ယနေ့ဂေဇက် News

ဗြိတိန်နိုင်ငံ အကူအညီဖြင့် ရန်ကုန်မြို့တွင် ကုတင်၁၀၀ဝဆန့် ဆေးရုံသစ်ကြီးတခု တည်ဆောက်မည်ဖြစ်ရာ တရုတ်နိုင်ငံမှလည်း အားကျမခံ ဆေးရုံပေးမည် ဆိုသောကြောင့် နိုင်ငံဒေါ်သမဒဂျီး ဦးသိန်းစိန် အလျင်အမြန် ခြစ်ကျီရေးခရီး သွားရောက်ရာ ဆေးသုတ်ထားသော ယုန်ကြီးတကောင် ရရှိခဲ့သည်။ ၎င်းယုန်ကြီးအား အစအန ရှာမရသဖြင့် ပြည်သူ့လွှတ်တော် စာချုပ်စာတမ်းနှင့် ကတိကဝတ်များဆိုင်ရာ ကော်မတီမှ စုံစမ်းမေးမြန်းခဲ့ရာ သမဒဂျီး စိတ်ဆိုးဆိုးဖြင့် အိမ်ပျံရောက်ရောက်ခြင်း အာလူးတပိဿာရောချက် စားပစ်လိုက်ကြောင်း သိရသည်။

မကြာခင် ရောင်းချတော့မည့် တယ်လီဖုံး ဆင်းမ်ကတ်သတင်းကြောင့် ဟန်းဖုံးဈေးကွက်သို့ တံဆိပ်အသစ်များ ဝင်ရောက်လျက်ရှိရာ ယခုနောက်ဆုံး ဝင်ရောက်လာသည့် အမျိုးအစားမှာ လက်နှိပ်ဓာတ်မီး လက်ကိုင်ဖုံးဖြစ်ပြီး တိုင်းနိုင်ငံတဝှမ်း နွေရာသီ မီးပျက်မှုနှင့်အတူ လူကြိုက်အများဆုံး ဖြစ်မည်ဟု ယုံကြည်ရသည်။

မြန်မာနိုင်ငံ ကုန်သည်ဂျီးများအသင်းမှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တယားအုပဒေတီငြိမ်ရေး ဥက္ကဌ  ဘွားဒေါ်ဂျီးနှင့် ပျီသုလွတ်တော် ငှက်ကထ ငါမရ ဦးရွှေမန်းတို့ တက်ရောက်ခဲ့ရာ ၎င်းတို့နှင့်အတူ တဝိုင်းထဲ စားသောက်ခဲ့သူ ဂေဇက်သတင်းထောက် ဂျော်နီအောင်ပု တခွက်တဖလား မော့ခွင့်မရဘဲ လေစုန်လေဆန်မိ ပြန်လာရသည်။ နယူးယောက်တိုမ်းစ် အယ်ဒီတာချုပ် ဦးကြောင်ကြီးမှာမူ ကြံ့ဖွတ်ဒွတ်အုတ်ကထ ဦးဌေးဦးနှင့် အတူထိုင် စားသောက်ခဲ့သဖြင့် ဘလူးလေဘယ်လ် အမူးသောက်ခဲ့ရပြီး အိမ်အပြန် ပါဆယ်ထုပ် တပုံတခေါင်း ပါသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကဆိုသည်။

အချိုးကျ တင်မြှောက်သည့်ပုံစံ ပြောင်းလဲရန် စဉ်းစားလျက်ရှိသော ရွေးကောက်ပွဲ ကော်မရှင်မှ ပီအာစနစ် ကျင့်သုံးနေသော ဂေဇက်ရွာစနစ်အား လေ့လာခဲ့ရာ ရွာသားများ အပီအာနေခြင်းကို တွေ့မြင်သွားသဖြင့် ဂေဇက်ပုံစံတူ ပြည်သူ့လွှတ်တော်တွင် မဲခွဲအတည်ပြုရန် ဆုံးဖြတ်လိုက်သည်။

11 comments

  • etone

    April 10, 2013 at 10:30 am

    လွယ်ဝူးဗြဲ … လက်ဆောင်ထုပ်တွေ တပွေ့တပိုက်နဲ့ ပြန်သွားတာတောင် … အပီအာနေမှန်း သူသိသွားဗျန်ဘီ …. :kwi: :kwi: :kwi:
    ဒါနဲ့ တထုတော့ တတိပေးဗျဇေ … ပါဆယ်ဖောက်လိုက်တာ ဘာပုသွားတယ်ဆိုလဲ .. အိုက်လို ရာဇဝင်က ချိတော့ … ဥကြောင်ရေ ဒီဘွဒီမျှသာပဲ … ခိခိ :harr:

    Reply

  • Mon Kit

    April 10, 2013 at 10:31 am

    ဖုန်းကဒ် တစ်ခု 1500 ကျပ် ဆိုတော့ ဖုန်းတစ်လုံးဝယ်ရင် ဖုန်းကဒ် တစ်ခု လက်ဆောင် ရမယ်တဲ့တော်ရေ့..
    နောက်ဆုံး ရ သတင်း ထပ်ဖြည့်ပေးလိုက်တယ်နော်…

    Reply

  • အရိပ်စစ်

    April 10, 2013 at 12:57 pm

    အပီအာနေခြင်းဒဲ့
    ပါချယ်ထုတ်ကြီး ဘယ်နားရောက်နေပီလဲပဲ တိချင်တယ်

    Reply

  • မယ်ဘုတ်

    April 10, 2013 at 3:50 pm

    လွှတ်တော် မှာ မဲခွဲအတည်ပြုမယ်ဆိုဒေါ့ …
    မဲ တာနဲ့ ဘာနဲ့ ခွဲမှာလဲဗျ ..
    မဲတာနဲ့ နက်တာ တော့ မဟုတ်လောက်ဘူးထင်တယ် … :kwi:

    Reply

  • MaMa

    April 10, 2013 at 4:29 pm

    ဘယ်ဘဝက ရန်ငြိုးရှိခဲ့လို့လဲ မသိဘူး။
    စာလေးရေးပြီး ကျွေးတာတောင်မှ ဘပုကို တစ်ခွက် တစ်ဖလားတောင် မသဒ္ဒါပါလား ကြောင်ကြီးရယ်။ :hee:

    Reply

  • TNA

    April 10, 2013 at 5:42 pm

    ပါချယ်ဒုတ်ဂျီးထဲမွှာဘာဒွေဒုန်း အောင်ကျူးရဲ့။ အပီအာနေဒါအဒူဒုန်း။ အထုလောလောချယ် အပီအာတွား ဒါဒေါ့ အောင်ကျူး လျှောင်ဗူး ဂလောင်ဂူး ပဲ။ တမဒဂျီးရဲ့ အာလူးဆေးယုန်ချက်ဂလေးဂေါ မြည်းခဲ့ရပါရဲ့လား။

    Reply

  • Mr. MarGa

    April 10, 2013 at 7:27 pm

    ဦးကြောင်တို့များလေ
    စာထဲမှာတောင် သူများကို နှမျောနေသေးတယ်
    ဒါနဲ့ အဲဒီ လက်နှိပ်ဓာတ်မီး လက်ကိုင်ဖုန်းကို သွင်းဖို့ အကျန်ပေးတာ ဦးကြောင်မဟုတ်လား
    မှန်မှန်ပြော ဒါဗျဲ

    Reply

  • မောင် ပေ

    April 10, 2013 at 8:30 pm

    အပီအာ
    ပန်းချီရွာ
    ငနီလာ
    မညှီဖာ
    တဆီရှာ
    ပလီခါ

    Reply

  • ဆူး

    April 11, 2013 at 9:51 am

    ဒီမနက်ပဲ ရပ်ကွက်ရုံးမှာ ဆိုင်းဘုတ် ထောင်ထားတာ ရှိတယ်..
    ဖုန်းအတွက်.. မှတ်ပုံတင် မိတ္တူ နဲ့ သန်းခေါင်စာရင်း မိတ္တူ လာ ထပ်ထားပါတဲ့.. အလှည့်ကျ ထုတ်ပေးမယ်တဲ့..
    ဒီလ မပါလည်း နောက်လတော့ ရပါမယ်တဲ့ကွယ်..

    ရန်ကုန် မှာ ချ ပေးမည့် အလုံးရေ သိပ်မများတော့ မြို့နယ် တခုမှာ ၃၀ဝ လောက် ဆိုတော့.. ရပ်ကွက် တခု ကို ၃ဝ လောက်ပဲ ရမှာ ဆိုတော့.. တန်းစီ စနစ်နဲ့သာ စောင့်ရပါမယ်။

    ရပ်ကွက်ထဲမှာတော့.. ဖုန်းကို မှောင်ခိုဈေးနဲ့ အရောင်းအဝယ်တည့်ချင် တည့်မယ် ထင်တယ်..
    ကြေးမများပေမဲ့.. ဆင်းရဲသားတွေ တနည်းအားဖြင့် နည်းနည်းတော့ အလုပ်ဖြစ်နိုင်မယ် ထင်တာပဲ

    Reply

  • mobile

    April 11, 2013 at 11:40 am

    ဖုန်းကဒ်ရောင်းတဲ့အခါ ဒီတိုင်းပဲ သူ့ဈေးနဲ့သူ ဝယ်ချင်တဲ့လူ ဝယ်ပေါ့
    အဲ့သလိုမရောင်းပဲနဲ့ ဘာကြောင့် အလုပ်ရှုပ်ခံ အချိန်ကုန်ခံ မှတ်ပုံတင်တွေ ဘာတွေဘာလို့နေရတာလဲ….
    အလုပ်မရှုပ်သင့်တာကို ရှုပ်အောင်လုပ်တယ် လွယ်နေတာကို ခက်အောင်လုပ်တယ်…….
    အလုပ်မရှိအလုပ်ရှာပြီး ဆန်နဲ့ဇကွဲရောတယ်….. အလုပ်ရှိတာကိုကျတော့ မမြင်ချင်ယောင်ဆောင်တယ်…..
    ဘယ်တော့များမှာမှ……………………………

    Reply

Leave a Reply

Your email address will not be published.