လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်တာဗျ၊ အဲဒီစကား သိပ်မှန်တယ်။ ဘာလုပ်လုပ် တခုခုဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ (သိစိတ် Conscious ဖြစ်စေ မသိစိတ် Unconscious ဖြစ်စေ) လုပ်ကြတာ။ ဖြစ်တန်စွမ်း Probability ဒါမှမဟုတ် ယုတ္တိဆန်တဲ့ ယုံကြည်မှု သိပ်အရေးကြီးတယ်။ ထီထိုးတာပဲကြည့်..၊ ပေါက်ဂဏန်း များလျင်များ ဆုကြေးလျင်ကြီး ဒါမှဈေးကွက်ဝင်တယ်၊ တခါတလေလဲ သိပ်ပြင်းပြတဲ့ အာသီသ အစားသွင်း လုပ်ကြတာလဲ ရှိတယ်။ နောင်ရိုးတိုက်ပွဲမှာ ဘုရင့်နောင် မြစ်ကူး လှေ၊ဖောင်တွေဖျက်ပြီး အသေခံတိုက်ခိုင်းတာ ဥပမာဗျာ..။ အဲလိုမဟုတ်ဆိုရင် လုပ်မည့်သူမရှိတော့.. လုပ်လည်း စိတ်ထက်သန်မှုမဲ့လို့ စစ်မရောက်ခင် မြှားကုန်သွားပြီ။ မဖြစ်နိုင်တာကြီး ဇွတ်ယုံနေရင် ရမလားဆို၊ ဘယ်ရမလဲနော် သို့သော် လူမှန်ရင် ဘုရားဖြစ်ခွင့်ရှိတယ်ဆိုတဲ့ထုံး နှလုံးမူပြီး မဖြစ်နိုင်တာ မရှိ nothing […]

