ရဲခေါင်ဘတင့်ဆိုတာ နယ်မြို့ကနေ ကျောင်းလာတက်ရသူပါ။လရိပ်ပြာဆိုတဲ့ အဆောင်ကို သူငယ်ချင်ေးတွေ စုငှားပြီးနေတယ် ။မြောင်းမြကတင်အောင်စိုး၊ကျောင်းကုန်းက လူသန့်၊ပန်းတနော်က ရဲသွေး တို့နဲ့ လေးယောက် တစ်ခန်းနေကြတယ်။တက္ကသိုလ်ကျောင်းသား ဒေးသမားတွေ ဆိုတော့ လည်း ထုံးစံအတိုင်း အားတာနဲ့ လက်ဖက်ရည် ဆိုင်ထိုင် ၊ ညဆို အဆောင်ရှေ ့ဂစ်တာတီး နောက်တော့ ရိုးရာမပျက်အောင် လူစုပြီး ဖဲလေးဘာလေးရိုက် အရက်ကလေး နည်းနည်းပါးပါးမှီဝဲကြတာတော့ ရံဖန်ရံခါ ရှိတတ်တယ်။ ရဲခေါင်ဘတင့်ဆိုတာ ဗလကောင်းကောင်း ထောင်ထောင်မောင်းမောင်း အသားလတ်ပြီး ကြည့်ကောင်းတယ်လို့ ဆိုရမယ်။သူစိတ်ဝင်စားတာက ဓါတုဗေဒမေဂျာက ခင်ဖုန်းပဲ။ ဒီနေရာမှာ ခင်ဖုန်းအကြောင်းနည်းနည်းပြောချင်တယ် ခင်ဖုန်းက ရှပ်အကျင်္ီပဲ စတ်တယ် ဆံပင် ရှည် မထားဘူး သွားတာလာတာကအစ ခပ်သွက်သွက် သွားတတ်တယ် တစ်ချို့ မိန်းကလေးတွေ လို မနွဲ့ဘူး။သနပ်ခါး မလိမ်းဘူး […]
