ဦးတည်ရာပန်းတိုင်ရှိမယ်ထင်ပါရဲ့။ အရှေ့ဘက်ကိုကြည့်မိပြန်တော့ မူံမိူင်းနေတဲ့အင်းရေပြင် ။ သူ့အဆုံးမှာတော့ နှင်းထုတွေအလိပ်လိပ်တက်နေသလိုမြင်ရတဲ့ ရီဝေတဲ့တိမ်ဆိုင်အုပ်။ အရှေ့ဘက်နဲ့အနောက်ဘက် မူံမိူင်းနဲ့ ကြည်လင် မြင်ကွင်းခြင်းကွာတော့ နှစ်ဖက်လှပန်းချီကားအတိုင်းပါဘဲ။ အဆုံးမဲ့နေသလိုထင်ရတဲ့အင်းအရှေ့ဘက်မြင်ကွင်းမှာတော့ မပီမသဝိုးတဝါးနဲ့ရှိနေတဲ့ ဘုရားဖြူဖြူ။ အရှေ့ဘက်ခြမ်းမှာ လှုပ်လှုပ်ရွရွရှိနေတဲ့အမဲစက်ကလေးတွေက […]


aungnng87October 21, 20113min010
ပြီးခဲ့တဲ့sunday တုံးက ရန်ကုန်ကဧည့်သည်တွေကို genting highlandကိုလိုက်ပို.ပေးခဲ့တယ်။ ၃ခေါက်၄ခေါက်လောက်ရောက်ဖူးနေပေမဲ့ genting ကတစ်ခါသွားတစ်ခါအသစ်ဖြစ်နေတော့ လိုက်ပို.ပေးရ တဲ့ကိုယ်တို့တွေတောင်မျက်စိလည်ချင်တယ်။ အဲဒီ genting highland ဆိုတာကွာလာလမ်ပူကနေတနာရီလောက်ကြာအောင်ကားစီးရတယ်။တောင်ပေါ်မှာတည်ထားတဲ့ Resorts World ပေါ့။ ပင်လယ်ရေမျက်မှာပြင် ကနေတိုင်းရင် အမြင့်  ၁၈၆ဝ metre လောက်မှာတည်ထားတာပါ။ တောင်ပေါ်မှာတည်ထားတဲ့အတိုင်းတောင်ပေါ်ရောက်တာနဲ. အေးစိမ်.သွားတာဘဲ။ မြူတွကလည်းဆိုင်းနေတာဘဲ။ တည်ထားတဲ့သူတွေရဲ.idea ကတော်တော်ကောင်းတယ်။ အဲဒီမှာHotel တွေ၊ Resorts တွေ၊ ကာစီနိုတွေ။gamesတွေအမျိုးမျိုးနဲ.ရောက်သွားရင်တော်တော်ပျော်ဖို.ကောင်းတယ်။ ပြီးတော့ car cable လို.ခေါ်တဲ့ sky way ဆိုတာလည်းရှိသေးတယ်။  အဲဒီ sky way ကဗမာလိုဘဲပြောရရင်တောင်ပေါ်နဲ.တောင်အောက်ကိုဆက်ထားတာပေါ့။ အဲဒီsky way မစီးချင်ရင်လည်း ကားနဲ.ဘဲတောင်အောက်ဆင်းလို.ရတယ်။တောင်ပေါ်တန်းတက်လို.ရတယ်။ ကိုယ်ကတော့ sky way စီးရတာကိုကြ်ုတယ်။ မြင်ကွင်းတွေကိုအပေါ်စီးကနေမြင်ရတာပေါ့. ပြီးတော့ကြောက်လည်းကြောက်တယ်။ sky […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း(16)” (အင်းလေးကန်ထဲ ဝဲလည်လည်) ခေါင်တိုင်လှေဆိပ်ကိုရောက်တော့ လှေဧည့်ကြိုက ကျနော်တို့စီးရမယ့်လှေဆီကိုလိုက်ပို့ပေးပါတယ်။ နောက်ပြန်ရောက်မှ လှေသမားကိုဘဲ လှေခရှင်းလို်က်ပါလိုလဲပြောပါတယ်။ အဲဒါနဲ့ အိပဲ့ပဲ့ လှုပ်စိစိ လှေပေါ်ကိုတက်ဘို့ပြင်ကြပါတယ်။ လှေအဆင်းမြင်းအတက်ခက်တယ်ဆိုတာကို ဒုတိယအကြိမ်ကြုံရပြန်ပါပြီ။ ပထမအကြိမ်ကတော့ လွန်ခဲ့တဲ့သုံးလလောက်က ရွာထဲကမိတ်ဆွေများနဲ့သံလျှင်ကျောက်တန်းရေလယ်ဘုရားကိုသွားဖူးတုံးကပါ။ အဲဒီတုန်းကတော့ သိုင်းသိုင်းဝိုင်းဝိုင်း တစ်စုတစ်ဝေး တပျော်တပါး။ အခုတော့ မဒမ်ပေါက်နဲ့နှစ်ယောက် ထဲ။ ဒါကြောင့်အတူသွားခဲ့ဘူးတဲ့မိတ်ဆွေတွေများပါရင်ဘယ်လောက်ကောင်းလိုက်မလဲလို့တမ်းတမိပါတယ်။ လှေသမားကလှေကိုထိန်းထားပေးတဲ့အပြင်လှိူင်းမပုတ်တော့ သိပ်မခက်။ ကျွန်တော်တို့အတွက် ကျောမှီပါတဲ့သစ်သားထိုင်ခုံနှစ်လုံးချပေးထားပါတယ်။ ကျနော်တို့သွားရမယ့်ခရီးက အင်းရေပြင် အကျယ် 11 မိုင်ရှိပါသတဲ့။ ဘယ်ကစသွားချင်လဲမေးတော့ ခင်ဗျားအဆင်ပြေသလို အစီအစဉ်တကျပို့ပေးပါလို့ဘဲပြောလိုက်ရပါတယ်။ ကိုယ်မှ မရောက်ဘူးတာနော်။ မဒမ်ပေါက်ကတော့ ရောက်ဘူူးပါတယ်။ ဒါနဲ့လမ်းမရှိတဲ့လမ်းကိုသွားဘို့အတွက် ခရီးစလိုက်ပါတယ်။ ဗေဒါပင်တွေဒိုက်ပင်တွေကြားထဲ့ လမ်းကျဉ်းကျဉ်းလေးထဲကို ဦးတည်ပြီး အင်ဂျင်စက်ကိုနူးိလို့ လှေစအထွက်မှာ လက်ကိုအားကိုးပြီးလှော်နေတဲ့လှေဦးမှာကလေးတစ်ယောက်က အကျအနထိုင်နေတာကို မြင်လိုက်ရပါတယ်။ အရိပ်ကလေးတွေရေထဲကျနေတာကို အမိအရ […]


Diamond KeyOctober 19, 20118min0
ဒီရက်ပိုင်းမှာ စိန်သော့သွားဖြစ်နေတဲ့ နေရာတွေက မြန်မာ့သမိုင်းဝင် မြို့ဟောင်းများဆီကိုပါ။ ခရီးကလည်းသွားချင်၊ အချိန်ဆိုတဲ့ အခွင့်အရေးကလည်းမရတော့ နေ့ချင်းပြန်သွားလို့ရတဲ့ နေရာတွေဆီပဲ ရှာဖွေသွားနေမိပါတယ်။ ဒီတစ်ခေါက် ရောက်ခဲ့တဲ့ နေရာလေးက မက္ခရာ။ မက္ခရာ ဆိုတာက သိသူ၊ ရောက်ဖူးသူ နည်းသေးတဲ့ ဘုရင်ထီးနန်းစိုက်ခဲ့သော သမိုင်းဝင် မြို့တစ်မြို့၊ အနော်ရထာမင်းကြီးလက်ထက် သက္ကရာဇ် ၃၉၅ ခုနှစ် တပေါင်းလဆန်း ၁၂ ရက် သောကြာနေ့တွင် တည်တဲ့ “ကင်း ၄၃ မြို့” မှာ တစ်မြို့ အပါအဝင်ဖြစ်တဲ့မြို့၊ မြှောက်စည်၊ ဝင်စည်၊ ထွက်စည်တို့ မြိုင်ဆိုင်ခဲ့တဲ့မြို့၊ ရဲမက်ဗိုလ်ပါတို့ ဆင်များ၊မြင်းများစီးကာ ဓါးရေး၊လှံရေးဝင့်ခဲ့တဲ့မြို့၊ အောင်လံတွေ ရောင်ပြန်မြူးခဲ့တဲ့မြို့၊ တစ်ချိန်က ထီးဖြူဆောင်းခဲ့မြို့တစ်မြို့၊ ဘာသာ သာသနာ ထွန်းကားခဲ့လို့ စေတီတော်တွေ၊ ဂူဘုရားတွေ အများအပြား […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း(၁5)” (အင်းလေးခေါင်တိုင်သို့အသွား) ပြီးခဲ့တဲ့ နှစ်ရက်လောက်က အောင်ပန်းကမိတ်ဆွေတွေနဲ့ ညစာစားရင်းနောက်နေ့ မှာနာမယ်ကျော်အင်းလေးကန်ကို ဘုရားဖူးသွားကြဘို့ တိုင်ပင်ကြပါတယ်။ လာမယ့်လကွယ်နေ့မှာသူတို့လဲဈေးပိတ်တော့ အတူသွားကြဘို့ စီစဉ်ထားကြပါတယ်။ ဒါပေမယ့်အဖိတ်နေ့ရောက်တော့ သူတို့ ထဲက တစ်ယောက်က ကလောကို ရုံးကိစ္စနဲ့ သွားရမယ်၊နောက်တစ်ယောက်ကလဲ အိမ်မှာ ကျန်းမာရေးအတွက်ဆေးကုဘို့ ရွာကနေရောက်လာတဲ့ ဧည့်သည်ကို ဆေးရုံ လိုက်ပို့ရမယ်ဆိုတဲ့အကြောင်းကပေါ်လာပါတယ်။ သူတို့ကကျနော့်ကို ကတိပျက်မှာလဲစိုး ဧည့်ဝတ်မကျေမှာလဲစိုးတော့ သူတို့မှအခက်တွေ့နေတယ်ဆိုတာသိရပါတယ်။ ကျနော်ကလဲ အားနာဘို့မလိုတဲ့အကြောင်းရယ်၊ကျနော်ကို ကားသာငှားပေးလိုက်ပါလို့ပြောရပါတယ်။ ကျနော်က တော့ တကယ်တမ်းပြောရရင် ဘယ်လိုသွားရမယ်ဆိုတာလုံးဝမသိတော့ သူတို့စီစဉ်ပေးတဲ့အတိုင်းသွားရုံပါဘဲ။ ဒါနဲ့သူတို့ငှားသွားနေကျကားငှားတဲ့အိမ်ကို သွားကြတော့ သူ့ကားက ဘရိတ်သိပ်မကောင်းလို့ ကားပြင်စရာရှိတော့ မလိုက်နိုုင်ဘူးဖြစ်နေပါတယ်။သူကဘဲဖုန်းဆက်ပြီးနောက်တစ်ယောက်ခေါ်ပေးတော့ ကျနော်တို့ထက်အသက်နည်းနည်းကြီး တဲ့လူတစ်ယောက်ဗင်ကားလေးနဲ့ရောက်လာပါတယ်။ ကားခဈေးပြောကြတော့ အသွားအပြန်သုံးသောင်းခွဲ လို့ပြောပါတယ်။ တစ်ယောက်က ညောင်ရွှေထိမသွားနဲ့ ခေါင်တိုင်စခန်းကို ဘဲပို့ခိုုင်း အဲဒီမှာကားထားပြီးမှ အင်းထဲကိုသွား […]


Diamond KeyOctober 17, 20115min015
ဒီတနင်္ဂနွေမှာ စိန်သော့ သွားဖြစ်ခဲ့တဲ့ နေရာလေးကတော့ ပထမမြန်မာနိုင်ငံတော်ကြီး ကို စတင်တည်ထောင်ခဲ့သူ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာပြုမင်းကြီး မင်းမြတ်အနော်ရထာရဲ့ ပုဂံနေပြည်တော်ကြီး စပါးကျီ ဒေသ ဖြစ်တဲ့ လယ်တွင်း ၁၁ ခရိုင် ခံမြို့များထဲမှာ တစ်မြို့ အပါအဝင် ဖြစ်တဲ့ “တမုတ်မြို့ဟောင်း”က တစ်နေရာလေး တစ်ခုဆီကိုပါ။ တမုတ်မြို့ဟောင်း တစ်နေရာ မြန်မာ့အနုပညာ၊ မြန်မာမှု လက်ရာတွေဆိုရင် နှစ်သက်တဲ့ စိန်သော့၊ မြန်မာ့ သမိုင်းဝင်နေရာတွေ ဆိုရင် မက်မက်မောမော သွားချင်တဲ့ စိန်သော့ အတွက် မန္တလေးနဲ့ မနီးမဝေး တစ်နေရာမှာ သွားရမဲ့ နေရာတစ်ခုရဲ့ သတင်းကို ကြားလာရပါတယ်။ ပုဂံမြို့နဲ့ မိုင် ၁၂ဝ ဝေးတဲ့ ကျောက်ဆည်ဒေသမှာ ပုဂံခေတ် လက်ရာ အပြည့်နဲ့ ဂူဘုရားတစ်ဆူ […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း(၁၄)” (ကလောမြို့ကိုရောက်တယ်…..ဒါပေမယ့်) မနက်အိပ်ယာထ လမ်းလျှောက်ထွက်ရာက အပြန် ကျနော်တည်းတဲ့နေရာရောက်တော့မနေ့တုံးက ကျနော်ကိုလိုက်ပို့တဲ့ ဆိုင်ကယ် ကယ်ရီသမားလေး ဖိုးလုံးက လမ်းလက်ပြရင်း ကျနော်ဆီကိုလျှောက်လာပါတယ်။ သူ့ကို ကလောသွားချင်တယ်ပြောထားတာကိုး။ အဲဒါနဲ့မနက်ဆယ်နာရီလောက်သွားမယ်လို့သူနဲ့ချိန်းလိုက်ပါတယ်။ မနက်8နာရီလောက်ရောက်တော့ အထက်ဈေးဘက်ကိုသွားလက်ဖက်ရည်သောက်မုန့်စား။ ပြီးတာနဲ့ဈေးထဲက မတွေ့ရသေးတဲ့ မိတ်ဆွေဆိုင်တွေကိုသွား စကားစမြည်ပြော။ ကိုးနာရီခွဲလောက်ရောက်တော့ဈေးထဲကနေတည်းခိုးခန်းကိုပြန်လာခဲ့ပါတယ်။ ရေချုးိမယ်လုပ်တော့ ရေကမလာ။ ကောင်လေးတွေမေးကြည့်တော့မီးမရရင်ရေမတက်ဘူးလို့ပြောပါတယ်။ ကြည့်လိုက်တော့ တည်းခိုးခန်းရှေ့က ဓါတ်တိုင်တွေကြိုးလဲနေတာတွေ့ရပါတယ်။ အဲတော့ အိမ်သာတက်ဘို့တောင်ရေအခက်အခဲရှိပါတယ်။ ခဏနေတော့ ကောင်လေးတွေက ရေချုးိခန်းထဲကို သုံးဘို့ရေ ပလပ်စတစ်ပုံးလေးနဲ့လာထားပေးသွားပါတယ်။ သူတို့ကိုအားနာတာနဲ့အောက်ထပ်မှာဘဲရေဆင်းချိုးတော့ အေးလိုက်တာလွန်ပါရောလို့ဘဲပြောရပါတော့တယ်။ ဆယ်နာရီထိုးတော့ အတူသွားမယ့်ကိုဖိုးလုံးကလဲအဆင်သင့်။ ဒါနဲ့သူနဲ့နှစ်ယောက်အတူ ကလောမြို့ဘက်ထွက်ခဲ့ပါတယ်။ မိုးတိမ်တွေကြားက ထင်းရူးပင်တွေနဲ့ပြည့်နေတဲ့တောင်တန်း တောင်တန်းမိူင်းညို့ညို့ ကြားမှာအိမ်လေးတစ်လုံးက နေချင့်စဖွယ် လမ်းခရီးတော့ တောင်တက်တောင်ဆင်းလမ်းကလေးက သာသာယာယာ။ အဲဒီနေ့ကမိုးလေးအုံ့နေတော့ ပိုပြီးနေလို့ထိုင်လို့ကောင်းပါတယ်။ မန်းလေးမှာဆိုရင်ကျနော်က ဆိုင်ကယ်အမြဲမောင်းပါတယ်။ အခုသူများမြို့ရွာမှာဆိုတော့ […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း(၁၃)” (လမ်းဆုံအောင်ပန်း) နောက်နေ့မနက်အိမ်ယာနိုးတော့ မနက်ငါးနာရီခွဲ။ မန်းလေးမှာဒီအချိန်ဆို ကန်ပါတ်လမ်းမှာ လမ်းလျှောက်နေကြအချိန်။ အဲဒါနဲ့မျက်နှာသစ် ကောင်တာမှာအိပ်နေတဲ့ကလေးကို နှိူးလို့ တံခါးဖွင့်ခိုင်းပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ အရုဏ်တက်အလင်းရောင်ထွက်ခါစ ကောင်ကင်က အပြာရောင်နုနုလေးဖုံးလွှမ်းလို့နေပါတယ်။ မနေ့ညက မိတ်ဆွေတွေနဲ့ထမင်းစားသွားခဲ့ကြတဲ့ ဆိုင်လေးရှိတဲ့မြို့မြောက်ဘက်ကိုလျှောက်လာခဲ့ပါတယ်။ လမ်းအရှေ့ဘက်က အမြင့် လမ်းအနောက်ဘက်ကတော့ မြေနိမ့်။ သူ့အောက်ဘက်ချိုင့်ဝှမ်းထဲမှာတော့ အိမ်ကလေးတွေအစီအရီ။ ဆိုင်လေးတွေအိမ်လေးတွေကတော့ တံခါးပိတ်လို့ အိပ်မောကျလို့ကောင်းဆဲ။ လမ်းပေါ်မှာတော့ ကျနော်လို့လမ်းလျှောက်သူတစ်ယောက်စ နှစ်ယောက်စ၊ ကျနော်သိပ်ကြောက်တဲ့ ခွေးတွေကလည်း လမ်းပေါ်မှာဟိုနားတစ်ကောင်ဒီနားတစ်ကောင်။ ခပ်တည်တည်နဲ့လမ်းလျှောက်တော့သူလဲသူ့လမ်းသူသွားကို်ယ်လဲကိုယ့်လမ်းကိုယ်သွား။ လမ်းမှာတွေ့ရတဲ့ လှတယ်လို့ထင်ရတဲ့အိမ်လေးတွေကို ဓါတ်ပုံရိုက်။ ဒါနဲ့ဘဲညကထမင်းစားခဲ့တဲ့ဆိုင်နားရောက်တော့ ပြန်ကွေ့လို့မြို့တောင်ဘက်ကို ပြန်လျှောက်လာခဲ့ပါတယ်။ မြို့တောင်ဘက်ခပ်ဝေးဝေးမှာတော့ တောင်ကုန်းပေါ်မှာစေတီတစ်ဆူကိုဖူးမြင်ရပါတယ်။ နည်းနည်းလေးသွားလိုက်တော့ ဈေးဆိုင်တန်းလေး။ သူကတော့ ကားတွေထမင်းစားနားတတ်တဲ့ချယ်ရီမြိုင်ထမင်းဆိုင်နဲ့အတူတွဲလို့ရှိနေတဲ့ အောင်ပန်းမြို့ထွက်လက်ဆောင်ပစ္စည်းတွေရောင်းတဲ့နေရာလေးပါဘဲ။ အဲဒီနေရာရောက်တော့ ဆက်မသွားဘဲပြန်လှည့်လာခဲ့ပါတယ်။ လမ်းမှာ ရထားသံလမ်းလေးကိုတွေ့တော့ သံလမ်းအတိုင်းအနောက်ဘက်ကိုဝင်သွားလိုက်တော့ ရေစီးသန်တဲ့ချောင်းလေးကိုတွေ့ရပါတယ် ရေနီနီတွေစီးလို့ပေါ့။ […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း(၁၃)” (တောင်ပိုင်းလမ်းဆုံ မြို့အောင်ပန်း) တောင်ကြီးကနေ အောင်ပန်းကို သွားမယ်ဆိုတော့ အရင်ဆုံးလိုင်းကားကိုစုံစမ်းရပါတယ်။ အောင်ပန်းကားက မနက် ဆယ့်တစ်နာရီခွဲမှာ စထွက်ပါသတဲ့၊ ကားဂိတ်ကတော့ ဈေးမြောက်ဘက်အဆုံးအနောက်ဖက်ဒေါင့်နားလေးမှာ ကင်းတဲလိုအဆောက်အဦလေးထဲကနေ လက်မှတ်ရောင်းပေးတာပါ။ အဲဒါနဲ့ လက်မှတ်ဖြတ်တော့ ဟိုင်းလတ်ကား ဘဲရှိတယ်။ ရှေ့ခန်းကတစ်ယောက်ရမယ်ဆိုတာနဲ့ဆယ့်တစ်နာရီခွဲထွက်မယ့်ကားလက်မှတ်ကိုဖြတ်လာခဲ့ပါတယ်။ မဒမ်ပေါက်ကရှေ့ခန်းကျနော်ကတော့နောက်ခန်းပေါ့။ အောင်ပန်းကနေ ကလောနဲ့လွိုင်ကော်ဘက်ကိုသွားပြီးမှတောင်ကြီးကိုတစ်ခေါက်ပြန်လာရမှာပါ။ ကားဂိတ်နဲ့တည်းခိုခန်းက မန်းလေးလိုဆိုရင် တစ်ပြကျော်ကျော်လောက်ဝေးပါတယ်။ နီးနီးလေးဆိုတော့လဲ ကားမငှားချင်။ တည်းခိုခန်းကကောင်လေးတွေက တွန်းလှည်းခေါ်ပေးပါတယ် ဈေးကတော့ 1500။ ဈေးနားနီးတော့ တွန်းလှည်းခေါ်ရတာအဆင်ပြေပါတယ်။ အဲဒါနဲ့အထုပ်အပိုးတွေလှည်းပေါ်တင် လူကလမ်းလျှောက် ကားဂိတ်ရောက်တော့ကျနော်တို့စီးရမယ့်ကားက ဟိုင်းလတ်ကားအဖြုရောင်လေး။ ပစ္စည်းတွေကားပေါ်တင်မယ်လုပ်တော့ ကားဆရာနဲ့စပယ်ယာက ခဏလေးဆိုဘေးချထားတော့ သူများအိမ်အရိပ်အောက်မှာသွားခိုနေရပါတယ်။ အဲဒီနေ့မှ နေကလဲ အတော်လေးပူပါတယ်။ ရှေ့ခန်းထို်င်ရမယ့်လူက ပြဿနာမရှိပေမယ့် နောက်ကလိုက်မယ့်သူက ထိုင်စရာပူရပါတယ်။ ကားခေါင်မိုးပေါ်မှာလည်းပစ္စည်းကပြည့်ရုံတင်မက မောက်လျှံလို့နေပါတယ်။ ကားအောက်ခန်းတစ်ဝက်လောက်ကလဲ ပစ္စည်းအပြည့် ။ […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း(12-B)” (တောင်ကြီး မြို့ကရေတံခွန်) စိတ်ထဲမှာ အေးသာယာ စပျစ်ခြံနားရောက်မှ အဆင်းလမ်းနဲ့အတက်လမ်းဆုံတော့မယ်လို့ထင်ပါတယ်။ အဲဒါနဲ့ဓါတ်ပုံရိုက်လိုက်သွားလိုက်လုပ်နေရင်းက တောင်ကျောပေါ်ကနေ ဆိုင်ကယ်တစ်စီးဆင်းလာတာတွေ့တော့ဝမ်းသာ သွားပါတယ်။တောင်ပေါ်ကိုပြန်တက်တဲ့လမ်းတွေ့ရတော့မှာကြောင့်ပါ။ နည်းနည်းလေးသွားလိုက်တော့တောင်ပေါ်ကိုပြန်တက်တဲ့မြေလမ်းလေးကိုတွေ့ရပါတယ်။ လမ်းမှာ ပန်းအနီတွေလှိုင်နေအောင်ပွင့်တဲ့ အပင်လေးကို လှလို့ အားပေးခဲ့ပါသေးတယ်။ ဒါနဲ့တောင်အတက်လမ်းပေါ်ကိုတက်ပြီး တောင်ကြီးဘက်ကိုပြန်လျှောက်လာပါတော့တယ်။ တောင်ကြီးလမ်းမှာတူညီတဲ့ ပါဖော့်မင်းကတော့ နွယ်ပင်တွေက အပင်စောက်ကြီးတွေကို တွဲလွဲခိုစီးနေတာပါဘဲ။ ဆက်လျှောက်နေရင်းက နေအနောက်ဘက်ကိုကြည့်လိုက်တော့ ကျနော်ဓါတ်ပုံရိုက်ချင်လွန်းတဲ့ရေတံခွန်ကို မြင်ရပါတော့တယ်။ ဟို့တောင်ပေါ်အမြင့်ကြီး နီနီရဲရဲတောင်ကမ္ဘားယံကနေ အရှိန်ပြင်းပြင်းနဲ့ခုန်ဆင်းနေတဲ့ရေတံခွန်ကြီးပါဘဲ။ အတော်ဝေးဝေးလေးမှာရှိနေပေမယ့် ရေကျသံတွေကတော့ တဝေါဝေါ တဟဲဟဲ။ ရေလုံးကလဲအတော်လေးကို ကြီးပုံရပါတယ်။ ရေတံခွန်က ဝေးပေမယ့် မြင်ရတာ လှပ တောင်ကြီးမြို့နဲ့သုံးမိုင်အကွာပါ။ တေ ာင်ကြီးရဲ့အောက်မှာတော့ တိမ်ခိုးတွေကြားက မြို့ကလေးရဲ့ အိမ်ကလေးတွေကိုတွေ့ရပါတယ်။ ဆက်လျှောက်နေရင်း မိုးတွေအုုံ့ဆိုင်းလို့ ညိုမိူင်းနေပြီးလူက လဲ မိုးငွေ့ တိမ်ခိုးကြားမှာရောက်နေသလိုခံစားရပါတယ်။ သိပ်မကြာခင်ရေကျသံတွေကြားရပြန်တော့တယ်။ […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း(12-A)” (မြို့အဝင်ရူ့ခင်း) နောက်နေ့နေ့လည်ခင်းမှာ အေးသာယာဘက်ကို အလုပ်ကိစ္စနဲ့သွားခဲ့ပါတယ်။ လိုင်းကားနဲ့လိုက်သွားတယ်ဆိုတော့ ဓါတ်ပုံရိုက်ဘို့ အခွင့်မသာပါဘူး။ မတ်တတ်ရပ်လိုက်ရတော့ပြူတင်းပေါက်ကနေခေါင်းပြူကြည့်ရတာလောက်နဲ့ဘဲကျေနပ်ရပါတယ်။ အဆင်းလမ်းအလယ်လောက်ရောက်တော့ ရေကျသံတွေကြားရပါတယ်။ မိုးတွင်းဆိုတော့ ချောင်းကရေစီးသန်တော့ တောင်အောက်ကိုဆင်းတဲ့ရေသံတွေကိုကြားရတာပါ။ တောင်အဆင်းလမ်းကတော့ စိမ်းစိမ်းစိုစို နဲ့သာယာလှပါတယ်။ လှပစိမ်းစိုတဲ့ အပင်လေးတွေကိုမြင်ရတာ ရင်ထဲမှာအေးမြ တစ်ခါတစ်လေခေါင်းလေးငုံ့ကြည့်တဲ့အခါ ဟိုးအဝေးမှာ အိမ်ကလေးတွေကိုမြင်နေရပါတယ်။ ဒါနဲ့ဘဲ မိတ်ဆွေစောင့်နေတယ်ဆိုတဲ့အေးသာယာ ကလက်ဖက်ရည်ဆိုင်ရောက်တော့ သူနဲ့တွေ့။ သူ့အိမ်မလိုက်တော့ဘဲအလုပ်ကိစ္စကို လက်ဖက်ရည်ဆိုင်မှာတင်ပြီးပြတ်အောင်ပြောပြီး လိုင်းကားစီးလို့ပြန်လာခဲ့ပါတယ်။ မြို့အဝင်နုတ်ခွန်းဆက်တဲ့ဆို်င်းဘုတ်ကြီးကိုလွန်လာတော့ လမ်းရှေ့မှာတောင်အမြင့်ကြီးရယ် တောင်ပေါ်မှာအိမ်တွေရယ်တွေ့နေရပါတယ်။ ဒါကတော့ တောင်ကြီးမြို့ပေါ့။ အပြန်လမ်းမှာတော့ ထိုင်စရာနေရာ ရပါတယ်။ အဲတေ့ာ လမ်းတစ်လျှောက်လုံးကို ငေးလာလို့ရသလို လှပတဲ့မြင်ကွင်းတွေကပေးတဲ့ကြည်နူးခြင်းရသကိုလဲ အပြည့်အဝခံစားလို့ရပါတယ်။အေးသာယာက စပျစ်ခြံကိုလွန်လာတဲ့အခါ ရေကျသံတွေကြားလို့ လမ်းညာဘက်ကို ကြည့်လိုက်တော့ ဟိုတောင်ပေါ်က နေဆင်းလာတဲ့ရေတံခွန်ကြီးတစ်ခုကိုတွေ့ရပါတယ်။ ဒါပေမယ့် ဓါတ်ပုံရိုက်ဘို့လဲအခွင့်မသာ။ ရေတံခွန်က လမ်းညာဘက်ခြမ်းကျနော်ထိုင်က ကားရဲ့ဘယ်ဘက်ခြမ်းဆိုတော့ […]


Diamond KeyOctober 13, 20113min08
အဲဒီကနေ မြို့ဟောင်းမြို့ရိုး အတွင်းပြန်ထွက်ပြီး ကျုံးနဲ့ အပြိုင် ရွာလမ်းကလေးအတိုင်းသွားလိုက်တော့ ဗားကရာသို့ ဆိုတဲ့ လမ်းခွဲကို ရောက်လာပါတယ်။ ဒီလမ်းအတိုင်းမောင်းလာတော့ ရတနာဆီမီး ဘုရားစုကို ရောက်ပါတယ်။ နိင်ငံခြား ခရီးသွားတွေကိုတော့ မြင်းလှည်းကိုယ်စီနဲ့ ဟိုနားဒီနား တွေ့ရပါတယ်။ အင်းဝမှာက ဘုရားဖူးနဲ့ လေ့လာသူတွေ အတွက် စီးစရာ မြင်းလှည်းလေးတွေ ရှိပါတယ်။ ရတနာဆီမီး ဘုရားစု ကနေဆက်သွားလိုက်တယ်ဆိုရင်ပဲ ဘယ်ဖက်လမ်းခွဲက ဗားကရာကျောင်းတော်ကြီး ဆီသွားတဲ့ လမ်းကလေးပါ။ လမ်းရဲ့ ဘယ်ညာမှာ စပါးစိုက်ခင်းတွေနဲ့၊ မြန်မာ့ ကျေးလက် အငွေ့အသက်၊ စိမ်းစိုနေတဲ့ လယ်ကွင်းပြင်ကျယ်ကို ဖြတ်သန်း တိုက်ခတ်လာတဲ့ လေနုအေးလေးက အညာနွေကြောင့် အပူဒဏ် ခံစားနေရမှုကို ပျောက်စေကာ ဗားကရာကျောင်းတော်ကြီးဆီ ရောက်သွားခဲ့ရပါတယ်။ ဗားကရာကျောင်းတော်ကြီး ကတော့ မြန်မာ့သက္ကရာဇ် ၁၁၉၆ မှာ […]


Diamond KeyOctober 13, 20115min013
ဆိုင်ကယ်လေးက မန္တလေး တံတားဦး လေဆိပ်လမ်းဆီကနေ ခွဲထွက်ကာ တံတားဦးမြို့ ဖက်ဆီ ဦးတည် ပြေးနေတယ်။ မန္တလေး တံတားဦး လေဆိပ်လမ်းပေါ်မှာ မောင်းနေစဉ်တုန်းက လမ်းကကောင်းနေတော့ တရိပ်ရိပ်ပြေးခဲ့ ဆိုင်ကယ်လေးဟာ အခုတော့ ခုန်ဆွ ခုန်ဆွ နဲ့ ကျင်းတွေ ချိုင့်တွေကို ရှောင်ပြီး သွားနေရပါတယ်။ ဦးတည်သွား နေတဲ့ နေရာကတော့ တစ်ချိန်က မြန်မာ့သမိုင်းမှာ အလွန် ကျော်ဇောခဲ့တဲ့ (အခု မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ထဲက) အင်းဝ ရွှေမြို့တော်ဟောင်း ဆီပါ။ မန္တလေး တံတားဦး လေဆိပ်လမ်းဆီကနေ ၁၅ မိနစ်လောက် မောင်းပြီးရင်တော့ တံတားဦးမြို့ထိပ်ကို ရောက်လာပြီး မြို့ဖက်ကိုမကွေ့ပဲ ညာဖက်ကို ချိူးကွေ့ကာ သံတံတားကို ဖြတ်လိုက်တော့ တစ်ချိန်က ဘကြီးတော် စစ်ကိုင်းမင်းလက်ထက် နန်းမတော် မယ်နုရဲ့ […]