အဝေးရောက်မိတ်ဆွေများ မီးပုံးပျံပွဲ ပုံတွေမကြည့်ရသေးမှီ မီးပုံးပျံ စာရင်းလေးကြည့်ပြီး အလွမ်းဖြေလိုက်ကြပါစို့။ မြို့လုံးကျွတ်မဟာဘုံကထိန်ပွဲတောင်နှင့်ပတ်သက်သည့်တစ်ချို့ကို ကျွန်တော့် ဘလော့ www.royalcherry.blogspot.com တွင်ဖော်ပြထားပါသည်။


Diamond KeyOctober 31, 20116min025
စိန်သော့ ဒီရက်ပိုင်းမှာ အလုပ်ကိစ္စ၊ ကထိန်အလှုပွဲ ဖြစ်မြောက်ဖို့အတွက် စီစဉ်ရတာတွေနဲ့ ရွာထဲကို ပို့စ်ထမ်းမဝင်လာနိုင်ခဲ့ပါ။ ဒီနေ့နားရက်လေး ရတော့ဝါသနာ မဖျောက်နိုင်ပဲ သွားမယ်လို့ စိတ်ထဲမှာ စီစဉ်ထားပေမဲ့ မရောက်နိုင်သေးတဲ့ နေရာလေးဆီ ရောက်အောင် သွားဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ မန္တလေးနဲ့ ဘယ်လောက်မှ မဝေးတဲ့ နေရာလေးတစ်နေရာက သိပ်လှတဲ့ ၃ဆင့်ရေတံခွန် ရှိရာ နေရာလေးဆီကိုပါ။ မန္တလေးကနေဆိုရင် ၄၅ မိနစ်လောက်ခရီး၊ မန္တလေး – ပြင်ဦးလွင် ကားလမ်းကနေလာရင် ကျောက်မီးရွာ အလွန် အုန္နဲရေတောင်ကြောမှာ ရှိပါတယ်။ အေသုံးလုံး ဘိလပ်မြေစက်ရုံဘေးက အုန္နဲရေဘုန်းတော်ကြီးကျောင်း ရောက်ရင် ၃ ဆင့်ရေတံခွန် သွားတဲ့လမ်းလေး စတွေ့ရပါပြီ။ ဆိုင်ကယ်၊ ကားနဲ့ လာရင် ဘိလပ်မြေစက်ရုံဘေးက အုန္နဲရေဘုန်းတော်ကြီးကျောင်း ကနေ ၁၅ မိနစ်လောက်ဆက်မောင်းလို့ရတဲ့ ကားလမ်းရှိပြီး […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း၂၄ ထမင်းဆိုင်လေးရဲ့နောက်ကတောင်မှာတော့ မိုးငွေ့တွေထောင်းထောင်းထနေပါတယ်။ 9နာရီထိုးတော့ ကားကလေးက ဟွန်းသံပေးလို့ခေါ် ပြီးခရီးဆက်ခဲ့ကြပါတယ်။ မိုးရေသောက်လို့ဝနေတဲ့ ပါတ်ဝန်းကျင်ကြီးကတော့ စိမ်းစိမ်းစိုစို။ လမ်းဘေးတစ်နေရာမှာတော့ ရေညှိတွေတက်နေတဲ့သစ်ပင်အခင်းလေးတွေကို မသိလို့မေးကြည့်တော့ သစ်တော်သီးပင်ပါတဲ့။ သစ်တော်ပင်လေးတွေက အခင်းလေးတွေအဖြစ်ရှိနေသလို၊ တစ်နေရာမှာတော့ခြံစည်းရိုးလိုကာထား၊ နောက်တစ်နေရာမှာတော့ သစ်တော်ပင်လေးတွေကြားထဲမှာအိမ်ကလေးတစ်လုံး။ မြင်ရတာကဗျာဆန်ဆန်။ သွားရင်းသွားရင်းနဲ့ဘဲ စိမ်းမြတဲ့လယ်ကွင်းလေးတွေကပေါ်လာလိုက် ပျောက်သွားလိုက်။ ရွာလေးတွေအဝင်မှာ အုတ်နဲ့အခိုင်အမာဆောက်ထားတဲ့အိမ်ကလေးတွေကလဲအစီအရီ။ အပြန်ခရီးမှာတော့ ကားကျပ်လှပါတယ်။ လူအပြည့်ကားအပြည့်။ ကလေးအမေလေးတစ်ယောက်တက်လာတော့ ထိုင်နေတဲ့အမျိုးသမီးတစ်ယောက်က နေရာဖယ်ပေးလိုက်တဲ့မြင်ကွင်းလေးက ကြည်နူးစရာ။ နေရာမရလို့ အပေါက်ဝမှာမတ်တပ်ရပ်နေသူတွေရဲ့လက်ထဲကပစ္စည်းကို နီးတဲ့သူကယူလို့ပေါင်ပေါ်တင်ထား ပေးတဲ့မြင်ကွင်းက မြို့ပေါ်မှမတွေ့နိုင်တဲ့မြင်ကွင်း။ ကိုယ့်လက်ထဲက ပစ္စည်းကို သူများဆီမှာစိတ်ချလက်ချမထားနိုင်သလို သူများပစ္စည်းကိုလည်းအလုပ် ရှုပ်ခံပြီး ယူမထားချင်ဘူးဆိုတာ မြို့ဆန်တဲ့စိတ်လို့ဘဲပြောရတော့မယ်ထင်ပါရဲ့။ လမ်းဘေးတစ်နေရာမှာတော့ ရွာထဲကထွက်လာနေတဲ့ပအိုဝ့်မကြီးတစ်ယောက်ကိုမြင်တော့အသွားတုံးက ဓါတ်ပုံမရိုက်လိုက်ရတာကို ပြန်သတိရပြီးနှမျောနေမိပါတယ်။ သွားနေရင်းကနေ ကျောက်စရစ်ခဲပုံကြီးတစ်ခုမြင်လို့ လှမ်းအကြည့် ဟိုးဘက်ကရွာကိုသွားတဲ့လမ်း အသစ်ဖောက်နေတာဆိုတာကိုသိရပြန်ပါတယ်။ လမ်းဘေးတစ်နေရာမှာ […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း၂၃ (ဘီလူးချောင်းရင်ခွင်မှအပြန်……………….) မနက်အိပ်ယထတော့ မိုးကတော့မတိတ်သေးပါဘူး။ တစ်ဖျောက်ဖျောက်နဲ့ကျနေတုံးပါဘဲ။ မျက်နှာသစ်အဝတ်အစားလဲပြီး တည်းခိုးခန်းရှေ့ထွက်ထို်င်တော့ငါးနာရီကျော်ကျော်။ သိပ်မကြာပါဘူး ကားတစ်စီးထိုးဆိုက်လာပြီး အောင်ပန်းလိုက်မယ့်သူလားလို့မေးပါတယ်။ အသေအချာကြည့်တော့မှ အလာတုန်းက ကျနော်စီးလာတဲ့ကားဖြစ်နေပါတယ်။ ကားပေါ်လဲရောက်ရော စပယ်ယာလေးက ကျနော်ကိုမှတ်မိနေတော့ “လေးလေးကချက်ခြင်းပြန်တာလား”နုတ်ဆက်ပါတယ်။ ဒါနဲ့ ကားဂိတ်ရောက်တော့ ကားထိုင်ခုံနေရာကို ကြည့်ရင်း ဓါတ်ပုံရိုက်ချင်လို့ ကားမောင်းသူရဲ့နောက်က နေရာကိုလဲပေးပါဆိုတော့ လွတ်နေတဲ့နေရာတစ်နေရာကို လဲပေးပါတယ်။ ကားမောင်းတဲ့သူနောက်ကလိုက်မှ အပြန်လမ်းမှာ မိုးဗြဲရေကာတာကြီးကိုရိုက်လို့ရမှာဖြစ်ပါတယ်။ ကားဂိတ်ရောက်တော့ မိုးတိတ်သွားပါတယ်။ ကားမထွက်သေးဘူးဆိုတာနဲ့အနားကဆိုင်မှာ ထမင်းတစ်ပွဲမှာလက်ဖက်ရည်သောက်။ ခြောက်နာရီထိုးတာနဲ့ကားထွက်ပါတယ်။ အလာတုံးက ကားလူမပြည့်ပေမယ့် အခုအပြန်မှာတော့ လူအပြည့်ကားအပြည့်။ ကားပေါ်ရောက်တာနဲ့မိုးက အရမ်းကြီးမသဲပေမယ့် တဖွဲဖွဲကျနေတော့ ဓါတ်ပုံရိုက်လို့အဆင်မပြေပါဘူး။ ရိုက်ပြီးပြန်ကြည့်လိုက်တော့ မူံဝါးဝါးနဲ့ စိတ်တိုင်းမကျပါဘူး။ ကားလေးကတော့ မိုးအေးအေးမှာ မှန်မှန်လေးမောင်းလာရင်းနဲ့ ခြောက်နာရီကျော်ကျော်လောက်မှာတော့ မိုးကတိ်တ်သွားပါတယ်။ မိုးလေးအတိတ်မှာ ကံကောင်းထောက်မစွာနဲ့စပါးခင်းအလယ်မှာ အထီးကျန်ဖြစ်နေတဲ့သစ်ခြောက်ပင်ကို သိမ်းထားနိုင်လိုက်ပါတယ်။ […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း၂၂ (ဘီလူးချောင်းရင်ခွင်သို့အရောက်………………….) အဝေးကတောင်တန်းများကြားမှာတော့ မြေလွတ်မကျန်ရလေအောင်ကောက်ပင်စိမ်းတွေက နေရာယူထားကြပါတယ်။ သဘာဝပေါက်ပင်ပန်းလေးတွေက လည်းလှတပတ။ မနက်စောစောမှာအိမ်အလုပ်တွေလုပ်နေတဲ့မိသားစုလေးတစ်စုကိုလှမ်းတွေ့တော့ လက်ဆော့ချိန်မှာ ကျနော်နောက်က ခုံမှာထိုင်နေတဲ့အဒေါ်ကြီးက “ရှေ့ကလူလက်ထဲကဘာလေးလဲ “လို့အမေးမှာ “အဲဒါဓါတ်ပုံစက်လေ”လို့ဒေသစကားနဲ့ဘာသာပြန်တဲ့စကားလုံးလေးကိုကြားမိတဲ့အခါ သဘောကျလွန်းလို့ပြုံးမိပါတယ်။ လမ်းတစ်နေရာမှာတော့ ရွှေရောင်ဝင်းနေတဲ့စေတီစုစုလေး။ ဟိုဝေးဝေးကစိမ်းနုရောင်လယ်ကွင်းနောက်မှာတော့ ထုံးဖြူဖြူစေတီအစု။ တိမ်ညိုမိူင်းနေတဲ့ကောင်းကင်တောင်စဉ်တန်းတွေကစေတီကိုထွေးပွေ့ထားသလိုပါဘဲ။ ကျနော်ထိုင်ရတဲ့ကားဆရာနောက်က ညာဘက်ခြမ်းကကြည့်လေလေရာမှာတော့ တောင်တန်းတွေလယ်ကွင်းတွေမြင်ရပြန်တော့ “ရူ့မဆုံးတော့သည်စိမ်းလဲ့လဲ့ကွင်းပြင်” ဆိုတဲ့ မြို့မငြိမ်းရဲ့ “လူချွန်လူကောင်း “သီချင်းက ရင်ထဲကိုတိုးဝှေ့လို့နားထဲမှာအလိုလိုကြားလာရပါတယ်။ လမ်းတစ်လျောက်လုံးမှာလဲ လမ်းလျောက်လို့ကျောင်းကိုသွားကြတဲ့ လန်းဆန်းတက်ကြွနေတဲ့ ကလေးတွေက ထမင်းချိုင့်ကိုယ်စီကိုယ့်အစုနဲ့ကိုယ် မြင်ခဲ့ရပြန်တော့ ဒီသီချင်းလေးက တော်တော်နဲ့ နားထဲကမထွက်ဘူးဖြစ်နေပါတယ်။ အဝါရောင်လမ်းပြမှတ်တိုင်လေး ကားထွက်ခါစတုံးကတော့ ကားပေါ်မှာလူအပြည့်မပါ ပါဘူး။ ခရီးသွားသူတွေကလည်း လမ်းတစ်လျှောက်တက်လိုက်ဆင်းလိုက်နဲ့ပါဘဲ။ စပယ်ယာလိုက်တဲ့ကောင်လေးတွေက လူသစ်ကလေးတွေဆိုတော့ လမ်းကနေတက် လမ်းမှာဘဲဆင်းတဲ့ခရီးသည်တွေရဲ့ ကားခကိုဘယ်လောက်တောင်းရမယ်ဆိုတာမသိကြပါဘူး။ အဲတော့ တစ်ယောက်တက်လာရင် တစ်ခါမေးရပါတယ်။ ဘယ်ကနေဘယ်အထိ လိုက်မှာ […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း၂၁ (ဘီလူးချောင်းရင်ခွင်ထဲသို့…………………….) လွိုင်ကော်ကိုသွားဘို့ကားစုံစမ်းကြည့်တော့ ဈေးလေးနားမှာကားရပ်တယ်။ မနက်5နာရီဆိုရင်ကားတွေထိုးထားတာ တက်လိုက်ရုံဘဲလို့ ပြောကြပါတယ်။ ဒါနဲ့ဘဲ မနက်လေးနာရီခွဲမှာအိပ်ယာထ ဆိုင်ကယ်ကယ်ရီခေါ်၊ မိုးကတစ်ဖျောက်ဖျောက်နဲ့ကြ ဆိုတော့ အထုပ်တစ်ဖက်ထီးတစ်ထက်နဲ့ဆိုင်ကယ်ပေါ်တက်ခဲ့ရပါတယ်။ ကံကောင်းချင်တော့ကားဂိတ်နားရောက်တော့ မိုးတိတ်သွားပါတယ်။ အိပ်ယာမထသေးတဲ့အောင်ပန်းမြို့ကတော့ မှောင်နဲ့မဲမဲ။ ရပ်ထားတော့ ကားတစ်စင်းတွေ့လို့မေးကြည့်တော့ ရပ်စောက် ကိုသွားမှာလို့ပြောပါတယ်။ လွိုင်ကော်ကား ကတော့ ခဏနေရင်ဆိုက်လာမယ်လို့ပြောပါတယ်။ ကားထိုင်စောင့်ရင်မှောင်နေတဲ့ မြို့လေးက တဖြည်းဖြည်းလင်းလို့လာပါပြီ။ ဘေးနားလှမ်းကြည့်လိုက်တော့ ထမင်းကြော်ဆိုင်လေးတစ်ဆိုင်။ ဝင်စားမလို့ မှာထားတုံး ကားလေးတစ်စင်းဆိုက်လာပါတယ်။ လွိုင်ကော်လွိုင်ကော်အော်နေလို့ မှာထားတဲ့ထမင်းကြော် မစားတော့ဘူးလို့လှမ်းပြော ကသောကမျှောနဲ့ကားဆီကို အမြန်ပြေးရပါတယ်။ မနက်ခြောက်နာရီတိတိ။ ကားရောက်တော့ နေရာဦးရပါတယ်။ မထွက်သေးဘူးဆိုတာနဲ့စောစောက ဆို်င်ပြန်သွား ထမင်းကြော်စားပါတယ်။ စားပြီးကားပေါ်ပြန်တက်လို့ထို်င်နေတာတောင်ကားက မထွက်သေး။ ထိုင်နေတုံး လက်ဖက်ရည်ဆိုင်ကလေးတစ်ဆိုင်တံခါးလှပ်တာမြင်တာနဲ့ကားပေါ်ကဆင်း။ လက်ဖက်ရည်သွားသောက်နေပါတယ်။ သိပ်မကြာသေးဘူး ကားစက်နှုးိသံကြားလိုက်လို့ ထွက်မယ်ထင်ပြီးကမန်းကတန်းကားပေါ်တက်၊ နောက်အတော်ကြာကြီးနေမှကားထွက်ပါတယ်။ မနက်ခြောက်နာရီခွဲ တော်တော်လေးလင်းနေပါပြီ။ […]


ေတေလOctober 27, 20111min08
သံတွဲခရိုင်အုပ်ချုပ်ရေးမှုးရဲ.လုပ်ရပ်များကိုအထူးစစ်ဆေးစောင့်ကြည့်ရန် လိုအပ်နေပါကြောင်း ရွာသူရွာသားမိတ်ဆွေများသိရှိရန်ဖြစ်ပါတယ် ဘင်္ဂလားဒေရှ်.ပို.ရန် နွားလှေတစ်စီးပင်လယ်ထဲထွက်ရင် ခရိုင်အုပ်ချုပ်ရေးမှုးကိုသုံးသိန်းဆက်ကြေးပေးဆောင်နေရာမှာ ခရိုင်အုပ်ချုပ်ရေးမှုးက သူအတွက်နည်းနေတယ်ဆိုပြီးတော့နောက်ထပ်တစ်သိန်းထပ်မံတောင်းနေလို ့ ယခုတော့စုစုပေါင်းလေးသိန်းပေးနေရပါကြောင်းသိရှိရပါတယ် ဂျိတ္တော အပါအဝင်ပင်လယ်ကမ်းခြေ ငါးလှမ်းကွက်များကိုယခင်နှစ်တစ်ကွက်ကိုငါးသောင်းကျပ်ကနေ ယခုနှစ်တော့သုံးသောင်းငါးထောင်အထိလျော့ချပေးလိုက်ပါပြီဗျို. ကမ်းခြေရှိငါးလှမ်းတဲ့အကွက်တွေကအကွက်၂၀ဝကျော်ဆိုတော့ တစ်ကွက်ကိုသုံးသောင်းငါးထောင်နဲ.စုစုပေါင်းကောက်ခံရငွေကသိန်း၇ဝကျော်ပေါ့နော်…. ကောက်ခံရငွေသိန်း၇ဝကျော်ကိုဘယ်နေရာတွေမှာအသုံးပြုမှာလည်း……… သံတွဲမြို.နယ်ဖွံဖြိုးတိုးတတ်ရေးအတွက်သုံးစွဲမယ်ဆိုရင်တော့ ဒေသခံတွေကကန်.ကွက်ရန်မရှိကြောင်းဒေသခံတွေရဲ.ပြောဆိုသံတွေကြားနေရပါတယ် ရွာသူရွာသားမိတ်ဆွေအပေါင်းတို.ရေ…. အထက်ဖေါ်ပြပါငွေတွေကို ဘယ်နေရာတွေမှာ သံတွဲ ခရိုင်အုပ်ချုပ်ရေးမှုးသုံးမှာလည်းဆိုတာကိုဝိုင်းဝန်းစဉ်းစားကြည်.လိုက်ကြဦးနော်….


Diamond KeyOctober 25, 20113min013
ကျောက်ဆည် ဝေဘူတောင်က ဖြစ်သွားဖြတ်လာသာ ကျောက်ဆည်မြို့ကို ဖြတ်နေတုန်း ကားပေါ်၊ ရထားပေါ်က တွေ့တွေ့နေရပေမယ့် တောင်ပေါ်မရောက်ဖြစ်တာ ကြာပြီ။ ဝေဘူတောင်ကို ၁၉၉၈ ခုနှစ်ရှေ့ပိုင်းမှ နှစ်ခေါက်နဲ့ ၂၀၀၃ ခုနှစ် မှာ တစ်ခေါက် တက်ခဲ့ဖူးပါတယ်။ အရှေ့နှစ်ခေါက်တုန်းဆီကတော့ စောင်းတန်းလှေကားတွေ ဆီကနေ တောင်ပေါ်တက်ခဲ့တာပါ။ ၂၀၀၃ ခုနှစ်က ရောက်တုန်းကတော့ တောင်တက် ကားလမ်းကနေ ကားနဲ့ရောက်ခဲ့တာပါ။ မရောက်တာကြာတာနဲ့ အခွင့်ကြုံလို့ တစ်ခေါက်ပြန်တက်ဖြစ်ခဲ့ပါတယ်။ ဒီတစ်ခေါက် ရောက်တော့ တောင်ပေါ်တက်တဲ့ ကားလမ်းလေးကလည်း အရင်နဲ့မတူ တော်တော်ကို ကောင်းနေပါပြီ။ ၂၀၀၃ တက်တုန်းကဆိုရင် လမ်းကလည်းမတ်စောက်နေတော့ ကားတက်နေတုန်း လန့်နေရသေးတယ်။ တောင်ပေါ်စတက်ရင် တွေ့ရတဲ့ လွမ်းမြေ့စေတီ လွမ်းမြေ့စေတီက တောင်စောင်းလေးမှာ တည်ထားတာပါ။ လွမ်းမြေ့စေတီကနေကြည့်ရင် တွေ့ရတဲ့ မြို့ကျောက်ဆည်မြင်ကွင်း ဒီတစ်ခေါက် တောင်ပေါ်ရောက်တော့ […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း(20)” ( ငါးဖယ်ချောင်းကျောင်း) ကျနော်တို့ဖောင်တော်ဦးကပြန်ထွက်လာတော့ မနက်ဆယ်တစ်နာရီဆယ့်ငါး။ ငါးဖယ်ချောင်းကျောင်းလို့ အမည်နာမရှိပေမယ့် ဒေသအခေါ်ကတော့ ရှေးဟောင်းကျောင်း။ နောက်ထပ်အများသိတဲ့နာမည်ကတော့ ကြောင်ခုန်ကျောင်း။ ဖောင်တော်ဦးဘုရားကနေ ဆယ့်ငါးမိနစ်လောက်အကြာမှာ ဒီရှေးဟောင်းကျောင်းကိုရောက်ပါတယ်။ လှေကလေးက တရွှေ့ရွှေ့လာနေချိန်မှာ လှမ်းမြင်ရတာကတော့ “ငါးဖယ်ချောင်းကျောင်း”လို့ ခန့်ထည်လှတဲ့ မြန်မာစာလုံးရော ဘိုစာလုံးနဲ့ရေးထားတဲ့ဆိုင်းဘုတ်ကြီးကိုပါ။ အမြဲတမ်းဘုရားဖူးသူတွေနဲ့စည်ကားတဲ့နေရာလေးလဲဖြစ်ပါတယ်။ ကျောင်းပေါ်ကိုတက်လိုက်တဲ့အခါမှာတော့ အလင်းရောင်သိပ်မရှိလု့ိနည်းနည်းမှောင်နေပေမယ့် ရှေးလက်ရာမွန်ဘုရားဆင်းတုတော်တွေ တိုင်လုံးတွေ ရုပ်ကြွတွေမြင်ရတဲ့အခါမှာတော့ နဂိုရ်ကမှ ထူးတာလှတာမြင်ရင် အငြိမ်မနေနိုင်တဲ့ကျနော့်လက်မှာ အနားမရအောင်တဖျပ်ဖျပ်။ တစ်ခုခြင်းစီကို လိုက်ရိုက်ထားတာပါ။ တစ်ခုနဲ့တစ်ခု တစ်ဆူနဲတစ်ဆူ ကပ်ရက်ရှိနေတာပါ။ အမှောင်ထဲမှာတောင်ရွှေရောင်တွေဝင်းလက်နေတဲ့ ရှေးလက်ရာတွေပါ။ ဆင်းတုတော်တွေ့ရှေ့ကတန်းမှာတော့ သာသနာ့အလံလေးတွေချိတ်ထား ဘုရားအပူဇော်ခံတဲ့ရက်အတွက် ကြိုတင်ပြင်ဆင်တာပါတဲ့။ ကျောင်းပါတ်ပါတ်လည်တစ်ခုလုံး ရှေးဘုရားတွေနဲ့အပြည့်ပါ။ အထဲမှာနည်းနည်းမှောင်နေပေမယ် ့ ပုံထွက်တော့လှပါတယ်။ ဖြည်းဖြည်းလေးလမ်းလျောက်လို့ ပုံတော် တစ်ဆူခြင်းအမိအရရိုက်လာတာပါ။ <img src="http://myanmargazette.net/wp-content/uploads/2011/10/I ရိုက်လို့ကို မဝနိုင်အောင် […]


Diamond KeyOctober 24, 20115min015
“တစ်မုတ်မြို့ဟောင်းတစ်နေရာ” ပို့စ်လေးတင်လိုက်တော့ စိန်သော့ကို သမိုင်းဝင်နေရာလေးတွေ ရေးဖြစ်အောင် ရွာထဲမှာ ရှေ့က ဦးဆောင်ပြနေတဲ့ နောင်တော်ကြီး ကိုပေါက် (မန္တလေး) က ကိုစိန်သော့ရေ၊ ရှင်ပင်ရွှေဆပ်သွား ဆိုတာရှိသေးတယ်။ သွားလိုက်ကြရအောင်လို့ ဆိုလာပါတယ်။ ရှင်ပင်ရွှေဆပ်သွား ဘုရားက စိန်သော့ ပထမရောက်ခဲ့တဲ့ တစ်မုတ်မြို့ဟောင်းတစ်နေရာက ရှင်ပင်ရွှေဂူကြီးရဲ့ အရှေ့မြောက် တစ်မိုင်ခန့်အကွာ၊ ကျောက်ဆည်မြို့ကနေ အနောက်ဖက် ၅မိုင်လောက်မှာ တံတားဦးကားလမ်းဘေး၊ ညောင်ရွှေကျေးရွာအနီးမှာ တည်ရှိတာပါ။ တံတားဦးကားလမ်းလေးက လာရင် ဘုရားအဝင်လမ်းထိပ်မှာ ဘုရားမုခ်ဦးကြီးကို တွေ့ရပါတယ်။ ဘုရားအသွားလမ်းတလျှောက်မှာတော့ လယ်ကွင်းတွေ၊ စိုက်ခင်းတွေနဲ့ ကျေးလက်သဘာဝတွေကို တွေ့နေရပါတယ်။ ရှင်ပင်ရွှေဆပ်သွား ဘုရားဆီမှ အရှေ့စူးစူးကို လှမ်းမျှော်ကာ ကြည့်ရင်တော့ ရွှေသာလျှောင်းတောင်၊ မင်းမွေးတောင်နဲ့ ရှမ်းရိုးမတောင်တန်းကြီးတွေက လွမ်းမောစရာ မြင်ကွင်းများပါ။ ဘုရားကြီးရဲ့မူလ ကုသိုလ်ရှင်က အနော်ရထာမင်းတရားကြီး ဖြစ်ပါတယ်။ […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း(19)” ( ဖောင်တော်ဦးဘုရား) ကျနော်တို့အင်းထဲရောက်တဲ့အချိန်က မနက်ဆယ်နာရီကျော်ကျော်လောက်။ နေကတော့ နည်းနည်းပူပါတယ်။ ထီးကတော့ တစ်လက်ထဲပါတော့ မဒမ်ပေါက်ကို ဦးစားပေးလိုက်ပါတယ်။ ကျနော်ကတော့ နေပူတာတောင် သတိမထားနို်င်လောက်အောင် မြင်ကွင်းတွေက ဆွဲဆောင်နိုင်လွန်းပါတယ်။ အမြဲမြင်နေကျ မွန်းကျပ်ပိတ်လှောင်နေတဲ့ မြို့ပြကနေ ပြာလွင်သောကောင်းကင်ကျယ်၊ အေးမြလတ်ဆတ်သောလေတွေနဲ့သာ ထုံမွှမ်းထားတဲ့ရေပြင်ကျယ်၊ မြင်တွေ့လေရာမှာစိမ်းမြတဲ့ သဘာဝပေါက်ပင်တွေ ကိုင်းတောတွေသစ်ပင်တွေကြောင့် လူက ပိုလန်းဆန်းလာတာကတော့ အမှန်ပါဘဲ။ စိတ်မအားလူမအားနားမအား မျက်စေ့မနားဘဝကနေ အေးချမ်းသာယာတဲ့ နေရာထဲကို ခဏလောက်ပစ်ချခံရတဲ့ယာယီဘဝလေးကတော့ ကျေနပ်စရာအပြည့်လို့ထင်မိပါရဲ့။ ဖောင်တော်ဦးဘုရားကို လှမ်းမြင်နေရပေမယ့် လှေတွေဆိုက်ထားတဲ့နေရာမှာ ဝင်မကပ်ဘဲ ကျနော်တို့လှေကလေးက ကွေ့ကောက်ပြီး ဘုရားကိုပတ်လို့ ဝင်သွားပါတယ်။ ကျနော်တို့ရောက်တဲ့နေကတော့ အင်းလေးဖောင်တော်ဦးက ဆင်းတုတော်လေးဆူ အပူဇော်ခံဘို့အတွက် ဒေသစာရီမကြွ ခင်တစ်ရက်အလိုမှာရောက်တာပါ။ ဒါကြောင့်လဲအဲဒီနေ့မှာကျနော်တို့လို သာမန်ဘုရားဖူးတင်မကဘဲ ဆင်းတုတော်သယ်ယူဘို့အတွက်ဆွေးနွေးကြမယ့် အခြားရွာကလူတွေလဲ ရောက်နေတာကို သိရပါတယ်။ […]


we R oneOctober 22, 20112min028
ရွာထဲမှာ ဓါတ်ပုံဆရာတွေလည်း တော်တော်များသားနော်.. ။ အဲလို တော်တဲ့ ဓါတ်ပုံဆြာတွေနဲ တစ်ရွာထဲ မှာ တူတူ တွေ့ရတာ တကယ်ဝမ်းသာပါတယ်.. ။ အခုလည်း ကိုစိန်သော့ ရဲ့  ပြင်ဦးလွင်က ပွဲကောက် ရေတံခွန် နဲ့ ကန်တော်ကြီးဥယျာဉ် အလှ  ပို့စ် ကို အားကျပြီး. ၅ လပိုင်း ပန်းမြို့တော် ကိုရောက်တုန်း က ရိုက်ထားတဲ့ ဓါတ်ပုံ တစ်ချို့ ကို တင်ပြ ပေးလိုက်ပါတယ်။  သည်းခံ ပြီတော့ အားပေးကြပါအုံးလို့နော်…   မန္တလေး ဘက်ကို ဆင်းတဲ့ လမ်း အတို်င်း သွားရပါတယ်.. ။ ဓါတ်တော်ဂျိုင့် ရေတံခွန် သို့ ဆို ပြီး ဆိုင်းဘုတ် ရှိပါတယ်။ အဲဒီ […]


လှေကလေးက လာလမ်းအတိုင်းမဟုတ်ဘဲ ချိုးကွေ့လို့အလာ ဘေးတစ်ဘက်တစ်ချက်မှာ ပြာလွင်ကောင်းကင် စိမ်းမြ ဒိုက်ပင်နဲ့ရေမျောခင်း လေးတွေအလွန် ဟို ခပ်ဝေးဝေးမှာ ကျောင်းအိုစုစုခြံရံထားတဲ့ ရွှေရောင်းအဆင်းနဲ့ စေတီတစ်ဆူကိုလှမ်းဖူးမျှော်လိုက်ရပါတယ်။ “ဘုရားပေါက်” အမည်ခံ “ အလိုတော်ပေါက်ဘုရား “ဖြစ်ပါတယ်။ အင်းထဲကရေပြင်ပေါ်မှာ ကုန်းမော့မော့လေးဖြစ်နေတဲ့ဘုရားတစ်ဆူပါဘဲ။ ဘုရားကိုသွားတဲ့ရေလမ်းခရီးက တကယ်သာယာပါတယ်။ တောင်ပေါ်ရောက်လေ တိမ်ပြာလေသလားလို့တောင်အတွေးတွေပွားမိလောက်အောင်ကို ကောင်းကင်ပြာကြီးကလှပလွန်း နေပါတယ်။ အဝေးမှတောင်စဉ်တောင်တန်း သစ်ပင်စိမ်းစိမ်းတွေ ရေပေါ်ကအိမ်ကလေးတွေ သန့်ရှင်းလတ်ဆတ်တဲ့လေ။ ကျယ်ပြန့်တဲ့မြင်ကွင်း ။ ဘုရားကိုသွားတဲ့ရေလမ်းခရီးက တကယ်သာယာပါတယ်။ တောင်ပေါ်ရောက်လေ တိမ်ပြာလေသလားလို့တောင်အတွေးတွေပွားမိလောက်အောင်ကို ကောင်းကင်ပြာကြီးကလှပလွန်း နေပါတယ်။ အဝေးမှတောင်စဉ်တောင်တန်း သစ်ပင်စိမ်းစိမ်းတွေ ရေပေါ်ကအိမ်ကလေးတွေ သန့်ရှင်းလတ်ဆတ်တဲ့လေ။ ကျယ်ပြန့်တဲ့မြင်ကွင်း ။ မြို့ပြမှာမွန်းကျပ်ခဲ့သမျှ ခဏတာတော့ အေးချမ်းသွားပါတယ်။ ကောင်းကင်ပြာနဲ့ရေပြင်ကြားမှာ ရှိနေတဲ့ကျနော် စိတ်ချမ်းသာလှပါဘိတယ်။ အစက အင်းအလည်ခေါင်မှာကိုယ်ချည်းဘဲရှိလို့ အားငယ်စိတ်တွေကြောက်စိတ်တွေဟာ ဘုရားနဲ့နီးလာတော့လဲအလိုလိုပျောက်သွားပါတယ်။ ကျနော်တို့လိုဘဲ […]