“နေ့အလင်းနဲ့ ငွေရောင်လက်နေတဲ့ရွှေတိဂုံ “ အပိုင်းနှစ်   တစ်ရက် မိတ်ဆွေတွေနဲ့ချိန်းထားတာ နေ့လည်11နာရီခွဲ။ အဲဒါအိမ်ကထွက်လာတာစောနေတော့ မဒမ်ပေါက်နဲ့ရွှေတိဂုံဘုရားကို တက်ခဲ့ကြပါတယ်။ ဘုရားပေါ်ရောက်တော့ မဒမ်ပေါက်က ဘုရားကန့်တော့နေချိန်ကျနော်က လျောက်ကြည့်ရင်း လက်ဆော့ပါတယ်။ ကောင်းကင်ပြာပြာနောက်ခံထားလို့ ဓါတ်ပုံတွေလိုက်ရိုက်ပါတယ်။ အဲဒီနေ့က ဆောင်းဆိုပေမယ့် နေအလင်းရောင်က အတော်လေးပြင်းပါတယ်။ ဓါတ်ပုံကို တော်တော်များများရိုက်ပြီး ချိန်းထားတဲ့အချိန်နီးမှ ဘုရားပေါ်ကဆင်းလာခဲ့ပါတယ်။ အဲဒီဓါတ်ပုံတွေကို အင်တာနက်ဆိုင်ရောက်လို့ပြန်ဖွင့်ကြည့်မှ အချို့သောပုံတွေက ငွေရောင်ပြောင်းနေတာကိုတွေ့ရပါတယ်။ မန်းလေးဂေဇက်မှာ တင်ပေမယ့် တစ်ပုံဘဲတင်လို့ရပါတယ်။ အခုမန်းလေးပြန်ရောက်မှ အားလုံးပြန်တင်ပေးလိုက်ပါတယ်။     ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (17-1-12)                


        “နံနက်ခင်းအရုဏ် ကြည်နူးဘွယ်စုံသော…………………..ရွွှှေတိဂုံစေတီရင်ပြင်မှ”   ရန်ကုန်ကိုရောက်ရောက်ခြင်း ရွှေတိဂုံဘုရားနားက မိတ်ဆွေကိုအရင်သွားတွေ့မိပါတယ်။ သူနဲ့ထိုင်စကားပြောနေရင်း အရုဏ်တက် ရွှေတိဂုံဘုရားကို ဓါတ်ပုံရိုက်ဘူးလားမေးတော့ “ဟင့်အင်းပေါ့” အဲဒါနဲ့သူက ရိုက်သင့်တယ်နော်လို့ပြောတာနဲ့နောက်နေ့မနက်စောစောရိုက်မယ်လို့ပြောလိုက်ပါတယ်။ ဖြစ်ချင်တော့ အဲဒီနေ့ကဘတ်စ်ကားစီးလာတာ ဆူးလေထိပါသွားပါတယ်။ အဲဒါနဲ့ဆူးလေက နေကားပြန်စီးပြီး ရွှေတိဂုံကိုပြန်လာပါတယ်။ အဲဒါနဲ့ဘဲလမ်းကြားထဲကနေဖြတ်ပြီးအလာမှာ ရွှေရောင်တွေဝင်းလက်နေတဲ့ စေတီတော်ကိုဖူးမျှော်ရပါတယ်။ ဒါနဲ့ဘဲရင်ပြင်တော်ပေါ်ကို လမ်းလျှောက်ပြီးတက်လာခဲ့ပါတယ်။ ရင်ပြင်တော်ပေါ်ရောက်တဲ့အခါ အေးငြိမ်းခြင်းရဲ့ ရသ ကို အပြည့်အဝခံစားရပါတယ်။ နောက်တော့လဲ မြင်သမျှ ကို လက်ဆော့ရင်း လှတယ်ထင်တာလေးတွေကို မျှဝေပေးလိုက်ပါတယ်။     ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (17-1-12)                


“အာရုဏ်ဦးနေခြည် ကန်ရေပြင် စိမ်းညို့ ကြာပန်း”(အပိုင်းသုံး)     ကျနော့်အိတ်ထဲက ဖုန်းလေး က အသံမြည်လာတော့ ကျနော်နဲ့ချိန်းထားတဲ့သူကသူလာတော့မယ်ဆိုတာကို လှမ်းအကြောင်းကြားတာပါ။ အဲဒါနဲ့ အခု ကရိဝိက်ထပ်ဖြားမှာရောက်နေတယ် လက်စသပ်ပြီးထွက်ခဲ့မယ်လို့ပြောလိုက်ပါတယ်။ ဒါနဲ့ဘဲ ကန်တော်ကြီးအရှေ့ဘက်ကနေ အနောက်ဘက်ကို ပြန်လှည့်လာခဲ့ပါတယ်။ ကန်အလည်မှာတော့ ကြာဖက်တွေက ရေလည်မှာ ဖြန့်ခင်း။ သူ့အပေါ်မှာတော့ ရေစက်ရေပေါက်တွေ ကို ထမ်းထား။ နီစွေးစွေးကြာပန်းလေးတွေကလဲ အရိုးထောင်ထောင်နဲ့လှပ။ ရန်ကုန်ကန်တော်ကြီးကတော့ ကန်လည်မှာတံတားလေးတွေခင်းထားတော့ လမ်းလျှောက်ရတာ အဆင်ပြေပါတယ်။ မန်းလေးကန်တော်ကြီးကတော့ ကန်ပါတ်လမ်းကဘဲလျှောက်လို့ရပါတယ်။ ရန်ကုန်မှာတော့ ကန်ရေပြင်မှာ ရွှေတိဂုံဘုရားအရိပ်ထင်နေတာသပ္ပါယ်။ မန်းလေးကန်တော်ကြီးကတော့ အဝေးမှာလှမ်းဖူးမျှော်စရာ မဟာမုနိ။ ရန်ကုန် ကန်တော်ကြီးကတော့ ကရိဝိက်ကတော့ နှစ်ကောင်တွဲခန့်ခန့်ထည် အရှေ့ဖက်ခြမ်းမှာ။ မန်းလေး ကရိဝိက် (ပြည်ကြီးမွန်) က တော့ အနောက်ဖက်ခြမ်း မမြလေးဘုရားနားမှာ။ ရန်ကုန်ကန်တော်ကြီးက […]


“မျိုးကြီး မသွားချင်ဘူးဆိုတဲ့နေရာ အမှတ်တစ် “ (သစ်ပင် ကြာပန်း နဲ့ရေပြင် တင်ကျန်တဲ့အရိပ်)   အသံချိုချိုလေးနဲ့ ဆိုတတ်တဲ့ရောခ်အဆိုတော်မျိုးကြီးရဲ့သီချင်းစာသားလေးထဲမှာ “ကန်တော်ကြီးအင်းလျားလဲမသွားချင် မနေတတ်လို့………………………” ဆိုတဲ့စာသားလေးက ကျနော်ရင်ကို အမြဲလိုလို လာလို့ထိရှပါတယ်။ ကိုယ်နဲ့ဆိုင်လဲမဆိုင်ဘဲနဲ့ပေါ့။ အဲဒါနဲ့တစ်မနက်ခင်း ကန်တော်ကြီးကို စောစောသွားဘို့ စိတ်ကူးပါတယ်။ မနက်ငါးနာရီအိပ်ယာထ ဘတ်စ်ကားဂိတ်ကိုပြေးပေါ့။ အစပိုင်းရွှေတိဂုံကိုဝင်နောက်မှ ကန်တော်ကြီးပေါ့။ မနက်စောစောဆိုတော့ ကားကလဲ တဝေါဝေါနဲ့မောင်းတာပေါ့ တကယ့်ကိုမြန်မှ မြန်ပါဘဲ။ ငေးရင်းမောရင်းနဲ့ပါသွားလိုက်တာ ကုန်းကျော်တံတားကိုမြင်မှ ဆူးလေကိုရောက်နေတာသိလိုက်ရပါတယ်။ အဲတော့လဲဘယ်အညံ့ခံမလဲ ဗျာ။ ဆူးလေမှာဆင်းဓါတ်ပုံတွေရိုက်ပေါ့။ မြို့တော်ခန်းမလဲရိုက်ပေါ့။ ပြီးတာနဲ့ကားဂိတ်ပြန်ပြေး။ ရွှေတိဂုံအပြေးအလွှားသွားလို့ ဓါတ်ပုံတွေရိုက်လုပ်ရပါတယ်။ ပြီးမှ ဆင်းလာပြီး ကြားသာကြားဘူး ရုပ်ရှင်ထဲမှာမြင်သာမြင်ဘူးင်္ပြီး မရောက်ဘူးသေးတဲ့ကန်တော်ကြီးကို ဘယ်လိုသွားရလဲဆိုတာမေးရပါတယ်။ ခပ်တည်တည်နဲ့ဝင်သွားလို်က်တာ နောက်ကလိုက်ခေါ်မှ ဝင်ကြေးပေးရကောင်းမှန်းသိပါတယ်။ တစ်ခါဝင်300 ကျပ် လပြန် ကျန်းမာရေးလုပ်လိုသူများ တစ်လ2500။ […]


“ယောမင်းကြီး ရဲ့ ကျောင်းအိုအို”   ကြာနီကန်ုကို နာရေးသွားပို့တိုင်း ရွှေကျင်ဘက်ကို သွားတိုင်း မတ္တရာဘက်ကိုသွားတိုင်း မန်းလေးတောင်ရဲ့အနောက်ဘက်လမ်းကနေ အမြဲဖြတ်သွားရပါတယ်။ မန်းလေးတောင်မှာလည်း ဘိုးဘွားရိပ်သာရှိပါတယ်။ ဒါပေမယ့် အမြဲသာဖြတ်သွားနေတယ် ဘိုးဘွားရိ်ပ်သာရဲ့မြောက်ဘက်မှာရှိတဲ့ အဆောက်အဦ ဝါဝါကြီးကို အမှတ်တမဲ့ပါဘဲ။ ထုကြီးထည်ကြီးနဲ့ ကျောင်းကြီးမှန်းသိပေမယ့် တစ်ခါမှဝင်ကြည့်ဘို့သတိမရခဲ့မိတာလဲအမှန်။ တစ်ရက် 85လမ်း 12လမ်းကကျောင်းအိုကြီးကိုလဲ တင်လိုက်ရော ရန်ကုန်ရောက်ညီငယ်တစ်ဦးက ယောမင်းကြီးကျောင်းကိုလဲတင်သင့်တယ်လို့ ပြောလာပါတယ်။ ဒီယောမင်းကြီးကျောင်းကတော့ သမိုင်းသုတေသနဌာနက စောင့်ရှောက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်လဲအပျက်အစီးနည်းနည်းဘဲရှိတာကိုတွေ့ရပါတယ်။ အဲဒီထဲမှာ ရေကန်ကြီးတစ်ကန်ကိုတွေ့ရပါတယ်။ ဗန္တုလဦးဆိုင် ကောင်းမူ့ဆိုပြီး စာတန်းကြီးထိုးထားပါတယ်။ မန်းလေးမြို့ရဲ့ ဘုရားကျောင်းကန်တွေမှာ ဦးဆိုင်ရဲ့ လှူဒါန်းထားတာတွေကို နေရာတော်တော်များများမှာတွေ့ရပါတယ်။ ဘာဘဲပြောပြော ဒီလိုသမိုင်းဝင်ရှေးက ကျောင်းအိုများကို ကမ္ဘာလှည့်ခရီးသည်တွေကို ပြသင့်တဲ့နေရာ လူအများသွားရောက်လေ့လာသင့်တဲ့နေရာထင်လို့ တင်ပေးလိုက်ပါတယ်။     ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (15-1-12) […]


“လမင်း ညအခင်းနဲ့ အင်းလျား……………….” “လမင်း ညအခင်းနဲ့ ပန်းတွေပွင့်နေတဲ့အင်းလျား……………….”အမှတ်(6) အင်းလျားရဲ့ ညနေခင်းအလှလေးတွေကိုရိုက်နေရင်းက နေဝင်လုလုအချိန်ကိုရောက်သွားပါတယ်။ အနောက်ဘက်နေဝင်ချိန်ကိုဘဲ မဲတင်းပြီးရိုက်နေတာ။ အညောင်းဆန့်ရင်းနဲ့ အရှေ့ဘက်ကောင်းကင်ကို ကြည့်မိတော့ လမင်းက ထိပ်ဖျားမှာ ဝိုင်းဝိုင်းစက်စက်။ အဲတော့လဲ လမင်းပုံတွေ ကို ရိုက်မိပြန်ပါတယ်။ အပွင့်လင်းဆုံးပြောရရင် မန်းလေးမှာတုံးက ဒီလိုလှပင်တဲ့လမင်းပုံမရဘူးပါဘူး။ အခုဒီတစ်ခေါက်အင်းလျားရဲ့ညနေခင်းမှာမှ ကျနော်လိုချင်လှတဲ့ ငွေလမင်းပုံကို ရလိုက်ပါတယ်။ ငွေလမင်းပုံလေးတွေအများကြီးလက်ဆော့ထားပါတယ်။ ဒီရန်ကုန်ကမှတ်တမ်းလေးတွေပြီးရင် မန်းလေးက မှတ်တမ်းတစ်လှည့်တင်ပေးပါမယ်။ အခုအင်းလျားပုံလေးကိုတော့ ကျနော်ကိုယ်တိုင်လဲ နှစ်သက်ပါတယ်။ ပန်းကလေးတွေနဲ့လမင်း လို်က်ဖက်လွန်းလှပါတယ်။ ဒီပုံတွေကိုရိုက်နေရင်း ချိုပြုံးရဲ့ “တက္ကသိုလ်က ငွေလမင်း “သီချင်းထဲက “ရေလှိုင်းခပ်သံ………သစ်ရွက်ကြွေသံ……….အော် ကျေးငှက်မြည်သံ ကြားပြန်တော့လဲ………မောင့်ကိုဘဲသတိရနေ”ဆိုတဲ့စာသားလေး ကိုသတိရလိုက်မိပါသေးတယ်။ ကဲ အင်းလျားနဲ့ငွေလမင်းကို ခံစားကြည့်ပါအုံးနော်…………..     ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (15-1-12)     […]


hmeeJanuary 14, 20124min044
ရွာလမ်းမ။ green house အတွင်းပိုင်း။ Green House ဌက်ပျောခင်း ခြင်ထောင်ထောင်ထားတဲ့ပုံ။ အပင်အောက်ခြေမှာ ရေပေးတဲ့ပိုက်။ ဌက်ပျောစိုက်ခင်း အတွင်းဖက်။ ပန်းပင်အောက်မှာ ပိုက်လေးတွေသွယ်ထားသလို စိုက်ခင်းတွေမှာလည်း ဒီလိုပဲ သွယ်ထားတာ။ စတော်ဘယ်ရီပင်လေး။ စိုက်ခင်း ရေပေးနေတဲ့ပုံ။ အစ္စရေးစိုက်ပျိုးရေးခြံတွေကို အလည်သွားတုန်းက ဓါတ်ပုံတွေ ရိုက်ရတဲ့ ရည်ရွယ်ချက်က ကျွန်မ အဖေကို ပြဖို့ အတွက် ရည်ရွယ်ပြီး ရိုက်လာတာပါ။ အဖေကလည်း တောင်သူလယ်သမားကိုး။ အဖေတို့ လုပ်ကိုင်နေတာနဲ့ ခေတ်မှီတဲ့နိုင်ငံရဲ့ လယ်ယာလုပ်ငန်းခွင် ဘယ်လိုကွာတယ် ဆိုတာရယ်၊ လယ်လုပ်နေတဲ့ လယ်သမားဆိုပေမဲ့ ဘယ်လောက် အဆင့်အတန်းမြင့်မြင့်နေနိုင်တယ် ဆိုတာကို ပြချင်တာပါ။ ကျွန်မတို့ တိုင်းပြည်လို ရေမြေအခံကောင်းကောင်း မရှိပေမဲ့ သဲမြေမှာ သဘာဝကို အန်တုပြီး အောင်မြင်အောင် ဘယ်လိုတွေ ကြိုးစားကြတယ်ဆိုတာ […]


“ညနေခင်း……….အင်းလျား………ပန်းနုဆည်းဆာ”(5)   6-1-12 နေ့ညနေခင်းရောက်တော့ လူက အဝေးတစ်နေရာရောက်နေပါတယ်။ အဲတော့ အင်းလျားညနေခင်းကို မှီအောင် အပြေးအလွှားလာခဲ့ရပါတယ်။ ဘတ်စ်ကားမှတ်တိုင်ကို မလွန်အောင် ခေါင်းထွက်ထွက်ကြည့်ရပါတယ်။ ကုက္ကိုင်းမှတ်တိုင်လဲရောက်ရော မြန်မြန်လေးဆင်းပြီး အင်းလျားပေါ်တက်လာတော့ ကြည်နူးဖွဲ့ဆင်နေကြတဲ့စုံတွဲလေးကို မြင်ရတော့ အဆိုတော်ကြီးမာမာအေးရဲ့ “အင်းလျားမှာဆုံစို့မောင်ရယ် ……လှညနေအေးအေးဝယ်” ဆိုတဲ့သီချင်းတစ်ပိုင်းတစ်စက ခေါင်းထဲရောက်လာပါတယ်။ အင်းလျားကန်ညနေခင်းကတော့ လှပပါတယ်။ ဒါတောင် ကျနော်ရောက်တဲ့နေ့ က တိမ်အခင်းက သိပ်မလှပါဘူး။ ညနေရင့်လေ တိမ်အရောင်တွေက ညို့မိူင်းလို့လာလေ ပိုပိုလှလေပါဘဲ။ ခဏလေးရောက်ခဲ့ရတဲ့ အင်းလျားရဲ့လှပတဲ့ညနေခင်းကတော့ ကျနော့်အတွက် မမေ့နိုင်စရာ……………..     ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (14-1-12)                  


“အင်းလျားက အပြန်လမ်း…………………………”(4)   အင်းလျားကန်ဘောင်က တကယ်ပြောရရင်အလျားတိုပါတယ်။ အဲတော့ ဒီကန်ပေါင်ပေါ်မှာ ခေါက်တုန့်ခေါက်ပြန်လျှောက်သူလဲရှိပါတယ်။ ကျန်းမာရေးအတွက်လမ်းလျှောက်သူရှိသလို အပျော်လာသူလဲရှိ အညှော်လာသူလဲရှိပါတယ်။ ကျနော်အင်းလျားကို လက်ဆော့လို့ဝတော့ မြောက်ဘက်ခြမ်းကနေလမ်းလျှောက်ပြီးပြန်လာပါတယ်။ စောနေသေးတာရယ် လူသူကင်းရှင်းပြီး တိတ်ဆိတ်နေတဲ့လမ်းမကြီးပေါ်ကိုလျှောက်သွားချင်လို့ပါ။ နောက်သွားနေရင်းက အုန်းပင်တန်းလေးနဲ့အင်းလျားကန်မြောက်ဘက်ခြမ်းကို ရောက်လာပါတယ်။ တကယ်တော့ ကျနော်သွားသာ သွားနေတာ ကျနော်နေတဲ့ မြောက်ဥက္ကလာဘက်ကို ဘယ်လိုပြန်ရတယ် ဆိုတာ အတိအကျတော့ မသိပါဘူး။ ဆက်လျောက်လာရင်းနဲ့ လမ်းဆုံလမ်းခွရောက်တော့ ရှေ့မှာ ကုန်းကျော်တံတားကြီးကိုတွေ့ရပါတယ်။ ဘေးနားကဆိုင်းဘုတ်ကို ဖတ်ကြည့်တော့ ပါရမီတဲ့။ အဲဒါနဲ့အရှေ့ဖက်ချိုးပြီးလမ်းလျောက်လာလိုက်တာ။ လမ်းတစ်ဝက်လောက်ရောက်တော့ မလျောက်ချင်တော့ဘူး။ အဲဒါနဲ့အငှားကားမေးတော့ 1500တဲ့။ ဒါနဲ့ဘဲ ပိုက်ဆံအကုန်မခံချင်တော့ ဆက်လျောက်လာပါတယ်။ အတော်လေးလျောက်မိတော့ လမ်းက လူတစ်ယောက်ကိုသွားချင်တဲ့နေရာမေးတော့ ဒီလမ်းက ဘတ်စကားမလာဘူး။ ဆက်လျောက်လမ်းဆုံရောက်ရင် ချော်တွင်းကုန်းရောက်မယ်။ အဲဒီရောက်ရင် မြောက်ဘက်သွားတဲ့ 43 စီးရင်ရောက်တယ်လို့ပြောတော့ […]


Mလုလင္January 13, 20122min040
အလှူအတွက် တိုင်ပင်ကြတာရယ်။ ဦးပေါက် ရန်ကုန် ရောက်တာရယ်။ ညီငယ် အီဇာဂီ ရဲ့ မွေးနေ့ အမှတ်တရ … အဲလို နဲ့ MG ရဲ့ စာရေးသက်၊ စာရေးအား များလှပြီဖြစ်သော စီနီယာ များတွေ့ဆုံပွဲကို ဘုမသိဘမသိ အလှူငွေ ပေးရန်ဟူသော ရည်ရွယ်ချက်ဖြင့် ကျွန်တော် ရောက်ခဲ့ပါတော့တယ်။ ရွှေတိုက်စိုး ပြောတော့ ၂ ယောက် ၃ ယောက် ပဲ ရှိမလိုလို ကိုး .. ရောက် တော့ လူက တအုပ်ကြီးရယ်။ ဘယ်သူနဲ့ မှလဲ မသိဘူး။ နွေးထွေးကြလို့ ကျေးဇူးတင်ပါတယ်ဗျာ။ .. အဲ့ဒီ့ ဆိုင် လဲ တစ်ခါ မှ ရောက်ဖူးဘူးရယ်။ အဲ့ဒီ့ ညနေဘက် က […]


  “နံနက်ခင်းအင်းလျားအလှက………….. အစုံစုံသော”(ကိုချောနောက်ကလိုက်ကြည့်ခြင်း)   အင်းလျားကန်ဘောင်ပေါ်ရောက်တဲ့အခါ တောင်ဘက်ခြမ်းက ပုံတွေကိုအရင်ရို်က်ပါတယ်။ အဲဒါကို အမှတ်တစ်အဖြစ်တင်ပေးလိုက်ပါတယ်။ ကိုချောရိုက်ဘူးတဲ့နေရာလေးတွေကိုလိုက်ရို်က်ပါတယ်။ လမ်းလျောက်သူ လေ့ကျင့်သူ အပျော်လာသူအစုံပါဘဲ။ နောက်အင်းလျားဆိုတာ  လူပေါင်းများစွာရဲ့ပျော်စရာ ကြေကွဲစရာဇာတ်လမ်းတွေကို သိမ်းဆည်းထား ရာနေရာအဖြစ်လဲ စိတ်ထဲမှာ မှတ်သားမိပါတယ်။ အဲဒါတွေကို နေရာပေါင်းစုံကရိုက်ပြီးတော့ အမှတ်နှစ်အဖြစ်တင်ပေးလိုက်ပါတယ်။ အခုအင်းလျားမြောက်ဘက်ခြမ်းရောက်တော့ လဲ မနက်ခင်း အလှက အတော်လေးကိုလှပလို့ အသက်ဝင်ပါတယ်။ တကယ်ကိုစုံလင်သောအလှတွေနဲ့ပြည့်စုံနေတဲ့အင်းလျားပါဘဲ။ ဓါတ်ပုံရိုက်လို့ဝတော့ မနက်ခြောက်နာရီကျော်နေပြီ၊ ဒါပေမယ့် လူအသွားအလာနည်းတော့ အင်းလျားကန်မြောက်ဘက်ကိုသွားပြီး ဓါတ်ပုံရိုက်ချင်စိတ်ပေါ်လာတော့ ကားမစီးဘဲလမ်းလျောက်ပြန်ဘို့ဆုံးဖြတ်လိုက်တဲ့အခါ ………………………………….   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (13-1-12)