“နံနက်ခင်းမြူများကြားကရန်ကုန်…………………”(အပိုင်းနှစ်) နောက်နေ့မနက်ရောက်တော့ ပထမနေ့ကသွားခဲ့တဲ့လမ်းကိုပြောင်းပြန်ပါတ်ပါတယ်။ ကျနော်တည်းတာက ကုန်းကျော်တံတားအောက်မှာ။ အဲတော့ အိမ်ကနေတောင်ဖက်ကို လမ်းလျောက်ပါတယ်။ လမ်းအရှေ့ဖက် က တိုင်ကြီးထောင်ထားတဲ့ ဝင်းကြယ်ကြီးထဲမှာ ကျနော်လို့ချင်တဲ့ မြူငွေ့တွေ အတန်းလိုက်ကြီး။ ဒါပေမယ့်မကျူးကျော်ရလို့ဆိုထားတော့ အထဲဝင်ရိုက်ချင်လို့မရပြန်ပါဘူး။ အထဲမှာရှိတဲ့မြူငွေ့တွေလဲရိုက်ချင်ဆိုတော့ အတော်လေးအခက်တွေ့ပါတယ်။ အဲဒါနဲ့ဘဲ နည်းနည်းမြင့်တဲ့နေရာလိုက်ရှာတော့ မြေစာပုံလေးကို တွေ့တော့ အဲဒီအပေါ်တက်ရိုက်တာ စိတ်တိုင်းကျတဲ့လိုချင်တဲ့ပုံလေးတွေရလိုက်ပါတယ်။ နောက်ဆက်လျှောက်သွားရင် ဂေါက်ကွင်းနားရောက်တော့ ကွင်းပြင်ထဲမှာ နှင်းငွေ့တွေဝဲနေတာကို မြင်ရတော့ ဝင်ပြီးလက်ဆော့ မိပါတယ်။ အဲတော့………………….. ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (25-1-12)
