သတင်းပလင်း အတင်းအဖျင်း gossip

အန်အယ်ဒီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဂျာပွန်ပြည်သို့ ဝံ့ပေါင်လေကြောင်းလိုင်းဖြင့် အလည်ခရီးသွားရာ တလုပ်ပြည်သို့ လမ်းကြောင်းပြောင်း ရောက်သွားသည်။ ယခင် သင်္ဘောကပ္ပတိန်ဖြစ်ပြီး မကြာသေးခင်မှ လေယဉ်စမောင်းသူ ဩစတေးလျ ဂရင်းကတ်ပိုင်ရှင် မြန်မာနိုင်ငံသား လေယဉ်မှူးဂျီးက တရုတ်ပြည်အပေါ် ဖြတ်ကျော်သွားစဉ် ဗူးသီးငါးပေါင်းကြော်စာတွေ့၍ ဂျာပွန်ပြည်ထင်ပီး မှားယွင်းဆင်းကြောင်း တောင်းပန်သည်။

ကာချုပ်မင်းအောင်လှိုင်မှ တပ်မဒေါ် အနေနှင့် အုပဒေ ချိုးဖောက်မှု တစုံတရာ မရှိခဲ့ကြောင်း ငြင်းဆိုပီးနောက် ဆက်လက်၍ တိုင်းပြည်ပျက်ဆီးရမှုတွင်ပါ တာဝန်ကင်းကြောင်း၊ အများထင်နေသလို စစ်အာဏာသိမ်းမှုလည်း မရှိခဲ့ကြောင်း ပြောဆိုပြီး ကူမြူနစ်များ၏ ဝါဒဖြန့်မှုဟု ပြစ်တင်ရှုံ့ချလိုက်သည်။ ဘွားဒေါ်ဂျီးမှ ထိုကိစ္စအား အတိတ်ဆိုကာ အောင်တပ်မဒေါ် ယောင်တတ်သနော် အတိတ်နှင့် မင်္ဂလာစုံတွဲထီ ထိုးခိုင်းကြောင်း ထီဆိုင်မှ ပြောသည်။

နှစ်သစ်ကူး မိန့်ခွန်းတွင် သမဒဂျီးမှ မြန်မာ့ရိုးရာ အနှစ်သာရ မေတ္တာတရား အခြေခံ၍ ပြဿနာများ ဖြေရှင်းရန် နှိုးဆော်သွားရာ ဟာသသရုပ်ဆောင်မေတ္တာမှ လူငယ်များ အတုယူ မမှားစေရန် သင်္ကြန်တွင်း အရက်ခိုးသောက် နေရကြောင်း မကျေမနပ် ပြောဆိုသည်။

လက်ရှိပုံစံဖြင့် ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတရန် မဖြစ်နိုင်ကြောင်း ဘွားဒေါ်၏ ပြောဆိုချက်ကို သမဒဂျီးမှ လူသိရှင်ကြား ပယ်ချခဲ့သော်လည်း ဘွားဒေါ်ဂျီးအပြန် ဆိုနီစမတ်ဖုံးတလုံး လူကြုံမှာလိုက်ကြောင်း သိရသည်။ ဤသည်ကို ကာချုပ်မင်းအောင်လှိုင် မကျေမချမ်း ဖြစ်နေသဖြင့် သူ့အတွက် အိုင်ပက်ဒ် လက်ဆောင်ပေးရန် စီစဉ်ထားကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲသည့်အခါ ပွင့်လင်းမြင်သာမှု ရှိသင့်ကြောင်း ဝေဖန်ချက်များအပေါ် တုံ့ပြန်သည့် ဥပဒေ ပြင်ဆင်လေ့လာရေး လွှတ်တော်ကော်မတီ၏ အစီရင်ခံစာတွင် ဥပဒေပြင်ဆင်သည့်အခါ မှန်လုံခန်းတွင် ရေးဆွဲသင့်ကြောင်း အကြံပြုထားသည်။

သင်္ကြန်အပြီး ထွက်ပေါ်လာရန်ရှိသည် ရခိုင်အရေး အစီရင်ခံစာအား ရေစိုသွားသဖြင့် ထပ်မံရွှေ့ဆိုင်းရကြောင်း ကြေငြာရန်သင့်မသင့် ကော်မတီလူဂျီးများ စည်းဝေးတိုင်ပင်ခိုက် စားပွဲပေါ်ရှိ အရက်ပုလင်း မှောက်သွားသဖြင့် စာရွက်စာတမ်းများ အမှန်တကယ် စိုရွှဲကုန်ကြောင်း အရက်အကြွေးရောင်းသူ ဖားပြုတ်အရက်ဆိုင်ပိုင်ရှင် သီလ သုဓါးမရွာစွာ မိုက်ကယ်ဂျော်နီအောင်ပုမှ နှမြောခြင်းကြီးစွာ သတင်းပေးသည်။

အဆုံးသတင်း အနေနှင့် လအော့အိမ်ကျလိစ်မြို့ မြန်မာအသိုင်းအဝန်းနှင့် တွေ့ဆုံပွဲတွင် မြန်မာသံအမတ်ကြီးမှ မန်းဂေဇက်သတင်းစာအားသိပြီး အထက်မြန်မာပြည်ထုတ် ပရင့်မီဒီယာတခုအဖြစ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောရာ ပါးစပ်နားရွက် ချိတ်မတတ် တဟဲဟဲနေသော သဂျီးဦးခိုင်ခမျာ စကားအဆုံးတွင်  ဒေါသတခွီးခွီးထွက် ကျန်ခဲ့သည်။

7 comments

  • ကပ္ပိယ မောင်ကြီး

    April 15, 2013 at 12:52 pm

    ရခိုင်အစီရင်ခံစာရေစိုသွားရင် ၊ မိတ္ထီလာမီးလေးနဲ ့ခြောက်အောင်ကင်လို ့ရလောက်ပါတယ်။

    Reply

  • ဦး ဂျစ်

    April 15, 2013 at 2:35 pm

    ကိုကြောင်ရီးကိုတော့ နိုင်တော့ပါဘူးဗျာ…
    အနည်းဆုံး အကြိမ် တစ်ဒါဇင်လောက် ခွဲသယ်ရတော့မယ် … :mrgreen:

    Reply

  • ကိုရင်စည်သူ

    April 15, 2013 at 3:27 pm

    ဆြာစံဇာဏီဘိုကတော့ ဟောလိုက်ပီဗျ…
    ၂၀၁၅ အန်တီစု သမ္မတဖြစ်မယ်တဲ့
    ဦးကြောင်ကြီးလည်း ဟောကိန်းထုတ်ပေးပါဦး :kwi:

    Reply

  • အလင်းဆက်

    April 15, 2013 at 6:41 pm

    ဖစ်မှ ဖစ်ရလေ
    ချစ်မှ ဖျစ်ရလေ
    လစ်မှ နစ်ရလေ
    အစ်မှ ရစ်ကြလေ
    စစ်မှ တစ် ရလေ

    သူ ့လို ကာရန်တွေ နဲ့ပဲ..ပြောတော့မယ်
    :kwi:

    Reply

  • mobile

    April 16, 2013 at 4:08 pm

    ရေးသားထားတဲ့ ဟာသနှေားလေးတွေက ရယ်ရသဗျို့……….
    ဒီလိုအရေးအသားလေးတွေကို ဓါတ်ဆီ ဓါတ်ဆံ အသံနဲ့……….
    ရေဒီယိုကနေလွှင့်ပးမယ်ဆိုရင် နားထောင်လို့အလွန်ကောင်းမယ်ဗျ……………

    Reply

  • အရီးခင်လတ်

    April 17, 2013 at 5:52 pm

    အီရန် မှာ ငလျင်လှုပ် တာဟာ အမေရိကန် တွေက ငလျင်ကြောကို ထိန်းပြီးလုပ်နေတာလို့ ပြောတာကို ယုံတဲ့သူတွေ နဲ့ဗျို့။ 🙄
    http://www.bbc.co.uk/news/world-middle-east-22168202

    Reply

  • မောင် ပေ

    April 17, 2013 at 9:12 pm

    ကြောင်လက်တကော်
    ယောင်တတ်သနော်
    စောင်ဖွက်အပျော်
    မောင်ရှက်မခေါ်
    ပေါင်ဝှက်အဖော်

    Reply

Leave a Reply

Your email address will not be published.