1 လှေခါးအတက်လမ်းမှာ နေရောင်အလင်းတန်းခတော့ ……………     “ရူ့ဘွယ်စုံညီ ရန်ကင်းတောင်တော်မဟီ…………………….. အပိုင်းသုံး”   ရန်ကင်းတောင်အတွင်းက နေ တောင်ဘက်လှေခါးအတိုင်းအပေါ်တက် လိုက်တဲ့အခါ အဝေးကမြင်နေရတဲ့ တည်ဆောက်လက်စ ဘုရားကြီးကို အနီးကပ် ဖူးမျှော်ရပါတယ်။ အနောက်ဘက်လှေကားကနေဆင်းကြည့်လိုက်တော့ ဇရပ်အဆောင်ဆောင်တွေ ကနေ မြင်ရတဲ့မြင်ကွင်းကလှပါလွန်းပါတယ်၊ မြကျောက်စေတီတော် ပုသိမ်ကြိးဘက်က လယ်ကွက်(မိုးတွင်းဆို စပါးခင်းစိမ်းစိမ်းနဲ့ပိုလှပါတယ်) အဝေးက လမ်းကလေးတွေ ထန်းပင်အုပ်တွေနဲ့မြင်ရတာရူ့မညီးစရာ။ ကဲ ပြောနေရင်ကြာပါတယ် တစ်ခေါက်လောက်တက်ကြည့်လိုက်ကြရအောင်ဗျာ။   ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့ (30-1-2012)


black chawFebruary 2, 20126min044
မနေ့က ည ရ နာရီလောက် ရန်ကုန်ကိုအလည်လာတဲ့ နယ်က ဆွေမျိုးတွေလိုက်ပို့ရင်း ရွှေတိဂုံဘုရားကို ရောက်ပါတယ်။ နှစ် ၂၆၀ဝ ပြည့်ပွဲအတွက် စေတီငယ်တွေမှာ လျှပ်စစ်မီးတွေ သွယ်တန်းထားတာ တော်တော်လှနေလို့ ဓါတ်ပုံလေးတွေ ရိုက်လာခဲ့တာပါ။ ရင်ပြင်တော်ပေါ်မှာတွေ့တဲ့ နိုင်ငံခြားသားတွေကိုလည်း အမှတ်တရ ခွင့်တောင်းပြီး ဓါတ်ပုံလေးတွေ ရိုက်လာခဲ့ပါတယ်။ ကလေးလေးတစ်ယောက် မိသားစုနဲ့ ကွဲပြီးအော်ငိုနေတာတွေ့လို့ ကူညီပေးလိုက်ရပါသေးတယ်။ ဒီလောက်ကလေးတွေ ခိုးနေတယ်လို့ သတင်းကြီးနေတဲ့အချိန်မျိုးမှာ ကလေးငယ်လေးတစ်ယောက်ကို ဘုရားပေါ်မှာ တစ်ယောက်တည်းကျန်ခဲ့လောက်အောင် အာရုံများသော မိဘများကို ဘယ်လိုနားလည်ရမလဲ မသိပါ။ သတင်းပေးချင်တာကတော့ ရွှေတိဂုံဘုရား နှစ် ၂၆၀ဝ ပြည့်ပွဲတော်ကြီးကို (၂၂-၂-၂၀၁၂ မှ ၇-၃-၂၀၁၂) အထိကျင်းပ တော့မှာဖြစ်ပါတယ်။ အခုရက်ပိုင်း ညဘက် အချိန်အားလေးများရှိလျှင် ရွှေတိဂုံဘုရားကို အရောက်သွားဖူးကြဘို့ ရွာသူရွာသားတွေကို တိုက်တွန်းပါရစေ။ […]


“အဟောင်းတွေကိုပြန်သစ်စေတဲ့ မန်းလေးက…………….”   တစ်ရက်မိတ်ဆွေတစ်ယောက် မန်းလေးစက်မူ့မြို့သစ်ထဲက ဘုန်းကြီးကျောင်းမှာလုပ်ပါတယ်။ သူပြောတဲ့ကျောင်းနာမယ်က “ဘုံပျံတောရ”။ ကိုယ်ကလဲ စက်မူ့သွားနေကျ ဒီကျောင်းအမည်ကိုလဲသိနေတော့ အေးလာခဲ့မယ်ပေါ့။ တကယ်သွားလဲသွားရော “ဘုံပျံတောရ”ဆိုတာက ကျောင်းကြီးတစ်ခုလုံးနာမည်ဖြစ်နေပါတယ်။ အဲဒီထဲကမှ ကျောင်းတိုက်ခွဲလေးတွေအများကြီး။ ဒါနဲ့သူ့ကိုဖုန်းဆက်မေးတော့ မှသူက နာမည်ပြော။ ကိုယ်အမှားပါ ဖိတ်စာကို အဆုံးထိ မဖတ်ခဲ့မိတာလေ။ သူပြောတော့ အဟုတ်တစ်ကယ်ရှာပြန်တော့ ကျောင်းမတွေ့။ လမ်းမှာတွေ့သူကိုမေးပြီးသူပြောတဲ့အတိုင်းသွားတော့ လမ်းပိတ်ကြီးဖြစ်နေပါတယ်။ နောက်ဟိုဝင်ဒီထွက်နဲ့လမ်းတွေမှားသွားရင်းကနေ မန်းလေးမြို့က အမိူက်အဟောင်းအစုတ်တွေထဲက နေအကောင်းဖြစ်စေတဲ့ ပစ္စည်းများဖြစ်အောင်ဆောင်ရွက်ပေးနေတဲ့ အဖွဲ့ကြီးကို ဘွားကနဲတွေ့လိုက်ရပါတယ်။. လမ်းဘေးမှာ ပုံထားတဲ့ပစ္စည်းကြည့်ရုံနဲ့တင်လုပ်ငန်းကြီးတယ်ဆိုတာသိနိုင်ပါတယ်။ အလားကားလွင့်ပစ်ရတာကို လူသုံးကုန်ပစ္စည်းဖြစ်အောင်ဖန်တီးတာကိုတော့ လုံးဝကို လေးစားမိပါတယ်။ တကယ်လို့သာ ဒီလိုအဟောင်းကိုပြန်သစ်တဲ့လုပ်ငန်းကိုအခုလိုလမ်းဘေးမှာ ဖြစ်သလိုလုပ်နေတာကနေ စက်ရုံအလုပ်ရုံလုပ်ငန်းလို စနစ်တစ်ကျလုပ်နိုင်မယ် ဆိုရင်ပိုကောင်းမယ်လို့တွေ့းမိပါတယ်။     ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့ (2-2-2012)


  “ရန်ကင်းတောင်တော်အတွင်းက ငရံ့မင်းသုံးဆူ………………….. အပိုင်းနှစ်” ရန်ကင်းတောင်အတက်က မတ်စောက်သလို အဆင်းကလဲမတ်စောက်ပါတယ်။ တောင်ဘက်ကလှေခါးထစ်ကပိုကျယ်ပြီး မြောက်ဘက်လှေကားထစ်က ပိုပြီးမတ်စောက် သလိုကျဥ်းလဲကျဥ်းမြောင်းပါတယ်.။ သဘာကျောက်ဆောင်ရဲ့လှိုဏ်ဂူထဲမှာဖြစ်တာကြောင့်အတွင်းထဲမှာအေးမြငြိမ်းချမ်းပါတယ်။. အထဲက ကျောက်တောင်တွေထဲမှာ ငရံ့မင်းကသုံးဆူ ရွှေရောင်တွေဝင်းလက်လို့။ နံဘေးမှာက မတ်တတ်ရပ်ကိုယ်တော်က တစ်ဆူ။ အတွင်းထဲမှာဆင်းတုလေးက နှစ်ဆူ။ ရွှေမောင်းကတစ်လုံး။ သံဃာတော်နှစ်ပါးက အလှူငွေထည့်ချင်သူများအတွက် အဆင့်သင့်။ လှိူဏ်ထဲကို နေခတော့ အမွှေးတိုင် ဖယောင်းတိုင်တွေကထွက်လာတဲ့ မီးခိုးတန်းများကလှပ။ ကဲ…………………ခံစားသာကြည့်လိုက်ပါတော့နော်   ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့ (31-1-2012)


“ရွှပ်ကနဲ နေပြည်တော်ဲ” အလုပ်ကိစ္စပေါ်လာတာနဲ့ မနက် 7နာရီကားနဲ့နေပြည်တော်ကိုသွားဘို့စီစဉ်ရပါတယ်။ မနက်ခြောက်နာရီလောက် အိမ်ထွက် မုန့်စား။ ခြောက်ခွဲလောက် ကားဂိ်တ်ရောက်ပါတယ်။ အားနေတော့ ကျွဲဆည်ကန်ကားဝင်းထဲက ဈေးသည်လေးတွေကို လိုက်ဓါတ်ပုံရိုက်တာပေါ့။ မနက်7နာရီအတိမှာကားထွက်ပါတယ်။ အခုခေတ်ခရီးသွားရတာ အမြန်လမ်းတွေပေါ်လာတော့ အတော်လေးအဆင်ပြေပါတယ်။ မြို့တွေထဲက နေဖြတ်မသွားတဲ့အတွက်အချိန်မကုန်ဘူး။ ဒါပေမယ့် ဒေသန္တရ ဗဟုသုုတတော့ မရတော့ဘူးပေါ့။ အမြန်လမ်းဆိုတာက ဘာမှ မရှိတဲ့လွင်တီးခေါင်ထဲမှာ ခရီးသွားရသလိုပါဘဲ။ အမြန်လမ်းက ကောင်းတော့ ကားဆရာမြန်မြန်မောင်းတာပေါ့။ ကျနော်တို့စီးတဲ့ကားကတော့ တစ်နာရီမိုင်ရှစ်ဆယ်ထက်ပိုမမောင်းရလို့စာကပ်ထားတဲ့ အတိုင်းမောင်းပါတယ်။ လမ်းခရီးကတော့ မြူတွေဆိုင်းနေလို့ ကြည့်ရတာအလွန်လှပါတယ်။ နောက် မိထ္တီလာမှာကားခဏနားပါတယ်။ နာရီဝက်နေတော့ ဆက်ထွက်။ 11နာရီကျော်ကျော်လောက်နေပြည်တော်မြို့မဈေးရောက်ပါတယ်ဒ ကားဂိတ်မှာဘဲ ညနေအတွက်အပြန်လက်မှတ်ဖြတ်တော့ ရှေ့ပိုင်းမရတော့ဘူးဆိုတာနဲ့ ခုံနံပါတ်လေးဆယ်ကိုဘဲယူလိုက်ရပါတယ်။ အချိန်ကတော့ ညနေခြောက်နာရီကားပါ။ (အဲဒီမှာတစ်ခုသိလိုက်ရတာက ကားတွေက အမြန်လမ်းကသွားရှိသလို ပုံမှန်လမ်းကသွားတဲ့ကားလဲရှိတယ်ဆိုတာပါဘဲ။ အမြန်လမ်းကတော့ ခဏနဲ့ရောက်ပါတယ်။ ပုံမှန်လမ်းကတော့ […]


“ငရံ့မင်းစံတော်မူရာ ရန်ကင်းတောင်တော်”     “ငရံ့မင်းစံတော်မူရာ ရန်ကင်းတောင်တော် အပိုင်းတစ်”   မန်းလေးမြို့က တောင်တွေဝန်းရံထားတဲ့မြို့လေးတစ်မြို့ဖြစ်ပါတယ်။ အရှေ့ဘက်မှာရှမ်းရိုးမ အနောက်ဘက်မှာ မင်းဝံတောင်တန်း။ မန်းလေးမြိုရဲ့ အထင်ကရတောင်နှစ်တောင်ရှိပါတယ်။ မန်းလေးမြို့မြောက်ဘက်မှာရှိတဲ့ မြွေကြီးနှစ်ကောင် အလည်လာဘူးတဲ့မန်းလေးတော်တော်နဲ့ ငရံ့မင်းသုံးကောင်ကိန်းဝပ်တော်မူတဲ့ရန်ကင်းတောင်တော်တို့ပါဘဲ။ မန်းလေးမှာ မိုးခေါင်လို့ ရာသီဥတုများပူပြင်းခဲ့ရင် ဒီငရံ့မင်းတွေကို ပင့်ဆောင်ပြီး ငရံ့မင်းပရိတ်ကိုရွတ်ဖတ်ရင်း မြို့ထဲမှာလှည့်ပေးရင် မိုးရွာတယ်လို့ မန်းလေးမြို့သူမြို့သားများက ယုံကြည်ကြပါတယ်။ တိုက်ဆိုင်တယ်ဘယ်ပြောပြော ဘာပြောပြော မိုးခေါင်ချိန်များ ငရံ့မင်းလှည့်ရင်မိုးရွာတာ အမှန်ပါဘဲ။   ဒီရန်ကင်းတောင်ကြီး ကတော့ မန်းလေးမြို့ အရှေ့ဘက်ကျုံးရောက်ရင်  19လမ်အတိုင်း အရှေ့ဘက်ကို တည့်တည့်သွား အောင်ပင်လယ် လယ်ကွင်းတွေရဲ့အဆုံး ပုသိမ်ကြီးမြို့လေးကိုလွန်သွားတာနဲ့ ရန်ကင်းတောင်ကြီးကိုဘွားကနဲ့တွေ့ရမှာအမှန်ပါဘဲ။ အရှေ့ဘက်စောင်းတန်းကတော့ အတက်လမ်းမတ်စောက်ပါတယ်။ တော်ရုံဇွဲနဲ့မတက်နိုင်ပါဘူး။ အခုတောင်အရှေ့တောင်ဘက်ခြမ်းကနေပြီး ကျောက်လမ်းဖောက်ထားတော့ ဆိုင်ကယ်ကား တက်ရလွယ်သွားသလို ခြေလျင်တက်ရင်လဲ နာရီဝက်လောက်တက်ရင်ရောက်ပါတယ်။ […]


black chawJanuary 31, 20124min054
မနေ့က ကျွန်တော်တင်ခဲ့သော ဒဂုံ တက္ကသိုလ် ပို့စ်မှာ သူကြီး ပေးခဲ့သော ကွန်းမန့်အတွက် ဒီနေ့ ကျွန်တော် နာမည်ကျော် သမိုင်းဝင် မူလလက်ဟောင်း ရန်ကုန်စက်မှုတက္ကသိုလ် ကြီးထဲသို့ ယောင်လည်လည် နှင့် အရောက်သွားခဲ့ပါသည်။ ယောင်လည်လည် နှင့်ဆိုတာ စက်မှုတက္ကသိုလ်ထဲသို့ ကျွန်တော်တစ်ခါမှ မရောက်ဘူးသောကြောင့်ဖြစ်ပါသည်။ ကျောင်းကြီးက ကျွန်တော်ထင်ထားတာထက် ခမ်းနားကြီးကျယ်လွန်းလှပါသည်။ သူကြီးပြောခဲ့သော စွယ်တော်ပင်တွေကတော့ နာဂစ်ရဲ့ နှိမ်နင်းခြင်းကို ခံရကာ တစ်ပင်တစ်လေတောင် မတွေ့ရတော့ပါ။ သို့သော် ဆိုဗီယက်ခေတ် လက်ရာတစ်ခုဖြစ်သည့် ရန်ကုန်စက်မှုတက္ကသိုလ် ကြီးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ဓါတ်ပုံ ရိုက်ခဲ့ပါသည်။ မြန်မာပြည်ထဲမှ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းဆင်းများ နှင့် ပြည်ပရောက် ရန်ကုန် စက်မှု တက္ကသိုလ် ကျောင်းဆင်းများ အားလုံးအတွက် အလွမ်းပြေ ပေါ့ခင်ဗျာ။ ှု


ba gyiJanuary 30, 20122min017
စစ်ကိုင်း၊မုံရွာ ဘက်မှ မြန်မာ့အမွေအနှစ်များနှင့် ၊အံ့ဩဘွယ်ရာဖြစ်ရပ်များ။(ဒုတိယပိုင်း) ( ၇. ဝ၁. ၂၀၁၂ ) ရက်နေ့မှာ၊ဝန်ထမ်း ဆုပေးပွဲပြီးတော့၊ မုံရွာဘက်ခရီးဆက်ခဲ့ပါတယ်၊ လမ်းမှာမနေ့ကကျန်တဲ့စစ်ကောင်းကောင်းမှုတော်စေတီတော်ကြီးကိုဝင်ရောက် ဖူးမျှော် ကြည်ညိုခဲ့ပါတယ်၊ လက်ယာရစ်တစ်ပါတ်ပြည့် အောင် ပတ်လျှင် မိခင်ရဲ့နို့တစ်လုံးဘိုးကျေတယ်ဆိုတာလည်ူးကြားခဲ့ရပါတယ်။ အဲ့သည်ဘုရားပရဝုဏ် ထဲဝင်တော့၊ယူနီဖေါင်းဆင်တူရာ ဝတ်ထား တဲ့ လူငယ်အုပ်စုတွေ သုံးစုလောက်တွေ့ရပါတယ် ၊တစ်အုပ်စုအရောင်တစ်မျိုးနဲ့၊မိန်းကလေး၊ယောက်ကျားလေးတွေအများသားပဲ၊  တော်တော်ပျော်ပြီး အော်ကြ ဟစ်ကြ နောက်ကြပြောင်ကြပေါ့၊တစ်ဝင်းလုံး ဆူညံဘွတ် ကလောနေကြတာ၊မေးကြည့်တော့ မန္တလေး၊ဘက်က ဘော်ဒါဆောင်တွေ မှ ကျောင်းသားတွေတဲ့ဗျား။ စစ်ကိုင်း ကောင်းမှုတော်စေတီကြီး ကိုယခင် ဓါတ်ပုံတွေအရ ထုံးဖြူဖြူ သင်္ကန်းကပ်ထားတာတွေ့မြင်နေကျ ဆိုတော့ယခု ရွှေသင်္ကန်းကပ်ထားတော့ မြင်ကွင်း တစ်မျိုးကြီးတော့ဖြစ်သား၊ ဒါပေမည့်လည်း ကြည်ညိုစရာကောင်းပါတယ်ဗျား။ ထုံးဖြူဖြူမှ ရွှေရောင်အတိဖြင့် ကြည်ညိုလှသော၊ကောင်းမှုတော်စေတီတော်ကြီး။ ကောင်းမှုတော်ဘုရားကြီးကိုကြည်ညိုကြပြီး၊ခရီးဆက်ခဲ့ကြပါတယ်၊ မြင်းမူမြို့အဝင် ညောင်ပင်ဝန်း  ဆိုတဲ့ […]


black chawJanuary 30, 20124min020
ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ နှစ်ရက်လုံး ကျွန်တော် အနားမရခဲ့ပါဘူး။ စနေနေ့မှာ သူငယ်ချင်းတစ်ယောက် ရဲ့ သမီးလေး ဒဂုံတက္ကသိုလ်မှာ ဘွဲ့ယူလို့ အကူအညီတောင်းသဖြင့် လိုက်ပို့ခဲ့ရပါသည်။ ခေတ်သစ်ဘွဲ့နှင်းသဘင် ယဉ်ကျေးမှုတစ်ခုကို ရွာသူရွာသားတွေလည်း သိထားရအောင် ဓါတ်ပုံလေးတွေ ရိုက်လာခဲ့ပါတယ်။ ဒဂုံတက္ကသိုလ် ကျောင်းသားကျောင်းသူဟောင်းတွေလည်း အလွမ်းပြေပေါ့ဗျာ။ ရန်ကုန်တက္ကသိုလ် ကို ကန့်ကော်တောလို့ ခေါ်ကြတယ်ဗျ။ ဒဂုံတက္ကသိုလ်ကိုတော့ စွယ်တော်ရိပ်လို့ အမည်ပေးသင့်တယ်။ တကယ်ကို စွယ်တော်ပင်တွေ ကြီးပဲ တွေ့ခဲ့ရလို့ပါ။ လှတယ်ထင်လို့ ရိုက်ခဲ့တဲ့ စွယ်တော် ရွက်ကလေးတွေပါ။ ဒါက စနေနေ့မှာ ရောက်ခဲ့တဲ့ ဒဂုံတက္ကသိုလ်ထဲမှာ ရိုက်ခဲ့တာပါ။ တနင်္ဂနွေ နေ့ မနက်စောစောမှာတော့ သုံးဆယ် ဆရာတောကြီး ရှိနေတဲ့ ရန်ကုန်-ပြည်လမ်းနံဘေးက သုံးဆယ်မြို့လေးဆီ မိသားစုလိုက် ချီတက်ခဲ့ကြပါတယ်။ ဆရာတော်ကြီးကို ဖူးမျှော်ဘူးသူတွေလည်း […]


  “ရှေးကတည်းက ရှိခဲ့တဲ့ ရန်ကုန်မြို့က ဘုရားနဲ့အဆောက်အဥိ်”   အခုတစ်ခေါက်ရန်ကုန်ရောက်တော့ နေရာတော်တော်များများကိုရောက်ပါတယ်။ ဆူးလေ ဗဟိုတရားရုံး မြို့တော်ခန်းမ  ဗိုလ်တစ်ထောင်  ဆိုတာတွေကရှေးကတည်း ကရှိခဲ့တဲ့အဆောက်အဥိတွေပါဘဲ။ ဒါပေမယ့် ရောက်ခဲတဲ့ ကျနော်အမြင်မှာ မြို့လည်ခေါင်က ရှိတဲ့ အဆောက်အဥိတွေထဲမှာ ကျနော်မြင်ခဲ့ဘူးတဲ့ အဆောက်အဥိတွေ ဘုရားတွေက အခုထိ ပုံမပျက်ရှိနေသေးတာ ဝမ်းသာစရာ။ မန်းလေးဘူတာကြိးကတော့ ဝမ်းနည်းစရာပုံပြောင်းသွားပေမယ့်ရန်ကုန်ဘူတာကြိးကတော့ ရှေးမူမပျက်ရှိမြဲ ရှိဆဲ။ ကဲလက်ဆော့ထားတာလေးတွေ မျှဝေပေးလိုက်ပါတယ်။   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (29-1-2012)  


        အခုရက်ဟိုဟိုဒီဒီသွားရင်းနေရောင်ခလို့လှပနေတာလေးတွေတင်ပေးလိုက်ပါတယ်။   ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့ (29-1-2012)  


  “သမိုင်းအဖြစ်မှန်ကို သက်သေခံနေတဲ့…………” မင်းကွန်းကိုရောက်သွားတော့ ကမ်းမကပ်ခင်ကတည်းကမြင်ရတာကတော့ ပြိုကျပျက်စီးနေတဲ့ ခြင်္သေ့ကြီးတွေပါဘဲ။ ငယ်စဉ်ကလေးဘဝကတည်းက မြင်ခဲ့ဘူးတော့ မဆန်းပေမယ် ဘယ်အချိန်ကြည့်ကြည့် ထူးနေပါတယ်။ ဒီတစ်ခေါက် မင်းကွန်းရောက်တော့ တစ်ခါမှလက်တွေ့ဓါတ်ပုံမရိုက်ဘူးသေးတဲ့ မင်းကွန်းဒေသကိုလက်ဆော့ လို့မဝနိုင်အောင်ပါဘဲ။ အဲဒီမှာ “ဟိုတစ်ဘက်ကမ်းကို ခုန်ကူးတော့မယ့် အတိုင်းပါဘဲဘုရား”လို့ မင်းလို လိုက်မင်းကြိုက်ဆောင်ခဲ့ရတဲ့ အမတ်ကြီးဦးပေါ်ဦးရဲ့ရင်ထဲမှာရှိနေတဲ့ တကယ့်အဖြေ(ရေထဲကို ခုန်ဆင်းတော့မယ့်အတိုင်းဘဲ)လို့ပြောနေသံကို ပြန်ကြားလာရအောင် ဒီခြင်္သေ့အပျက်နှစ်ကောင်က ပြောနေသလိုပါဘဲ။ အခုခြင်္သေ့နောက်ပိုင်းပုံတင်လိုက်တော့ အရီးလတ်က ရှေ့ပိုင်းပုံလေးကြည့်ချင်ပါတယ်ဆိုတာကြောင့် တင်ပေးလိုက်ရပါသဗျာ။ တကယ်တော့ ဒီပုံတွေက သမိုင်းရဲ့ ့သက်သေခံပစ္စည်းတွေဆိုရင်လဲ မမှားပါဘူးနော်။     ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့ နဲ့ အတွေးပါးပါးလေး (28-1-2012)