Diamond KeyNovember 11, 20111min05
ဒီရက်ပိုင်းမှာ သွားရင်းလာရင်းနဲ့ စိန်သော့ သရက္ခန်ဘုရားများရှိရာမြေ၊ မြန်မာ့သမိုင်းဝင် ပုခန်းကြီးမြို့ဟောင်းကို ရောက်ခွင့်ကြုံကာ အလောင်းစည်သူမင်းကြီးတည်ထား ကိုးကွယ်ခဲ့တဲ့ စည်သူရှင်သရက္ခန်ဘုရား ကိုဖူးခွင့်ရခဲ့ပါတယ်။ ပုခန်းမြို့ဟောင်းဆိုတာက နှစ်ပေါင်း ၇၀ဝ လောက်ရှိပြီဖြစ်တဲ့၊ တစ်ချိန်အခါဆီက အထူး စည်ကားပြီး ဘာသာသာသနာ ထွန်းတောက်ခဲ့တာကြောင့် မြို့ပတ်လည်မှာ ယခုတိုင် စေတီပုထိုး၊ သမိုင်းအမွေ တို့ဖြင့် ပြည့်နေတဲ့ ဧရာဝတီရဲ့ အနောက်ဖက်၊ ပခုက္ကူခရိုင်တွင်းက မြန်မာ့သမိုင်းဝင် ရှေးမြို့ဟောင်းတစ်ခုပါ။ ပျူမင်းညီအကိုတွေ တည်ခဲ့ကြောင်း ရှေးဟောင်းနွားထိန်းကျောက်စာ အရ သိရတယ်လို့ ဆိုပါတယ်။ ပျူနိုင်ငံတော်ဖြစ်တဲ့ ဗိသာနိုးမြို့ဟောင်းနဲ့ သဏ္ဍန်တူတယ်လို့ သုသေသီတွေက ဆိုပါတယ်။ ပုခန်းမြို့ဟောင်းမှာ အလောင်းစည်သူမင်းကြီးက ကောဇာသက္ကရာဇ် ၄၈ဝ မှာ အလောင်းစည်သူမင်းကြီးတည်ထား ကိုးကွယ်ခဲ့တဲ့ စည်သူရှင်သရက္ခန်ဘုရား ရှိပါတယ်။ ရှေးအဆိုအရ သိကြားမင်းက နတ်ပြည်မှာရှိတဲ့ တစ်တောင်ပိုပို […]


Diamond KeyNovember 11, 20114min016
ပြင်ဦးလွင်က မီးပုံးပျံပွဲတော် ဒီနှစ်တန်ဆောင်တိုင်ပွဲတော်ရက်မှာတော့ စတင်ကျင်းပကတည်းကနေ တစ်ခါမှ မ ရောက်နိုင်သေးတဲ့ တောင်လှေကားမြို့တော်ရဲ့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ဆီ အရောက်သွားဖြစ်ခဲ့ပါတယ်။ ကျင်းပတဲ့နေရာလေးက ပြင်ဦးလွင်မဟာအံ့ထူးကံသာ (ပြည်ချစ်) ဆုတောင်းပြည့်ဘုရားရဲ့ တန်ဆောင်တိုင်ပွဲတော်မှာ ကျင်းပတာပါ။ ယခင်ကတည်းက ပြည်တွင်းပြည်ပ ဧည့်သည်တွေနဲ့ အမြဲစဉ်ကားနေတဲ့ ပန်းမြို့တော်မှာ ပြင်ဦးလွင်မဟာအံ့ထူးကံသာ (ပြည်ချစ်) ဆုတောင်းပြည့်ဘုရားရဲ့ ဘေးက ပွဲတော်ကျင်းပရာ ကွင်းကြီးထဲမှာ  ခြိမ့်ခြိမ့်သဲသဲပါပဲ။ ပွဲတော်မှာ နေ့မီးပုံးပျံအလှပြိုင်ပွဲ၊ ညမီးပုံးပျံအလှပြိုင်ပွဲ၊ မသိုးသင်္ဏန်းရက်ကမ်းခတ်ပူဇော်ပွဲ၊ ပိုက်ကျော်ခြင်း၊ ဘောလီဘောပြိုင်ပွဲ၊ နေ့ ညမီးပုံးပျံအလှဓါတ်ပုံပြိုင်ပွဲတွေ စသည်ဖြင့်ပါဝင်ပါတယ်။ ပိုက်ကျော်ခြင်းပြိုင်ပွဲ မီးပုံးပျံပြိုင်ပွဲမှာ နေ့အရုပ်မီးပုံးပျံ ၄ဝ လုံး၊ စိန်နားပန်မီးပုံးပျံ ၂၆ လုံး၊ ညမီးကျည်မီးပုံးပျံ ၁၉ လုံး၊ စုစုပေါင်း ၈၅ လုံး လွှတ်တင်ပါတယ်။       […]


“အင်းဝကဗားကရာ” ကျနော်တို့ရဲ့ မန်းလေးပါတ်ဝန်းကျင်မှာရှေးဘုရင်များကောင်းမူ့ကြောင့် ဘုန်းတော်ကြီးကျောင်းတွေအများကြီးရှိခဲ့ပါတယ်။ တကယ်ပြောရင်တော့ ပြည်သူပြည်သားများရဲ့အခွန်နဲ့ဆောက်ခဲ့တော့ အားလုံးကောင်းမူ့လို့ပြောရင်လဲမမှားနိုင်ပါဘူး။ ဦးဆောင်တဲ့သူရဲ့အမည်ကတော့ တွင်ကျန်ရင်ခဲ့တာပေါ့။ ဒီလိုကျောင်းတိုက်တွေထဲမှာ “ဗားကရာကျောင်းတိုက် “ဆိုတဲ့အမည်တူတဲ့ကျောင်းတိုက်တွေရှိနေတာပါဘဲ။ တောင်မြို့ခေါ်တဲ့အမရပူရမှာရှိတယ်။ အခုအင်းဝမှာလဲရှိတယ်။ အင်းဝသွားတဲ့နေ့က ဒီဗားကရာကျောင်းတိုက်ကိုရောက်အောင်ဝင်ခဲ့ပါတယ်။ ဗားကရာကျောင်းကိုသွားမယ်ဆိုရင် အင်းဝမြို့မြောက်ဘက်ကိုသွားတဲ့လမ်းအတိုင်းလို်က်သွားပါ။ လမ်းအနောက်ဘက်ခြမ်းမှာ သမိုင်းပြတိုက်ကိုဝင်ကြည့်လို့ရသေးတယ်။ ဆက်သွားလို့ အလံတိုင်တွေထောင်ထားတဲ့နေရာရောက်ရင် မြောက်ဘက်ဆက်သွား။ တော်တော်လေးသွားလို့ အနောက်ဘက်ကိုဆင်းတဲ့မြေလမ်းလေးရှိရင် တည့်တည့်လိုက်သွား လမ်းဆုံးရင်ဗားကရာကျောင်းပါဘဲ။ မြေလမ်းကလေးက မညီမညာနဲ့ကြမ်းပေမယ့် သူ့နံဘေးက ရူ့ခင်းကတော့စိမ်းစိမ်းစိုစိုသာသာယာယာ။ ထန်းပင်အုပ်စုလေးတွေကလဲယာခင်းထဲမှာ။ ဗားကရာကျောင်းကတော့ ရေနံချေးတွေဝနေလို့ ညို့မှောင်မှောင် ထုကြီးကြီး ခန့်ထည့်တဲ့အသွင်နဲ့မားမားရပ်။ ကျောင်းအဝင်အုဌ်လှေကားကြီးက ထုံးသုတ်ထားပေမယ့် မိုးလေဒဏ်ကြောင့်ရေညှိတက်။ တောင်ဘက်မှာတော့ နောက်ထပ်လှေကားတစ်စင်း နဲ့မြောက်ဘက်မှာပုံစံတူတစ်စင်း။ စုစုပေါင်းလှေကားသုံးစင်း။ အလယ်လှေကားအတက်မှာ စဉ့်အိုးကြီးနှစ်လုံး။ ကျောင်းပေါ်တက်ကြည်တော့ တစ်ကျောင်းလုံးကို ကျွန်းသားတွေနဲ့ဆောက်လုပ်ထားတာကိုတွေ့ရပါတယ်။ ထောက်တို်င်လုပ်ထားတဲ့ ကျွန်းသစ်လုံးပါတ်တွေက အတော်လေးကြီးပါတယ်။ တောင်ဘက်မှာတော့ စုလစ်မွန်းချွန်တွေနဲ့ကျောင်းတစ်ဆောင်ကသီးသန့်။ တန်းစီနေတဲ့တိုင်လုံးတွေက […]


“ရာဇဝင်ထဲကမယ်နုရဲ့ …………………”(အပိုင်းနှစ်) ဘုရားကျောင်းက နှစ်ထပ်လို့ပြောရင်ရပါတယ်။ မြေပေါ်မှာတစ်ထပ်မြေအောက်တစ်ထပ်။ ကျောင်းအောက်ထဲကို ဝင်ဘု့ိအပေါက်လေးတွေက ကျောင်းလေးဘက်လေးတန်စလုံးမှာရှိပါတယ်။ အရင်ကတော့ နှစ်ထပ်ကျောင်းရဲ့အောက်ခြေက မြေသားဖြစ်တဲ့အပြင်အမိူက်သရိုက်တွေနဲ့ရှုပ်ပွ။ အထဲဝင်လိုက်တာနဲ့ အောက်သိုးသို့အနံ့ရ။ လိုက်ပို့တဲ့သမိုင်းပညာရှင်ကလေးတွေကလဲ ကျောင်းအောက်မှာ လူတွေကိုသတ်ပြိးမြုတ်ထားတဲ့ တွင်းကြီးရှိတယ်ပြောပြန်တော့ မှောင်နေတဲ့အထဲဝင်ရမှာခပ်ကြောက်ကြောက်။ မတော်ခွေနေတဲ့မြွေက တွယ်ထည့်လိုက်ရင်ဆိုတဲ့အတွေးကြောင့် မဝင်ရဲ။ အခုတစ်ခါတော့ အောက်ခြေကို ရှင်းပြီး အင်္ဂတေလမ်းလေးခင်းထားတော့ ရှေးဟာင်းဆိုတဲ့ရသ ပျက်သွားပေမယ့် အတွင်းကိုတော့ ဝင်ရဲသွားပါတယ်။ ကျောင်းအပေါ်ကိုမော့အကြည့် မြင်ရတာလေးပါ။ ဒါပေမယ့် လင်းနှို့ခြေးစော်တွေနံတော့ အသက်ရှုကျပ်လာတာနဲ့ တစ်ဝက်နဲ့ပြန်ထွက်ခဲ့ပါတယ်။ ကျောင်းအပေါ်တက်တဲ့လှေခါးထစ်ကလည်း ထည်ထည်ဝါဝါ။ ကျောင်းပေါ်တက်ကြည့်ရင်တော့ ဘိနပ်ချွတ်ရပါတယ်။ အုတ်နဲ့အခိုင်အမာဆောက်ထားတဲ့ ကျောင်းပေါ်က အခန်းတွေကတော့ကျွန်းသစ်နဲ့ဆောက်လုပ်ထားပါတယ်။ အရင်ကတော့ အတွင်းဆောင်တွေထဲကို ဝင်လို့ရပေမယ့် အခုတစ်ခေါက်ရောက်တော့ တံခါးတွေပိတ်ထားပါတယ်။ လိပ်ဥလာတူးတဲ့ အတွဲတွေကိုကြောက်လို့ထင်ပါတယ်။ ထူးခြားတဲ့ရှေးလက်ရာ မူမပျက် တွေ့မြင်ရတာ ရင်မှာဖော်မပြနိုင်တဲ့ခံစားမူ့တစ်မျုးိရလာပါတယ်။ နည်းနည်းလေးယိုယွင်းစပြုနေတဲ့စင်္ကြန်ကနေတောင်ဘက်ဆက်လျျောက်တော့ တွဲရက်ရှိနေတဲ့ဘုရား […]


ဦး ဂ်စ္November 8, 20111min06
မသေသောမြို့တော်ဟူသည် ခေတ်အဆက်ဆက်ပြောင်းလဲ၍ နှစ်ပေါင်းများစွာကြာမြင့် သော်လည်း မြို့၏အမည်နှင့် ပထဝီအနေအထားတို့မှာ မပျောက်မပျက်ဘဲ မူလအမည် နှင့် မူလပထဝီရေမြေအတိုင်း ထင်ရှားတည်ရှိနေသောမြို့ကို ဆိုလိုပါသည် ။ သုတေသီများ၏အဆိုအရ မသေသောမြို့များမှာ ကမ ္ဘာ့နိုင်ငံများ အားလုံးတွင် (၃)မြို့ရှိ သည်ဟု သိရပါသည်။ ၎င်းမြို့များမှာ (၁)- ဆီးရီးယားနိုုင်ငံမှ ဒမတ်စကတ်မြို့ ၊ (၂)- အိန္ဒိယနိုင်ငံမှ ဗာရာဏသီမြို့ ၊ (၃)- မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဒွါရာဝတီမြို့   တို့ဖြစ်ကြောင်း မှတ်သားရပါသည် ။ ဒွါရာဝတီမြို့သည် စာရေးသူ၏ သံတွဲမြို့ ပင်ဖြစ်ပါသည်။ သံတွဲမြို့ ဟု ယ္ခုအချိန်မှာ ေခေါ်ဝေါ်သုံးစွဲနေပါသော်လည်း  “ဒွါရာဝတီ” ဟူသော အမည်နာမသည် မပျောက်ပျက်ပါ ။ ဒွါရာဝတီမြို့သည် ကဿပမြတ်စွာဘုရားသခင်၏ လက်ထက်တော်မှစ၍ ဂေါတမ မြတ်စွာဘုရားသခင်၏ […]


“မန်းလေးကပန်းဈေး” ဟိုအရင်အချိန်ကာလများမှာ ကျနော်တို့မန်းလေးမှာ စီးစရာယဉ်နည်းပါးပါတယ်။ အဲတော့ မြို့အနီးပါတ်ဝန်းကျင်က ထွက်ကုန်တွေဖြစ်တဲ့ အသီးအနှံတွေပန်းတွေ ကို မန်းလေးအရောက်ပို့ဘို့ဆိုတာ နည်းနည်းလေးတော့ ကရိကထများတဲ့အလုပ် ဖြစ်နေပါတယ်။ ကိုယ့်ခြံထွက်ကို ကိုယ်တိုင်သွားမပို့နိုင်တော့ ကြားလူက စားပါတယ်။ စိုက်ပျုးိသူက ဈေးကွက်ဆီကိုအရောက်မပို့နိုင်တော့ ရသင့်သလောက်မရ။ သူပေးတဲ့ဈေးနဲ့သာကျေနပ်နေရပါတယ်။ ဟိုရှေးရှေးကတော ့ ပန်းဈေးကွက် ကဈေးချိုတော်က ပန်းတန်းမှာပါ။ နောက်တော့ ဈေးချိုထဲမှာ အဆင်မပြေပြန်တော့ နေရာရွှေ့ကြပါတယ်။ 85လမ်း 31-32ကြား မဟာ သကျသီဟဘုရားတောင်ဘက်လမ်းမှာ မနက်သုံးနာရီလောက်ကစတဲ့ ပန်းဈေးပွဲတော်ကြီးက မနက်(7)နာရီခွဲရင်ဈေးကွဲသွားပါပြီ။ နောက်ပိုင်းမှာတော့ ဒီပန်းဈေးပွဲကို 26ဘီလမ်း ဧရာဝတီမြစ်တာရိုးနားက မရမ်းခြံဆိပ်ဘက်ကိုတရားဝင်ရွှေ့ပေးလိုက်ပါတယ်။ အဲတော့ သွားရလာရတာ နည်းနည်းတော့ လမ်းခုသွားပါတယ်။ မန်းလေးမြို့ကိုပန်းတော်ဆက်တဲ့မြို့တွေကတော့ ပြင်ဦးလွင်ကိုသွားတဲ့လမ်းကရွာစဉ်တွေပါဘဲ။ ပြင်စာ အနီးစခန်း ပြင်ဦးလွင် အားလုံးပန်းထွက်ကောင်းတဲ့မြေတွေကိုပိုင်ဆိုင်ထားကြတော့ သူ့တို့ထွက်သမျှပန်းတွေက မန်းလေးကိုရောက်လာပါတယ်။ အရင်ကတော့ […]


“ရာဇဝင်ထဲကမယ်နုရဲ့ …………………”(အပိုင်းတစ်) မြန်မာရာဇဝင်အကြောင်းပြောမယ်ဆိုရင် အင်းဝ ကိုချန်ထားလို့မရပါဘူး။ အင်းဝ ပါမယ်ဆိုရင် သာမန်အရပ်သူကနေ မိဖုရားဖြစ်ခဲ့တဲ့မယ်နု မပါလို့မရပါဘူး။ မယ်နုပါမယ်ဆိုရင် သမိုင်းမှာ ပယ်ဖျက်လို့ မရခဲ့တဲ့ အမဲစက်တွေစွန်းပေနေတဲ့ မယ်နု ရဲ့ အုဌ်ကျောင်းမပါလို့မရပါဘူး။ သမိုင်းမှာ ဘယ်လိုဘဲ ဖြစ်ခဲ့ဖြစ်ခဲ့ မြန်မာ့အနုပညာလက်ရာတွေနဲ့ထုံမွှမ်းနေတဲ့ လှပတဲ့အဆင်တန်ဆာတွေနဲ့ရှိနေတဲ့ ဒီကျောင်းလေးကိုတော့ ဘယ်နှစ်ခေါက်ရောက်ရောက် ကြည့်စရာ မကုန်သလိုပါဘဲ၊။ ဒီကျောင်းကိုရောက်ပြီဆိုတာနဲ့ ရှေးရှေးတုန်းကဆိုတဲ့အတွေးဝင်လာရင် မယ်နုနဲ့ပါတ်သက်တဲ့ သူ့ဘဝအကြောင်းလေးတွေကို ပြန်သတိရမိတာအမှန်ပါဘဲ။ မယ်နုအကြောင်းတော့ ဖတ်ဘူးကြားဘူးကြမယ်ထင်တဲ့အတွက် ပြန်မပြောတော့ပါဘူး။ မရောက်ဘူးသူများအတွက် ပုံလေးတွေတင်ပေးလိုက်ပါမယ်။ ဟိုအရင်တုံးက “အင်းဝ” ကို မန်းလေးဘက်ကနေသွားမယ်ဆိုရင် အမရပူရ(တောင်မြို့)ကိုဖြတ် စစ်ကိုင်းတံတားနားရောက်ရင်စစ်ကိုင်းဘက်မသွားဘဲ တောင်ဘက်ကိုသွားတဲ့လမ်းလေးအတိုင်းလိုက်။ သာယာတဲ့တောတန်းလေးလိုဖြစ်နေတဲ့သစ်ပင်တွေအရိပ်အောက်မှာ ပါလာတဲ့စက်ဘီးတို့ ဆိုင်ကယ်တို့ကားတို့ ကိုအပ်။ ပြီးတာနဲ့လှေဆိပ်ကိုဆင်း။ ဒုဌဝတီမြစ်ကိုဖြတ်။ အင်းဝဘက်ရောက်တာနဲ့မြင်းလှည်းလေးတွေကအဆင်သင့်။ အခုခေတ်မှာတော့ တံတားဦးမြို့မှာလေယာဉ်ကွင်းပေါ်လာတော့ လမ်းအသစ်လဲဖောက်လိုက်ကြပါတယ်။ တောင်မြို့ကိုဖြတ် […]


(တောင်ပေါ်ကမြင်ရတဲ့ သီတဂူ) ပြီးခဲ့တဲ့ဒေဝါလီနေ့က စစ်ကိုင်းဘက်ကမိ်တ်ဆွေတစ်ယောက်က ကျနော်ကို စစ်ကိုင်းက သီတဂူဗုဒ္ဓတက္ကသိုလ်ကိုရောက်ဘူးလားလို့မေးတော့ ရှက်ရှက်နဲ့ဘဲမရောက်ဘူးဘူးလို့ဖြေရပါတယ်။ စစ်ကိုင်းတောင်ပေါ်ကိုသာအကြိမ်များစွာရောက်မိပါတယ်။ တောင်တက်လမ်းအစမှာရှိတဲ့ သီတဂူကိုမဝင်မိတာအမှန်ပါဘဲ။ တောင်ပေါ်ကနေဓါတ်ပုံရိုက်တဲ့အခါမှာ တောင်ခြေမှာရွှေတောင်ကြီးပုံထားသလို ရွှေရောင်တွေဝင်းနေတဲ့ ဆန်ချီ စေတီတော်ကြီးကိုမြင်မှသာ သီတဂူကိုသွားဘို့သတိရ။ ဒါပေမယ့်လဲတောင်အဆင်းလမ်းကနေပြန်တယ်ဆိုပြန်တော့ ထပ်မရောက်ဖြစ်။ (26-10-2011)နေ့မှာတော့ ကြိုတင်ရည်ရွယ်မထားဘဲရောက်သွားပါတယ်။ ကျနော်တို့ရောက်သွားတော့ မနက်(10)နာရီကျော်ကျော်။ နေတော့အတော်လေးပူနေပါပြီ။ နေပူနေတော့ အဝင်မုဒ်ဦးကို အထဲရောက်မှဘဲဓါတ်ပုံရိုက်ဖြစ်ပါတယ်။ ကောင်းမူ့တော်စေတီလို့ လုံးဝိုင်းဝိုင်းသဏ္ဍန်ရှိတဲ့ဂူဘုရားပုံစံဖြစ်ပါတယ်။ တံတိုင်းနှစ်ထပ်ရှိပါတယ်။ ပထမတစ်ထပ်ကအဝင်မှာ ဆင်းတုတော်တွေအများကြီး ဖူးမျှော်ရပါတယ်။ အတွင်းတံတိုင်းအတွင်းမှာတော့ မြောက်ဘက်ခြမ်းမှာစေတီတော်တွေရှိပါတယ်။ တံခွန်တိုင်က မားမားမတ်မတ်။ စေတီတော်ရဲ့အတွင်းမှာတော့ ဂူဘုရား။ ဂူဘုရားအတွင်းမှာတော့ သံဃာတော်များစာသင်ကြားတဲ့ခန်းမ။ အင်မတန်မှ သေသပ်တဲ့သစ်သား ပန်းပုလက်ရာများနဲ့ လှပတဲ့မီးပန်းဆိုင်းများကတော့ ကျနော်တို့ရဲ့ခေါင်းပေါ်က ခေါင်မိုးပေါ်မှာ။ စာသင်ခန်းမထဲမှာရှိတဲ့ ကျွန်းခုံများကလဲသေသေသပ်သပ်။ နံရံကပ်ကျွန်းပန်းပုလက်ရာကလည်း သေသပ်လှပ။ ဆရာတော်ကိုယ်တိုင် စနစ်တကျ ဒီဇိုင်းရေးဆွဲလို့တည်ဆောင်ထားတယ်လို့သိရပါတယ်။ နံရံမှာတော့ […]


“မုိုးညှင်းသမ္ဗုဒ္ဓေ” လွန်ခဲ့တဲ့ လေးလ လောက်က မုံရွာကိုနေ့ခြင်းပြန်သွားတော့ ငယ်ငယ်က မကြာခဏရောက်ဘူးတဲ့ “သမ္ဗုဒ္ဓေ”ဘုရားကို ဝင်ဘို့စိတ်ကူးရပါတယ်။ ဒါပေမယ့်အဲဒီနေ့ မုံရွာက ပြန်ထွက်လာတော့ ည(7)နာရီ ကျော်နေတော့ မဝင်ခဲ့ရပြန်ပါဘူး။ ဗောဓိတစ်ထောင်စေတီကြီးကို အခုတစ်ခေါက်သွားမှ ဖူးရပါတယ်ဆိုရင် ကျနော်မရောက်တာ အတော်ကြာပြီလို့ တွက်လို့ရနို်င်ပါတယ်။ မန်းလေးကအသွား လမ်းမြောက်ဘက်ခြမ်းမှာ ကြီးမားတဲ့ရပ်တော်မူ ရုပ်ပွားတော်ကြီုးကို ဖူးမြင်ရတာပါ။ သိပ်မကြာခင်“သမ္ဗုဒ္ဓေ”ကိုဝင်တဲ့လမ်းကလေး ကိုချိုးဝင်လိုက်တော့အရင်လွန်ခဲ့သောအနှစ်(၂၀)လောက်က ချောင်းဦးမှာရှိတဲ့သူငယ်ချင်းဆီကိုလာရင်း မြင်းလှည်းကလေးနဲ့ ဒီဘုရားကိုလာခဲ့ကြတာကိုပြန်သတိရမိပါတယ်။ ဒီကြားထဲမှာမုံရွာကို အကြိမ်ပေါင်းများစွာသွားခဲ့ပေမယ့် “သမ္ဗုဒ္ဓေ”ကို မဝင်ဖြစ်ခဲ့တာပါ။ ဟိုအရင်ကျနော် ၁၆နှစ်လောက်တုန်းက အရပ်ထဲကလူတွေနဲ့ကားစုငှား ပြီး ဖိုဝင်တောင်ရွှေဘတောင်ဖက်ထိ ခရီးစုသွားကြတော့ ဒီ“သမ္ဗုဒ္ဓေ”ရင်ပြင်တော်ပေါ်မှာ ကျနော်တို့ ဘုရားဖူးအဖွဲ့တွေဖျာတွေခင်းပြီးအိပ်ခဲ့ကြတာ ဒီဘုရားထဲမှာရှိတဲ့ငါးကန်ထဲကိုခြေချော်ကျမလိုဖြစ်တာတွေကို အတိအကျမဟုတ်ပေမယ့် ခပ်ရေးရေးမှတ်မိနေသလိုပါဘဲ။ အခုတစ်ခေါက်ကျနော်ရောက်တော့ အတော်လေးကိုမှောင်နေပါပြီ။ အချိုးကျနဲ့လှတဲ့ဆင်ရုပ်ကြီးနှစ်ကောင်က အရင်အတိုင်းမပြောင်းမလဲ။ တောင်ဘက်က ဆင် မြောက်ဘက်ကဆင် ဘုရားထဲဝင်တော့ […]


fattyNovember 2, 20111min014
ပထမဆုံးပုံ ကတော့ဆောက်ပြီးမြင်ရမဲ့ပုံပါ။ အဲဒီအဆောက်အဦက Junction Centre တခုဖြစ်ပါတယ်။ မြန်မာ့အသံရဲ့အနောက်ဖက် ယခင်ကြံ့တောသုသာန်ဝင်းအတွင်းဖြစ်ပြီး အခုတော့ ကားပွဲစားတန်းပေါ့။အဲဒီမှာဆောက်နေတာပါ။ အောက် ၃ ပုံကတော့ မြေနီကုန်း မီးပွိုင့်မှာရှိတဲ့ Dagon Centre ရဲ့တိုးချဲ့ အဆောက်အဦဖြစ်ပါတယ် ..။ စင်ကာင်္ပူကိုအမီလိုက်တော့မလားမသိ ..။ ပဲခူးမှာ international Airport ပြန်ဆောက်ပါမယ် ..။ ဘူတာကြီးကိုလဲ အရင်ရာထားတဲ့အတိုင်း ရွာသာကြီးဘက်ကိုပြောင်းပါမယ် ..။


Diamond KeyNovember 2, 20112min018
ကျွန်တော်တို့ ရန်ကုန်ရုံးက မိတ်ဆွေ၊ သူငယ်ချင်းတွေက မန္တလေးရောက်လာရင် ပြင်ဦးလွင်ကို ရောက်အောင် သွားချင်တယ်လို့ အမြဲဆိုကြတယ်။ မန္တလေးက မိတ်ဆွေ၊ သူငယ်ချင်းတွေကတော့ အားလပ်ရက်လေးများရရင် ချောင်းသာကို သွားကြတယ်။ ကိုယ့်ဒေသမှာ အမြဲမတွေ့ရတဲ့ ပတ်ဝန်းကျင် အခြေအနေဆိုတော့ နှစ်သက် သဘောကျ သွားချင်ကြတယ်လေ။ ချောင်းသာရောက်တော့တွေရတဲ့ ရေပြင်ကျယ်ကြီးတွေ၊ ရေထဲမှာ ပျော်ပျော်ပါးပါး ရေကစားရတာတွေကို သိပ်နှစ်သက် သဘောကျတယ်။ ဒီလို ရေပြင်ကျယ်မှာ ပျော်ပျော်ပါးပါး ရေကစားရတာတွေကို သိပ်နှစ်သက်တဲ့ သူတွေအတွက် ချောင်းသာ၊ ငွေဆောင်၊ ကမ်းသာယာ၊ ငပလီ တစ်မဟုတ်မှာ အလှမ်းမမှီတော့ အာသီသ ဖြေစရာ သိပ်ပူတဲ့ မန္တလေး ဒေသက အိုအေစစ်လေးတစ်ခုဖြစ်တဲ့ နေရာလေးတစ်ခုဆီ သွားပျော်နေကြလေရဲ့။ အဲဒီနေရာလေးကတော့ မန္တလေး – ပြင်ဦးလွင် ကားလမ်း ၁၆ […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း၂၅” (တမိုးတမြေအောက်က တောင်ကွဲစေတီ) ညနေလေးနာရီခွဲကျော်ကျော်လောက်မှာကျနော်မိတ်ဆွေရဲ့ကားလေးနဲ့ တောင်ကွဲစေတီဘက်ကိုသွားခဲ့ပါတယ်။ ဟိုးအရင်ကတည်းက သီချင်းထဲမှာကြားခဲ့လို့ရောက်ဘူးချင်ခဲ့တဲ့နေရာလေးလဲဖြစ်ပါတယ်။ ဒါပေမယ့်သွားဘို့မကြုံတော့ မဆုံခဲ့ရပါဘူး။ အခုမှမထင်မှတ်ဘဲရောက်ခဲ့ပြန်တော့ အိပ်မက်လိုပါဘဲ။ မိတ်ဆွေရဲ့ကားလေးက တောင်ကွဲစေတီနဲ့မျက်နှာချင်းဆိုင်အရပ်ကနေလာနေတော့ တရွှေ့ရွှေ့နဲ့ နီးနီးလို့လာသလိုပါဘဲ။ ဘုရားအဝင်ဝရောက်တဲ့အခါကျနော်ကားပေါ်ကဆင်းလိုက်ပါတယ်။ အနီးကပ်မြင်ရတဲ့ကျောက်တောင်ကြီးကိုအံ့ဩငေးမောရင်းနဲ့ပေါ့။ တောင်ပေါ်ကနေမြင်ရတဲ့ မြို့မြင်ကွင်းကတော့ လှပပါတယ်။ အောက်ကနေလှမ်းကြည့်တဲ့အခါ တောင်ပေါ်မှာတော့ ရွှေရောင်းဝင်းနေတဲ့စေတီလေးတွေက အစီအရီ။ ဘုရားအရှေ့ဘက်ကနေပါတ်သွားပြီးကြည့်လိုက်တဲ့အခါမှာတော့ မဲနက်နေတဲ့ကျောက်တောင်ပေါ်ကိုတက်ဘို့လှေခါးထစ်ကလေးတွေကအစီအရီ။ မော်ကြည့်လိုက်တဲ့အခါမှာတော့ ကွဲနေတဲ့တောင်ခြမ်းနှစ်ခုကို စလက်ပြင်လောင်းထားတဲ့အပေါ်မှာ အဆောက်အဦတွေကိုမြင်နေရပါတယ်။ အသေအချာကြည့်တော့ တောင်အကွဲပေါ်မှာ ဇရပ်ကလေးဆောက်ထားပါတယ်။ နောက်မှနှစ်ယောက်သားဓါတ်လှေကားဘက်ကိုသွားလို့ တောင်ပေါ်တက်ကြပါတယ်။ ဓါတ်လှေကားနဲ့ဘုရားဘက်ဆက်ထားတဲ့ စင်္ကြံလမ်းကနေလျှောက်ရင်း ဘေးတစ်ဖက်တစ်ချက်ကို လှမ်းကြည့်တဲ့အခါအတော်လေးသာယာတဲ့မြင်ကွင်းကိုတွေ့လိုက်ရပါတယ်။ ကောင်းကင်မှာမိုးတိမ်ညိုတွေရှိနေတာကြောင့်အဝေးကတောင်တန်းမှာနေရောင်ရှိတဲ့နေရာကရှိ အလင်းရိပ်ကျတဲ့နေရာက ကျလှပလွန်းလှပါတယ်။ တောင်ရဲ့အောက်ဖက်ကိုငုံ့ကြည်မိမှ အတော်မြင့်တယ်ဆိုတာ သိလာရပါတယ်။ တောင်ခြေမှာမြင်နေရတဲ့ ကိုရင်လေးတွေကို သေးသေးလေးဘဲမြင်ရလို့ပါ။ တောင်ပေါ်မှာတော့ရွှေရောင်ဝင်းတဲ့စေတီ။ ကျောက်တောင်တွေကလဲအထစ်ထစ်နဲ့ ကြမ်းရှရှ။ တောင်ပေါ်ကိုတက့်တဲ့လှေခါးထစ်ကလေးတွေကလဲ ခပ်မတ်မတ်။ တကယ်လို့များ […]