သူရႆဝါSeptember 13, 20121min019
  ဒီပိုစ့်ဟာ ဒီ မန်းဂေဇက် ဆိုက်အတွက်ပဲ သီးသန့် ရေးမိတဲ့ ပိုစ့်ပါ။ ဇူလိုင်၊ ဩဂက်စ် လောက်မှာ စပြီး အခြေပြု (တယ်လို့ ထင်ရတဲ့) မန်းဂေဇက် ချစ်သူများ စာပေဆု ဆိုတဲ့ အကြောင်းကို ကိုအောင်မိုးသူ ဆီကနေ အခုမှ သိရတယ်။ သိသိချင်း ဂေဇက် ထဲမှာ ဒီဆုနဲ့ ပတ်သက်တဲ့ ပိုစ့်တွေကို လိုက်ရှာ ကြည့်မိတယ်။ ဒီလို ဆုရွေးချယ်ရေး ပုံစံမျိုးကို အခု ကျွန်တော်တို့ ဆီမှာ ခေတ်စား နေတဲ့ Ning Social Website အချို့မှာ ပြုလုပ် နေကြတာကို မြင်ဖူး နေကျပါ။ ဒါပေမယ့် ကျွန်တော် သိပ်ပြီး အားမရဘူး။ အဲဒီ ဆိုက် တွေထဲမှာ […]


ကို သာSeptember 13, 20121min03
ရယ်စရာ နဲ့ မောစရာ ရယ်စရာကတော့ရယ်စရာမို့၊ မောစရာကဒီလိုလူတွေနဲ့ မဖြစ်မနေပါတ်သက်ဆက်နွယ်နေရတဲ့အမျိုးသမီးတွေအတွက်။ အဖြစ်ကဒီလို… အင်္ဂလန်မှာလောလောဆယ်ကျင်းပနေတဲ့ မသန်မစွမ်းအားကစားအိုလံပစ်မှာ အီဂျစ်အသင်းကိုဦးဆောင်ကြီးကြပ်လာတဲ့ အသက် ၅၆ နှစ်ရှိ အိမ်ထောင်ရှင်ဝန်ကြီးကို အမျိုးသမီးငယ်တဦးအပေါ်မဖွယ်မရာပြူကျင့်မှုနဲ့ အင်္ဂလန်တရားရုံးတခုက အပြစ်ပေးဒဏ်ငွေချမှတ်လိုက်တယ်။ ဒီလိုသူ့ကိုပြစ်မှုထင်ရှားကြောင်စီရင်ခံရတာဟာ နားလည်မှုလွဲတာ သူဟာဓလေ့ထုံးတမ်းမတူညီမှုရဲ့သားကောင်သာဖြစ်ပါတယ်လို့ငိုကြီးချက်မ တုံ့ပြန်လျောက်လဲခဲ့သေးသတဲ့။ တရားရုံးကဟိုတယ်တွင်းတပ်ဆင်ထားတဲ့ စောင့်ကြည်တီဗီမှတ်တမ်းကိုဖွင့်ပြီးစစ်ဆေးတဲ့အခါ ဂုဏ်သရေရှိအီဂျစ်ဝန်မင်းဟာ မိခင်ဖြစ်သူကိုသာမန်အနမ်းနဲ့နှုတ်ဆက်ပြီး သမီးဖြစ်သူအသက် ၂၅ နှစ်အရွယ်အမျိုးသမီးကိုတော့ အီဂျစ်အလံအမှတ်တံဆိပ်ရင်ထိုးကိုထိုးတပ်ပေးဟန်နဲ့ အမျိုးသမီးငယ်ရဲ့ဘယ်ဘက်ရင်သားကို လက်ညှိုးနဲ့ပွတ်သပ်ခဲ့တာတွေ့ရတယ်။ ဝန်မင်းရဲ့ရှေ့နေကတော့ သူ့အမှုသည်ဟာစံပြုလောက်တဲ့ကိုယ်ကျင့်တရားရှိသူဖြစ်ပြီးဒါဟာသူ့အတွက်ပထမဆုံး ဒီလိုမျိုးပြဿနာဖြစ်တယ်လို့နောက်ဆုံးချိန်ထိခုခံကာကွယ်သွားပါတယ်။ ဟိုတယ်တွေမှာ CCTV တတ်ထားတာ ဒါမျိုးကျတော့ ကောင်းသွားပြန်ရော။ကျုပ်တို.ဆီမှာဆို ခွေတောင်ထွက်လာဦးမယ် နော။ Egyptian Minister held in London for indecency Hasan Suroor LONDON, September 12, 2012 http://www.thehindu.com/news/international/article3889692.ece […]


ေမာင္ရိုးSeptember 13, 20121min090
မောင်ဆာမိတစ်ယောက် ခုတလော စီးပွားရေးသိပ်မကောင်းဘူးဗျ ။ ရာသီဥတုကလည်း ဖေါက်ပြန်လိုက် မမြင်ရတဲ့ အန္တရယ်တွေက ချိန်းခြောက်လိုက်နဲ ့ဆိုတော့ ဂျလေဘီလည်း အရောင်းကျတာပေါ့ဗျာ ။ ရွာထဲပြေးချောင်းလိုက် ဂျလေဘီရောင်းလိုက်ဆိုတော့ စိတ်လည်းမဖြောင့်ပါဘူး။ သတင်းဦး သတင်းထူး ဆိုရင် မောင်ဆာမိတို့က စပ်စုပြီးသား ……။ ဟုတ်တယ်လေ …..ဒီခေတ်မှာက သတင်းကိုအခြေခံပြီး လက်ဦးမှုရယူတဲ ့စီးပွားရေးဆိုတော့ …… အင်း းးးးး ….ဘာဘဲဖြစ်ဖြစ် ရွာနဲ့တော့ ပြတ်လို့မရဘူးမဟုတ်လား ……။ရွာထဲကသတင်းတွေကလည်း တကဲ့ အမိုက်စားတွေဆိုတော့ ……..။ ဒီလိုနဲ့ …..ဒီမနက်ရွာထဲလည်းချောင်းလိုက်ရော …….. …….လား…လား……သတင်းထူးနေပါပေါ့လား ….။ သဂျီးမင်းက အမိန့်ထုတ်လိုက်သတဲ့…..အရင်တုန်း ကလို အားအားယားယား အကောင့်လေးရှိတိုင်း ရွာသူား လုပ်မရတော့ဘူး တဲ့ …..။ အစဉ်လာရှိတဲ့ အမာခံ ရွာမျက်နှာဖုံး ဂုဏ်သရေရှိ […]


manawphyulaySeptember 11, 20121min09
အွန်လိုင်းကနေ သမ္မတရုံးကို ပြောချင်တာတွေ ပြောဆိုလို့ရပြီဆိုတော့ ဘာလုပ်ဖိ်ု့ရှိသလဲ။ တစ်ခုခု ပြောဖို့တွေများမရှိဘူးလား။ သမ္မတရုံးဝက်ဘ်ဆိုက်ကို ပြောချင်သူများ ရှိမနေကြဘူးလား။ တိုက်ရိုက်ပြောခွင့်ရပြီဆိုတော့ ဆန္ဒရှိမယ်ဆိုရင် ဖြစ်ချင်တာတွေ ပြောသာ ပြောကြပါ။ http://www.president-office.gov.mm/contact ကို ပြောဆိုခွင့်ရသွားပြီနော်။


ကို သာSeptember 11, 20121min01
ကျွန်မတို့ အဖွဲ့ချုပ်ဝင်ဟာ ဒါကတော့ လူသားပီပီ မို့လားတော့ မသိဘူး။ အခွင့်အရေးလေးတွေ ရလို့ရှိရင် ယူချင်တဲ့ စိတ်ကလေးတွေရှိတယ်။ အဲဒီစိတ်ကလေးတွေကို ထိန်းကြပါ။ ကိုယ့်အခြေအနေလေးက နည်းနည်းကောင်းလာပြီ ဆိုလို့ရှိရင် ဖိနင်းပြီးတော့ ဒီအခြေအနေအပေါ် ဖိနင်းပြီးတော့ ကျော်ချင်တဲ့ ပုံစံလေးတွေ ကျွန်မတို့ တွေ့ရတယ်။ အဲဒါမျိုးတွေ မလုပ်ပါနဲ့လို့ ကျွန်မ သတိပေးပါတယ်။ အခုလို ခက်ခက်ခဲခဲ ရုန်းကန်နေတဲ့ အချိန်မှာတောင်မှ ရိုင်းရိုင်းပြောရရင် လူပါးဝချင်တယ် ပေါ့နော်။ ကျွန်မတို ဒီမိုကရေစီ ရတဲ့အခါ ကျလို့ရှိရင် ဘယ်လိုနေမလဲ။ ဒီလို စိတ်ဓာတ်တွေ မထားကြပါနဲ့။ အဖွဲ့ချုပ်ဝင်တွေကို ပြည်သူလူထုကနေပြီးတော့ ကြည့်မရဘဲ အမြင်ကပ်ရတဲ့ အခြေအနေမျိုး ဖြစ်သွားလောက်အောင်တော့ ဘယ်တော့မှ မလုပ်ကြပါနဲ့။ အကယ်၍ အခြေအနေတွေ ကောင်းသွားပြီဆိုလို့ရှိရင် ကျွန်မတို့လူတွေက နောက်ဆုတ်ပေးဖို့ လိုပါတယ်။ […]


padonmarSeptember 11, 20122min022
“Are you sleeping!” ဆိုတဲ့ကလေးသီချင်းလေးကို Alarm sound လုပ်ထားတဲ့ Cellphone က Alarm မြည်သံနဲ့အတူ ကျော်ကျော် နိုးထလာပါတယ်။ ဒီနေ့ တနင်္ဂနွေနေ့ဖြစ်ပေမယ့် ခါတိုင်းလို 8 နာရီ 9 နာရီထိ အိပ်နေလို့မဖြစ်ပါဘူး။ ဒီနေ့ အန်တီ မေအေးဦး တို့ရဲ့ 2000 Group က ယဉ်ကျေးလိမ္မာသင်တန်းနဲ့ အခမဲ့ ဆေးစစ်၊ ဆေးကုပေးခြင်းကို ရွှေပြည်သာ “ မြိုင် ” သီလရှင် စာသင်တိုက်မှာ လုပ်ဖို့ရှိပါတယ်။ ကျော်ကျော်က အဒေါ်တွေ၊ အမတွေဆီကနေ ဒီအဖွဲ့လေး သတင်းကြားပြီး ကြုံကြိုက်ရင် လုပ်အားပေးဖို့ ရည်ရွယ်ခဲ့ပါတယ်။ အခုတိုက်တိုက်ဆိုင်ဆိုင် သူကျောင်းပိတ်ရက်နဲ့ သင်တန်းကြုံကြိုက်ပြီဖြစ်လို့ ဘယ်လို လုပ်အား ပေးရပါ့မလဲ စဉ်းစားရင်း ကြိုပို့တာဝန်ယူပေးဖို့ […]


htet waySeptember 10, 20121min026
မိန်းမတောင်းပွဲ ထက်ဝေး ရဲခေါင် မျိုးတင့် ဆိုတာက အသက် ၅ဝလောက်ရှိတဲ့ လူပျိုကြီး တစ်ယောက်ပါ။ဘာကြောင့် ခုထိ အိမ်ထောင်မကျလည်းဆိုတော့စိတ်ကြိုက်မတွေ့ဘူးတဲ့။သို့သော်အိမ်ထောင်မကျဖူးဘူး ဆိုပေမယ့်ချစ်သူအိမ်ထောင်ဘက်ဆိုင်ရာတွေကျွမ်းကျင်နှံစပ်ပါပေတယ်။ဘယ်ကောင်မလေးကဘယ်လို၊ဘယ်အမျိုးသမီးကလမ်းလျှောက်ရင်မြန်လို့ဘာစိတ်ဓါတ်သူအကုန်ပြောနိုင်တယ် ပေါင်းတာကလည်းလူငယ်တွေချည်းပဲ။ တခုပြောချင်တာကထူးထူးခြားခြားသူကအရွယ်ညက်နေတယ်။အရွယ်တင်တာ မဟုတ်ဘူးညက်တာ။သေးသေးညက်ညက်လို ညက်တာတော့ မဟုတ်ဘူး ။သူ့မှာက ပန်းနာရှိတော့ လက်ပြင်ကုန်းတယ်။သူခါးမှာအမြဲတမ်းအသက်ရှုကြပ်ရင်ရှူတဲ့ဗူးကချိတ်ထားရတယ် ။ စကားနည်းနည်းများများပြောရင်ဘဲသံလိုအသက်ရှူသံပြင်းပြီးတရှပ်ရှပ်ဖြစ်လာတယ်။ ရွာသာယာသပြေတန်းမှာကဈေးဆိုင်ကြီးကြီးမားမားမရှိဘူး။တဆိုင်ထဲရှိတယ်ရှိတဲ့ ဆိုင်က တရုပ်သွေး စပ်တာတဲ့ကြင်ဝှက်တို့ဆိုင်ပါ။ကိုကြင်ဝှက်မှာသမီး(၃)ယောက်ရှိတယ်အငယ်ဆုံးကောင်မလေးကတော်တော်ချောတယ်။ရဲခေါင်မျိုးတင့်ဈေးသွားဝယ်တယ် ဆိုရင်တန်ဖိုးနည်းတာလေးတွေဆို ပိုက်ဆံမယူဘူး ။တရွာလုံးမှာ ဘယ်သူ့ကိုမှဖေါ်ဖေါ်ရွေရွေ မရှိတဲ့ ခင်မေဆိုတဲ့ တရုတ်မလေးက ရဲခေါင်မျိုးတင့်ဆို ထိုင်စကားပြောတယ်။မဆန်းပေဘူးလား။ “ခင်မေကငါ့ဆိုအရေးပေးတယ်ကွ” ခင်မေလား..အင်းအသက်ငယ်ပေမယ့်လူတန်းစားခွဲခြားဆက်ဆံတတ်တယ်ဒါခင်မေနဲ့ပတ်သက်လို့ရဲခေါင်မျိုးတင့်ကအမြဲတမ်းပြောတတ်တဲ့စကားပါ။အမျိုးသမီးတွေကို ကြည့်တာနဲ့တာ်တော်ခွဲခြားနိုင်တယ် ဆိုလို့လူငယ်တွေကလည်းသူ့ဆိုပေါင်းသင်းလို့တစ်ချို့ဆိုသူကဒီကောင်မလေးမကြိုက်နဲ့ပုံကြည့်တာနဲ့သိတယ်ရီးစားများထားတဲ့ပုံဆိုပြီးရဲခေါင်မျိုးတင့်ပြောလိုက်ရင်လူငယ်တွေကနောက်ဆုတ်တော့တာပဲ။သူကအဲ့ဒီလိုလူငယ်တွေပေါ်မှာဩဇာကြီးပါတယ်။ ခင်မေကိုလည်းရွာထဲကလူငယ်တွေကကြိတ်ပိုးနေကြတယ်။ဒါပေမယ့် တိုင်ပင်ဖို့ ရဲခေါင်မျိုးတင့်ကို မေးတိုင်းတွန့်ဆုတ်နေတယ်မပြောချင်ပြောချင်နဲ့ “ဒီကောင်မလေးကအချစ်တွေဘာတွေစိတ်ဝင်စားမှာမဟုတ်ဘူး” လို့ပဲပြောပြီးနုတ်ဆိတ်နေတတ်တယ်။ရဲခေါင်မျိုးတင့်တို့ကရွာမှာနည်းနည်းတော့လူရည်လယ်တယ်ဆိုရမယ်။သူ့အမျိုးတွေကပုသိမ်မြို့ကြီးမှာရှိတယ် အိမ်မဲမြို့ပေါ်မှာရှိတယ်။ မကြာခဏ မြို့ပေါ်ရောက်တယ် ။တခြားတော့မဟုတ်ဘူးရင်ကြပ်လာရင်မချိမဆန့်ဖြစ်လာရင်မြို့ဆေးခန်းပြေးရတယ်လေ။ ရဲခေါင်မျိုးတင့်တို့ကခေသူတော့မဟုတ်ဘူးဒီလောက်ကျန်းမာရေးကချို့ယွင်းနေတာတောင်ကိုကမ်းတို့ကိုရင်စည်တို့နဲ့တွေ့ရင်တစ်ခွက်တစ်ဖလာတာ့ချတတ်သေးတယ်။ တစ်နေ့မှာရွာထိပ် ထန်းရည် ဆိုင်မှာ ထိုင်ပြီးဝိုင်းဖွဲ့နေတုန်းအမြည်းကိစ္စလိုလာတယ်အနီးဆုံးကထန်းရည်နဲ့လိုက်တာ ပဲကြီးလှော်ပဲသွားကိုကြင်ဝှက်ဆိုင်ဆိုတော့အသက်ငယ်တဲ့ကိုရင်စည်ကပြေးဝယ်မယ်လုပ်တော့ရဲခေါင်မျိုးတင့်ကနေပါစေကိုယ်သွားမယ်တဲ့။ဒီလူကလမ်းပြင်းပြင်းလျှောက်ရင်တောင်မောနေတဲ့လူကသွားမယ်ဆိုတော့လူငယ်တွေကလည်းဝို်င်းတားကြတယ်။ဒါပေမယ့်မရဘူးကိုရဲခေါင်ကတော့ရအောင်သွား […]


အကျွန်ုပ်ကြောင်ကြီး ဤနေရာမှ တရားဝင် ကြေငြာသည်၊ မြန်မာပြည် စစ်အုပ်ချုပ်ရေးအဖွဲ့ အဆက်ဆက်နှင့် ပတ်သက်နေသော စစ်ဗိုလ်ဂျီး၊ သေး၊ ဟောင်း၊ သစ်များအားလုံးကို ဥပဒေချိုးဖောက်မှု၊ အာဏာအလွဲသုံးစားမှု၊ နှိပ်စက်ညှင်းပန်းမှု၊ မျိုးတုံးသတ်ဖြတ်မှု တို့ဖြင့် တရားစီရင် အပြစ်ပေးရန် တောင်းဆိုမည်ဖြစ်သည်။ ၁၉၆၂ခုနှစ် မှစ၍ နိုင်ငံဒေါ်အစိုးမရ အဆက်ဆက် မသမာသူများ လက်ချက်ဖြင့် အိမ်မွေးကြောင် ထောင်ပေါင်းများစွာ ဟင်းစားခံရမှု၊ အပြစ်မဲ့ ကြောင်ပေါင်းများစွာ ခွေးဆိုးများ ကိုက်သတ်ခံရမှု၊ ပြာသိုလ၏ သာယာနာပျော်ဖွယ် ကြောင်အော်သံအား နားငြီးသည်ဆိုကာ ခဲပေါက်နှောက်ယှက်ခံရမှု၊ ဟင်းအိုးအဖုံး ကြောင်အိမ်တံခါး လုံခြုံစွာ မပိတ်ဘဲ ကြောင်ခိုးစားသည်ဟု အသရေဖျက်မှု၊ အိမ်တွင် ငှက်၊ ငါးအလှမွေးပြီး ကြောင်များ ပြစ်မှုကျူးလွန်ရန် ဖြားယောင်းသွေးဆောင်မှု၊ ကန်ထရိုက်တိုက်တွင် ကြောင်မွေးပြီး အပြင်ထွက်ခွင့် ပိတ်ပင်မှု၊ အိမ်မွေးကြောင် […]


amatminSeptember 6, 20122min036
မန်းလေးဂေဇက်ဝက်ဆိုဒ်ကို သုံးစွဲရင်း စိတ်တူကိုယ်တူလူငယ်များမှအခြေတည်ခဲ့သော. ဒါဇင်ပလပ်စ် လူမှုကူညီရေး အဖွဲ့၏ ရည်ရွယ်ချက်ဖြစ်သည့်သစ်စိမ်းပင်ပေါက်ကလေးများဖြစ်သည် ပညာသင်ကြားရန်လစဉ်ပုံမှန် အလှူဖြစ်သည့် ဒုတိယမြောက်အလှူကို ၂.၉.၂၀၁၂ တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်အတွင်းရှိ မြိုင်သီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခဲ့ပါ၏.။ လူမှုဘဝမြှင့်တင်ရေးအတွက် အဓိကကျသော.ပညာသင်ကြားနိုင်ရန်.အခက်အခဲဖြစ်နေသော.ကလေးငယ်များအတွက်. ဒါဇင်ပလပ် အဖွဲ့ဝင်များမှ ကိုယ်စီပါဝင်လှူဒါန်းသော ငွေ.၁၂၅၀၀ဝ (တသိန်းနှစ်သောင်းငါးထောင်ကျပ်တိတိ) အားသီလရှင်ဆရာမကြီး ဒေါ်သုနန္ဒာ မှလက်ခံခဲ့ပါ၏.။ အလှူငွေ မှတ်တမ်း.. အထက်ပါမြိုင်သီလရှင်ကျောင်းတွင် ခိုလှုံနေထိုင်ရင်းပညာလာရောက်သင်ကြားနေသည့်ကလေးငယ်အရေအတွက်အားဖြင့်. သူငယ်တန်းမှ သတ္တမတန်းအထိ စုစုပေါင်း ၆၅၅ ဦးခန့်ရှိနေပီး အနီးအနားမှလာရောက်ပညာသင်ယူနေသည့်ကလေးငယ်များလည်း ပါဝင်ကြောင်းသိခဲ့ရသည်။ ကလေးငယ်များအတွက် လိုအပ်သည့် စာရေးကိရိယာ မျိုးစုံကိုလည်း မြိုင်သီလရှင်ကျောင်းမှပင် ထောက်ပံ့ပေးနေပီး အစားအသောက်အပါအဝင်နေ့စဉ် ကုန်ကျစရိတ်အနေဖြင့် ၂ သိန်း ၂ သောင်းခန့် ရှိကြောင်းသိရသည်.။ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်ကလေးငယ်တချို့အတွက်မူ စေတနာရှင် ဆရာ/ဆရာမ လေးဦးမှ စနေတနင်္ဂနွေ […]


ေမာင္ရိုးSeptember 4, 20124min0121
  ဂဇက်ရွာကြီးကား အထူးပင်စည်ကားလှသည် ။ ရွာသူရွာသားများ၏ မိတ်ဆုံစားပွဲများ ၊ စာပေဆုပေးပွဲများ နှင် ့ အလှူအတန်းများမှာပြတ်သည်မရှိ  ……ထို ့ကြောင်.့ ….မကြာခဏဆိုသလိုပင် အလှူခံခြင်းများ ပြုရပေ တော ့သည် ၊။ ….တစ်ခါကနှစ်ခါ …..နှစ်ခါကသုံးခါ …ရှိသောအခါတွင် အလှူခံရသောတာဝန်ရှိသူများမှာ မျက်နှာပူလေပြီ ….။ ဤသို့ဖြင့် ….ရံပုံငွေလေးများထားရှိလျှင်ကောင်းလေစွဟု ကြံစည်ကြ၍ မန်းဂဇက်ရံပုံငွေ ပဒေသာကပွဲကြီး ကိုစီစဉ်ကြလေတော့သည် ……။ သူကြီးမှဦးဆောင်ပြီး ရွာသူူားများစည်းဝေးကြလျက် ဇတ်ဆရာဦးနေးချားအား တာဝန်ပေး၍ ရွာသူားများမှလည်း ကျရာဇတ်ရုပ်မှ ကူညီသရုပ်ဆောင်ကြမည်ဖြစ်လေတော့သည် ……။သို ့ .နှင် ့ ……..ဦးနေးချားမှာ ရွာသူား (၁၀၀) ခန့်ပါဝင်ဖျော် ဖြေမည် ့ အစီစဉ်ကိုစတင်ရေးဆွဲလေတော့၏..……။ ဇတ်ရူး ရူးနေသော မောင်ဆာမိမှာ ကျိတ်၍ပျော်လေပြီ ။ […]


နိဒါန်း မနေ့က ရွာထဲမှာ ပွဲဆူနေတော့ အီဖေကိုယ်လဲ အမြီးတောင် မထောင်နိူင်ဘူး …. ကြောက်လိုက်တာလဲ ဖင်တောင် တုန်လို့ဗျာ …. မန်းလေးဂဇက်ဆိုတဲ့ အမေဒစ်ကန် ဖောင်ဒါတွေ တည်ထောင်ထားတဲ့ ဝက်ဆိုဒ်ကြီးကို အမျိုးဘာသာ သာသနာကို ချစ်မြတ်နိူးတဲ့ လူတစုက ပညာရှင်ဆန်ဆန် ဘမ်းကျတယ်တဲ့။ အဲ့ မန်းဂေဇက်က အသိတွေ ပြောလို့ သိရတယ်……. ဟိုက်ရှာဘား အလွန်ထိတ်လန့်ဖွယ် ကောင်းတဲ့ သတင်းပါဘဲ။ ဒါနဲ့ ဘာဆက်ဖြစ်လဲ မေးကြည့်တော့ အခုမန်းဂဇက်ကို ဝင်လို့မရတော့ဘူးတဲ့ ဃိန် …. ဂိန် …ကိန် သွားပီဟလို့ အော်မြည်လိုက်မိတယ် …..။ ဒါနဲ့ဘဲ ညနေလောက်ကျတော့ ပြန်ဝင်လို့ ရပီ ဆိုလို့ ကြောက်ကြောက်လန့်လန့်နဲ့ အိုင်ပီလေးချိန်း ( အထင်တော့ မကြီးနဲ့ ကျုပ်တို့ဆီမှာ အိုင်ပီချိန်းတာ ဆော့ဝဲမလိုဘူး ထိုင်နေကြ အင်တာနက်ဆိုင် မသွားဘဲ တခြားဆိုင် သွားလိုက်တာကို ပြောတာ 😀  ) […]


Green RoseSeptember 4, 20121min013
       တရက်မှာရုံးကို Green Rose နဲ့ သင်တန်းတစ်ခု အတူတက်ခဲ့ဖူးတဲ့ မိတ်ဆွေ တစ်ယောက်ရောက်လာပါတယ်။ အလုပ်ကိစ္စနဲ့ပါ။ အဲလိုနဲ့ အလုပ်လေးတွေလုပ်ရင်း သူဖုန်းဆက်စရာ ကိစ္စရှိတော့ Green Rose တို့ရုံးကဖုန်းကို ခွင့်တောင်းပြီးဆက်ပါတယ်။ Green Rose က သူ့ခါးကြားက Hand Phone ကြီးကိုမြင်နေရတော့ နည်းနည်း အူယားလာပါတယ်။ ဘယ့်နယ့် ဒီလူက ဖုန်းကြီးရှိရက်နဲ့ သူ့ဖုန်းနဲ့တော့ မခေါ်ပဲ သူများဖုန်းနဲ့ ခေါ်နေတယ် ၊ ဒါသက်သက်ကြောတာပဲ လို့စိတ်ထဲက ထင်မိတယ်။ ဒါပေမယ့် ပြောတော့မပြောမိပါဘူး။ နောက်တော်တော်ကြာတော့သူ့ဖုန်းက ဘာဖြစ်နေမှန်းမသိဘူး အထွက် Call ခေါ်လို့မရဘူး အဲဒါ ကြည့်ပေးပါဦးလို့ပြောလာပါတယ်။ အဲဒါနဲ့ Green Rose လည်း မတတ်သည့်ပညာ မနေသာပေါ့လေ ဟိုကလိ ဒီကလိ […]