ဒေါ့မွန် vs ရီးရဲမက်ဒရစ်

မောင် ပေApril 24, 20131min011

မင်္ဂလာပါ ခင်ဗျား…….

မနေ ့ညတုန်းက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ် ပထမကျော့ ဘိုင်ယန်မြူးနစ် နဲ ့ဘာစီလိုနာ ပွဲကို ပရိသတ်များ ကြည့်ရှုခဲ့ကြမလားတော့ မသိ ။
ပွဲအပြီးမှာ ဘိုင်ယန်မြူးနစ် က ၄-ဝ နဲ ့နိုင်သွားပါတယ် ။

ကျုပ် မောင်ပေ ပထမပိုင်း ဘိုင်ယန် တစ်ဂိုးသွင်းပြီး ထအပြန် ၊ စိတ်ထဲတွေးမိလေးကတော့ ၊ ယူအီးအက်ဖ်အေ ဥက္ကဌ ပလာတီနီ ဟာ ဘာစီလိုနာ ကို ဖိုင်နယ် တော်တော်တက်စေချင်တာပဲရယ်လို ့။ ဟုတ်တယ်ဗျ ။ ပထမပိုင်း ဘိုင်ယန်ကနေ တိုက်စစ်မှူး သောမတ်စ်မူလာ ပထမဂိုး မသွင်းခင် ၊ ဘာစီလိုနာ ပင်နယ်တီ ဧရိယာထဲမှာ ဘာစီ ခံစစ်မှူး ဂျာရတ်ပီကေး လက် နဲ ့ဘောလုံး နဲ ့၂ကြိမ် ထိခဲ့တာကို ဒိုင်က လုံးဝ လျစ်လျှူရှုခဲ့ပါတယ် ။ တစ်ကယ်လို ့ အဲဒီလက်နဲ ့ဘောလုံးနဲ ့၂ကြိမ် ထိခဲ့တဲ့ဟာကို အနဲဆုံး တစ်ကြိမ်သာ ပင်နယ်တီ ပြစ်ဒဏ်ပေးခဲ့မယ် ဆိုရင် ၊ ဘိုင်ယန်မြူးနစ် အနိုင်ဟာ ၅-ဝ အောက်ထစ်ပါပဲ ။ နောက်ပြီး ပင်နယ်တီ ဧရိယာထဲမှာ လက်ထိဘောပြစ်ဒဏ်ဟာ အနဲဆုံး အဝါကဒ် ပြလို ့ရပါတယ် ။ သောက်မြင်ကတ်ရင် တိုက်ရိုက်အနီ ပြလဲ ပြန်စောဒက တတ်လို ့မရပါ ။

ကဲဗျာ..
ဒီကနေ ့ည ၁.၁၅ မှာ ကန်မယ့်
“ဒေါ့မွန်” နဲ ့“ရီးရဲမက်ဒရစ်” ပွဲစဉ်ကနေ ၊ ရသမျှ အချက်အလက်လေးတွေကို ပြောပြချင်ပါတယ် ။



*** ဒေါ့မွန် – ရီးရဲမက်ဒရစ် ***

ဒေါ့မွန် အခုပွဲမကန်ခင် ကစားခဲ့တဲ့ပွဲတွေကတော့

20.4.2013 ဒေါ့မွန်၂-ဝ မိန် ့ဇ်
13.4.2013 ဂရုသာဖတ် ၁-၆ ဒေါ့မွန်
9.4.2013 ဒေါ့မွန် ၃-၂ မာလာဂါ (ချန်ပီယံလိဂ် ကွာတားဖိုင်နယ်)
6.4.2013 ဒေါ့မွန် ၄-၂ အော့စ်ဘတ်
3.4.2013 မာလာဂါ ဝ-ဝ ဒေါ့မွန် (ချန်ပီယံလိဂ် ကွာတားဖိုင်နယ်)

ရီးရဲမက်ဒရစ် အခုပွဲမကန်ခင် ကစားခဲ့တဲ့ပွဲတွေကတော့

20.4.2013 ရီးရဲမက်ဒရစ် ၃-၁ ဘက်တစ်
14.4.2013 ဘီဘာအို ဝ-၃ ရီးရဲမက်ဒရစ်
9.4.2013 ဂါလာတာစရေး ၃-၂ ရီးရဲမက်ဒရစ် (ချန်ပီယံလိဂ် ကွာတားဖိုင်နယ်)
6.4.2013 ရီးရဲမက်ဒရစ် ၅-၁ လီဗန်တေး
3.4.2013 ရီးရဲမက်ဒရစ် ၃-ဝ ဂါလာတာစရေး (ချန်ပီယံလိဂ် ကွာတားဖိုင်နယ်)

ဒေါ့မွန် ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများမှာ

22461_186x236
credit to www.goal.com

ဒေါ့မွန်ကွင်းလယ်ကစားသမား မာကို ရီရက်စ်

ဂိုး Weidenfeller

နောက် Piszczek • Subotić • Hummels • Schmelzer

လယ် Bender • Gündogan

လယ် Błaszczykowski • Götze • Reus

ရှေ ့ Lewandowski

*******

ရီးရဲမက်ဒရစ် ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများမှာ

13745_186x236
credit to www.goal.com
ရီးရဲကွင်းလယ်ကစားသမား အိုဇေး

ဂိုး López

နောက် Ramos • Pepe • Varane • Coentrão

လယ် Alonso • Khedira

လယ် María • Özil • Ronaldo

ရှေ ့ Higuaín

သည်နှစ်သင်း အုပ်စုအဆင့် မှာ အိမ်ကွင်းအဝေးကွင်း ကန်ခဲ့ဖူးပြီး ၊ ခြေစမ်းပွဲ တစ်ပွဲ ကန်ခဲ့ဖူးပါတယ်။
6.11.2012 ရီးရဲမက်ဒရစ် ၂-၂ ဒေါ့မွန်
24.10.2012 ဒေါ့မွန် ၂-၁ ရီးရဲမက်ဒရစ်
19.8.2009 ဒေါ့မွန် ဝ-၅ ရီးရဲမက်ဒရစ် (ခြေစမ်းပွဲ)

မာလာဂါ အသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ အခုညပွဲမတိုင်ခင်အထိ အိမ်ကွင်း အဝေးကွင်း ရှုံးပွဲမရှိ ကန်နိုင်ခဲ့တဲ့ တစ်သင်းထဲသော အသင်းဖြစ်ပါတယ် ။

ရီးရဲမက်ဒရစ် ကွင်းလယ်ကစားသမား အိုဇေး ဟာ ဂျာမနီ Dortmund’s Ruhr heartland မှာ မွေးခဲ့တဲ့သူပါ ။

ရီးရဲမက်ဒရစ် က ခရစ်စတီယာနိုရော်နယ်ဒို ဟာ သည်နှစ် ချန်ပီယံလိဂ်ရာသီမှာ ၁၁ဂိုး သွင်းထားပြီး ၊ နောက်ထပ် ၃ဂိုး ထပ်သွင်းနိုင်ခဲ့မယ် ဆိုရင် ၊ မနှစ် ချန်ပီယံလိဂ်ရာသီတုန်းက မက်ဆီ ရဲ ့သွင်းဂိုးအများဆုံး ၁၆ ဂိုး စံချိန်ကို မှီမှာပါ ။
သည်ရာသီမှာ မက်ဆီ ရဲ ့ချန်ပီယံလိဂ်သွင်းဂိုးကတော့ ၈ ဂိုး ရှိပါတယ် ။

ဒေါ့မွန် ရဲ ့အဓိက ကစားသမားအားလုံး ဒဏ်ရာကင်းစင် ၊ ပွဲပယ် မရှိပါဘူး ။
ရီးရဲ နောက်ခံကစားသမား အယ်ဘီလိုအာ ကတော့ ပွဲပယ်ထိနေပါတယ် ။ နောက်ခံလူ မာဆယ်လို ဟာ ဒဏ်ရာပြဿနာ ရှိနေပြီး ၊ ကွင်းလယ်လူ မိုဒရစ် နဲ ့ရှေ ့တန်းကစားသမား ဘန်ဇီမာ တို ့ကတော့ ဒဏ်ရာအသေးစားလေးတွေ ရထားလို ့၊ ပါမယ် မပါမယ် မသေချာပါဘူး ။

အခု သည်ပို ့စ် ကို ရေးနေချိန်မှာ အာရှဘက် ပေါက်ဈေးဟာ ဒဲ့ ဖြစ်နေပါတယ် ။
ဂိုးဈေးကတော့ သုံးဂိုးဆိုရင် ၅ဝ အနိုင်ပါ ။

မနေ ့ညကတော့ ၊ ဂျာမန်ထိပ်သီး နဲ ့စပိန်ထိပ်သီး တွေ ့ရာမှာ ဂျာမန်ထိပ်သီး က ဂိုးအပြတ် နဲ ့နိုင်သွားလို ့၊ ဒီနေ ့ည ထပ်တွေ ့ဆုံမှုမှာ ၊ ဂျာမန်ကပဲ အသာစီးရဦးမလား ၊ ဒါမှမဟုတ် စပိန်ကပဲ အသာစီးရသွားမလားဆိုတာ စောင့်ကြည့်ရမှာပါ ။

ကျုပ် မောင်ပေ ရဲ ့ခန် ့မှန်းချက်ကိုတော့ ညကြမှ ပဲ ကွန်မင့် နဲ ့လာပြီး ရေးပြပါမယ် ။

******* အားလုံး အောင်မြင် ပျော်ရွှင် နိုင်ပါစေ *******

11 comments

  • ရာမည

    April 24, 2013 at 2:57 pm

    ဒီနှစ် ဖိုင်နယ်ကန်မည့်ကွင်းနဲ့
    ဘယ်နိုင်ငံမှာလည်းဆိုတာ သိချင်ပါတယ် ။
    အကြိုက်ကတော ့ သရေသို ့မဟုတ် ဒေါ့မွန်ပါ ။ဂိုးနည်းမယ်ထင်ပါတယ်

    Reply

    • ဖိုင်နယ် ကန်မယ့် ကွင်းက
      ဝင်ဘလေ လို့ ပေါဒါဗျဲ …

      ပေဂျီး …
      မူးနေဘီ ထင်ဒယ် ..
      ဒေါ့မွန် ပွဲဂို ဘယ့်နှယ့် မာလာဂါ ပါလာရဒါဒုံး …
      နီဘဲ မူးလား နာဘဲ မူးလားဒေါ့ သိဝူး .. :mrgreen:
      ကျုပ်ကဒေါ့ ဒီပွဲ ရီးယဲယ် ဘဲ …

      Reply

      • မောင် ပေ

        April 24, 2013 at 6:36 pm

        မူးတော့ မမူးသေးပါဘူး မဟာအံကြီးရယ်
        ဘယ်လိုလုပ် မှားရေးမိမှန်းမသိပါဘူးစ်

        Reply

  • Foreign Resident

    April 24, 2013 at 3:53 pm

    ညက ဘိုင်ယန် နှင့် ဘာစီပွဲ မကြည့်ဖြစ်တာ နာတာပဲ ။
    ၄ – ဝ ဆိုတော့ ၊ အားရသကွာ ။

    ဒီနေ့ပွဲတော့ မော်ရင်ညို ကိုကြိုက်လို့ ရီးရဲပဲ အားပေးမှာပဲ ။
    လောင်းတော့ မလောင်းပါဘူး ။

    Reply

    • ရာမည

      April 24, 2013 at 4:00 pm

      ဘောပွဲတွေက ပြဇတ်လိုပဲ
      အဖြေကကြိုရှိပြီးသား
      အောဂျာမန် လို ့ယူဆမိတယ်
      ဒါမှ ဒိုင်စားရမှာ

      Reply

    • ဟာဟ …
      ဘဖောရေ ..
      အဲ့ဒီပွဲ ရေလည် ကြည့်လို့ အားရသဗျာ …
      ခါတိုင်း အမြင်ကတ်လောက်အောင် တစ်ဖက်သတ် စီးထားတတ်တဲ့ အသင်း ..
      ဒီပွဲမှာ ဖွတ်ချပ် ဖွတ်ချပ်နဲ့ …..
      ဒီပွဲမျိုး ကြည့်ဖို့ဆိုတာ လွယ်ဒါ မီဟုတ်ဝူး …

      http://www.footytube.com/video/bayern-munchen-barcelona-apr23-172889?ref=tchan_ov_vidgrid

      Reply

  • mobile

    April 24, 2013 at 7:24 pm

    ဘရာစီယာဒေါ့မန် နှင့် ယီရဲမက်ဒရစ် တို့ယှဉ်ပြိုင်ကစားကြမယ့် ယနေ့ညပွဲစဉ်ကို
    ကျုပ်ကတော့ ဒေါ့မွန် ကြိုက်သဗျာ…………
    အုပ်စုတွင် ယှဉ်ပြိုင်ခဲ့စဉ်က ဒေါ့မွန်ကွင်းမှာ ရီရဲက =60 ပေးခဲ့တာပါ။
    အခုဟာက ဒဲ့ပတ်ချာလည်ဆိုတော့ဂါ… ဒိုင်တွေအနေဖြင့်လည်း
    နာမည်ကြီး ရီရဲလ်ဖက်ကနေ =20 လောက်တော့ အရှဒိုင်ပေါက်ပေါက် မပေါက်ပေါက်
    ဖွင့်မယ်နဲ့တူတယ်… ဒီတော့ ဒေါ့မွန်သမားက ပြားစွန်းအချောင်ရသပေါ့………
    ဗမာငွေ နှစ်ထောင်ဖိုးလောက်တော့ ဒေါ့မွန်ဖက်ကနေ အေားလိုက်အုံးမယ်ဗျာ….
    xxxxxxxxxxxxxxxxxxx
    ယမန်ညက ပွဲစဉ်မှာတော့ လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကတည်းက
    ဘာစီလိုနာကို နှစ်သက်နေတာ…..ဈေးအနေအထားက သာမာန်ထက် ပိုနေတယ်ထင်လို့
    ဇဝေဇဝါဖြစ်ပြီး ဘာစီလည်းမချရဲ ဘိုင်ယံလည်း မချရဲဖြစ်နေတာ………
    နောက်ပိုင်းမှာ ကယ်တင်ရှင် လုံမဂလေး၏ အော်ဖာအရ ဘိုင်ယန်မြူးနစ်ကို
    မျက်စီမှိတ်ဆွဲထည့်လိုက်တာ….

    Reply

  • မောင် ပေ

    April 24, 2013 at 9:02 pm

    ဒီနေ ့ည ဈေးအနေအထားကတော့ လုံးဝ ရေခဲတုံးပါပဲ
    မနေ ့တုန်းက လဲ ဒဲ ့အနေအထား ၊ နေ ့လည်တုန်းက အခု ပို ့စ်ကို ရေးတော့လဲ ဒဲ့အနေအထား
    ညပိုင်းဈေးမှာ
    ရီးရဲ ဘက်ကနေ ၁ဝ ပတ်ချာလည် ပါးပါးလေး အရှုံး ဖွင့်လာတာဟာ ၊ အိမ်ရှင် အောက်ကြေး လက်မနှေး နဲ ့လို ့တိုက်တွန်းနေသလို ပါပဲ ။
    သည်ပွဲအတွက်
    ကျုပ် မောင်ပေ့ စိတ်ကြိုက်ရွေးခြယ်မှုကတော့
    ရီးရဲမက်ဒရစ် သရေ အောက်ထစ် ကန်နိုင်မယ်လို ့ယုံကြည်မိပါတယ် ။
    အနိုင် ဆိုရင်လဲ ခြေစွမ်းပိုသာတဲ့
    “““ ရီးရဲမက်ဒရစ် ”””

    Reply

  • uncle gyi

    April 24, 2013 at 11:20 pm

    ဘားစီထက်ရီရယ်ကအကုန်သာပါတယ်
    ဘားစီလိုတွက်လို့မဖြစ်ပါဖူး
    မော်ရင်ဟိုကိုအားပေးရမှာပါ

    Reply

    • အရှင် သခင် ဆရာ ကိုယ်တော် mobile

      April 26, 2013 at 6:32 am

      အန်ကယ်ဂျီးပြောတာမှန်ဒယ်……
      ဘာစီက ၄-ဝ နဲ့ရှုံးတယ်…
      ရီရဲလ်က ၄-၁ ဆိုတော့ တစ်ဂိုးပြန်သွင်းနိုင်တယ်…..

      Reply

  • we R one

    April 25, 2013 at 10:51 pm

    လောလောဆယ်တော့… ၄-၁ နဲ ငါ့အသည်းလေး အသည်းကွဲနေလေရဲ့… 🙁

    Reply

Leave a Reply

Your email address will not be published.