ဟိုနေ့က ဒီရွာထဲက အင်မတန် မျက်နှာများတဲ့ မောင်လေးတစ်ယောက် က လာပြီး ခိုင်းထားတာ တစ်ခုရှိပါတယ်။ (အဲလိုပဲ အသက်သာငယ်တာ။ ကျုပ်ကိုလည်း လေးစားရကောင်းမှန်းမသိကြဘူးရယ်။ ဟိုခိုင်း ဒီခိုင်းနဲ့။ လေးစားချင်စရာဆိုတော့လေ။ ဟီးဟီး) သူ့ အကြောင်းလေးကို ကဗျာစပ်ပေးပါတဲ့။ ယုံကြည်စွာ ခိုင်းတာဗျ။ အဲလာနဲ့ ကျုပ်က ကဗျာဉာဏ်ဝေးပါကြောင်း တောင်းပန်တော့ ရေးချင်တဲ့ ပုံစံသာရေးပါတဲ့။ သူ့အကြောင်း သူ့ဟာသူ မရေးချင်လို့ပါတဲ့။ ိဒီလို စိတ်ချလက်ချ ပြောမှတော့ ရေးပေးမယ်ပေါ့။ ကတိပေးလိုက်ပါတယ်။ ဒါနဲ့ပဲ လိုချင်တဲ့ အချက်လေးတွေ အရင်စုဆောင်းရသေးတာပေါ့။ (သူများ ဦးနှောက် ဖောက်တာကို လှအောင်သုံးခြင်းဖြစ်၏) အဲဒါတွေ မရေးခင် သူနဲ့ ကျုပ်ကြားက အကြောင်းလေးတွေ နည်းနည်း ရေးပါရစေ။ မျက်စိပြူးမသွားကြပါနဲ့ဗျ။ […]
